ကြၽန္ေတာ္ႏွင့္ ငယ္စဥ္ဘဝ(၁) ကျွန်တော်နှင့် ငယ်စဉ်ဘဝ(၁)

in #myanmar7 years ago (edited)

အလင္းေရာင္ေလး


Credt;Google images.thanks,
ေန႕သစ္တစ္ေန႕အတြက္
လင္းေရာင္နီသူရိန္ေနမင္းသည္ အေရွ႕အရပ္ဆီမွ တေ႐ြ႕ေ႐ြ႕ျဖင့္ထြန္းလင္းေတာက္ပလို႔လာခဲ့ၿပီျဖစ္သည္။

နံနက္ခင္းရဲ႕အလင္းေရာင္ကို မျမင္ရခင္အခ်ိန္
လင္းၾကက္တြန္သံကို ၾကားရၿပီဆိုကတည္းက
ပထမဦးဆုံးအိပ္ယာထက္မွနိုးထသူက
ေဖေဖနဲ႕ေမေမရယ္ပါ.....

ေမေမက ထမင္းဟင္းကို
ဆြမ္းေလာင္းကုသိုလ္ျပဳဖို႔ ေစာေစာထခ်က္ျပဳတ္တာေပါ့ ဆြမ္းထမင္းကလြယ္ေပမယ့္ ဆြမ္းဟင္းအတြက္က
ေတာသူေတာင္သားလယ္သမားတို႔ရဲ႕သဘာဝအတိုင္း အသီးအႏွံေလးေတြ လက္လက္ဆက္ဆက္ခူးလို႔
လယ္ကြင္းထဲကရတဲ့ ငါးနဲ႕ခ်က္တာေပါ့ ေန႕စဥ္ပုံမွန္
ဆြမ္းထမင္း၊ဆြမ္းဟင္းတစ္ခြက္စီကေတာ့ အၿမဲတမ္း
ေလာင္းလႉကုသိုလ္ျပဳခဲ့ၾကပါတယ္။

အသီးအ႐ြက္ဆိုတာကလည္း
လယ္ေတာထဲမွာက ေပါတာ ေျပာရမယ္ဆိုရင္
ၾကာရိုးတို႔ ကန္စြန္း႐ြက္တို႔ေလာက္ပဲရွိတာပါ
ဘာပဲျဖစ္ျဖစ္ေဖေဖကေတာ့ ဆြမ္းဟင္းတစ္ခြက္စာအျပင္ မိသားစုစားေသာက္နိုင္ဖို႔ပါ ငါးဟင္းစားကိုပိုၿပီးရွာပါတယ္ နံနက္ေစာေစာ ဟင္းစားရွာျပန္လာရင္
အဆာေျပထမင္းၾကမ္းစားလို႔ အလုပ္သို႔ဆင္းသြားပါတယ္
အိမ္မွာ ေမေမတစ္ေယာက္တည္း ငါးခုတ္၊ဟင္း႐ြက္ေႁခြနဲ႕ အလုပ္ရႈပ္ေနေတာ့တာေပါ့..

ေတာင္ယာအလုပ္ဆိုေတာ့ ေစာေစာအလုပ္ဆင္းနိုင္ေလ အက်ိဳးရွိေလေပါ့.. ဆိုၿပီး ေဖေဖက ေစာေစာအလုပ္ဆင္းတာပါ။ ေနပူလာရင္ ပိုၿပီးပင္ပန္းၾကရတာေလ
လယ္ကြင္းရဲ႕ပတ္ခ်ာလည္ ျမက္ပင္ေတြကိုခုတ္
ေဘာင္ေလးေတြျပန္ဆြဲနဲ႕ေပါ့ မိုးေလးေတြတဖြဲဖြဲက်လိဳ႕
ေအးျမတဲ့အခ်ိန္မွာဆို အလုပ္ျပန္တက္လာတဲ့ေဖေဖ
အၿမဲေနာက္က်တက္ပါတယ္ ....
ေဖေဖကေတာ့ေျပာပါတယ္ မိုးေအးေနတဲ့အခ်ိန္
အလုပ္လုပ္ရတာမပင္ပန္းဘူးတဲ့ေလ.....
တစ္ကယ္ေတာ့ ေတာအလုပ္ၿမိဳ႕အလုပ္ရယ္လို႔မဟုတ္ပဲ
ဘယ္လိုအလုပ္မ်ိဳးပဲျဖစ္ျဖစ္ပင္ပန္းပါတယ္
ကာယခြန္အားစိုက္ရတာနဲ႕၊ဉာဏခြန္အားစိုက္ရတာပဲ ကြာသြားတာပါ..... မိဘဆိုတာကေတာ့ သားသမီးေလးေတြေပ်ာ္႐ႊင္အဆင္ေျပေနတာျမင္ေနရရင္ အေမာေျပေနတက္ၾကတာမို႔ မိသားစုအတြက္ဆို ပင္ပန္းတယ္လို႔မထင္တက္ၾကပါဘူး...

