Token များအား မူကြိုအဆင့်လေ့လာခြင်း ( အပိုင်း-၃ ) ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ယနေ့နံနက်ပိုင်းတွင် steemit blog မှ HF21 အဆင့်မြှင့်တင်မည့်အကြောင်း ကြေညာချက်ကိုတွေ့ရပါသည်။ ယခု အဆင့်မြှင့်တင်မည့် HF21 တွင် SMTs များအတွက် Testnet များ ပါဝင်လာမည့် အကြောင်းသိရပါသည်။ ထို Testnet များမှာ SMTs developer များအတွက်သာ ဖြစ်ရာ ကျွန်တော်တို့ သာမန်အသုံးပြုသူများအတွက်တော့ အပြောင်းအလည်း သိပ်မရှိလှပါ။

Reward ရရှိမှုပုံစံ အနည်းငယ် အပြောင်းအလည် ရှိလာမည်ဟုသိရပါသည်။ ကျွန်တော့ အနေဖြင့်လည်း သေသေချာချာ အသေးစိတ်မဖတ်ဖြစ်သေး၍ အကြမ်းဖျင်း အနေဖြင့်သာ ဖေါ်ပြပေးလိုက်ရပါသည်။ မည်သို့ပင် ဆိုစေ ကျွန်တော်တို့ မျော်လင့်သော SMTs များ ရောက်ရှိလာရန် သိပ်မဝေးတော့ဟု ဆိုရပါလိမ့်မည်။

SMTs များ မလာခင်လက်ရှိ အသုံးပြုနေကြသော Steem-Engine ထုတ် Token များအား အနည်းငယ် ဝေမျှပေးလိုပါသည်။ အမှန်ဆိုရလျင် Steem-Engine သည် SMTs မျှော်နေကြသူများ အဖို့ ခါတော်မှီပေါ်လာသော platform ဖြစ်ပါသည်။ Steem-Engine သည် Token များထုတ်ရန် ဝန်ဆောင်မှုပေးသော Platform ဖြစ်၍ Stem-Engine မှ Token ထုတ်ရန် အလွန်လွယ်ပါသည်။ လွယ်လွန်း၍ လူကြိုက်မများသော အဖြစ်သို့ ရောက်ရခြင်း ဖြစ်ပါသည်။

ကျွန်တော်အပါအဝင် Steemit Platform သို့ရောက်ရှိနေသော လူအများသည် ဤ platform ပေါ်မှ အကျိုးမရှိသော Token အများအပြား ထွက်ပေါ်လာမည်ကို မလိုလားပါ။ Steem Hunt ကဲ့သို့ ဦးတည်ချက်ကောင်း ၍ စီးပွားရေး plan များချကာ တည်တည် တည်တည်တံ့တံ့ သြဇာရှိသော token များသာ ထွက်ပေါ်လာစေလိုပါသည်။

01.jpg
Original Source

Steem-Engine အနေဖြင့် ထိုကဲ့သို့သော တည်တည်တံ့တံ့ token များအတွက်လည်း ဝန်ဆောင်မှုပေးပါသည်။ Website ရေးသည်မှ နောက်ဆုံး မိမိထုတ်လိုသော token အမျိုးအစားပေါ်မူတည်၍ Whitepaper များအထိ ပြင်ဆင်ပေးပါသည်။ သို့သော် Steem-Engine မှ ထွက်ပေါ်လာသော Token များမှာ Decentralize မဟုတ်ပါ။ ဥပမာပြပါမည်။

လက်ရှိ PAL token ထုတ်ထားသည်မှာ Steemit ၏ ပုံစံတူ platform တခုလုပ်၍ PAL token ကို အသုံးချသောနည်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ Steemit ကဲ့သို့သော စာရေး၊ ဆောင်းပါး ရေး၍ ရလာသော reward မှာ မိမိ၏ steem power ၊ vote ပေးသူ၏ steem power ပြင်ပရှိ steem ပေါက်ဈေးတို့ဖြင့် ဆက်စပ်ထားသည်ဖြစ်ရာ ရှုပ်ထွေးလွန်းလှပါသည်။

ထို့အပြင် ထိုကဲ့သို့ power up ၍ အင်အားကြီးလာလျင် self voting ဟူသောပြသနာရှိလာသလို ခိုးကူး ကော်ပီများအတွက်လည်း ပြသနာကရှိပါသေးသည်။ ယခု PAL platform ၏ ပုံစံမှာ Steemit platform အား အပြည့်အဝ ချိတ်ဆက်ထား၍ သက်ဆိုင်ရာသို့ PAL token ပေးပို့၍ ဆိုင်ရာမှ PAL token ပေးပို့မှု အရေအတွက်ပေါ်မူတည်၍ လာ၍ Vote ပေးခြင်းဖြစ်ပါသည်။

