ကုက္ကိုလ်ပင်အောက်မှသရဲ

in #myanmar6 years ago (edited)

(အပိုင်းဆက်)
image
image source
ဤသို့ဖြင့် မွန်းလွဲ ၂နာရီ ထိုးသွားသော်လည်း ရှာ
မတွေ့သောကြောင့် ကိုအောင်ကြီးတစ်ယောက် လက်လျော့ကာ ရွာသို့ ၂နာရီခွဲကားနှင့် ပြန်ရန် ကားဂိတ်သို့သုတ်ချေတင်လေတော့သည်။ကားဂိတ်သို့ရောက်သော်
ကားကအသင့်ရှိနေ၍ ကားပေါ်ပစ္စည်းများတင်ကာ တစ်နေရာစာ အတင်းတိုးဝှေ့နေရာယူလိုက်၏။ထို့နောက်
၂နာရီခွဲ၍ ကားမှာ လမ်းမကြီးတစ်လျှောက် ရှေ့တိုး နောက်ငင်နှင့် ထွက်ခွာလာလေတော့သည်။ထိုသို့ ထွက်ခွာလာပြီး နာရီဝက်ခန့်အကြာ လမ်းခုလတ်အရောက် ကားမှာတရှုးရှုးအသံမြည်ရင်း ထိုးရပ်သွားလေသည်။ထို့အခါ
ကားထဲမှ ငိုက်နေသော ခေါင်း အစုံသည် ငေါက်ကနဲ
ထလာကြကာ ဘာဖြစ်တာလဲဟု စူးစမ်းကြလေ၏။ကား
ဆရာမှာ အောက်ဆင်း၍ ဟိုနှိုက် သည်နှိုက်နှင့် အလုပ်ရှုပ်နေ၏။ထိုနောက် "ကားက ဘာဖြစ်တာလဲမသိဘူးဗျို့
စက်ချို့ယွင်းသွားပြီထင်တယ်"ဆိုသော အသံထွက်လာ
သောအခါ ကားပေါ်မှ ကိုအောင်ကြီးအပါအဝင် ခရီးသည်များ တဟင်ဟင် တဟာဟာနှင့် ကားအောက်ဆင်းလာကြလေသည်။ကိုအောင်ကြီးတစ်ယောက်သည်လည်း တစ်ခုခုကိုတွေးရင်း စိတ်ညစ်ညူးဟန်ဖြင့် ခေါင်းကို
တကျစ်ကျစ် ကုတ်ကာ "ဒီလိုဆို ဘယ်လိုလုပ်မှာလဲဗျာ"
ညနေကစောင်းနေပီ ဒုက္ခပါပဲ့"ဟု တဗျစ်တောက်တောက် ပြောလေသည်။"မတတ်နိုင်ဘူးဗျာ ကားကြုံလာတာ
စောင့်ရမှာပဲ့"ဟု ကားဆရာက ဆိုလေရာ ခရီးသည်များ
သည်လည်း မကျေနပ်သော မျက်နှာများနှင့် ကားပေါ်
ပြန်ထိုင်ကြသူများထိုင်၊ကားအောက်မှာ ကားဆရာနှင့်အတူ ဝိုင်းကလိသူက ကလိ၊စပ်စုစိန်လုပ်သူများက လုပ်
ကြနှင့် ကားကြုံအလာ စောင့်နေကြလေသည်။
ထိုအခါမှပင် ကားကြုံကလည်း တော်ရုံနှင့်ပေါ်မလာပေ။ကိုအောင်ကြီးတစ်ယောက် နာရီကိုကြည့်
လိုက်၊ကားကြုံပေါ်လာမလား လှမ်းကြည့်လိုက်နှင့်သက်ပြင်း အခါခါချရင်း အလုပ်ရှုပ်နေလေသည်။မျက်စိကလည်း မိမိရွာမှ တစ်ယောက်တစ်လေများ ကားပေါ်ပါလေမလား လှမ်းကြည့်မိသေး၏။သို့သော်လည်း ရွာကလူများနှင့် ဆင်တူသော အရိပ်အယောင်ကိုပင် မတွေ့ရသဖြင့် အားငယ်သောမျက်လုံးအစုံနှင့် တံတွေးကိုမြိုချလိုက်
သည်။ကိုယ့်အကြောင်း ကိုယ်သာသိသည်ကိုး။ကားကြုံ
လာနိုးနိုးနှင့် စောင့်နေသည်မှာ ညနေ၃နာရီခွဲခန့်ပင် ရှိ
သွားလေသည်။
ထိုနောက် ခရီးသည်များ၏ မှိုင်နေကြသောမျက်နှာများသည် ရုတ်တရက် ဝင်းကနဲ လင်းလက်သွားကြလေသည်။ထိုမျက်နှာများ၏ တူရှုတွင်ကား လိုင်းကားတစ်စီး
ဘယ်ညာ ယိမ်းနွဲ့၍လာနေ၏။ရုတ်ချည်းပင် တိတ်ဆိတ်
မှိုင်ငိုင်နေကြသော နေရာလေးသည် ကားတားသူများ
၏အသံများဖြင့် ဖြိုခွင်းလိုက်လေသည်။ကားဆရာအချင်းချင်းမှာ သိကျွမ်းနေ၍ ကားပြောင်းစီးရမည်မှာ သေချာသလောက်ရှိသွား၏။သို့သော် ကိုအောင်ကြီးမှာမူ ပျော်