Credt;Google images.thanks,
ကြၽန္ေတာ္တို႔ေနတဲ့ေနရာကို ဆြမ္းခံႂကြတဲ့ ဦးပုဇင္းေတြက နံနက္ ၇ နာရီခြဲ၊ ၈ နာရီေလာက္ဆိုေရာက္ပါတယ္
႐ြာဦးေက်ာင္းေစတီဆိုတာကလည္း
ျမစ္ကမ္းနားမွာျဖစ္သလို ကြၽန္ေတာ္တို႔ရဲ႕
႐ြာဆိုတာကလည္း လယ္ကြင္းေတြနဲ႕ဆိုေတာ့
႐ြာလမ္းရယ္လို႔ သတ္သတ္မွက္မွက္မရွိပါဘူး
ဒါေၾကာင့္ ဆြမ္းခံထြက္ရတာမလြယ္ပါဘူး
မိုးတြင္းကာလေတြျဖစ္ေနတဲ့အတြက္ အဲ့ဒီအခ်ိန္ဆြမ္းခံထြက္ရင္ ေလွငယ္ေလးေတြနဲ႕သာထြက္ရပါတယ္။
႐ႊံ႕ေတြဗြက္ေတြကိုနင္းေလွ်ာက္ျဖတ္ေက်ာ္ရတဲ့အခါလည္းရွိပါတယ္
ေလွေလးေတြက ေက်ာ္တက္လို႔မရတဲ့ေနရာေတြဆို
ေရာက္တဲ့ေနရာမွာ ေလွဆိုက္ထားခဲ့ၿပီး လွမ္းေလွ်ာက္ၾကတာပါ ဆြမ္းခံႂကြတဲ့ ဒုကၡကလည္းမေသးဘူးဆိုေပမယ့္
အေလ့အက်င့္ျဖစ္ေနၾကပါၿပီ.....
.................

ငယ္စဥ္ခါကေလးဘဝဆိုေတာ့
ကြၽန္ေတာ္တို႔ငပ်င္းေလးေတြက ေက်ာင္းတက္သည့္ေန႕ရက္တြင္မွသာ ေစာစီးစြာအိပ္ယာထၾကတယ္ဆိုေပမဲ့
ေဖေဖေမေမတို႔က အျပစ္မျမင္ ခ်စ္ခင္လ်က္ပါပဲ.......

ထိုအခ်ိန္...
ကြၽန္ေတာ္တို႔ အ႐ြယ္ငယ္စဥ္ကေလးဘဝအခ်ိန္ေတြေပါ့ ကြၽန္ေတာ့အသက္က ရွစ္ႏွစ္အ႐ြယ္ေပါ့.. အတန္းပညာအေနနဲ႕က Grade 3 (၂)တန္းေပါ့ ဘာလို႔(၂)တန္းျဖစ္ရလည္းဆိုေတာ့ သူငယ္တန္းကို ကြၽန္ေတာ္ ႏွစ္ႏွစ္တက္ခဲ့တာေလ 😇😇 အင္းအဲ့ဒါကလည္းကြၽန္ေတာ္စာညံ့လို႔မဟုတ္ဘူးဗ် ကြၽန္ေတာ္တို႔ကိုစာသင္တဲ့ဆရာနဲ႕ဆရာမက စာညံ့တာ။😇😇 ဘာလို႔ညံ့ဆို သူတို႔က စာအုပ္ထဲကစာေတြကို ကြၽန္ေတာ္တို႔ကိုပဲဖတ္ခိုင္းတာဗ် သူတို႔ၾကမဖတ္ဘူးေလ အဲ့ဒါမဖတ္တက္လို႔ပဲေနမွာဗ်... ဟီးစတာပါ သူငယ္တန္းႏွစ္ႏွစ္တက္ခဲ့ရတယ္ဆိုတာကလည္း ကြၽန္ေတာ္တို႔ သူငယ္တန္းေလးရယ္ သူငယ္တန္းႀကီးရယ္ ႏွစ္ခါတက္ခဲ့ရတာကိုေျပာတာပါ။

