Steemit Platform သန့်ရှင်းပါစေ- အပိုင်း (၂) ( Henry Aung )

in #myanmar6 years ago

STEMMIT-HENRY.jpg

မင်္ဂလာပါ။ ကျွန်တော် ၏ Steemit Platform သန့်ရှင်းပါ စေ အပိုင်း(၁) တွင် ဖေါ်ပြခဲ့သည့် အတိုင်း Myanmar Steemit Community ဖွဲ့စည်းခဲ့စဉ်က အဘယ့် ကြောင့် ဤသို့သော စည်းကမ်းများ ချမှတ်ထား သနည်း ကို အကျယ် ဆက်၍ ရှင်းပြပါမည်။ စည်းကမ်း အမှတ်(၁) တွင် copyright နှင့် ပါတ်သက်ပြီး အကျယ်တဝင့် ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။

စည်းကမ်း အမှတ် (၂/၃/၄/၅) မှာ ရိုးရှင်း သော စည်းကမ်း များ ဖြစ်သဖြင့် အများသူ ငှာ အား လုံး နား လည် နိုင်ပါသည်။ စည်းကမ်း အမှတ် (၆) မှာ လူသစ်များ ဝင်လာတိုင်း လုပ်လေ့လုပ်ထရှိ၍ ဤစည်းကမ်းကို ထည့် ထားရခြင်းဖြစ်ပါသည်။ Facebook ပေါ်တွင်ရှိနေသောသတင်းများ၊ အကြောင်းအရာများ ၊ အခြားသတင်းဌာနများမှ သတင်းများ ယူတင်ခြင်းကို အထူးတားမြစ်ထားပါသည်။ မိမိကိုယ်တိုင် သတင်းထောက်လုပ်၍ ရယူလာသော သတင်း ဖြစ်လျင် တင်နိုင်ပါသည်။

ကျွန်တော်တို့ အားလုံး သိပြီး ဖြစ်သည့် အတိုင်း ဤ Steemit Platform ပေါ်သို့ ရောက်လာကြသူတိုင်း Facebook အကောင့် ရှိပြီးသူများ ဖြစ်ကြပါသည်။ သင် Facebook ပေါ်တွင် တွေ့မြင်ခဲ့ရသော အရာအားလုံး အခြားသူငှာ များလည်း တွေ့မြင်ပြီ ဖြစ်ပါ သည်။ ထို့ ကြောင့် ထွေထွေထူးထူး Steemit Platform ပေါ်သို့ ယူဆောင်လာရန်မလိုပါ။

အခန့် မသင့်လျင် cheetah လိုက်လာတတ်၍ ဖြစ်ပါသည်။ မိမိကိုယ်တိုင် ထောက်လှမ်းရယူ ထားသော သတင်းဖြစ်ပါက ဤသတင်းကို မည်သို့ မည်ပုံ ကြိုးစား၍ ရယူခဲ့ရပုံ ကို သတင်းနှင့် ကိုးကားရေးနိုင်ပါသည်။ အခြားသူငှာများလည်း ဗဟုသုတ ရစေနိုင်ပါသည်။ ထိုအကြောင်းများကြောင့် ဤစည်းကမ်း ကို ထည့်သွင်းထားရခြင်း ဖြစ်ပါသည်။

333333330.jpg

စည်းကမ်း အမှတ်(၇) ဖြစ်သော... ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး နှင့်ပါတ်သက်သော စွပ်စွဲ ရေးသားမှုများကို တားမြစ် ထာသော စည်းကမ်း မှာ အလွန်အရေးကြီးပါသည်။ အဘယ့်ကြောင့် ဆိုသော် ဘာသာရေး ၊ လူမျိုး ရေး စွပ်စွဲရေးသားမှုသည် သွေး ဆူ လွယ်ကြသလို မှန်သည် မှား သည် နောက်မှ ရှင်းမည် ၊ ယခု အနိုင်ရလျင် ပြီးရော ဟူသော ပဋ္ဋိပခ များသို့ ဦးတည် သွားစေတတ်၍ ဖြစ်ပါသည်။

