ကျွန်တော်တို့ရွာနှင့် မီးထွန်းပွဲ တစ်ညတာ

in #myanmar7 years ago

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အတွင်းက ရွာကလေးပေါ့ဗျာ။ကျွန်တော့် မွေးရပ်မြေပေါ့ ကျောက်ပြင်သာရွာ လို့ခေါ်ပါတယ်။နည်းပညာတွေ တိုးတက်လာတဲ့ ဒီအချိန်မှာ ခုချိန်ထိ တောဓလေ့ တွေ ထင်ကျန်ရစ်နေတုန်း...။
သမိုင်း အတိအကျနဲ့ ဘယ်တုန်းက ရွာစတည်ခဲ့သလဲ ဆိုတာတောင် အဘိုး အဘွားတွေကစ မပြောနိုင်တဲ့ ရွာလေးပေါ့။
ခုချိန်ထိ ဘယ်တုန်းက တည်ထားမှန်း မသိတဲ့ စေတီ ပျက်တွေရှိနေတုန်းလေ။
သမိုင်းထဲက ဒီပင်္ကရာ မြတ်စွာဘုရား တန်ခိုးထွားခဲ့တဲ့နေရာ( နောက်ပိုင်းတွင် သမိုင်းကြောင်း ကို ရေးပါအုံးမည် ) ။
ခုချိန်ထိ သမီးရည်းစား အတွဲတွေ အိမ်ပေါ်မှာ တွေ့ရင် လာလည်ရင် လူကြီးတွေ ကရှောင်ပေးတုန်း...
ရွာဓလေ့လေး များ ပြောပါတယ်ဗျာ။
image

ရွေကြိုးကြာဆည် လို့ ခေါ်တဲ့ လှပတဲ့ ကန်သစ်ဆည် ကို ပိုင်းထားတဲ့ရွာ ။ ဒီဆည်က သမိုင်းလေးတော့ရှိတယ်ဗျ။ လူးစားတယ်တဲ့ ဒါပေမယ့် ရွာခံတွေတော့ တစ်ယောက်မှ မသေဘူးသေးဘူး။ ရပ်ဝေးက လာတဲ့ ဧည့်သည်တွေပဲ အသေ များတယ်တဲ့ ။ တစ်ကယ် ပြောတာပါဗျာ။
သင်္ကြန်ဆိုလဲ နှစ်စဉ် နှစ်တိုင်း အကြိုနေ့ကနေ နှစ်ဆန်း တစ်ရက်နေ့ အထိ ၅ ရက်တိုင်တိုင် စည်စည်ကားကား ရေပက်တဲ့ရွာပေါ့။ အရမ်းပျော်စရာ ကောင်းတယ် လာလည်ကြအုံးနော်။
ခုလည်းပဲ သီတင်းကျွတ်မှာ လပြည့်နေ့ လူတိုင်းဆီမီး ပူဇော်ကြတယ်ဆိုပေမယ့် ကျွန်တော်တို့ ရွာကတော့ လပြည့်ကျော် တစ်ရက်နေ့မှ ပိုစည်တာဗျာ။

image
လပြည့်နေ့မှာလည်း ရွာထဲရှိသမျှ အပျိုလေးတွေ ညနေ မှောင်ရီ ပျိုးစ အချိန်ဆို မီးပုံးလေးတွေ မီးခွက်ကလေးတွေနဲ့ လမ်းတိုင်းကို မီးကြာလှည့်ကြတယ်။
image

ရွာက ကာလသား လူပျိုလေးများကတော့ အပျိုလေးတွေနောက်လိုက်လို့ စလို့နောက်လို့ပျော်စရာ လေးတွေပေါဗျာ။ ကျွန်တော်ကတော့ အကြည့် သမားတစ်ယောက်ပါဗျာ။
နောက်နေ့ တစ်ရက်နေ့မှာလည်း ရွာထဲ မီးကြာ တစ်ခါထပ်လှည့် အပျိုလေးတွေခမျာ ညောင်းတော့ ညောင်းကြတာပေါ့ဗျာ။ ဒီလိုနဲ့ ကျောင်းရောက်တော့ ဆရာတော် ကို ကန်တော့ကြတယ်။
image

ဆရာတော်က အအေးဗူး ဝေပေးတော့ ဒါနဲ့ပဲ အမောဖြေပေါ့။ ပြီးတော့ ဘုရားကိုသွား ပြီး ဆီမီး ပူဇော်ကြတယ်လေ။

ကျွန်တော်ကတော့ လေးဆူတန်း ဘုရား ကို အရင်သွားဖူးတယ်။ ရုပ်ပွားတော်လေးဆူက ကိုယ်နေဟန် လေးမျိုးနဲ့ တရားဟောနေတဲ့ ပုံကို ထုလုပ်ထားတာပါ။
image

နောက်ပြီးတော့ ဂြိုလ် ရှစ်ခွင်ဘုရား ကိုဖူးဖြစ်တယ်။ ၇ ရက် သားသမီးဆိုပေမယ့် ရာဟု ကဘယ်ကပါလာမှန်း ကျွန်တော်တော့ မသိဘူး။
image

နောက်ပြီးတော့ ဒီပင်္ကရာ မြတ်စွာဘုရားကို သွားဖူးဖြစ်တယ်။သုမေဓါ ရှင်ရသေနဲ့ သုမိတ္တာ အမျီုးသမီး ရုပ်တုကိုလည်း တွေ့ရတယ်။
image

image

ပြီးတော့ နောက်ဆုံးအနေနဲ့ ရေလည်မှာ တည်ထားတဲ့ ရေလည် ဘုရား ကို သွားဖူးပြီး အိမ်ကိုပြန်ခဲ့ပါတော့တယ်။

image

ပြီးတော့ လျှပ်စစ်မီး ခနခန ပျက်လို့လားမသိဘူး လျှပ်စစ် ထရန်စဖော်မာ နတ်ကိုလည်း မီးပူဇော်ထားတာ တွေ့ခဲ့ရသေးတယ်။
image

ညလည်းနက်ပြီဆိုတော့ အားလုံးလည်း အိပ်မက် လှလှလေးတွေ မက်ပြီး အိပ်စက်နိုင်ကြပါစေဗျာ။
@lwanwai
photo.ကိုယ်တိုင်ရိုက်လေးပါ

Sort:  

လပြည့်ကျော် ၁-ရက် ထိ ထွန်းညှိပူဇော်တာတွေလည်းရှိကြတယ်

ဟုတ်တယ် အကို

Thank you so much for sharing all this information! that's great! All the best! Waiting for more posts! :)

သူ့အရပ်​နဲ့ သူ့ဇာတ်​ ကြည်​နူးစရာမြင်​ကွင်း​လေး​တွေပါ

ဟုတ် ကျေးဇူးပါဗျ

သူငယ်ချင်းရေ အိမ်ကိုသတိရတယ်ကွာ
good.good.good post

အိမ်ကလည်း စောင့်နေမှာပါ bro

ပျော်စရာလေးပါ ပုံတွေတည့်အောင်တင်ပေးရင် good မယ်

ဟုတ် အကိုရေ ပုံက ဖုန်းထဲမှာ အတည့်ပဲ ဒီထဲရောက်မှ ဘယ်လိုဖြစ်သွားလဲ မသိပါဘူး

Nice Article!

Thanks bro.

ပျော်စရာပဲနော်

ဟုတ်ပါတယ်ဗျာ ပျော်စရာလေးပါ

Congratulations @lwanwai! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

great post!!!

Thanks bro.

great post!!!

Thanks bro.

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 59234.78
ETH 2525.56
USDT 1.00
SBD 2.47