There is no accident, only ignorance ... (KC Myanmar)

in #myanmar6 years ago

F94D7E05-AC6C-4247-9F3B-A428DB6E9D2C.jpeg

အဆောက်အဦးတွေ မီးလောင်တာကြားရတာ စိတ်မကောင်းဘူး။ ဆုံးရှုံးမှုတွေက များလွန်းတယ်။ နိုင်ငံတကာအဆင့်ရှိဟိုတယ်တွေမှာ လုပ်ခဲ့တဲ့အတွေ့အကြုံတွေအရ သူတွေဟာ မီးဘေးကိစ္စကို အရမ်း အလေးထားကြတာကိုသိခဲ့ရတယ်လေ။ ဒါကြောင့် အဲ့ဒီ့အကြောင်းလေးတွေကိုပြန်စဉ်းစားမိပြီး ဒီမှတ်စုလေးရေးဖြစ်တယ်။

တကယ်တမ်းတော့ အမှိုက်ကစပြဿဒ်မီးလောင်ဆိုသလိုမျိုးပဲ မဖြစ်လောက်ပါဘူးလို့ ပေါ့ဆတာတွေကြောင့် ဖြစ်ကြတာများပါတယ်။ ဒါကြောင့် there is no accident, only ignorance လို့ ပြောကြတာဖြစ်ပါတယ်။

BC9296EE-9C49-4797-AB42-B8E249D2F4E7.jpeg

မီးဘေးကိစ္စအကြောင်းပြောမယ်ဆိုရင် မီးလောင်းစေတဲ့ အကြောင်းရင်း fire triangle ကို ချန်ထားလို့မဖြစ်ပါဘူး။ မီးလောင်စေဖို့ အကြောင်း (၃) ခု ညီညွတ်ရပါမယ်။ လောင်စာ၊ အပူ၊ အောက်စီဂျင်ဆိုတဲ့ အရာ (၃) ခုပဲ ဖြစ်ပြီး ဒီ (၃) ခုပေါင်းမိရင် မီးစလောင်ပါတယ်။ ဒါကြောင့် မီးငြိမ်းဖို့ဆိုတာကလည်း ဒီ (၃) ကနေ တစ်ခုခုကို ဖယ်ထုတ်ရတာပဲ ဖြစ်ပါတယ်။

လောင်စာ (fuel) ဆိုတဲ့ အရာလို့ ပြောတဲ့အခါမှာ လောင်စာ အမျိုးရှိနိုင်ပါတယ်။ ဒီအမျိုးအစားအပေါ်မူတည်ပြီး မီးလောက်မှု အမျိုးအစားတွေကို ခွဲခြားတတ်ကြပါတယ်။ သစ်သား စက္ကု အစရှိတဲ့ သာမာန် မီးလောင်လွယ်တဲ့ အရာတွေ၊ ဓါတ်ဆီ ရေနံဆီ အစရှိတဲ့ မီးလောင်လွယ်တဲ့ အရည်တွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ပိုတက်စီယမ် မဂ္ဂနင်ဆီယမ် အစရှိတဲ့ မီးလောင်လွယ်တဲ့ သတ္တုတွေ၊ ဟင်းချက်ဆီ စတဲ့ အဆီတွေ၊ ဒါတွေဟာ လောင်စား အမျိုးမျိုးတွေပဲ ဖြစ်ပါတယ်။ ဒီလောင်စာအမျိုးအစားပေါ်မူတည်ပြီး မီးငြိမ်းသတ်တဲ့ အရာတွေကိုလည်း စဉ်းစားရပါမယ်။ ဒီလောင်စာတွေကို တနည်းနည်းနဲ့ ဖယ်ထုတ်ခြင်းအားဖြင့် မီးအညွှန့်ကျိုးစေပါတယ်။

