ဈေးသည်အေးကြွယ်

in #myanmar6 years ago (edited)

လွန်ခဲ့သော နှစ်နှစ်ဆယ် ကျော်က နယ်မှအမျိုးသမီးတစ်စု မြို့ကြီးတစ်မြို့သို့ မိမိနယ်မှ ထွက်သောအသီးနှံများကို ကုန်ခြင်းလေးငါးလုံးနှင့် ထည့်ကာ တက်လာခဲ့လေသည်။ ထိုမြို့သို့ ရောက်သောအခါ တည်းစရာ ဘုန်းကြီးကျောင်း ရှာပုံတော်ဖွင့်ရလေသည် ။ တည်းခိုစရာ ဘုန်းကြီးကျောင်း ရ၍ နေစရာတော့ ပူစရာမလိုတော့ပေ။ နောက်နေရောက်သော် ဈေးကိုသွား၍ မိမိ၌ ပါလာခဲ့သော အသီးအနှံများကို ကုန်ခြင်းထဲမှ ထုတ်၍ခင်းကာ ဈေးစရောင်းလေသည်။
images.jpeg

ထိုသို့ ဈေးခင်း၍ အမောပြေ ထိုင်ကာရှိသေး ခေါင်းလောင်းသံ ကို ကြားရလေသည် တချို့ဈေးသည်များက အလုအယက် ဈေးသိမ်းပြီး သူတို့ပစ္စည်းများကို လွှတ်ရာသို့ ရွှေ့သွား ကြလေသည် နယ်မှလာသော ဈေးသည် အမျိုးသမီးများက ဈေးကား ဟူသည် ဈေးဝယ်ဆင်းသော ကားများလာသည်ဟု ထင်ကာ ပျော်နေကြလေသည်။ ထိုအခါ ဘေးနားရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ဈေးပစ္စည်းတွေ သိမ်းတော့အမတို့ ဖမ်းတဲ့ကား လာနေပြီ ဆိုမှ ကမန်းကတမ်းသိမ်းရလေသည် ဒေသခံ အမျိုးသမီးလည်း ထိုပစ္စည်းများကို လွှတ်ရာသို့ ယူသိမ်းထားပေးလေသည် ဒါတောင်မှ ကုန်ခြင်း နှစ်လုံး လောက်က သိမ်းဆည်းခြင်း ခံလိုက်ရသေးသည် ။
images.png

အလျင်မီ သိမ်းလိုက်နိုင်တဲ့ ပစ္စည်းများကို ရောင်းချကာ အမိနယ်မြေသို့ ပြန်ခဲ့ရလေသည် နောက်တွင်ကား ဘယ်တော့မှ ဈေးရောင်းမသွားတော့ ဟူသတည်းးးးးးးးး

@khayae
credit;google image

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64733.60
ETH 3170.85
USDT 1.00
SBD 4.16