PAL website တွင် မည်သည့် လုပ်ဆောင်ချက်မျှ အကြုံးမဝင်ပါ။ မိမိက ကိုယ်တိုင် vote လိုချင်၍ သော်လည်းကောင်း ၊ မိမိသူငယ်ချင်းများအား PAL ပိုရစေရန်ဟူ၍ PAL token အများအပြား ဝယ်၍ PAL power up လိုက်လျင် သင့်အနေဖြင့် ပိုက်ဘောမိပြီဟု မှတ်ယူလိုက်ပါ။ Power down လျင်လည်း မိသည့်နေ့ရက်တွင် ပြန်ရမည်ဟု မသိရပဲ pending သာပြနေပါလိမ့်မည်။ အခြားသူများ မဟုတ်ပါ ကျွန်တော်ကိုယ်တိုင် PAL token 1400 ကျော်ပိုက်ဘောမိနေပါသည်။

02.jpg
Original Source

ကျွန်တော် အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း steem-Engine မှ ထွက်ပေါ်လာသော token များသည် Decentralize မဟုတ်ပဲ steem-engine မှ အကောင့်တခုစီအတွက် သက်ဆိုင်ရာ token များတွင် ဝင်ရောက် ထိန်းချုပ်နိုင်ပါသည်။ ဆိုလိုသည်မှာ မိမိ၏ Steemit အကောင့်မှလွဲ၍ Steem-Engine မှ ရယူထားသော token တိုင်းတွင် steem-engine မှ ထိန်းချုပ်နိုင်ပါသည်။

ထို့အပြင် steem-engine သည် Token များအား အလွယ်တကူ ထုတ်လုပ်ဖြန့်ဖြူးနိုင်စေရန် ဝန်ဆောင်မှုပေးသည်ကတော့မှန်ပါသည်။ Steem -Engine မှ ကိုယ်ပိုင် Eng token များလည်း ထုတ်လုပ်ထားသည်ဖြစ်ရာ Steem-Engine မှ ထွက်လာသော Token တိုင်အား Eng အတွက် အကျိုးသက်ရောက်စေရန် ဟာကွက်တခု ချန်ထားခဲ့ပါသည်။

Steem-Engine မှ white paper ဖြင့် စနစ်တကျ Token ထုတ်ရန် အနည်း ဆုံး USD 1500$ ကုန်ကျမည် ဖြစ်ပါသည်။ ထို့နောက် steem-engine မှ မိမိtoken အမျိုးအစား စီးပွားရေးအလိုက် website ရေးပေးမည် ဖြစ်ပါသည်။ အသုံးပြုသူများ အနေဖြင့် ထိုWebsite တွင် အကောင့်ဖွင့်၍ Wallet ယူကြမည် token များရယူကြမည်။ ဤ အထိ Steem-engine ၏ ဝန်ဆောင်မှုမှာ အလွန်ကောင်းမွန်ပါသည်။

သို့သော် မိမိ token စီးပွားရေး အောင်မြင်လာမှုနှင့်အတူ မိမိWebsite တွင် Wallet ရယူထားသူများလာသည်နှင့်အမျှ အကောင့်တခုစီအတွက် ထိန်းသိမ်းစရိတ် တလလျင် 1Eng ကုန်ကျမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ မိမိ website တွင် အကောင့်ဖွင့်ထားသူ တသိန်း ရှိလျင် မိမိအနေဖြင့် လစဉ် Eng တသိန်း steem-engine သို့ ပေးသွင်းရမည် ဖြစ်ပါသည်။

03.jpg
Original Source
ဤသည်ကိုကြည့်ခြင်းအားဖြင့် steem-engine ၏ ဝန်ဆောင်မှုမှာ အနည်းငယ် မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ သို့သော်လည်း ဤ သည်မှာ မိမိအနေဖြင့် သဘောမကျခြင်းသာ ဖြစ်၍ အချို့ကလည်း ထိုကဲ့သို့ ဝန်ဆောင်မှု အပေါ် သဘောကျသူများလည်း ရှိပါလိမ့်မည်။ ကျွန်တော် တယောက်တည်း အမြင်ဖြင့် ရေးသားထားခြင်းသာ ဖြစ်၍ Steem-Engine မကောင်းပါဟု မဆိုလိုပါ။

SMTs များ မစောင့်နိုင်သူတို့ကလည်း Steem -Engine မှ token များ ထုတ်လုပ်ဖြန့်ဖြူးနေကြပြီ ဖြစ်၍ Steem-Engine ၏ ဝန်ဆောင်မှုအားသဘောကျသူတို့ ရှိနေကြောင်း မြင်တွေ့နေရပြီ ဖြစ်ပါသည်။ မိမိတို့ အနေဖြင့်တော့ မည်သည့် နေရာမှ token ထုတ်လုပ်သည် ဖြစ်စေ airdrop ရမည် ဆိုလျင် ကောင်းသည် ချည်းသာ ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

