ကျနော့အဖွားရဲ့ ဘဝအကြောင်း (၃)

in #myanmar6 years ago (edited)

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

ကျနော့အဖွားရဲ့ ဘဝအကြောင်း (၁)

ကျနော့အဖွားရဲ့ ဘဝအကြောင်း (၂)


အဖေ့ကိုပြောရင် အဖေကခွင့်ပြုမှာမဟုတ်လို့ အဖေအလုပ်ကိုသွားနေတုန်း လက်ဝတ်လက်စားတစ်ချို့ကိုယူပြီးတော့ သားအမိနှစ်ယောက် ကိုထွန်းနောက်ကိုလိုက်ခဲ့ပါတယ်။ နောက်မှ အိမ်နီးနားချင်းတွေရဲ့ပြောစကားအရသိရတာက အဖေအလုပ်ကနေအိမ်ပြန်ရောက်လာတော့ သမီးနဲ့မြေးကို ဒေါင်းတောက်အောင်ရှာပါတယ်။ နောက်မှ သမီးရဲ့စာကိုတွေ့ပြီးအားရပါးရငိုပြီးတော့ ကျနော့အိမ်ကအတွင်းပစ္စည်းတွေခိုးသွားလို့ပါဆိုပြီး သက်ဆိုင်ရာကိုသွားတိုင်တော့ တာဝန်ရှိသူတွေက
"ခင်ဗျားပစ္စည်းခိုးသွားသူတွေကိုသိလား" ဆိုတော့...
အဖေက "ကျတော့သမီး" လို့ ပြောပါတယ်။

သားသမီးယူသွားတာဆိုရင်တော့ တရားစွဲလို့မရဘူးဆိုတော့မှ အဖေကအိမ်ပြန်လာခဲ့ရပါတယ်။ နောက်ပိုင်း သမီးနဲ့မြေးကိုလွမ်းတဲ့စိတ်နဲ့ တရှောင်ရှာင်ဖြစ်နေတယ်လို့ နောက်မှသိခဲ့ရပါတယ်။

ကျမမှာတော့ ယောက်ျားနောက်လိုက်သွားခါစမှာတော့ ကိုယ့်မှာပါတဲ့အထည်လေးတွေရောင်းချစားသောက်နဲ့ ပျော်နေခဲ့တာပေါ့။ ကျမခင်ပွန်းကတော့ လောင်းကစားနဲ့ အရက်သောက်ရင်းနဲ့ပဲအချိန်ကုန်ခဲ့ပါတယ်။ ဒီလိုနဲ့ လေးငါးလလောက်ကြာတော့ ကျမဆီမှာပါသွားတဲ့ပစ္စည်းတွေလည်းကုန်ခဲ့ပါတော့တယ်။ အဲ့ဒီအချိန်မှာ အဖေအသဲအသန်ဖြစ်နေလို့အမြန်လာခဲ့ပါဆိုတဲ့စာ ရောက်လာပါတယ်။ အဖေ့ရဲ့အမျိုးတွေကပို့လိုက်တာပါ။ ဒါနဲ့ကျမလည်းအဖေ့ဆီပြန်လာခဲ့ပါတယ်။ ကျမတို့သားအမိအဖေ့ဆီရောက်တော့ အဖေအိပ်ယာထဲ ဘုန်းဘုန်းလဲနေပါပြီ။ ဒါကြောင့်အဖေ့ရဲ့အစ်ကိုကြီးက သူအိမ်မှာလိုက်နေပြီးဆေးကုဖို့ပြောပါတယ်။ ဒါပေမယ့်အဖေက ကျမတို့သားအမိကြောင့် မလိုက်ပါဘူး။