Credt;Google images.thanks,
အဲ့ဒီတုန္းက ဆရာေတြက အရမ္းရိုက္တာဗ် အဲ့ဒါေၾကာင့္ သူတို႔ကိုျပန္မေျပာရဲဘူး စာသင္ရင္ ေသခ်ာသင္တယ္ အတန္းထဲမွာတင္ က်က္လို႔ရမယ္ထင္တဲ့စာကို အတန္းထဲမွာတင္က်က္ခိုင္းတယ္ ျပန္ၿပီးဆိုခိုင္းတယ္ အဲ့လိုမ်ိဳးေပါ့ .....
မွားရင္ေတာ့ေပတံစာမိၿပီသာမွက္ေတာ့ပဲ ေပတံနဲ႕လက္ေခါက္ေလးေတြကိုရိုက္တာ လက္ဝါးကိုရိုက္ရင္ ဉာဏ္ထိုင္းမွာစိုးလို႔လို႔ေတာ့သူတို႔ေျပာပါတယ္...
ဆရာ၊ဆရာမေတြရဲ႕ စည္းစနစ္ေကာင္းမႈေၾကာင့္ ငယ္႐ြယ္စဥ္အခ်ိန္ ေက်ာင္းသားဘဝေလးေတြ စာေတာ္ စာတက္ၾကပါတယ္.....
ဆရာဆီမွာ မိမိရဲ႕သားသမီးေတြကို ဆုံးမဖို႔ ခြင့္ျပဳထားၾကတဲ့ မိဘေတြကိုလည္း ေက်းဇူးတင္ရမွာပါ..
သားသမီးကို ရိုက္လို႔ ဆရာဆရာမေတြနဲ႕ ရန္ျဖစ္တဲ့မိဘေတြနဲ႕ေတာ့မျဖစ္ပါဘူး။ အဲ့လိုမိဘေတြအတြက္ေနဝင္ခ်ိန္မလွပနိုင္ပါဘူး သားဆိုးသမီးဆိုးေတြပဲ ရရွိၾကမွာျဖစ္လို႔
သူတို႔ေတြ တန္ျပန္ အက်ိဳးကိုခံစားၾကရေတာ့မွာပါ။

ေပတံဆိုလို႔..
အဲ့ဒီခ်ိန္ကသုံးတဲ့ေပတံေလးေတြကိုကြၽန္ေတာ္မွက္မိေသးတယ္ ေပတံကိုမအူသားေတြနဲ႕ျပဳလုပ္ထားၿပီး ေပတံရဲ႕ တစ္ဖက္မွာ ျမန္မာစာအကၡရာ ကႀကီး၊ခေခြး၊ဂငယ္..
စသည္ ေရးသားထားၿပီး တစ္ဖက္မွာေတာ့ အဂၤလိပ္စာ အကၡရာေတြကို ေရးသားထားတယ္ ေပတံေလးကို
ထုတ္ၾကည့္တိုင္း စာေတြကိုေတြ႕ေနရမွာပါ။
လူငယ္ေလးေတြပညာေရးတိုးတက္ေစဖို႔လို႔ထင္မိပါတယ္ ေပတံကို တစ္မ်ိဳးတည္းထုတ္ခဲ့တာမဟုတ္ပဲ တစ္ၿခိဳ႕ေပတံေလးေလးေတြမွာဆိုရင္ 1,2,3,4...၁.၂.၃.၄ စသည္ေရးသားထားျပန္ပါတယ္။

