လျှောက်လဲချက်

in #myanmar6 years ago

action-adult-beach-1043502.jpg

Credit Image >>>

အနာတရတော့ရှိတယ်
ဒါပေမယ့် ဖြေးဖြေးဖွဖွပါပဲ

မပီပြင်သော စကားလုံးများကြား
ကိုယ်ပါရောထွေးနေတာက
ဘဝရဲ့ သက်တောင့်သက်သာမှုများလား

စာနာမှုကင်းမဲ့သော မျက်ဝန်းတွေကို
ရှောင်လွှဲမရနိုင်မှန်းတော့
ကိုယ်လည်း…
နေသားတကျချော်လဲတတ်နေပါပြီ

မတူညီသောခံစားချက်များကိုပြောင်းလဲပစ်ဖို့
ဘယ်ဇာတာက အကောင်းဆုံးဖြစ်နေမလည်း

ကဗျာမပီစာမညီသော ကိုယ့်အနေထားက
မျဉ်းဖြောင့်တွေနဲ့မတန်ပါဘူး

ငြီးငွေ့ငွေ့အော်သံတွေ
ယောင်ဝါးဝါးလှုပ်ရှားမှုတွေ
နှစ်လိုဖွယ်ရာမကောင်းပေမယ့်*

adult-beach-daylight-1024614.jpg
Credit Image >>>

ဘဝကို…
ဆေးရောင်စုံနဲ့ ထင်သာမြင်သာအောင်ပြသနိုင်ဖို့
ကိုယ်က …
မှော်ဆရာမှမဟုတ်တာလေ …

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC.259

Sort:  

You are architect of your life.

Thanks you so much

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64550.89
ETH 3156.32
USDT 1.00
SBD 4.30