"ငါ့သမီးက ငါမရှိရင်ဒုက္ခရောက်မှာ ဒါကြောင့် ငါ့သမီးကိုအိမ်ကောင်းကောင်းတစ်လုံးနဲ့ ကောင်းကောင်းမွန်မွန်ထားနိုင်မှငါလိုက်မယ်"" ဆိုလို့၊ အခြေနေမကောင်းတဲ့အဖေ့ကိုကြည့်ပြီး ညီကိုမောင်နှမတွေတိုင်ပင်ကြပြီး တစ်နေ့မှာ...
"ကဲကျော်ဒင် မင်းသမီးကို အိမ်လည်းဆောက်ပေးပြီးပြီ အေးအေးချမ်းချမ်းစားနိုင်သောက်နိုင်အောင်လည်းစီစဉ်ထားတယ်၊ မင်းငါနဲ့လိုက်ခဲ့တော့"လို့ ပြောတဲ့အခါ "ငါ့သမီးကိုငါနဲ့အတူခေါ်ခဲ့ရင်လိုက်မယ်"ဆိုလို့ ဦးကြီးက ကျမတို့သားအမိကိုပါ ခေါ်သွားခဲ့ပါတယ်။အစားမဝင်တဲ့အဖေက ဟိုဟာစားချင်တယ် ဒီဟာစားချင်တယ်နဲ့ ဝယ်ခိုင်း ချက်ခိုင်းပြီးရင် ခြင်ထောင်ထဲယူလာခိုင်းပြီး "လုံမစား အားရပါးရစားနော် အဖေကဘာမှမစားချင်ပါဘူး လုံမကိုစားစေချင်လို့ချက်ခိုင်းတာပါ" လို့ ကျမကိုပြောပါတယ်။ ကျမစိတ်မကောင်းပေမယ့်လည်း အဖေစိတ်ချမ်းသာအောင် စားပြရပါတယ်။ ဒီလိုနဲ့သိပ်မကြာခင်မှာပဲ အဖေလည်း အမေ့နောက်ကိုလိုက်သွားခဲ့ပါတော့တယ်။ အဖေဆုံးပြီးနောက် ကျမခင်ပွန်းက ကျမကိုလာခေါ်တော့ ဦးကြီးက ကျမကို ""နင့်အဖေက သူ့မြေးအတွက်နဲ့ငါ့ဆီမှာ အထည်တစ်ချို့ထားခဲ့တယ်၊ ကလေးရှင်ပြုရမယ့်အရွယ်ရောက်ရင်လာယူ၊ အခုပေးလိုက်ရင် နင့်ယောကျာ်းဖြုန်းလို့ကုန်မှာပဲ"လို့ ဦးကြီးကပြောပါတယ်။ ကျမစိတ်ထဲမှာတော့ သူအပိုင်စီးချင်လို့ပဲဆိုပြီးထင်ခဲ့မိပါတယ်။ ဒါကြောင့် "ပေးစရာရှိရင်ပေးလိုက်ပါဦးကြီး နောက်ကျမဘာမှလာမတောင်းတော့ဘူး"ဆိုပြီး ဦးကြီးဆီက မရမကတောင်းခဲ့ပါတယ်။ ဒါကြောင့် ဦးကြီးက ကလေးရှေ့ရေးအတွက်ဆိုပြီး လက်စွပ်တစ်ကွင်း၊ ဆွဲကြိုးတစ်ကုံး၊ ပန်းလက်ကောက်တစ်ရံသူ့ဆီမှာချန်ထားပြီး ကျန်တာအကုန် ကျမကိုပေးလိုက်ပါတယ်။

ကျမလည်း အဖေ့အိမ်က သယ်လို့ရသမျှအကုန်သယ်ယူပြီး ခင်ပွန်းနောက်ကိုလိုက်ခဲ့ပါတယ်။ ကျိုက်လက်အပိုင် ထနီးဆိုတဲ့ရွာမှာ ယောက္ခမတွေနဲ့အတူတူနေခဲ့ရပါတယ်။ ကိုထွန်းကလည်း အရင်းအနှီးလုပ်မယ်ပြောပြီး ကျမဆီက လက်ဝတ်လက်စားတွေကိုတစ်ခေါက်နည်းနည်းယူလိုက် တစ်ပတ်ဆယ်ရက်ပျောက်သွားလိုက်နဲ့ ကုန်သွားခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ကိုထွန်းကအိမ်ကိုတစ်ခါတစ်လေမှပြန်လာပါတယ်။ ကျမမှာလည်း ဒုတိယကိုယ်ဝန်ကိုချို့ချို့တဲ့တဲ့နဲ့မွေးဖွားခဲ့ရပါတယ်။ ခလေးကလည်း မွေးကတည်းက ချူချာလိုက်တာအရမ်းပါပဲ။.....
..
...ဆက်ပါအုံးမည်။..

@komoezaw

MSC-030

Sort:  

Get a $13.00 Upvote and Your Post Resteemed to My 2 Accounts @a-0-0 and @a-a-a with 72,500+ Followers. Send 3 SBD with Your post URL in MEMO to @a-0-0

ငှယ်​.. ဖက်​​တောင်​ မဖက်​ရ​သေဘူး ကို​ဇော်​က​တော့ လုပ်​ပြီ😰

ဟုတ်ဘူးကိုလင်းရေ ရေးတာလက်စသတ်သေးဘူး ဟီး😂😂

ကိုမိုးဇော်ကတော့...ပညာပြပီ။စားလို့ကောင်းပါတယ်ဆိုမှ..
ပန်းကန်ကိုသိမ်းသွားတယ်။တကယ်ပြောတာ..ဖတ်ရတာ
ရင်တထိတ်ထိတ်နဲ့..။

ဟီး ဟုတ်အန်တီ
ကျနော်ကြိုးစားပြီးဆက်ရေးပါ့မယ်

ကိုမိုး ကိုယ်တွေ့ဆိုတော့ ပီပြင်အောင်သရုပ်ဖေါ်နိုင်ပါပေတယ်။

ဟုတ်ဆရာ
ကျနော်ဟုတ်ဘူးနော်ဆရာ
ကျနော့ရဲ့အဖွားပါ😁😁

ကိုမိုးက စာရေးတဲ့နေရာ ဆြာပါဗျာ နောက်ထက် လာဖတ်အူးမယ်😊

ဟုတ် ကျေးဇူးမကြည်ရေ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63754.85
ETH 3055.95
USDT 1.00
SBD 3.85