လက်ငင်းဆိုတာ 😁😁

in #myanmar6 years ago

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

မင်္ဂလာပါဗျာ။
စာမရေးတာလည်းကြာနေပြီမို့ ကျနော့ကိုလည်းမေ့နေလောက်ပြီထင်ပါတယ်။😁😁

ကျနော်ပြောပြောနေသလိုလေးပေါ့ဗျာ steemitထဲကရှိတာလေးတွေကိုမရောင်းချင်လို့ အပြင်မှာဖုန်းဘေဖိုးရှာသည်ပေါ့။
တစ်ကယ်တော့လည်း ရှာရဖွေရတာ မလွယ်ကူလှပါဘူး။စားရေးသောက်ရေးက သိပ်ပူစရာမလိုလို့သာတော်တော့တာပါ။
ကျနော်က မိဘလုပ်စာထိုင်စားတာလေ။
ထပြီးစားရင် ဆူတာမို့ ထိုင်ပြီးစားရတာပါ😁😁
အိမ် ထဲမှာနေပြီး အလုပ်မအားဘူးပဲပြောပြောနေတာ မင်းက ဘာလုပ်နေတာမို့လည်းလို့ မေးချင်နေတဲ့သူတွေရှိနေတာကို ကျနော် သိခဲ့ရပါတယ်။ ဒါပေမယ့် ကျနော် မသိသလိုပဲနေခဲ့လိုက်ပါတယ်။ ဘာလို့လည်းဆိုရင် သူတို့တွေက ပြောချင်တာပဲသိတာ ဖုန်းဘေကုန်လာရင် ဟိုလူ့နားကပ်တောင်း ဒီလူ့နားကပ်တောင်းနဲ့ လုပ်နေရတဲ့သူတို့ပါ။ ကျနော်သုံးတဲ့ဖုန်းဘေပမာဏက သူတို့ထက်ပိုများတယ်ဆိုပေမယ့် ကျနော်သူများဆီက လိုက်တောင်းပြီးထည့်ရတယ် ဆိုတာမရှိသလောက်ပါပဲ။ဖုန်းဘေဖိုးကို အပြင်ကရတာနဲ့လည်း သိပ်ပြီးမထည့်ခဲ့ရပါဘူး။ထည့်စရာ ဘေလုံးဝမရှိတဲ့အခါမှာတော့ Steemလေးတွေ SBDလေးတွေဆီတော့ မျက်စောင်းထိုးရတာပေါ့😂😂

ကျနော်သူများဆီက အလကားတောင်းပြီးယူခဲ့တာမရှိသလောက်ပါပဲ... တောင်းယူပြီးရင်လည်းပြန်မဆပ်ပါဘူး😁😁😁 အဲ့ဒါကြောင့် ကိုသက်ကိုလည်းအကြွေးမဆပ်ရသေးပါဘူး😂😂

စဉ်းစားကြည့်လေဗျာ အလကားမတောင်းပါဘူးဆိုမှ တစ်ခုခုတော့ရအောင်တောင်းမှာပေါ့။😁

ဟာသအနေနဲ့ရေးတာပါ အကြွေးနောက်မှဆပ်မယ် ကိုသက် @thatkozaw ရေလို့ ဒီpostကနေပြောလိုက်ပါတယ်ဗျ။

အကြွေးဆိုတာကိုပြောရင်းကနေ လက်ငင်းက ဘယ်နှစ်ရက်ဆိုင်းလည်းလို့ဆိုတဲ့ အရင်က ကျနော့ ဝမ်းကွဲ ညီမတစ်ယောက်ရဲ့အကြောင်းလေးကိုလည်း သတိရမိပါသေးတယ်။😁
လက်ငင်းပါဆို ဘယ်နှစ်ရက်ဆိုင်းလည်းလုပ်နေသေးတယ်ဗျာ တစ်ကယ်ပါပဲ😂😂😂

အဖြစ်က ဒီလိုဗျ သူက ကျနော့် ဦးလေးရဲ့အမေရဲ့မြေးမလေးပေါ့ဗျာ သူ့အမေက ကျနော့အဖွားရဲ့ချွေးမပေါ့ သူ့အမေရဲ့ယောကျာ်းကကျတော့ သူ့အဖွားရဲ့သားပေါ့ တစ်ကယ်တော့ ကျနော့ဝမ်းကွဲညီမရဲ့ အဖေနဲ့အမေကလင်မယားတွေလေဗျာ ဟုတ်ဘူးလား😂😂😋😋😝