Steem engine ကတော့ ရထားကြီး ထွက်လာပါပြီ THE TRAIN IS LEAVING THE STATION

ဆိုပြီးချီတက်နေတာတွေ့ရပါတယ်။ သူပေးထားတဲ့ PAL ကလွဲပြီး ဘာမှမရှိဘူးဆာဟင်ရေ စိတ်ဝင်စားစရာတော့ကောင်းပါတယ် Steemit blockchange ကို အခြေပြုတဲ့လုပ်ငန်းတွေများလာသလားပဲ
IMG_20190619_182544.jpg

ကျွန်တော့ အကောင့်မှာတော့ SCT,WARO,PAL ဆိုပြီး ၃ ခုတက်နေတယ်

Posted using Partiko Android

SCT နဲ့ PAL ကတော့ ရင်းမြစ်သိတယ်။ WARO ကတော့ ကျွန်တော်လည်း မသိဘူး။

ရထားတွေလည်း တစီးပြီး တစီး ထွက်နေတော့ ဘယ်ရထား လိုက်ရမှန်းတောင် မသိဘူး။

ရထားပြောင်းတော့ပါဘူး စီးလက်စပဲ ဆက်စီးတော့မယ် ဆာဟင်ရေ 😎

ဟုတ်တယ်ကို စိုးရေ... အဆင်ပြေတဲ့ရထား ကြုံသလိုပဲ စီးတော့မယ်။ အဓိက main ဖြစ်တဲ့ steemit ရထားပေါ်ကဆင်းမသွားဖို့ပဲ။

@kachinhenry, We have to wait and see what will be brought by the Hardfork 21. And specially SMT Protocol is well awaited aspect and in my opinion for the potential growth of this platform SMT Protocol is vital. Stay blessed.

Posted using Partiko Android

Hi @chireerocks, the sound of HF21 is getting louder and i hope top 20 witness will do their best.

Yes let's hope for the best.

Posted using Partiko Android

ဤပို့စ်အရ steem-engine တွင် ထုတ်ထားသော MSC Token အတွက်လည်း $1500 ကုန်ကျထားရသည်လော...
Site အသုံးပြုသူ အရေအတွက်အလိုက် Eng ပေးရသည်ဆိုသောအခါ site ထောင်သူတို့ ရေရှည်ရပ်တည်ရန် မလွယ်လှပေကား...
မည်သို့ပင်ဆိုစေ ရသမျှ ထိန်းထိန်းသိမ်းသိမ်း သတိဖြင့် ယူထားရပါဦးမည်... SMTs လည်း စောင့်ရင်းပေါ့ဗျာ

Posted using Partiko Android

MSC token က အပျော်တမ်း ထုတ်ထားတဲ့ token မို့ ENG 100 ပဲ ပေးရပါတယ်။

ရှင်းရှင်းလေးစခဲ့တုန်းကတောင်ရှုပ်နေခဲ့တာ၊ ခုတော့ပိုပိုပြီးရှုပ်လာပြီ နားမလည်တော့ဘူး

Posted using Partiko Android

HF21 ပြီးရင် ပိုရှုပ်လိမ့်မယ် ဦးမင်းရေ....

Eng ရဲ့ဟကွက်ကို ကိုယ်တွေကသိနေတယ်လေ…အဲ့ကြောင့်မို့…ခုဈေးတွေကျနေရဲ့…:-))))

ဈေတေကျ... ကျပြီးရင် ပြန်တက်လိမ့်မယ်။

တဖြည်းဖြည်း နဲ့ steemit နဲ့ဆက်နွယ်လာသည့် အရာများကို
လိုက်မှီအောင် နားလည်အောင် မနည်းကြိုးစားနေရပါတော့သည်။

လာလိမ့်မယ် HF21 ပြီးရင် မသိတာတွေ တပြုံကြီး

Coin လောကက ထင်ထားတာထက် ပိရှုပ်ထွေး လာပြီ အိုင်ဆေး ကိုဟင်နရီ ရေ
😁

ဟုတ်တယ်ကိုဒွန်ရေ... steemit ကတော့ အခုချိန်ထိ သမိုင်းတွင်မဲ့ အလုပ်ကို လုပ်နေတာလို့ ပြောနေတုန်းပဲ အိုင်ဆေး ကိုဒွန်ရေ။ Steem ဈေးကတော့ ပြား ၄၀ မှာပဲ။

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63901.15
ETH 3133.40
USDT 1.00
SBD 4.05