လောင်စာဆိုတာ...

in #myanmar6 years ago (edited)

နေ့အစဉ်ရှာဖွေနေရတာတွေကို ရေတွက်ကြည့်မယ်ဆိုရင်၊ မသုံးစွဲပဲထားမယ်ဆိုရင်ပေါ့ ၊ အများကြီးဖြစ်တည်နေမှာမလွဲပါဘူး။
ဘာတွေဖြစ်တည်နေမှာလည်း...

ဥပမာ...ပိုက်ဆံပေါ့...
နေ့စဉ်ရှာဖွေကြတယ်၊ ပြန်လည်ပြီးသုံးစွဲကြတယ်လေ။
မသုံးစွဲပဲထားမယ်ဆိုရင် နေ့စဉ်ရနေတာတွေက
အကုန်စုပေါင်းကြည့်မယ်ဆိုရင် တစ်နှစ်စာ တစ်နှစ်စာပမာဏက အများကြီးဖြစ်နေတော့မှာပေါ့။
အင်း....မသုံးပဲထားမယ်ဆိုရင်ရော.. ဘာတွေဖြစ်လာနိုင်မလည်းဗျာ...

ဗျာ......
မသုံးပဲထားမယ်ဆိုတော့ကာ.ဟုတ်လား၊
မင့်က အငတ်နေမှာလား ၊ အစားမစားတော့ဘူးလားတဲ့..အမေးရှိလာခဲ့ပါတယ်။
ကျနော်တို့တတွေဟာ လူ့လောကကြီးထဲမှာ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက်ကြိုးစားကြပါတယ်။ အဲ့ဒီလိုကြိုးစားနိုင်ကြဖို့လည်း လူသားတွေဖြစ်ကြတဲ့အလျောက် အစားအစာတွေကိုစားသုံးကြရပါတယ်..အသွေးနဲ့ကိုယ် အသားနဲ့ကိုယ်ဆိုတော့ အစားမစားကြပဲနေကြရင် အဟာရပြတ်ပြီး ခန္ဓာပျက်ကိန်းမြင်တာပေါ့နော့... ဗေဒင်ဆရာတော့ မဟုတ်ဘူးနော် သေမယ့်အရေးလည်းတွေးရပြန်တာလေ။
လူဆိုတာကလည်း အကြောက်တရားတွေနဲ့အသက်ရှင်နေရတာမဟုတ်လား။

အစာအဟာရမရှိရင် ကျနော်တို့မစားသုံးကြရင် စိတ်ဆန္ဒတွေရှိလည်း ခန္ဓာကိုယ်ကြီးထဲမှာ အင်အားတွေရှိမနေလို့ ဘာမှလုပ်နိုင်ကြမှာမဟုတ်ပါဘူး။
စွမ်းအားတွေ စွမ်းအင်တွေဆိုတာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်လှည့်ပတ်ပြီးသွားနေကြတာပဲလေ။လျှပ်စစ်မီးမရှိတဲ့ဒေသ လျှပ်စစ်မီးလိုချင်တော့ မီးစက်လေးဝယ်တယ် ၊ ဒိုင်နမိုလေးဝယ်တယ်။ ဒါပေမယ့် အဲ့ဒါတွေနဲ့တင်သူတို့က အလုပ်မလုပ်နိုင်ကြသေးပြန်ဘူး။ လူတို့ကို လောင်ကျွမ်းစေဖို့အတွက် လောင်စာဆီကလိုနေသေးတယ်။ ဒီအရာကိုကြည့်ခြင်းအားဖြင့် ကျနော်တို့တတွေဟာ တစ်ခုခုကိုအသုံးလိုတဲ့အချိန်မှာ အဲ့ဒီအသုံးလိုအပ်နေတဲ့အရာအတွက် တစ်ခုခုတော့ ပြန်လည်ပေးကြရမှာပါပဲ။
စွမ်းအင်တစ်ခုဖြစ်လာဖို့ဆိုတာမှာ လောင်စာတွေလိုအပ်တယ်။ ဦးဏှောက်စွမ်းရည်ပြည့်ဖို စာပေများများဖတ်ပြီး စွမ်းအင်တွေစုရမယ်။ Steem Powerများများရဖို့ အချိန်များစွာနဲ့ တချို့အရာလေးတွေကိုတော့ အဆုံးရှုံးခံနိုင်ကြရလိမ့်အုံးမယ်။

