ရင်သွေး

in #myanmar6 years ago

IMG_20171208_214056.jpgသူနဲ့နှစ်ယောက်တစ်ဘဝ ထူထောင်ကြတော့မယ်လို့ ဆုံးဖြတ်ချက်ချပီးတဲ့အချိန်မှာ ကိုယ်ရောသူပါအကောင်ဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတယ်။မကောင်းတဲ့အတိတ်တွေကိုထားခဲ့ပီး ကျန်ရှိနေတဲ့ဘဝကိုကောင်းမွန်အောင်နေထိုင်ကြမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ပေါ့။

သူ့ဘက်ကပြုပြင်သင့်တဲ့အရာတွေကို ပြုပြင်ခဲ့ပီး ကိုယ့်ဘက်ကလည်းပြုပြင်သင့်တဲ့အရာတွေကိုပြုပြင်ခဲ့တယ်။အဲ့ဒီနောက်မှာတော့ နှစ်ဘက်မိဘတွေကိုဖွင့်ပြောခဲ့ပီး လက်ထပ်ဖို့အတွက် ပြင်ဆင်ခဲ့တယ်။အိမ်မှာပေါ့ပေါ့ပါးပါးနေခဲ့တဲ့ကိုယ့်ကို ကိုယ့်အဖေကတော့ အိမ်ထောင်ပြုဖို့အတွက်စိတ်မချခဲ့ဘူးထင်ပါတယ်။လွယ်မယောင်နဲ့ခက်တာ အိမ်ထောင်ရေးပဲလို့ ပြောပြခဲ့ပီး ဒီလူနဲ့ဘဲလက်ထပ်တော့မယ်လို့စိတ်ကူးပီးသွားပီဆိုရင် အရင်ဆုံးပြင်ဆင်သင့်တာကတော့ အဲဒီလူနဲ့ပတ်သတ်ပီး ကိုယ်မကြိုက်တဲ့အရာတွေရှိရင်တောင် သည်းခံတတ်ဖို့ အရင်ကြိုးစားပါတဲ့လေ။

အဲဒီအချိန်တုန်းကတော့ ကိုယ်ချစ်တဲ့သူနဲ့နီးစပ်ဖို့ကိုပဲ စိတ်ထဲမှာရှိတာမို့ ကျန်တာတွေကိုဘာမှမတွေးချင်ခဲ့ဘဲ ပျော်စရာတွေကိုပဲ တွေးမိခဲ့တယ်။စစချင်းမှာအဆင်မပြေရှိခဲ့ရင်လည်း ကြာလာရင်တော့ သူ့အကြိုက်ကိုယ့်အကြိုက်လိုက်ရင်း တစ်ဖြည်းဖြည်းအဆင်ပြေသွားမှာပါ အဖေကြီးက စိတ်ပူတာတွေများနေတာပဲဖြစ်မှာပါလို့ စိတ်ထဲကလည်းထင်ခဲ့မိတယ်။

ဒီလိုနဲ့ နှစ်ဘက်မိဘရဲ့သဘောတူညီမှုနဲ့ ကိုယ်တို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို အစပြုခဲ့ကြတယ်ပေါ့။လူကြီးတွေကတော့ ကိုယ်တို့မင်္ဂလာဆောင်ကို ကိုယ့်တို့နှစ်ယောက်အကြိုက်စီစဉ်ကြ ကျွေးဖို့မွေးဖို့ကိစ္စကိုပဲသူတို့စီစဉ်မယ်လို့ပြောခဲ့ကြတယ်။လူကြီးတွေမပါဘူးဆိုတော့ ကိုယ်တွေအကြိုက်ပဲပေါ့။

