အပျိုကြီး (ဇာတ်သိမ်း )

in #myanmar6 years ago

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အပျိုကြီးရဲ့စိတ်တွေလှုပ်ရှားသွားခဲ့ရပါတယ်။အသံချိုချိုလေးထွက်လာတဲ့ဘက်မှာ အပျိုကြီးနဲ့ရင်းနှီးတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရလို့ပါ။အပျိုကြီးဘယ်လိုစဉ်းစားစဉ်းစား ဒီမျက်နှာကိုပုံဖော်လို့မရသလို ရင်းနှီးနေတယ်လို့ခံစားရတဲ့ ခံစားချက်ကိုလည်း ဖျောက်ပစ်လို့မရခဲ့ပါဘူး။သေချာတာကတော့ ဒီမျက်နှာကို သူမရင်းရင်းနှီးနှီးသိနေခဲ့ကိုပေါ့။

အပျိုကြီးတစ်ယောက် အတွေးမျိုးစုံနဲ့ယောက်ယတ်ခတ်နေချိန်မှာပဲ ညီမဖြစ်သူမရွှေချောတစ်ယောက် ဦးထုပ်ရွေးပီးသွားလို့ ငွေရှင်းကောင်တာကိုတောင်ရောက်နေခဲ့ပါပီ။ဒါနဲ့ အပျိုကြီးလည်းငွေရှင်းကောင်တာဆီကို သွားခဲ့ပါတယ်။သုံး လေးသောင်းတန်ဦးထုပ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်းပေါ့။ငွေရှင်းကောင်တာကိုရောက်တဲ့အချိန်မှာ အပျိုကြီးနဖူးကချွေးစေးတွေထွက်နေခဲ့တယ် ဒါကိုမြင်ဖြစ်အောင်မြင်လိုက်တာကတော့ မရွှေချောပါပဲ။

မရွှေချောတို့ကတော့ နှုတ်သွက်လျှာသွက်နဲ့ ပြောဖြစ်အောင်ပြောလိုက်ပါသေးတယ် " ဦးထုပ်ကလေး တစ်သောင်းတန်လောက်ဝယ်ပေးရတာကို အပျိုကြီးတစ်ယောက် ဇောချွေးတောင်ပြန်နေတယ် " တဲ့လေ။ဒါနဲ့ အပျိုကြီးလည်း " မဟုတ်ပါဘူး ချောချောရယ် မမထားခေါင်းနည်းနည်းမူးနေလို့ပါဆိုပီး "အရှက်ပြေပြန်ပြောခဲ့ရတာပေါ့။

အပျိုကြီးမမထားဆီက ခေါင်းမူးလို့ဆိုတဲ့အသံကိုကြားရတဲ့အချိန်မှာပဲ အသံချိုချိုလေးကိုပိုင်ဆိုင်ထားတဲ့ကောင်လေးက" မမခေါင်းမူးရင် ဒီအအေးလေးသောက်လိုက်ပါလား " ဆိုပီး အအေးဘူးကိုကမ်းပေးခဲ့တယ် အပျိုကြီးတစ်ယောက် ရှက်သွေးတွေဖြာလို့ပေါ့။ဒါပေမယ့်လည်း ဒီအအေးဘူးကိုသောက်လိုက်ရင် ညီမဖြစ်သူရဲ့ တစ်လမ်းလုံးစနောက်တာကိုခံရတော့မှာ သိတဲ့အတွက်ကြောင့် မသောက်တော့ပါဘူးမောင်လေးရယ်လို့ပဲ ပြန်ပြောလိုက်မိတယ်။

အပျိုကြီးကို စနောက်ဖို့အတွက်ဂွင်ချောင်းနေတဲ့ မရွှေချောကတော့ ပြောဖြစ်အောင်ပြောလိုက်ပါသေးတယ်။" သောက်လိုက်ပါ မမထားရယ် စေတနာနဲ့ကျွေးရင် သေဆေးတောင်စားရတယ် ခုကျွေးတာသေဆေးမှမဟုတ်ပဲ စေတနာအချိုရည်လေးကို ဘာဖြစ်နေတာလဲ" တဲ့လေ။မရွှေချောရဲ့စကားသံအဆုံးမှာ " ချောချောနင်ဘယ်လိုတွေပြောနေတာလဲ လူကြီးကိုဆိုတဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာတော့ ကိုယ်သဘောကျတဲ့အသံပိုင်ရှင်ဟာ ချောချောနဲ့ရင်းနှီးနေခဲ့တယ်ဆိုတာကို သဘောပေါက်လိုက်မိခဲ့တယ်။