ရနိုးနိုး ငိုရနိုးနိုးဖြင့် မအီမသာဖြစ်နေသည်။အဘယ်ကြောင့်မူ ကားကြုံရ၍ ပျော်ချင်သော်လည်း ထိုအချိန်မှ
ရွာပြန်လျှင် ညမရောက်သည့်တိုင် မှောင်ရိပ်ပျိုး အချိန်
ခန့်မှ ရောက်မည်ဖြစ်သောကြောင့် ရွာလမ်းဘေးရှိ
ကုက္ကိုလ်ပင်ကြီးအောက်မှ ဖြတ်သွားရမည်။
ပြီးနောက် စက်ချို့ယွင်းသွားသော ကားဆီမှသူသူငါငါ ပစ္စည်းများကို တဖက်ကားဆီ ပြောင်းရွှေ့သယ်
ယူကြကာ ထိုနေရာမှ ဆက်လက်ထွက်ခွာလာလေတော့
သည်။ဤသို့ ဖြင့် ဆက်ကာ လာကြလေရာ ကိုအောင်ကြီးတို့ ကားဂိတ်အရောက်တွင်ကား ညနေ စောင်း၍ နွား
ရိုင်းသွင်းချိန်ခန့်ပင်ရြှိပီဖြစ်၏။ကားဂိတ်တွင် ကိုအောင်ကြီး၏ ပစ္စည်းများ ချပေးကာ ကားမှာ တဝူးဝူးနှင့် ထွက်
ခွာသွားချေ၏။ထိုအခါ ကိုအောင်ကြီး၏ ပြသာနာသည် ဒီမှာပင်စတင်လေတော့သည်။ရွာမှ နွားလှည်းဆရာ ဦးဖိုးသက်မှာ ဒီနေ့ မိမိနောက်ကျနေ၍ မလာတော့ပြီအထင်ဖြင့် ပြန်သွားပြီဖြစ်မည်ထင်၏။ပစ္စည်းများမှာလည်း
အနည်းငယ်များလှသည့်အတွက် ကိုအောင်ကြီးတစ်
ယောက်အခက်ကြုံလေပြီ။ရွာပြန်ရမည့် လမ်းကလည်း
မှောင်နေပြီဖြစ်သောကြောင့် ခြောက်ကပ်နေသောနှုတ်ခမ်းကို လျှာဖြင့် သပ်ရင်း တံတွေးအခါခါ မြိုချနေမိသည်။
image
image source
ထိုနောက် ဘာဖြစ်ဖြစ်ကွာဟု စိတ်ပိုင်းဖြတ်လိုက်ကာ အရေးကြီးသော အထုတ်များကိုသာ တစ်နိုင်တပိုင်ဆွဲ၍ ကျန်ပစ္စည်းများကို လုံခြုံရာ၌ထားခဲ့ကာ ရွာထဲ
စတင်ဝင်လေတော့သည်။လမ်းမှာ လုံးဝအမှောင်ကြီး
မဟုတ်သောကြောင့် သွားလို့ရနေသေး၏။မကြာမှီပင်
ကုက္ကိုလ်ပင်ကြီး အောက်သို့ရောက်လာခဲ့လေပြီ။အပင်အောက်မှာကား လုံးဝအမှောင်ကျနေ၏။ကိုအောင်ကြီး
တစ်ယောက် ဆက်သွားရမည်လော၊လှည့်ပြန်ရမည်လော၊လှည့်ပြန်၍လည်းမဖြစ်၍ ခေါင်းခဲနေလေသည်။
ထို့အခိုက် အစာရှာပြီး အိပ်တန်းဝင်လာကြကုန်သော
ငှက်အုပ်ကြီး ၏ ကုက္ကိုလ်ပင်ကြီးသို့ "ဟူးးးဖလူးးး"သက်ဆင်းသံကြီးသည် ကိုအောင်ကြီး၏ကြောက်စိတ်ကို ပို၍ ဆွပေးလိုက်သလိုဖြစ်သွား၏။လေတိုက်၍ ကုက္ကိုလ်
ပင်ထက်မှ တရှဲရှဲ မြည်သံကြီးသည် ကြက်သီးထဖွယ်
ကောင်းလှသည်။နောက်ကျောဘက်ဆီမှ တိုက်ခတ်
လာသော လေပြေလေးသည် ကျောရိုးချဉ်ဆီအထိ စိမ့်
ကာစိမ့်ကာဖြင့် ဝင်သွားလေသည်။ကြက်သီးမွှေးညှင်းများကလည်းထိုအချိန်မှပင် အလိုက်မသိစွာ ဖြန်းကနဲ ဖြန်းကနဲ ကျောဘက်ဆီမှ ထောင်ထလာပြန်သည်။
ကိုအောင်ကြီးကမျာ နောက်ဆုံးကျန်ရှိနေသော
ရှိသမျှ သတ္တိကိုစုကာ အားတင်း၍ ကုက္ကိုလ်ပင် ကြီး
အောက် မှ ဖြတ်သွားလိုက်အခိုက် ခန္ဓာကိုယ်သည်ဗိုင်းကနဲ ရှေ့သို့ ဟတ်ထိုး လှဲကျသွားလေသည်။
image
image source
အပိုင်းဆက်မျှော်....

