ကောင်းကင်ပုံပြင်
image source
ဝေဟင်ပြင်ကြီးတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်စွာ
အိပ်စက်နေတယ်။ပြာလဲ့သော ကောင်းကင်ပြင်ကြီးကား
မိုးတိမ်များက အပြည့်နေရာယူဖုံးအုပ်လျက်ပေါ့။ပတ်ဝန်း
ကျင်ကလည်း သည်ကနေ့ ညပိုးကောင်အသံများ၊လမ်းခွေးများ အသံပင်မကြားရအောင် ထူးဆန်းစွာတိတ်ဆိတ်နေပြန်တယ်။စိတ်သည် တစ်ခုခုကို လွမ်းဆွတ်မိဟန်ဖြင့်ကောင်းကင်ကြီးကို မရဲတရဲမော်ကြည့်လိုက်မိသည်။
ကောင်းကင်ကြီးကား ရယ်သလို လှောင်သလိုလိုဖြင့်
ကျွန်ုပ်အား ငုံ့ကြည့်နေ၏။ဤကောင်းကင်ကြီးကို မကြည့်ခဲ့သည်မှာ ကြာခဲ့ပီကိုး။မကြည့်ဖြစ်အောင်လည်း အချိန်တစ်ခုထိ ကြိုးစားပြီးနေခဲ့သည်။အတွေးအချို့ကိုလည်း နည်းမျိုးစုံဖြင့် ပယ်ပျောက်ထားခဲ့သည်မှာလည်းကြာလှပြီ။ဤကနေ့ စိတ်သည် ထိန်းချုပ်မရစွာဖြင့် ထိုကောင်းကင်ပြင်ကြီးကို မော်ကြည့်မိခဲ့ပြန်ပြီလေ။ထို့အခိုက် လေပြေလေးသည် ရုတ်တရက်တိုးဝှေ့လာကာပါးပြင်နှစ်ဖက်ကို ဖြန်းကနဲ အေးသွားစေခဲ့ပါသည်။
image source
ထိုည ကောင်းကင်ကြီးသည် ယခင်ကအတိုင်းပင်
ကြယ်ရောင်ကင်းစင်စွာ၊လရောင်ကင်းမဲ့စွာဖြင့် ပကတိတည်ရှိနေပါသည်။တစ်ချိန်က ဒီလိုညကပင် အင်မတန်
လှပခဲ့သည်လေ။အတိတ်က ပုံရိပ်များသည် မနေ့တနေ့ကလိုအတွေးထဲ တရိပ်ရိပ်ပေါ်လာ၏။ ရယ်သံလေးများ စကားသံလေးများအချို့က အနား နားကပ်ပြီး ပြောနေသလိုပင်၊တိုးသွားလိုက် ကျယ်လာလိုက်ဖြင့် ကြားနေရ၏။ခေါင်းကို ဖြေးညင်းစွာ ခါရမ်းပစ်လိုက်မိသည်။လက်တစ်စုံက နားများကို ပိတ်လိုက်မိသည်။ဝမ်းနည်းမှုများသည် ရင်ထဲမှ တဖြည်းဖြည်း လှိုက်တက်လာကာလည်ချောင်းဝမှာဆို့တက်လာ၏။ခြောက်ကပ်နေသောမျက်ဝန်းတို့သည် ရုတ်ချည်းဆိုသလို စိုစွတ်လာပါတော့
သည်။ပါးပြင်မှာတစ်ခုခု တွားသွားနေဟန် ဖြစ်လာသည်မို့ လက်နဲ့ဖမ်းစမ်းလိုက်ရာ မျက်ဝန်းမှ စီးဆင်းလာသော မျက်ရည်စများ။သြော်...ငါငိုနေမိပြန်ပါကောလား
ကောင်းကင်ကြီးရယ်။
ကောင်းကင်ကြီးကို မော်ကြည့်ရင်း မျက်တောင်တစ်ခါခတ်တိုင်းမျက်ရည်စများ ကြွေဆင်းလာပါသည်။တစ်ချိန်ကကောင်းကင်ကြီးလည်း ဒီလိုညမှာ မျက်ရည်တွေ ကြွေစေခဲ့တယ်၊အခုထိ ထပ်ပြီး ထပ်ပြီး ငိုစေဦးမှာလား
ကောင်းကင်ကြီးရယ်။ရင်ဘတ်တွေလည်း နာကျင်လှပါပြီ။နိဒါန်းနဲ့နိဂုံးက သိပ်မရှည်ခဲ့တဲ့စာတစ်ပုဒ်ဖြစ်ခဲ့ပေမယ့်ယနေ့တိုင် ဖတ်လို့မပီးနိုင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။သီချင်းတွေက အဖော်ပြုသလိုနဲ့ အတိတ်က
ပုံပြင်ကို ပြန်လည်အသက်သွင်းပေးနေခဲ့ပါလား။တစ်ချိန်က ပုံပြင်လေးက ယနေ့ထိ အသက်ဝင်နေဆဲပါလား။ဒီပုံပြင်လေး ဘယ်တော့မှ ပြီးဆုံးစေမှာလဲ။ ဒီလိုအတွေးတွေကရော ဘယ်တော့မှ ဘယ်သောအခါမှများရပ်တန့်စေမှာလဲ။သေချာတာကတော့ ဒီကောင်းကင်ကြီး
ရှိနေသရွေ့ ဒီအတွေးတွေက ဆက်ရှင်သန်နေဦးမှာပါ။
ဒီကောင်းကင်ပြင်ကြီး၊ဒီသီချင်းတွေ၊ ဒီမျက်ရည်တွေက မပီးဆုံးသောအတိတ်ကပုံပြင်ရဲ့ သက်သေတွေပါပဲ့။
image source
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252
ဒီကောင်းကင်ကြီးဟာ အခုဆိုလွမ်းစရာ ဟိဟိ
တချိန်က ဇာတ်လမ်းလေး...
တွေးမိတာလေးပေါ့
ကောင်းကင်ကြီးအောက်က အချစ်ဇာတ်လမ်းလေးလား
ဟဲဟဲ Feel ထားတာ
အဟမ်း
ဟီးဟီး
အတိတ်ကပုံပြင်တွေလား?
ဟဲဟဲ ရှာကြံFeel ရတာပေါ့
ပုံပြင်လေ လား တစ်ကယ်လေ လား
ဟီး feelထားတာ
ခံစားရပါတယ်ဗျာ
လာရောက်ဖတ်ပေးလို့ ကျေးဇူးပါဗျာ
ကောင်းကင်ကြီးမော့ကြည့်ပြီး ငိုနေတာ ခနရပ်ထားပေးပါ ဒီမှာ မိုးရွာလို့  ကျောင်းမြုပ်တော့မယ် ထင်တယ်ကွယ် ဟားဟား
မျက်ရည်တွေနဲ့ လျှံသွားတာနေမှာ
တဲ ခုကွဲနာယား အရင်ကကွဲနာကို feel တာရား ရှင်းအောင်ပြောပါ😁
မိုးရွာနေတော့ဖတ်ရတာလွမ်းစရာကောင်းတယ်