အျခားေသာေက်ာင္းသားေတြ ကႀကီး၊ခေခြး ဘယ္လို
တက္ေျမာက္သြားတယ္မသိေပမယ့္ ကြၽန္ေတာ္ကေတာ့ အဲ့ဒီေပတံေလးေတြေပၚကေနတက္ေျမာက္ခဲ့တယ္လို႔ပဲ ေျပာခ်င္တယ္ဗ်ာ။ေပတံေလးကိုထုတ္ စာေရးဖို႔
ေဘးမ်ဥ္းေလးတားရင္ အရင္ဆုံးေတြ႕ေနရတာက
ေပတံေပၚက အကၡရာေတြေလ ဒီေတာ့ကေလးပီပီ မွက္သားဉာဏ္ကေကာင္းခ်ိန္ဆိုေတာ့ သိပ္ၿပီးမက်က္လိုက္ရပဲကို ဆရာခဏသင္႐ုံနဲ႕ကိုတက္ေျမာက္ခဲ့ရတယ္

ေပတံကိုမအူသားနဲ႕လုပ္တာပါလို႔ ဘာလို႔ေျပာနိုင္လည္းဆိုေတာ့ ကြၽန္ေတာ္က စမ္းသပ္တာကိုဝါသနာပါေတာ့ ေပတံကိုစမ္းသပ္တယ္ ေပတံအသားကို ပါးစပ္နဲ႕ကိုက္ လွ်ာနဲ႕တို႔ၾကည့္တယ္ သူ႕ရဲ႕အရသာက ခါးတယ္ေလ.
ကြၽန္ေတာ္ မအူပင္ေတြကို ခုတ္ျဖတ္ခဲ့စဥ္က
မွက္သားထားမိခဲ့တာပါ။မအူပင္ရဲ႕အသားေရာင္ဟာ
စတင္ခုတ္လွ်င္ ျဖဴေဖြးေနတက္ေပမယ့္
အခ်ိန္နည္းနည္းၾကာသြားရင္ အဝါေရာင္အျဖစ္သို႔ေျပာင္းသြားပါတယ္။သူ႕ရဲ႕အရသာဟာ ခါးသက္ပါတယ္.....
.
ဆက္လက္ေရးသားပါအုံးမည္....

ေက်းဇူးတင္ပါတယ္ခင္ဗ်ာ....
steemit မိသားစုေတြအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ.....

@komoezaw
MSC - 030


အလင်းရောင်လေး

Credt;Google images.thanks,
နေ့သစ်တစ်နေ့အတွက်
လင်းရောင်နီသူရိန်နေမင်းသည် အရှေ့အရပ်ဆီမှ တရွေ့ရွေ့ဖြင့်ထွန်းလင်းတောက်ပလို့လာခဲ့ပြီဖြစ်သည်။

နံနက်ခင်းရဲ့အလင်းရောင်ကို မမြင်ရခင်အချိန်
လင်းကြက်တွန်သံကို ကြားရပြီဆိုကတည်းက
ပထမဦးဆုံးအိပ်ယာထက်မှနိုးထသူက
ဖေဖေနဲ့မေမေရယ်ပါ.....

မေမေက ထမင်းဟင်းကို
ဆွမ်းလောင်းကုသိုလ်ပြုဖို့ စောစောထချက်ပြုတ်တာပေါ့ ဆွမ်းထမင်းကလွယ်ပေမယ့် ဆွမ်းဟင်းအတွက်က
တောသူတောင်သားလယ်သမားတို့ရဲ့သဘာဝအတိုင်း အသီးအနှံလေးတွေ လက်လက်ဆက်ဆက်ခူးလို့
လယ်ကွင်းထဲကရတဲ့ ငါးနဲ့ချက်တာပေါ့ နေ့စဉ်ပုံမှန်
ဆွမ်းထမင်း၊ဆွမ်းဟင်းတစ်ခွက်စီကတော့ အမြဲတမ်း
လောင်းလှူကုသိုလ်ပြုခဲ့ကြပါတယ်။