ဒါပေမယ့်လည်း မင်္ဂလာဆောင်အတွက်စပီးစီစဉ်တဲ့နေ့မှာပဲ သဘောထားကစပီးကွဲလွဲခဲ့တယ်။ကိုယ်ကသူများတွေလို pre welding ဓါတ်ပုံလေးရိုက်ရအောင် မင်္ဂလာဆောင်နေ့ကြရင် ဧည့်သည်တွေဧည့်ခံနေတာနဲ့ ပုံကောင်းကောင်းမရဘဲဖြစ်မယ်ဆိုတဲ့စိတ်နဲ့ပေါ့။အဲ့ဒီမှာပဲ ငတိကမရိုက်ချင်ပါဘူး ရှက်စရာကြီးတဲ့လေ။ကိုယ်ကလည်းမဖြစ်မနေရိုက်မယ်ဆိုပီး အတင်းအကျပ်ပြောတော့မှ ရန်ကုန်အထိတော့ သွားမရိုက်ဘူး ဒီနားမှာနီးနီးနားနားရှိတဲ့ဆိုင်မှာပဲရိုက်မယ်ဖြစ်ပါလေရော။

received_784579185024876.jpegကိုယ်ကလည်းမဖြစ်မနေရိုက်ချင်တဲ့သူဆိုတော့ နှစ်ဦးနှစ်ဘက်အဆင်ပြေအောင် အဲဒါဆိုလည်းပီးရော ကိုယ့်မြို့မှာပဲရိုက်မယ်ဆိုပီးရိုက်ခဲ့ကြတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ကိုယ်လည်းရိုက်ချင်တဲ့ဓါတ်ပုံရိုက်ခဲ့ရတော့ မရိုက်ရတာထက်တော့သာပါသေးတယ်ဆိုပီး ဖြေသိမ့်ခဲ့ရတာပေါ့။ဓါတ်ပုံကိစ္စအပီးမှာတော့ နောက်ထပ်ပြသနာက လက်ထက်လက်စွပ်ကိစ္စပါ။


photo credit by facebook

အဲဒီအထိတော့အဆင်ပြေပါသေးတယ် လက်စွပ်ပုံစံရွေးတဲ့နေ့ကျမှ ပြသနာကစတာပါ ကိုယ်ကကိုယ်ကြိုက်တဲ့ပုံကို fb ကရွေးထားပီးသားဆိုတော့ သူလည်းကြိုက်မယ်ထင်ပီး ရွှေဆိုင်မှာကိုယ်ကြိုက်တဲ့ပုံကိုပြပီး သူ့ကိုဘာမှထပ်မမေးတော့ပဲ လက်တိုင်းပဲတိုင်းခဲ့မိတယ်။လက်စွပ်သွားဝယ်ပီး ပြန်လာတဲ့လမ်းတစ်လျှောက်လုံး သူ့မျက်နှာကြီးစူပုပ်နေတာကို သတိထားခဲ့မိပေမယ့် ဘာမှမမေးဘဲ အိမ်အထိရောက်အောင်ကိုယ်တို့ပြန်လာခဲ့ကြတယ်။သူတို့အိမ်ရောက်တဲ့အချိန်ကြမှ သူ့အမေကအဖြေကိုပြောပြခဲ့တယ်။သူ့သားကဒီလိုလက်စွပ်ပုံစံမျိုးကို မကြိုက်ဘူးတဲ့လေ။

IMG_20170702_084631.jpgဘယ်လိုပဲဖြစ်ဖြစ် ဝယ်လာပီးပီဆိုတော့လည်း မဖြစ်မနေဝတ်ခဲ့ကြရတာပါပဲ ဒီလိုနဲ့ ကိုယ်တို့မင်္ဂလာပွဲ ပီးမြောက်ခဲ့တယ်ပေါ့။အိမ်ထောင်သည်ဘဝကို ရောက်ခဲ့ကြတဲ့အချိန်မှာတော့ ရည်းစားဘဝရဲ့သာယာမှုတွေက အနည်းအကျဉ်းပဲကျန်တော့တယ်ဆိုတာ နားလည်ခဲ့မိတယ်။