ဘယ်အရာမှ အလကားမရနိုင်သလို လွယ်လွယ်နဲ့လည်းမရနိုင်ပြန်ဘူး။

အချိန်များစွာလို့ ဘာလို့ပြောရသလည်းဆိုရင် Proတင်သူတစ်ဦးကိုပဲကြည့်ပေါ့။

သူProတင်တဲ့နေ့
post20ရှိရင် post20စာ ဖတ်ရ Mentရမယ်။
အဲ့ဒီအတွက် အချိန်များစွာကုန်မယ်။မျက်စိတွေမှုန်လာမယ်။(ကျနော်ဆိုမျက်စိအောက်နေလို့ postအကုန်မဖတ်နိုင်လို့ မတင်တာကြာပြီလေ😁😁)
တစ်ချို့ ခိုကပ်ချင်သူနဲ့ အချိန်မရသူတွေလည်းရှိချင်ရှိမယ်ပေါ့။(အရင်ကအချိန်တွေကိုပြန်တွေးမိတာပါ😋) အဲ့ဒီအခါ post20ရှိရင် နှစ်ဆယ်စလုံးမဖတ်တော့ဘူးပေါ့။ ထားပါတော့ proကတော့အခုအချိန်မှာ ပြောစရာမလိုအောင်လည်းရှိနေခဲ့ပြီပဲ။
Postတွေအကုန်ဖတ်မဖတ်ဆိုတာ ကိုယ်ကိုယ်တိုင်ပဲအသိဆုံးဖြစ်မယ်။
Proအတွက် Steem Myanmarမှာ အချိန်စောစောတင်ဖို့လည်း ကျနော်တို့တွေသိနေပြီးပြီပဲမို့ထပ်ပြောစရာမရှိပါဘူး။ဒါက proတင်သူတိုင်း ကိုယ့်ရဲ့postနောက်ကျမှတင်ရင်V,Mမပြည့်နိုင်ဘူးဆိုတာကိုယ်စီသိနေကြပြီးဖြစ်နေလို့ပါ။
Replyလေးတွေလည်းစောစောလုပ်ပေးကြဖို့ နှိုးဆော်လိုက်ပါအုံးမယ်ဗျ။

နေ့စဉ် proတင်နိုင်သူတွေနဲ့ MSCမှာအခုအချိန်ထိရှိနေကြသေးတဲ့သူတွေကိုလည်း တစ်ကယ်လေးစားပါတယ်။ အခုအချိန်မှာ proဆိုတာက ဘာမှသိပ်ရလှတာမဟုတ်ပဲနဲ့ စာတွေရေးတင်နေနိုင်တာကိုလေးစားတာပါ။

ရေရှည်အတွက် ကြိုးစားနေကြသူတွေလို့လည်းမြင်မိပါတယ်။ တစ်ချိန်ချိန်မှာတော့ တစ်ဦးဦးကြောင့်၊ အကြောင်းတစ်ခုခုကြောင့်ဆိုပြီး MSCကနေထွက်ခွာမသွားကြဘူးလို့တော့မျှော်လင့်ရပါတယ်။
ကျနော်တို့တတွေဟာ အခုအချိန်မှာ လောင်စာငယ်သေးသေးလေးတစ်ခုကိုစားသုံးကြရင်း အင်အားဖြည့်တင်းကြရင်း နောက်ထပ်တိုးပွားလာမယ့် လောင်စာအကြီးကိုရဖို့ ခန္ဓာကိုယ်ရဲ့ အင်အားများစွာကို ကြိုးကုတ်သုံးစွဲနေရတဲ့အချိန်ပေါ့။
နောင်တစ်ချိန်ချိန်မှာ ကျနော်တို့ အင်အားသိပ်မစိုက်ရတော့ပဲ လောင်စာအကြီးကြီးကိုရရှိနိုင်တယ်ဆိုတာကိုတော့ ယုံကြည်မှုလေးတွေမပျောက်ကြပါနဲ့အုံးဗျာ။

ဒီနေရာက ရမှစားရမယ့်ကျနော်တို့ဘဝတွေမဟုတ်ကြပေမယ့်လို့ ဒီနေရာနေ အကျိုးတစ်ခုခုရရှိလာကြတဲ့အခါ ကျနော်တို့ရဲ့ မှေးမှိန်နေတဲ့ အင်္ကျီလေးတွေဟာ ဖူဂျီဆပ်ပြာနဲ့တွေ့ပြီးအရောင်တောက်လာကြသလိုမျိုး အရောင်တောက်ပလာရတော့မှာပါ။ အင်း ကျနော့အင်္ကျီမလျော်ရတာ တစ်လပြည့်ခါနီးအထိမ်းအမှက်လေးသတိရသွားတာပါ။😁 ခရီးသွားပြန်လာ အိပ်ထဲထည့်၊မေ့ဆိုတော့....အရောင်မှိန်နေတာပေါ့....သူ့ရဲ့တောက်ပမယ့်အချိန်တန်တော့ ကိုယ်ကသတိရသွားပြီးလျှော်လိုက်တော့အရောင်တောက်သွားခဲ့တာပါ။
တစ်ချိန်ချိန်မှာ Spများစွာပိုင်ဆိုင်နိုင်ကြစေဖို့ ကြိစားကြပါစို့လို့ပဲပြောချင်ပါတယ်ဗျာ။
ဈေးတက်လာတဲ့အချိန်မှ ဝုန်းဒိုင်းဆိုပြီး ထရှာလို့ရတဲ့အစားမျိုးလည်းမဟုတ်လေတော့။ စိတ်ရှည်သီးခံ လမ်းကြောင်းမှန်ပါလို့.......✊✊✊