8D59127A-C0B8-426A-9708-CA911E036AA3.png

နောက်တစ်ခုကတော့ heat လို့ခေါ်တဲ့ အပူပဲ ဖြစ်ပါတယ်။ အရာဝထ္ထုတိုင်းမှာ မီးလောင်မယ့် အပူချိန် ignition temperature ရှိပါတယ်။ ဒီအပူချိန်ကိုရောက်ရင် မီးထလောင်ပါတယ်။ တချို့အရာတွေဟာ ရေခဲမှတ်အောက်မှာတောင် မီးလောင်နိုင်တာတွေရှိပါတယ်။ ဒါကြောင့်မီးငြိမ်းသတ်ကြတဲ့နေရာမှာ ရေနဲ့ဖြန်းကြပါတယ်။ အဓိက ကတော့ အပူချိန်ကိုလျှော့ကြစေချင်တာဖြစ်ပါတယ်။ တချို့ မီးသတ်ဘူးတွေမှာ CO2 တွေသုံးကြပါတယ်။ CO2 foam တွေက အရမ်းအေးပါတယ်။ မီးမလောင်ပါဘူး။

နောက်ဆုံးတစ်ခုကတော့ အောက်ဆီဂျင်ဖြစ်ပါတယ်။ မီးလောင်ဖို့အတွက် ပတ်ဝန်းကျင်မှာ အောက်ဆီဂျင်ပါဝင်နှုန်းဟာ ၁၆ ရာခိုင်နှုန်းလိုပါတယ်။ ဒါပေမယ့် ပတ်ဝန်ကျင်လေထုအထဲ အောက်စီဂျင်ပါဝင်မှုက ၂၁ ရာခိုင်နှုန်းခန့်ရှိတယ်ဆိုတော့ စဉ်းစားသာကြည်ကြပါတော့။ မီးလောင်တဲ့ အခါ လေထဲက အောက်စီဂျင်ကို ဝါးမြိုလိုက်တဲ့အခါ ကုန်သွားတဲ့ အောက်စီဂျင်နေရာကို ဘေးကလေထုက အစားထိုးဝင်ရောက်တဲ့အခါမှာ လေတိုက်မှုဆိုတာဖြစ်လာပြီး မီးကို ပိုလောင်စေပါတယ်။ ဒါကြောင့်မီးငြိမ်းသတ်တဲ့အခါမှာ ရေစိုအဝတ် or fire blanket တွေနဲ့ အုပ်ကြပါတယ်။ အဓိက ကတော့ အောက်စီဂျင်ကိုဖြတ်တောက်တာဖြစ်ပါတယ်။ တချို့ ရေနံတွင်းတွေမီးလောင်တာတွေကို ဗုံးခွဲပြီးငြိမ်းကြပါတယ်။ ဒီပေါက်ကွဲမှုကြောင့် မီးလောင်တဲ့နေရာမှာ အောက်စီဂျင်တွေမရှိအောင် လုပ်ပစ်တာပဲ ဖြစ်ပါတယ်။

မီးဆိုတာ မလောင်ခင်က တားဆီးကာကွယ်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် အဆောက်အဦးတွေမှာ fire detection လို့ခေါ်တဲ့ မီးလောင်နေတာတွေကို အစောကြီးသိရှိအောင်လုပ်ဖို့ စနစ်တွေ ထားရပါတယ်။ မီးလောင်တာကိုကာကွယ်ဖို့ fire protection စနစ်တွေလည်းရှိရပါတယ်။