အသီးအရွက်ဆိုတာကလည်း
လယ်တောထဲမှာက ပေါတာ ပြောရမယ်ဆိုရင်
ကြာရိုးတို့ ကန်စွန်းရွက်တို့လောက်ပဲရှိတာပါ
ဘာပဲဖြစ်ဖြစ်ဖေဖေကတော့ ဆွမ်းဟင်းတစ်ခွက်စာအပြင် မိသားစုစားသောက်နိုင်ဖို့ပါ ငါးဟင်းစားကိုပိုပြီးရှာပါတယ် နံနက်စောစော ဟင်းစားရှာပြန်လာရင်
အဆာပြေထမင်းကြမ်းစားလို့ အလုပ်သို့ဆင်းသွားပါတယ်
အိမ်မှာ မေမေတစ်ယောက်တည်း ငါးခုတ်၊ဟင်းရွက်ခြွေနဲ့ အလုပ်ရှုပ်နေတော့တာပေါ့..

တောင်ယာအလုပ်ဆိုတော့ စောစောအလုပ်ဆင်းနိုင်လေ အကျိုးရှိလေပေါ့.. ဆိုပြီး ဖေဖေက စောစောအလုပ်ဆင်းတာပါ။ နေပူလာရင် ပိုပြီးပင်ပန်းကြရတာလေ
လယ်ကွင်းရဲ့ပတ်ချာလည် မြက်ပင်တွေကိုခုတ်
ဘောင်လေးတွေပြန်ဆွဲနဲ့ပေါ့ မိုးလေးတွေတဖွဲဖွဲကျလို့
အေးမြတဲ့အချိန်မှာဆို အလုပ်ပြန်တက်လာတဲ့ဖေဖေ
အမြဲနောက်ကျတက်ပါတယ် ....
ဖေဖေကတော့ပြောပါတယ် မိုးအေးနေတဲ့အချိန်
အလုပ်လုပ်ရတာမပင်ပန်းဘူးတဲ့လေ.....
တစ်ကယ်တော့ တောအလုပ်မြို့အလုပ်ရယ်လို့မဟုတ်ပဲ
ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ်ပင်ပန်းပါတယ်
ကာယခွန်အားစိုက်ရတာနဲ့၊ဉာဏခွန်အားစိုက်ရတာပဲ ကွာသွားတာပါ..... မိဘဆိုတာကတော့ သားသမီးလေးတွေပျော်ရွှင်အဆင်ပြေနေတာမြင်နေရရင် အမောပြေနေတက်ကြတာမို့ မိသားစုအတွက်ဆို ပင်ပန်းတယ်လို့မထင်တက်ကြပါဘူး...

Credt;Google images.thanks,
ကျွန်တော်တို့နေတဲ့နေရာကို ဆွမ်းခံကြွတဲ့ ဦးပုဇင်းတွေက နံနက် ၇ နာရီခွဲ၊ ၈ နာရီလောက်ဆိုရောက်ပါတယ်
ရွာဦးကျောင်းစေတီဆိုတာကလည်း
မြစ်ကမ်းနားမှာဖြစ်သလို ကျွန်တော်တို့ရဲ့
ရွာဆိုတာကလည်း လယ်ကွင်းတွေနဲ့ဆိုတော့
ရွာလမ်းရယ်လို့ သတ်သတ်မှက်မှက်မရှိပါဘူး
ဒါကြောင့် ဆွမ်းခံထွက်ရတာမလွယ်ပါဘူး
မိုးတွင်းကာလတွေဖြစ်နေတဲ့အတွက် အဲ့ဒီအချိန်ဆွမ်းခံထွက်ရင် လှေငယ်လေးတွေနဲ့သာထွက်ရပါတယ်။
ရွှံ့တွေဗွက်တွေကိုနင်းလျှောက်ဖြတ်ကျော်ရတဲ့အခါလည်းရှိပါတယ်
လှေလေးတွေက ကျော်တက်လို့မရတဲ့နေရာတွေဆို
ရောက်တဲ့နေရာမှာ လှေဆိုက်ထားခဲ့ပြီး လှမ်းလျှောက်ကြတာပါ ဆွမ်းခံကြွတဲ့ ဒုက္ခကလည်းမသေးဘူးဆိုပေမယ့်
အလေ့အကျင့်ဖြစ်နေကြပါပြီ.....
.................

