👻 Game ပြီးဆုံးမဲ့ရက်လေး 👻
👻 Game ပြီးဆုံးမဲ့ရက်လေး 👻
ဘာမှလဲ ရေးစရာ မရှိသေးတော့လည်း ရှိတာလေး ချရေးပြီး ပြောပါရစေ ခင်ဗျာ။
ကျွန်တော် Steemmonsters Game ဆော့တာလည်း မကြာသေးပါဘူး။
ဒါကြောင့် ကဒ်တွဲစပ်မူတွေ မကောင်းတော့ ရှိတဲ့ အဆင့်တွေ ပြုတ်ပြတ်ကျနေတယ်ဗျာ။
ခုတောင် ရထားတဲ့ အဆင့်တွေ ပြုတ်မကျအောင် မနည်းထိမ်းနေရတယ်ဗျာ။ ဒီ Steemmonsters Game ရဲ့ သတ်မှတ် ထားတဲ့ Season ပြီးဖို့ အတွက်တော့ နာရီ ပိုင်းပဲ လိုပါတော့တယ် ခင်ဗျာ။
ဒါကြောင် ပြိုင်ပွဲဝင်တွေဟာ ဒီ Game မှာ အဆင့်တစ်ခု ရဖို့အတွက် အကြိတ်အနယ် ယဉ်ပြိုင်နေကြပါတယ်။
ကျွန်တော်ကတော့ Silver နဲ့ပဲ ကျေနပ်ရမဲ့ အဆင့်မှာ ရှိနေပါတယ်။
ကိုယ့်ထက် Level မြင့်တဲ့သူတွေနဲ့ တိုးနေတာကြောင့် ကိုယ်ရရှိထားတဲ့ အဆင့်မပြုတ်အောင် အားစိုက် ထိန်းထားရပါတယ်။
ဒီ Season ပြီးရင်တော့ ရရှိထားတဲ့ အဆင့် သတ်မှတ်ချက်အတိုင်း Packs တွေကို တစ်ရက်စာ Quest တွေပြီးတိုင်းရရှိသွားမှာပါ။
ကျွန်တော်လည်း အများကြီးတော့ နားမလည်ပါဘူး ကိုယ်နားလည်သလောက်ပဲ ကစားနေတာပါ။
ဒီရက်ပိုင်း ကျွန်တော် မိတ်ဆွေတို့ဆီ မရောက်ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ဗျာ။ဒီရက်အတွင်း မိတ်ဆွေ တို့ဆီ အရောက်ပြန်လာခဲ့ပါ့မယ် ခင်ဗျာ။
MSC 045
@lwanwai
အခုလက်ရှိ Gamer လုပ်နေတာပေါ့ ဘဒို