ဂျပိုး

in #myanmar6 years ago

ရွာနာမည်ကိုကထူးထူးဆန်းဆန်း ဂျပိုး တဲ့။အိမ်ခြေသုံးဆယ်လောက်ရှိတဲ့ရွာလေး..။အထင်တော့မသေးနဲ့ဗျ တစ်ရွာလုံးနီးပါး အူကြောင်ကြားတွေ။ပြောရင်လည်း ကိုယ့်ရွာဂုဏ် ကိုယ်ဖော်တယ်ဖြစ်ဦးမယ်။အင်္ဂလိပ်တွေပေးထားတဲ့ ရွာနာမည်ကတော့ Group 4(G4)တဲ့။ရွာအစု ၄ပေါ့။သူကြီးနဲ့ရွာသားတွေပါးစပ်ဖျားရောက်မှ ဂျပိုးဖြစ်သွားရှာတာ။ အစကတော့ ရွာအုပ်စုကြီးပါပဲ။သို့ပေမယ့် ဂျပိုးရွာရဲ့ အူကြောင်းကြားအကွက်တွေကြောင့် အစုခွဲသွားကြတာ ၃၀လောက်ကျန်တဲ့အထိပဲ ဆိုပါတော့။သူကြီး.....။သီပေါမင်းလက်ထက်ကတည်းက သူကြီးမင်း...။အရှိန်အဝါကမသေးလှ။သျှောင်တစောင်းနှင့် ကြည့်လို့ကောင်းချက်က စာဖွဲ့မမှီ။ တစ်ရွာလုံးကလည်း သူကြီးအိမ်ရှေ့ဖြတ်၍ပင် လျှောက်ရဲသူမရှိသလောက်။အာဏာကုန်ထုတ်သုံးစရာမလို နာမည်ကြားရုံနှင့်ပင် ဖိန့်ဖိန့်တုန်။"ဟဲ့....ကောင်လေးညဘက်အပြင်မထွက်နဲ့ အပြင်မှာသူကြီးရှိတယ်"။အပြင်ရောက်နေသော ကလေးများချက်ချင်းအိမ်ထဲပြန်ရောက်ကုန်သည်။တစ်ခါက ရွာသားတစ်ယောက် ညနေနေဝင်ရီတရော မူးမူးနှင့် သူကြီးအိမ်ရှေ့မှဖြတ်မိသည်။လူကအတော်ပင်ကောင်းနေချေသည်။ သူကြီးအိမ်ရှေ့အရောက်" အောင်မလေးဗျ သရဲ သရဲ..."ဟုငယ်သံပါအောင်အော်ကာ နေရာတွင်ပင် တက်သွားလေသည်။သူတွေ့လိုက်သည်ကသရဲ မဟုတ် သူကြီးသာဖြစ်ချေသည်။ခြံတံခါးပိတ်ရန်အထွက် ငမူးနှင့် မျက်နှာချင်းဆိုင်ဆုံခြင်းဖြစ်သည်။လူမှန်းမသိအောင် မူးနေသူပင်အမူးပြေကာ တက်သွားရသည့်ဖြစ်ခြင်း။သူကြီးက သရဲကိုမကြောက် သရဲကသာ သူကြီးကိုကြောက်ရလောက်သည်။ရူပကာ သားနားပုံပြောပါတယ်။ဟိုတစ်ယောက်ကတော့ 3ရက်လောက်ဖျားသွားသည်။မတတ်သာ၍သာ သူ့ကျွန်အောက်ရောက်ခဲ့ရသည် သူကြီးကား ခေသူမဟုတ်။ဘုရင်မင်းတရားကြီးချီးမြှင့်ထားသော ရွှေစလွယ်နှင့်ပင်။တစ်ရွာလုံးက အူကြောင်ကြားသာလုပ်ကြသော်လည်း သတ္တိအရာ၌ ပြောင်မြောက်သူများဖြစ်ချေသည်။သူကြီးကား လူပျိုကြီး။ဖြစ်လည်းဖြစ်လောက်သော ရူပပါရမီရှိချေသည်။ယနေ့တွင် သူကြီးက ကာလသားအနည်းငယ်ကိုသူ့အိမ်သို့လာရောက်စုဝေးရန် ခေါ်ထားသည်။ခေါ်သည့်အချိန်က ည ၉နာရီခန့်။ကာလသားများဖြစ်သည့် ရွာထိပ်ကဝက်သားရောင်းသော အအင်း၊ထန်းလျှက်ရောင်းသည်ဟု အကြောင်းပြကာ ထန်းရည်ခိုးရောင်းနေသော အီးကြောင်၊ဗိန္နောဗေဒင်ဆရာ လင်းညို့ကျွတ်(တာယာကကွဲသွားလို့)၊ကွက်စိတ်ဆရာ မောင်မောင်ဇာနှင့် နေ့ပြန်တိုးချီး(ချေး) အာကာကြီးတို့ ရွာထိပ်ညောင်ပင်အောက်တွင်စုရုံးရောက်ရှိနေကြသည်။သူကြီးအိမ်သို့တစ်ယောက်တည်းမသွားရဲသောကြောင့်လူစုနေကြခြင်းဖြစ်လေသည်။သူရဲခြောက်သည်ဟုနာမည်ကြီးသော ညောင်ပင်ကိုပင်မကြောက်ကြ။အာဂသတ္တိရှင်များပါပေ။........
@linnkhant
MSC022
image

Sort:  

အော် သူကြီးတောင် သရဲမှတ်နေရတဲ့ ဂျပိုးရွာပါလား ။ အလည်မလာတော့ဘူး ကြောက်တယ်။

အဲ့လိုပါဆို

ဂျပိုးဟုတ်ဘူး.....F4 ကွ he he.

ဟုတ်ပါပြီဗျာ

ဟက် ကလင်း ဒဲ့ပြော ဒဲ့ပြော ဘလာ ဘလာ ဘလာ

ဘလာ ဘလာ ဘလာ

ဆက်ရန်လေးတော့ လာမယ်ထင်ပါ့

လာချင်လာမှာပေါ့နော့

ဇာတ်လမ်းက ခုမှ အစပျိုးတုန်း ကိုး

အပျိုးနဲ့တင်​ ​ကြွေပြီ​လေ .. ​နောက်​တစ်​ပိုင်းမြန်​မြန်​ဗျို့ .. ဒီမှာ အမြည်း​တွေ ကုန်​​တော့မယ်​ .. 😂😂

အမြည်းချည်းမစားနဲ့လေ

Hello @linnkhant42! Diupvote yah..

သရဲ​ခြောက်​တယ်​ဆိုတဲ့​နေရာမျိုးဆို ကျ​နော်​​တော့မသွားရဲ😂

အာဂသတ္တိ 😁😁

Halo @linnkhant42! Telah kami upvote yah..

ဂျပိုး ဂျပိုး ဂျပိုး သယ်​...
တို့ ဂျီးဖိုးကို ​ပြော​နေသလို လို..

သားမသိဘူး .......😁😁😁

ဘာလား...ဇာတ်လမ်းက မသန်းပဲ..နားမလည်ဘူး။
ပီးသွားပီလား..နောက်တပိုင်း မျှော်ရအူးမှာလား...
လားလားလားလားလား...

ရေးချင်ဆက်ရေးမယ် မရေးချင်မရေးဘူး ဒါပဲ 😁

မကျီးကိုးပင်မှာလဲ သရဲရှိတယ်

ဟုတ်လား သိတောင်သိဘူး

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.034
BTC 63202.55
ETH 3085.17
USDT 1.00
SBD 3.85