ငယ်စဉ်ခါကလေးဘဝဆိုတော့
ကျွန်တော်တို့ငပျင်းလေးတွေက ကျောင်းတက်သည့်နေ့ရက်တွင်မှသာ စောစီးစွာအိပ်ယာထကြတယ်ဆိုပေမဲ့
ဖေဖေမေမေတို့က အပြစ်မမြင် ချစ်ခင်လျက်ပါပဲ.......

ထိုအချိန်...
ကျွန်တော်တို့ အရွယ်ငယ်စဉ်ကလေးဘဝအချိန်တွေပေါ့ ကျွန်တော့အသက်က ရှစ်နှစ်အရွယ်ပေါ့.. အတန်းပညာအနေနဲ့က Grade 3 (၂)တန်းပေါ့ ဘာလို့(၂)တန်းဖြစ်ရလည်းဆိုတော့ သူငယ်တန်းကို ကျွန်တော် နှစ်နှစ်တက်ခဲ့တာလေ 😇😇 အင်းအဲ့ဒါကလည်းကျွန်တော်စာညံ့လို့မဟုတ်ဘူးဗျ ကျွန်တော်တို့ကိုစာသင်တဲ့ဆရာနဲ့ဆရာမက စာညံ့တာ။😇😇 ဘာလို့ညံ့ဆို သူတို့က စာအုပ်ထဲကစာတွေကို ကျွန်တော်တို့ကိုပဲဖတ်ခိုင်းတာဗျ သူတို့ကြမဖတ်ဘူးလေ အဲ့ဒါမဖတ်တက်လို့ပဲနေမှာဗျ... ဟီးစတာပါ သူငယ်တန်းနှစ်နှစ်တက်ခဲ့ရတယ်ဆိုတာကလည်း ကျွန်တော်တို့ သူငယ်တန်းလေးရယ် သူငယ်တန်းကြီးရယ် နှစ်ခါတက်ခဲ့ရတာကိုပြောတာပါ။

Credt;Google images.thanks,
အဲ့ဒီတုန်းက ဆရာတွေက အရမ်းရိုက်တာဗျ အဲ့ဒါကြောင့် သူတို့ကိုပြန်မပြောရဲဘူး စာသင်ရင် သေချာသင်တယ် အတန်းထဲမှာတင် ကျက်လို့ရမယ်ထင်တဲ့စာကို အတန်းထဲမှာတင်ကျက်ခိုင်းတယ် ပြန်ပြီးဆိုခိုင်းတယ် အဲ့လိုမျိုးပေါ့ .....
မှားရင်တော့ပေတံစာမိပြီသာမှက်တော့ပဲ ပေတံနဲ့လက်ခေါက်လေးတွေကိုရိုက်တာ လက်ဝါးကိုရိုက်ရင် ဉာဏ်ထိုင်းမှာစိုးလို့လို့တော့သူတို့ပြောပါတယ်...
ဆရာ၊ဆရာမတွေရဲ့ စည်းစနစ်ကောင်းမှုကြောင့် ငယ်ရွယ်စဉ်အချိန် ကျောင်းသားဘဝလေးတွေ စာတော် စာတက်ကြပါတယ်.....
ဆရာဆီမှာ မိမိရဲ့သားသမီးတွေကို ဆုံးမဖို့ ခွင့်ပြုထားကြတဲ့ မိဘတွေကိုလည်း ကျေးဇူးတင်ရမှာပါ..
သားသမီးကို ရိုက်လို့ ဆရာဆရာမတွေနဲ့ ရန်ဖြစ်တဲ့မိဘတွေနဲ့တော့မဖြစ်ပါဘူး။ အဲ့လိုမိဘတွေအတွက်နေဝင်ချိန်မလှပနိုင်ပါဘူး သားဆိုးသမီးဆိုးတွေပဲ ရရှိကြမှာဖြစ်လို့
သူတို့တွေ တန်ပြန် အကျိုးကိုခံစားကြရတော့မှာပါ။