ကျနော်တို့ဒေသ အရင်အချိန်တွေတုန်းက လယ်ကွင်းတွေသာရှိခဲ့တာပါ။ အစိုးရက ငါးကန်မတူးရင်သိမ်းမယ်ဆိုလို့ ကျနော်တို့နေရာတွေတောင် ကန်တွေတူးခဲ့ရသေးတာလေ.. အဲ ကိုယ့်ကြောင်းကိုယ်ပြောသူများကြောင်းမပြောနဲ့တဲ့... သူများကြောင်းမပြောတော့ပါဘူး...😁
အဲ့ဒီလို ကန်တွေတူးရတဲ့အခါ မြေတူးတဲ့သူတွေကို မြေတူးတဲ့ ခေါင်းဆောင်က တစ်လမှသာတစ်ခါ ငွေချေပေးတာပါ။ ဈေးရောင်းတဲ့သူတွေကလည်း မြေကြီးတူးတဲ့သူတွေကို ဈေးသွားရောင်းရင် ချက်ချင်းမရကြပါဘူး တစ်လဆိုင်း နှစ်လဆိုင်းဆို ပြီးပုံစံအမျိုးမျိုးနဲ့ရောင်းကြတာပေါ့။ စာအုပ်တွေနဲ့အကြိုက်သာမှက်တော့ပဲပေါ့။ အမှက်မှားရင်တော့ ငွေဆုံးပြီလို့သာမှက်တော့ပဲ နေ့စဉ် ရောင်းသမျှ စာအုပ်ထဲကိုအကုန်မှက်ရတာလေ။ လကုန်ရက် ငွေထုတ်ပြီဆို စာအုပ်ရှိတဲ့သူက ရွှေပဲ ၊ စာအုပ်ပျောက်တဲ့သူက မွေဖမ်းတော့တာပဲ😁😁
အမြတ်ကတော့ အွန်လိုင်းငွေရှာတဲ့သူတွေလိုပဲ များများရင်းနိုင်လေမြတ်လေပဲ ။သို့ပေမယ့် SCAM နဲ့မိသွားရင်လည်း ပလုံကွဲတာပဲမို့လား။😁

သူတို့ဈေးရောင်းတာလည်း အဲ့ဒါနဲ့တူတာပါပဲ။ အမြတ်များမှန်းသိလို့ လဆိုင်းနဲ့ဈေးရောင်းပေးဖို့ ငွေတွေရင်းနှီးထားပေမယ့် လကုန်ခါနီး ငွေထုတ်ခါနီးကျမှ မြေကြီးတူးတဲ့အဖွဲ့တွေ အခြားလုပ်ကွက်ကို လူစုခွပြီးပြောင်းရွှေ့သွားပါသည်ဆိုရင် သေရောပဲ ။ ဘယ်ဆီလိုက်ရမယ်မသိဖြစ်ကြရောပဲ။ ဈေးရောင်းပြီး မြေတူးသမားတွေရဲ့သတင်းကိုအမြဲနားစွင့်နေကြရတယ် သူတို့။ ကျနော်အခုချိန်စဉ်းစားမိတယ် ဪ..အွန်လိုင်းငွေရှာနည်းနဲ့တူတူပါပဲလားလို့...😁😁

အဲ့ဒီဈေးရောင်းတဲ့သူတွေထဲ ကျနော့ညီမဝမ်းကွဲပါ ပါတယ်လေ သူကိုလည်း ဈေးရောင်းခိုင်းပေမယ့်
အဲ့ဒီအချိန်က ကလေးအရွယ်တွေပဲရှိသေးတာဆိုတော့ အိမ်က အမေမှာ မှာတဲ့အတိုင်းပဲရောင်းတာပေါ့။ တစ်လဆိုင်းနဲ့ ရောင်းဆိုလည်း တစ်လဆိုင်းရမှရောင်းမယ်ပြော နှစ်လဆိုင်းဆိုရင်လည်း နှစ်လဆိုင်းနဲ့ရတယ်ပြောပြီးရောင်းတာပေါ့။

တစ်နေ့ သူ့အမေက သူ့ကိုဈေးသွားရောင်းခိုင်းတယ်။ အဲ့ဒီအချိန်က မြေတူးသမားတွေ မြေတူးခထုတ်ပြီးကြချိန်လို့လည်းထင်တယ်။ သူ့အမေက ဈေးရောင်းခိုင်းတာမှာ သူ့သမီးကို လက်ငင်းရောင်းဖို့မှာလိုက်တာပေါ့....