0C159888-5EFA-4851-9AAB-14C2CD80723D.jpeg

fire detection လို့ခေါ်တဲ့ မီးလောင်နေတာတွေကို အစောကြီးသိရှိအောင်လုပ်ဖို့ စနစ်တွေကတော့ smoke detector လို့ခေါ်တဲ့ မီးခိုးတွေကို ဖမ်းပေးတဲ့ အရာ၊ မီးဖိုချောင်လို မီးခိုးများတဲ့နေရာတွေအတွက် heat detector အပူဖမ်းပေးတဲ့ အရာ၊ မီးလောင်စေမယ့် ဓါတ်ငွေ့တွေ ဖမ်းပေးမယ့် gas detector ဆိုတဲ့အရာ၊ ကားပါကင်တွေမှာရှိတတ်တဲ့ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်ငွေ့တွေဖမ်းပေးတဲ့ CO detector ဆိုတဲ့အရာ၊ fusible link heat detector လို့ခေါ်တဲ့ မီးအပူချိန်တခုမှာ အရည်ပျော်သွားပြီး မီးငြိမ်းတဲ့အရာတွေ ထုတ်ပေးမယ့် အရာတွေ၊ ဒါတွေအားလုံးကို fire control အခန်းနဲ့ ချိတ်ဆက်ထားကြပါတယ်။ ဒါကြောင့် မီးလောင်တာနဲ့ ချက်ချင်းသိကြရတာဖြစ်ပါတယ်။

fire protection အနေနဲ့ကတော့ sprinkler စနစ်လို့ ခေါ်တဲ့ အလိုအလျောက် ရေဖြန်းပေးတဲ့စနစ်ရှိပါတယ်။ ဒီရေပိုက်တွေဟာ ဖိအားပေးထားလို့ အပူကြောင့် အဆို့ရှင်လေး ပျော်ကြသွားတာနဲ့ တမီတာပတ်လည်လောက်ကို ရေဖြန်းပေးကြတာဖြစ်ပါတယ်။ ဒီလိုဖြစ်တာနဲ့ ချိတ်ဆက်ထားတဲ့ ရေပန့်တွေကို အလိုအလျောက်လည်အောင်စီစဉ်ကြပါတယ်။ ဒီပန့်တွေကို လျှပ်စစ်ကြီးပဲမဟုတ်ပဲ ဒီဇယ်နဲ့ပါမောင်းရအောင်လုပ်ထားတတ်ပါတယ်။ နောက်တစ်ခုက hose reel လို့ခေါ်တဲ့ မီးသတ်ရေပိုက်တွေပါ။ နောက်ပြီး fire extinguishet လို့ခေါ်တဲ့ မီးသတ်ဆေးဘူးတွေလည်းရှိပါတယ်။ dry chemical အမျိုးအစား၊ CO2 အမျိုးအစားနဲ့ wet chemical အမျိုးအစားတွေကို နေရာအလိုက်ထားကြရပါတယ်။ မီးဖိုချောင်တွေအတွက် wet chemical suppression system လို့ခေါ်တဲ့ ဆီလောင်မီးတွေကို အုပ်ဖုံးပြီးအောက်စီဂျင်ဖြတ်တောက်ဖို့ chemical အမြုပ်တွေကို ဖုံးစေတဲ့စနစ်ပါ။ ဒီအတိုင်းပဲ transformer အခန်းတွေဆို CO2 ဓါတ်ငွေ့လွတ်ပေးတဲ့စနစ်၊ ကွန်ပျုတာအခန်းတွေဆို အာဂွန်ဓါတ်ငွေ့လွတ်ပေးတဲ့ စနစ်တွေထားတတ်ကြပါတယ်။

ဒီလို စနစ်မျိုးစုံနဲ့ မီးလောင်ခြင်းကို ကာကွယ်ကြတာဟာ အရင်းအနှီးမသေးလှပေမယ့် ရင်းနှီးသင့်တဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လို စနစ်တွေပဲရှိရှိ လူတွေရဲ့ အခန်းကဏ္ဍကတော့ အရမ်းအရေးကြီးပါတယ်။ မပေါ့ဆဖို့၊ လျစ်လျူမရှူဖို့၊ အရေးရယ် အကြောင်းရယ်ဆိုရင် မထိတ်လန့်ဖို့ နဲ့ ဘယ်လို တုံ့ပြန်ရင်ဆိုင်ရမလဲဆိုတာတွေကို လေ့ကျင့်သင်ကြားပေးရပါမယ်။