ပေတံဆိုလို့..
အဲ့ဒီချိန်ကသုံးတဲ့ပေတံလေးတွေကိုကျွန်တော်မှက်မိသေးတယ် ပေတံကိုမအူသားတွေနဲ့ပြုလုပ်ထားပြီး ပေတံရဲ့ တစ်ဖက်မှာ မြန်မာစာအက္ခရာ ကကြီး၊ခခွေး၊ဂငယ်..
စသည် ရေးသားထားပြီး တစ်ဖက်မှာတော့ အင်္ဂလိပ်စာ အက္ခရာတွေကို ရေးသားထားတယ် ပေတံလေးကို
ထုတ်ကြည့်တိုင်း စာတွေကိုတွေ့နေရမှာပါ။
လူငယ်လေးတွေပညာရေးတိုးတက်စေဖို့လို့ထင်မိပါတယ် ပေတံကို တစ်မျိုးတည်းထုတ်ခဲ့တာမဟုတ်ပဲ တစ်ခြို့ပေတံလေးလေးတွေမှာဆိုရင် 1,2,3,4...၁.၂.၃.၄ စသည်ရေးသားထားပြန်ပါတယ်။

အခြားသောကျောင်းသားတွေ ကကြီး၊ခခွေး ဘယ်လို
တက်မြောက်သွားတယ်မသိပေမယ့် ကျွန်တော်ကတော့ အဲ့ဒီပေတံလေးတွေပေါ်ကနေတက်မြောက်ခဲ့တယ်လို့ပဲ ပြောချင်တယ်ဗျာ။ပေတံလေးကိုထုတ် စာရေးဖို့
ဘေးမျဉ်းလေးတားရင် အရင်ဆုံးတွေ့နေရတာက
ပေတံပေါ်က အက္ခရာတွေလေ ဒီတော့ကလေးပီပီ မှက်သားဉာဏ်ကကောင်းချိန်ဆိုတော့ သိပ်ပြီးမကျက်လိုက်ရပဲကို ဆရာခဏသင်ရုံနဲ့ကိုတက်မြောက်ခဲ့ရတယ်

ပေတံကိုမအူသားနဲ့လုပ်တာပါလို့ ဘာလို့ပြောနိုင်လည်းဆိုတော့ ကျွန်တော်က စမ်းသပ်တာကိုဝါသနာပါတော့ ပေတံကိုစမ်းသပ်တယ် ပေတံအသားကို ပါးစပ်နဲ့ကိုက် လျှာနဲ့တို့ကြည့်တယ် သူ့ရဲ့အရသာက ခါးတယ်လေ.
ကျွန်တော် မအူပင်တွေကို ခုတ်ဖြတ်ခဲ့စဉ်က
မှက်သားထားမိခဲ့တာပါ။မအူပင်ရဲ့အသားရောင်ဟာ
စတင်ခုတ်လျှင် ဖြူဖွေးနေတက်ပေမယ့်
အချိန်နည်းနည်းကြာသွားရင် အဝါရောင်အဖြစ်သို့ပြောင်းသွားပါတယ်။သူ့ရဲ့အရသာဟာ ခါးသက်ပါတယ်.....
.
ဆက်လက်ရေးသားပါအုံးမည်....

ကျေးဇူးတင်ပါတယ်ခင်ဗျာ....
steemit မိသားစုတွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ.....

@komoezaw
MSC - 030

Sort:  

ဒီလူဂ်ီး ဘယ္နားပုန္းနာလည္း မတိပါပု

ဟုိနားမွာသြားပီးပုန္းေနရတာ အစ္ကိုဆရာေရ႕
ေျဗာက္အိုးသံေတ ေၾကာက္လို႔.ဟီး😂😂

Great post and very informative. @komoezaw Have learnt a lot from it.

Good Post Bro!

Thanks for the perfect post!

ဆက္​လက္​အား​ေပးပါမည္​ ☺

Good post bro 💪💪💪

ဟုတ္ thank you Sister.

nice ideas!

👍👍👍👍👍

Thanks bro.

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59117.01
ETH 2525.11
USDT 1.00
SBD 2.48