သူကလည်းဈေးရောင်းဖို့ဆိုပြီး ခပ်သွက်သွက် ထွက်သွားလိုက်တာ မြေကြီးတူးတဲ့သူတွေရဲ့တဲတွေဆီရောက်လို့မှ မကြာသေး ဈေးရောင်းမယ်ကြံကာမှ ဘာစိတ်ကူးရသွားတယ်မသိ သူ့အိမ်ကိုပြန်လှည့်သွားတော့တာလေ။ အိမ်ရောက်တော့ သူအမေက
သမီးဘာဖြစ်လို့လည်းမေးတော့......

သမီးမေးစရာရှိလို့တဲ့...
ဘာမေးမှာလည်းဆိုတော့
အကြွေးပဲ လဆိုင်းတွေနဲ့ရောင်းရတာ များတဲ့ သမီးရဲ့အမေးကြောင့် အဲ့ဒီအချိန်က လူကြီးတွေတော်တော်များများ ရယ်မောခဲ့ကြရပါတယ်။

သူမေးတဲ့ မေးခွန်းကလည်းကြည့်အုံးလေ......

မေမေ လက်ငင်းဆိုတာ ဘယ်နှစ်လဆိုင်းတာလည်းဟင်တဲ့ 😁😁😁

ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • Steemit မှ ဆရာသမားများနှင့် ညီကိုမောင်နှမအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

ကိုမိုးဇော် @komoezaw MSC-030

@komoezaw
MSC-030

Sort:  

You got a 19.51% upvote from @upmewhale courtesy of @komoezaw!

Earn 100% earning payout by delegating SP to @upmewhale. Visit http://www.upmewhale.com for details!

စိတ်မကောင်းပါဘူးဗျာ
ကျနော့မှာ Sp500တောင်မပြည့်သေးဘူးဗျ😁

ဗဟုသုတရစေပါသည်

ဟုတ် ကျေးဇူး😍😍

ဟိဟိ😂😂

ရီတယ်ပေါ့😝😋😁😁

မြန်မာစကား ကပ်ရှုပ်နေတာဘဲ hee hee

ဟုတ်ပဲ 😁😁
ကလေးအတွေးကလည်း ရိုးရှင်းနေပြန်တယ်။

You got a 5.68% upvote from @postpromoter courtesy of @komoezaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ကျေးဇူးပါဗျ
သင်တို့ရဲ့ကျေးဇူးနှင့် အကျနုပ်သည်လည်းRP60ပြည့်ခဲ့လေပြီတကား😁😁😁

အမေတော့ အမြတ်တွေများအုံးမယ် 😁

ဟီးဟုတ်တယ်
😁😁😁

ဟုတ်တယ်လေ သမီးလေးက လက်ငင်းမှမကြားဖူးတာ
မေးတတ်တာ တော်ရှာသားပဲ

ဟုတ်တယ် ဆရာမ အန်တီရေ😁
သူရောင်းနေကျ ပုံစံမဟုတ်တော့ မသိလိုက်ဘူးဖြစ်သွားတာ😂

ငါသိတာတော လက်ငင်းဆိုတာ ချက်ချင်းကြီးပဲ၊ လက်လှုပ်မရတာဖြစ်မယ်။ ငင်း ဆိုတာ ငံ့တာကိုပြောတာမဟုတ်လား။ လက်ကငံ့ထားတော့ ချက်ချင်းမရဘူးပေါ့။

အယ် ဘော့တေ ဘော့တေတော့

ကောင်းတယ်အကိုရေ။အဲ့လိုရေးတတ်အောင်ကြိုးစားအုံးမယ်ဗျာ။အသစ်လေးမို့အားပေးပါအုံးဗျာ။ :)

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25