ကျနော်ရေးချင်တာကတော့ စာကိုစပြီးရေးကတည်းက စိတ်ထဲရှိတာရေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါပဲ။😁
ဇာတ်လမ်းလေးတွေကို စိတ်ကူးထဲစာစီထားတာမနည်းတော့ပါဘူး။ ဒါပေမယ့် ချရေးတော့ ခခွေးလည်း သဝေထိုးဖြစ်ဆိုသလို စာတွေကလမ်းလွဲကုန်ပြန်ရော။ အဲ့ဒါနဲ့မရေးဖြစ်ဘူးဖြစ်ပြန်ရော။ အခုတော့ စာအတိုလေးကိုပဲ နိဂုံးချုပ်လိုက်ပါတယ်ဗျာ။

ဖတ်ရှုပေးသူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာလန်းရွှင်ပြုံးပျော်ရွှင်ကြပါစေခင်ဗျာ....

@komoezaw
MSC-030

Sort:  

သမင်‌‌မွေးရင်း ကျားစားရင်း‌တော့ မ ဖြစ်‌‌စေချင်‌ဘူးဗျာ။spတက်‌လာရင်‌ ထွက်‌တဲ့သူက များ‌နေတယ်‌။

ဟုတ်တယ် အစ်ကိုရ
ဒါပေမယ့်လည်း ဘာမှမတက်နိုင်ဘူးပေါ့အစ်ကိုရာ။

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 4.72% upvote!
I was summoned by @komoezaw. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of @youarehope and @tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works

အေးပါကွာ ခုတ်ကွာ...ခုတ်.ခုတ်..
မင့်တို့ကိုပဲလုပ်ကျွေးရတော့မှာပဲ😁😂

spများစွာရဖို့မျှော်လင့်ချက်အောင်မြင်ပါစေ

ဟုတ် ကျေးဇူး အန်တီ😍😍😍

SP တိုးရေး တို့အရေး မို့
Pro တင်ပါတယ်

ဟုတ်ကိုဟိန်း
ကျနော်တော့ သိပ်မတိုးနိုင်ဖြစ်နေသေးတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by KoMoeZaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

တင်စားထားတာလေးက ရသမြောက်လှပါပေတယ်

ဟုတ် ကျေးဇူးမစု😍😁😁

အမှန်ပါဘဲ ကိုမိုးဇော်ရေ လောင်စာလေးတွေဖြည့်ဖို့လိုပါတယ်

ဟုတ်တယ် ကျနော်လည်း ဖြည့်နေတာ ခုထိမပြည့်နိုင်ဘူးဖြစ်နေတယ်😁

ခုလိုခေတ်ကြီးထဲမှာ ပိုက်ဆံကို မသုံးပဲသိမ်းထားတာ လူအတွေအလုပ်ဖြစ်နေပြီ ကမိုးဇော်ရ သုံးတာ နဲ့ ဖြုန်းတာ ခွဲခြားမသိလို့ပါလေ ချမ်းသာချင်ရင် ပိုက်ဆံများများသုံး

အဖွဲ့အစည်းဆိုတာကလည်း မတစ်ထောင်သားတွေပဲမို့ အယူအဆ တူတာတွေ မတူတာတွေ ရှိပေမယ့်လည်း ဆက်လက်ချီတက်ပါလို့ ☺☺☺

ဟုတ်တယ်ဦးစိုးရေ
ပိုက်ဆံတွေက သိမ်းထားရင်လည်းမှိုတက်တယ်ဆိုတာမသိကြဘူးနေမှာ။

တစ်နေ့ တစ်လံ ပုဂံဘယ်ရွေ့မလဲ ဆိုသလိုပေါ့ ကိုမိုးရေ ရေတစ်စက်ချင်းက ရေအိုးပြည့်သလိုပေါ့ အဓိက ကိုဟင်ရေးပေးတဲ့ စကားတစ်ခွန်းကြောင့်ပါ steem ဈေးတတ်မှာ စိတ်မပူပါနဲ့ အဲ့အချိန်ကိုဟ့်လက်ထဲ sp အလုံအလောက်မရှိမှာကိုသာ စိတ်ပူပါဆိုတာကြောင့် နေ့ စဉ် pro တင်ဖို့  ကြိုးစားနေတာပါ

တင်ပါ့ဘုရာ့
တပည့်တော်လည်း ဖြေးဖြေးမှန်မှန်လေးပဲသွားပါ့မယ်။

@komoezaw purchased a 21.61% vote from @promobot on this post.

*If you disagree with the reward or content of this post you can purchase a reversal of this vote by using our curation interface http://promovotes.com

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 65139.82
ETH 3206.69
USDT 1.00
SBD 4.16