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

စိတ်​ဝင်းစားဖို့​ကောင်းပါတယ်​ ဒါမျိုး​ရေး နိုင်​တာ ချီးကျုးပါတယ်​ဗျာ

ကိုအောင်ကြီး ဆိုတဲ့လူ အဲ့လူ ဘာဆက်ဖြစ်ဦးမလဲ စောင့်တာပေါ့လေ

အရေးအသားကတော့မင်းသိင်္ခအလားပဲ မည်သံစွဲတွေသုံးသွားတာ

ချီးတက်က နာတို့ G3က လူတွေကို မျက်စိကျနေတယ်

သရဲကားလည်းမကြည့်ဘူး သရဲအကြောင်းလည်းမဖတ်ဘူး ဘာလို့ ဆို ညညအိပ်မပျော်ဘူးရယ် ကြောက်တတ်လို့ 

သရဲဆိုကြောက်ပြီးသား

ကိုအောင်ကြီး ဆိုတဲ့လူ အဲ့လူ ဘာဆက်ဖြစ်ဦးမလဲ စောင့်တာပေါ့လေ

သရဲဇာတ်လမ်းဆိုတော့နေ့ခင်းမှာဖတ်လိုက်တယ်

ဒါမျိုးကျ ညမဖတ်​ဖူး ​ကြောက်​လို့😂

သရဲက ခြောက်တော့မလား

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61482.47
ETH 2990.09
USDT 1.00
SBD 3.67