အဲဒီအချိန်မှာတော့ ကိုယ့်အဖေပြောဖူးတဲ့စကားကို နားထဲမှာကြားယောင်လာတယ် ကိုယ်စိုက်တဲ့အပင်ကို ကိုယ်ရိတ်သိမ်းရမှာပဲ ဆိုတာကိုပေါ့။အိမ်ထောင်သက်တစ်နှစ်အတွင်းမှာတော့ ကိုယ်တို့နှစ်ယောက်ပြသနာတွေတက်လိုက် ပြန်အဆင်ပြေသွားလိုက်နဲ့ လုံးလည်ချာလည်လိုက်နေခဲ့တယ်။အဲဒီအချိန်မှာကိုယ်နည်းနည်းတော့ စိတ်ပူသွားခဲ့မိတယ် ဒီပုံမျိုးနဲ့ဆိုနောက်နှစ်တွေအများကြီး ဘယ်လိုများကျော်ဖြတ်ကြမှာလဲလို့ပေါ့။

ဒါပေမယ့်လည်း ကိုယ့်အတွေးတွေလွန်နေခဲ့တယ်ဆိုတာကို အိမ်ထောင်သက်တစ်နှစ်ကျော်လာတဲ့အချိန်မှာတော့ ကိုယ်နားလည်လာခဲ့တယ်။အိမ်ထောင်သက်တစ်နှစ်ကျော်အတွင်းမှာ ကိုယ်တို့နှစ်ယောက်စိတ်တူသဘောတူ ဆုံးဖြတ်နိုင်ခဲ့တဲ့အရာကတော့ ကလေးလေးတစ်ယောက်ပိုင်ဆိုင်ချင်ခဲ့တာပါ။

IMG20180909140415.jpgခုဆိုကိုယ်တို့နှစ်ယောက်ရန်ဖြစ်အတွက် အချိန်မရှိကြတော့ပါဘူး ကလေးလေးလူ့လောကထဲကို အဆင်ပြေပြေနဲ့ရောက်လာနိုင်အောင် နှစ်ယောက်စလုံးစီစဉ်နေကြရလို့ပါ။ကိုယ်တို့နှစ်ယောက်လုံးမှာ တူညီတဲ့စိတ်ကူးရှိနေပီး ကိုယ်တို့ရဲ့ရင်သွေးလေးအတွက် ကျန်ရှိတဲ့အချိန်တွေကို တိုင်တိုင်ပင်ပင်နဲ့ရှေ့ဆက်ဖို့ စီစဉ်နေကြပါပီ။

@leeshang
MSC -230

Sort:  

မိဘအပေါ် သိတတ်လိမ္မာသော ရင်သွေးငယ်လေး မွေးဖွားနိုင်ပါစေ လို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

ပေးတဲ့ဆုနဲ့ပြည့်ပါစေ

ပျော်ရွှင်ဖွယ် မိသားစုလေး ဖြစ်ပါစေ

ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်

ရင့်‌ကျက်‌လာတာနဲ့အမျှ သည်းခံလာနိုင်‌မှာဘဲ။

ဟုတ်ကဲ့

အိမ်ထောင်ရေးမှာ နားလည်ပေးတတ်ဖို့ အရေးကြီးပါတယ်ဗျာ

နားလည်နိုင်အောင်တော့ကြိုးစားနေတာပဲလေ

သာယာတဲ့မိသားစုဘ၀ပိုင်​ဆိုင်​ပါ​စေလို့....

ဆုတောင်းပေးတဲ့အတိုင်းဖြစ်ပါရစေ

မှန်တာပေါ့ သားသမီးအတွက်တော့ မိဘနှစ်ဦးလုံးက
သဘောချင်းတူညီနေမှာပါ

ဟုတ်ကဲ့ပါ

wow အားကျစရာကြီးဗျို့

နောက်လည်းအားကျနိုင်အောင် ကြိုးစားနေပါတယ်

စိတ်တူကိုယ်တူဆန္ဒရှိတဲ့အရာရှိပြီဆိုရင်အားလုံးအဆင်ပြေသွားမှာပါ

ဟုတ်ကဲ့ပါ

သာယာပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်လာပါစေ ဖြစ်အောင်လဲစွမ်းဆောင်နိုင်ပါစေ ။

ကြိုးစားပါ့မယ်

ပျော်ရွှင်စရာ မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်ပါစေဗျာ

ပို်င်ဆိုင်ပါရစေ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 63006.70
ETH 3075.91
USDT 1.00
SBD 3.82