ကျသင့်ငွေကိုရှင်းပီးတော့ ဆိုင်ထဲကထွက်လာချိန်မှာပဲ သိချင်စိတ်ကိုမအောင့်နိုင်တော့တဲ့အတွက် မရွှေချောကိုမေးမိခဲ့တယ်။အအေးတိုက်တဲ့ကောင်လးက ဘယ်သူလဲဆိုတာကိုပေါ့။မရွှေချောက ကိုယ့်ကိုပြုံးပီးကြည့်နေခဲ့တယ်။ပီးတော့မှဆက်မေးတယ် " မမထားသူ့ကိုတစ်ကယ်မသိဘူးလား " တဲ့လေ။အပျိုကြီးရဲ့စိတ်မရှည်တဲ့အသံက ချက်ခြင်းထွက်လာခဲ့ပါတယ် "မသိလို့မေးနေတာပေါ့အေ သိမှတော့အာညောင်းခံပီးညည်းကိုမေးမလားဆိုပီး " မရွှေချောကို မျက်စောင်းထိုးလိုက်ပါတယ်။

မရွှေချောက မမထားတစ်ကယ်အသက်ကြီးသွားပီးဆိုပီး မခံချင်အောင်ပြောပီးမှ အဲဒါချောနဲ့ငယ်ငယ်တုန်းက မမထားစာအတူတူသင်ပေးတဲ့ ကောင်းမြတ်လေတဲ့။အို ငယ်ငယ်ကကိုယ်စာသင်ပေးခဲ့တဲ့ ကလေးလေးတောင်ဒီအရွယ်ရောက်နေပီလား လို့ကိုယ်ရေရွတ်မိတော့ အခွင့်အရေးကိုစောင့်နေတဲ့ မရွှေချောကတစ်စခန်းထပါသေးတယ်။အဲ့ဒါကြောင့် မမထားကိုပြောတာပေါ့ ချောကိုဆူဖို့ရိုက်ဖို့မကြိုးစားပါနဲ့ ချောလူကြီးဖြစ်နေပါပီဆိုတာကို မမထားသိသွားပီပေါ့တဲ့လေ။

အပျိုကြီးကလည်း ခေသူမဟုတ်တော့ တစ်ခွန်းပဲပြန်ပြောလိုက်ပါတယ်။ညည်းကတော့ ကျုပ်မျက်စိထဲမှာကလေးလေးပဲရှိတသေးတယ် ကောင်းမြတ်ကလေးပဲအရွယ်ရောက်လာတာလို့လေ။

@leeshang
MSC -230

Sort:  

ဇတ်​သိမ်း​လေး ဘယ်​လိုလဲမသိ☺

ဆက်ရေးရင်အပျိုကြီးပူလောင်ရတော့မယ်လေ

အယ်ဗျာ...တို့လို့တန်းလန်းကြီး ထားခဲ့ပြီး ဇာတ်သိမ်းလိုက်ရတယ်လို့ဗျာ...

ဆက်ရေးရင်အပျိုကြီးပူလောင်ရတော့မယ်လေ

ဆက်ရေးရင်အပျိုကြီးပူလောင်ရတော့မယ်လေ

အပျိုကြီးဇာတ်​သိမ်း​ကောင်းပါတယ်​....

ကျေးဇူးပါ

ငှင့်​ အပျိုးကြီးက အပျိုးကြီးဘဲလားဟယ်​ တနားပါတယ်

နောက်ဆုံးတော့လည်းအပျိုကြီးပါပဲ

အပျိုကြီးတွေဘဲ နားအေးပါတယ် သားကျွေးမှု လင်ကျွေးမှု မရှိတော့ဘူးပေါ့ ဒါပေမဲ့ အသက်ကြီးလာရင်တော့ အခြေခိုင်တဲ့ နေရာလေးတစ်ခု တွေးထားဖို့လိုမယ်ထင်တယ်

အပျိုကြီးပဲလုပ်တော့မယ်ဆိုရင်တော့ ကြိုတွေးထားရမှာပေါ့

‌သြော်‌ ‌မောင်‌‌လေးတဲ့လား ...!

သြော် မောင်လေးပါတဲ့

အပျိုကြီးလည်း လွမ်းရသွားပါသည်

မဖြစ်နိုင်တော့လည်း

အပျိုကြီးဘဝအေးချမ်းပါသည်

အမှန်ပါပဲ

နောက်ဆုံးကျ ဒုံရင်းပါပဲလား

အပျိုကြီးကိုမျှော်လင့်ထားပုံပဲ

အပျိုကြီးနဲ့တူသားပဲ

အပျိုကြီးပါဆို

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 61585.79
ETH 3005.19
USDT 1.00
SBD 3.68