EC6152CB-E171-4DFD-A035-F56B8D0FB296.jpeg

ဒီ့အတွက် Emergency Response Team တွေ ဖွဲ့စည်းလေ့ကျင့်ပေးထားရပါမယ်။ ဒီလို အရေးပေါ် အခြေအနေတွေမှာ communication က အရမ်း အရေးကြီးပါတယ်။ ဒါကြောင့် Crisis Communication Code တွေသတ်မှတ်ထားရပါမယ်။ "မီးလောင်နေတယ်...မီးလောင်နေတယ်" လို့ အော်ပြေးနေမယ့်အစား Code တွေနဲ့ အချင်းချင်း ဆက်သွယ်တာက ထိန်လန့်မှုကို လျော့စေပြီး ဆက်သွယ်မှုကို ပိုပြီးထိရောက်စေပါတယ်။

ဒီအကြောင်းအရာတွေကို ပြောရမယ်ဆို စာတစ်ပုဒ်နဲ့ ဘယ်လိုမှ မလုံလောက်နိုင်ပါဘူး။ ဒါပေမယ့် အဓိက အရေးကြီးတဲ့ အချက်ဖြစ်တဲ့ မပေါ့ဆဖို့၊ လျစ်လျူမရှူဖို့နဲ့ အရေးပေါ်ကိစ္စတွေကို ရင်ဆိုင်တုံ့ ပြန်နိုင်ဖို့ အလေးပေး ပြင်ဆင်လေ့ကျင်ထားနိုင်ဖို့ ရခဲ့တဲ့ အတွေ့အကြုံ အသိလေးတွေ ဝေငှပေးရင်း တိုက်တွန်းလိုက်ရပါတယ်။

Author: KC Myanmar

Photo credit: Google Image

Sort:  

တန်ဖိုးရှိတာဘဲဆုံးရှုံးနေတယ်မြန်မာပြည်ရယ်

ကျွန်တော်တို့တတွေက မျက်ကန်းတစေ မကြောက်သလိုပဲ၊ awareness တွေအားနည်းတယ်။

မီးဘေးကြိုတင်ကာကွယ်ရေးနည်းစနစ်တွေပိုမိုလိုအပ်နေတယ်ထင်ပါတယ် နည်းစနစ်ပိုင်းတွေလည်း အဆင့်မီဖြစ်နေသင့်ပါပြီ ဂရုမထားမိရင် ဆုံးဆုံးရှုံးမှုက ပိုများပါတယ်ဆရာ

ဟုတ်တယ်ညီလေး။ မဖြစ်သေးတော့ မဖြစ်လောက်ပါဘူးဆိုတဲ့အတွေးက အရမ်းဆိုးတယ်။

မီး​အန္တရာယ်​​ကြောက်​ဖို့​ကောင်းပါတယ်​။သိထားသင့်​တာသိခွင့်​ရလို့​ကျေးဇူးပါရှင့်​..

ဗဟုသုတရရှိပါတယ်​ဆရာ

ဗဟုသုတရပါတယ်​​ကျေးဇူးပဲအကို

Congratulations @kcmyanmar! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

သတိမမူတဲ့ အကျင့်ဆိုးတွေပေါ့
မဖြစ်ခင် ဘယ်တော့မှ ကြိုမတွေးကြဘူးရယ်။
ကြိုတင် ပြင်ဆင်မှု ရှိခဲ့ရင် ဆုံးရှုံးပေမယ့် အထောက်အလျက် သက်သာမယ် ထင်ပါတယ်။

ဒီလိုဆောင်ပါးမျိုးအများကြီးတင်ပြပေးစေချင်ပါတယ်
ဗဟုသုတရစေနိုင်လို့ပါဗျာ

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.032
BTC 64579.45
ETH 3101.05
USDT 1.00
SBD 3.83