အမှက်ရစရာ အမှက်တရ
အခုခေတ် စာသင်ကျောင်းတွေမှာ စာပေတွေကိုသင်ကြားပို့ချပေးတဲ့ ဆရာအရေအတွက်ဟာ ကျောင်းဆရာအရေအတွက်ထက် ဆရာမတွေကသာ အရေအတွက်ပိုများနေတယ်လို့ လူတွေကပြောကြတယ်။ တစ်ကယ်တော့လည်း အဲ့ဒီကိစ္စက ဟိုးအရင် ကျနော်တို့ခပ်ငယ်ငယ်အရွယ် ကတည်းက ဆရာမတွေပဲ အရေအတွက်ပိုများနေတယ်လို့ထင်တယ်ဗျာနော်။ ဘာလို့လည်းဆိုရင် ကျောင်းသားတွေကိုစာသင်ဖို့ ဆရာ၊ဆရာမတွေက စာသင်ခန်းထဲဝင်လာပြီဆိုရင် ကလေးတွေက ထိုင်ရာကနေထလို့ သံပြိုင် နှုတ်ဆက်ကြတယ်ဆိုရင်တောင် ''မင်္ဂလာပါဆရာမ" ဆိုတဲ့အသံကိုသာအများဆုံးကြားကြရပာတယ်။
အဲ့ဒီလိုနှုတ်ဆက်တာဟာ ဘယ်နေရာတွေအထိအရှိန်တွေပါသွားကြလည်း စိတ်စွဲသွားကြသလည်းဆိုရင်။ ကျနော်တို့တုန်းကဆိုရင် သင်တဲ့ ဆရာမနေရာမှာ ဆရာတစ်ယောက်ကိုခဏတာအစားထိုးပြီး ဝင်သင်ခိုင်းလို့ရှိရင် ဆရာမက ကြိုတင်သတိပေးပါတယ်။ဆရာကိုနှုတ်ဆက်ရာမှာ ဆရာမနဲ့ ဆရာ ဆိုတဲ့ခေါ်ဆိုမှုကိုမမှားစေဖို့ပေါ့။
ဒါပေမယ့် တစ်ကယ်တမ်းကြုံတဲ့အခါမှာ ကျနော်တို့ တစ်ခန်းလုံးမှားကြပါတော့တယ်။ ကျနော်မှက်မိနေသေးတယ် ကျနော်လေးတန်းတက်ခဲ့စဉ်နှစ်ကပေါ့။ ကျနော်တို့သင်တဲ့ စာသင်ကျောင်းလေးက သစ်သားနဲ့ဆောက်ထားတဲ့ကျောင်းလေးပေါ့။
အဲ့ဒီနေ့မှာ ဆရာအသစ်က ကျနော်တို့ကိုစာလာသင်ပါတယ်။ စာမသင်ခင်နှုတ်ဆက်တာတော့ အဆင်ကိုချောလို့ပါပဲ။ မင်္ဂလာပါဆရာ ဆိုတာကိုမမှားကြပါဘူး။ အဲ စာသင်ပြီး နှုတ်ဆက်ကြတဲ့အခါမှ မှားကြတော့တာပါပဲ။ စာသင်ပြီးတဲ့အချိန်ကလည်း နေ့လည်မုန့်စားဆင်းချိန်ဆိုတော့ အတန်းချိန်ပြည့်လို့ခေါင်းလောင်းထိုးတာနဲ့ "ဟေးးး" ဆိုပြီး အော်ကြပါတယ်။ ပျော်သွားကြတာလည်းဖြစ်မယ်ထင်ပါတယ်။ ဆရာကိုနှုတ်ဆက်ကြရာမှာ ပြိုင်တူရွတ်မိကြတာက "မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ"တဲ့ 😁😁😁။
နောက်တော့မှ တစ်ယောက်နဲ့တစ်ယောက်လှမ်းပြောကြရင်း ဆရာ့ကိုပြန်ပြီးနှုတ်ဆက်ကြရပါတယ်။
ကျနော်ဘာလို့ ဒီအကြောင်းလေးကိုရေးဖြစ်လည်းဆိုတော့ ကျနော်နေတဲ့နေရာက စာသင်ကျောင်းအနီးမှာမို့ ဒီနေ့အဖြစ်အပျက်လေးက ကျနော်ငယ်ငယ်ကနဲ့သွားတူနေတာမို့ ပြုံးမိ ရယ်မိ သတိရမိလို့ပါပဲ။
ဆရာစာသင်တာကို ကျေးဇူးတင်စကားပြောတာမှာ
"မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ"တဲ့😁
ပြီးမှ ကျောင်းသားတွေအော်နေသံကြားလိုက်ပါတယ်။ ဟေ့ကောင်တွေ အဲ့ဒါဆရာမ မဟုတ်ဘူး၊ ဆရာလေကွာဆိုတော့မှ နောက်တစ်ခါနှုတ်ဆက်ကြရပါတယ်။ ကျနော်ထင်တယ် ဆရာလည်းပြုံးမိသွားမှာပါ။ ကျနော်တို့တုန်းကလည်း အဲ့ဒီဆရာက ကျနော်တို့မှားလို့ဆိုပြီး စိတ်ဆိုး အော်ငေါက်ခြင်းမပြုပါဘူး။ ပြုံးရယ်ပြီးသာ စာသင်ခန်းထဲကထွက်သွားတာပါ။ တစ်ကယ်စစ်မှန်တဲ့ဆရာဆိုတာ ဒေါသကို ထွက်သင့်တဲ့နေရာမှာထွက်လိမ့်မယ်လို့ထင်ပါတယ်။
အခုလိုဘာလို့ပြောရလည်းဆိုရင် တချို့ဆရာတွေကြုံဖူးလို့ပါ။ အလကားနေရင်း မင်းက ဒါလေးတောင်မသိဘူးလားဆိုပြီး ဆူငေါက်နေတက်တာမျိုးပါ။ရှင်းပြသင်ပြလိုက်ရင်အဆင်ပြေနေမယ့်နေရာမှာ မလိုအပ်ပဲဒေါသထွက်နေတာမျိုးပေါ့ဗျာ။
နောက်ထပ်တစ်ခုက ကျနော်တို့ဘဝမှာ အသက်ကြီးမှ လွတ်လပ်မှုကိုရှာဖွေကြတာမဟုတ်ပါဘူး။ ငယ်ရွယ်စဉ်ကတည်းက လွတ်လပ်မှုကိုရှာဖွေကြတယ်။ လွပ်လပ်မှုကိုနှစ်သက်ကြပါတယ်။ ကျနော်တို့ ကျောင်းပိတ်တဲ့ရက်တွေဆိုအရမ်းပျော်ရွှင်ခဲ့ကြဖူးပါတယ်။
..ဘဝတွေမတူညီကြလို့လည်းဖြစ်မှာပါ။..
ဖတ်ရှုပေးလို့..ကျေးဇူးတင်ပါတယ်ဗျာ။
MSC-030