ထို့ အပြင် ဤ အကြောင်းအရာများသည် attentions seeker ဟူသော မိမိကို လူအထင်ကြီးစေရန် လုပ်ဆောင် ကြသူများ အတွက် အလွန် ဖွရ လွယ် သော အကြောင်း အရာ များ ဖြစ်ပါသည်။ ဥပမာ ပြပါမည်။ မိမိတို့ နေစဉ် သုံးနေကြသော Facebook တွင် များစွာတွေ့နိုင်ပါသည်။ ဟုတ်မှန်သည် မမှန်သည် အသာထား ပွဲဆူ သွားလျင် ပြီးရော မိမိအတွက်လည်း အကျိုး မရှိ အများသူငှာအတွက် လည်း အကျိုးမရှိ အခြေအမြစ်မရှိသော သတင်းများ အကြောင်းအရာများ တင်ကြသူများကို နေ့စဉ် တွေ့နိုင်ပါသည်။

ထို့အပြင် ဘယ်သူ ဘာတင် တင် ထိုင်ဆဲ မယ်ဟူသော စရိုက်ရှိသည့် လူတန်စားများကလည်း သီးသန့်ရှိနေပါသည်။ ထို့ ကြောင့် Steemit Platform ရှိ Myanmar tag အောက်တွင် ထိုသို့သော ဆူလွယ်နပ်လွယ် အကျိုးမရှိသော အကြောင်းအရာများ သတင်းများ တင်ခြင်းကို အထူးတား မြစ်ထားခြင်း ဖြစ်ပါသည်။

လူမျိုးရေး၊ ဘာသာရေး အနေဖြင့် ဗဟုသုတရစရာ အကြောင်းများဖြင့် ရေးသားလျင် လက်ခံနိုင်ပါသည်။ ယခု လက်ရှိလည်း မိမိတို့ ရိုးရာဓလေ့ အကြောင်း ရပ်ရွာ အကြောင်း ရေးသားသူများ ရှိနေပါသည်။ မှတ်သားဖွယ်ရာအများအပြား ပါဝင်ပါသည်။ နိုင်ငံရေး အနေဖြင့် ဗဟုသုတပေးသော ဆောင်းပါး စာပေများ ဖြစ်လျင် လက်ခံနိုင်သော်လည်း မယ်ဆွယ်သကဲ့သို့သော ပုပ်ခတ် ရေးသားထားသည်များကို လက်မခံစဉ်းစားမည် မဟုတ်ပါ။

01.png

စာဖတ်သူများအနေဖြင့် စဉ်းစားကောင်း စဉ်းစားမိပါလိမ့်မည်။ ဤမျှလောက်စည်း ကမ်းချ ပိတ်ပင်ထားလျင် ဘာများရေးစရာ ကျန်းသေးသနည်း မေးလာလျင် ရှိပါသည်။ ရေးစရာအများ အပြား ရှိပါသည်။

ရေတတ်ဖို့ နှင့် ရေးချင်စိတ် ရှိဖို့ ရန်သာ လိုပါသည်။ ဆရာတင်လှိုင်ဦး ကိုယ်တိုင်လည်း ရေးနည်းရေးဟန် ဇတ်လမ်း ဇတ်ကွက် ယူ ဟန် တွေခေါ် မျှော်မြင် နည်း စသည်တို့ ကို အခမဲ့ သင်တန်းပို့ ချပေးနေပါသည်။ ဤတွင် စည်းကမ်း သတ်မှတ်ချက်များကို အသာထား၍ Steemit Platform ၏ ရည်ရွယ်ချက်ကို အနည်း ငယ် ရှင်းပြလိုပါသည်။

မျက်မှောက်ခေတ် ဖြစ်သော နည်းပညာခေတ် တွင် လူဖြစ်လာကြသော ကျွန်တော်တို့ မှာ Social Media နှင့် ကင်းကွာ၍ မရတော့ပါ။ ဤ social media ကို အချိန်တခု ဖဲ့ ပေးနေရပြီ ဖြစ်ပါသည်။ social media ပေါင်းများစွာရှိသည့် အနက် Facebook ကို ဥပမာထားပြောပါမည်။ ကျွန်တော်တို့ နေစဉ်ကြည့် နေကြသော Facebook တွင် အများဆုံးတွေမြင်နေရသည်မှာ အနိဌာရုံများနှင့် ရာဇဝတ်မှုများ ၊ ဒုစရိုက်မှု များသာ ဖြစ်ပါသည်။

မိမိက မမြင်ချင်သော်လည်း မိမိ သူငယ်ချင်းများက share လိုက်လျင် တွေ့မြင်နေကြရပါသည်။ စစ်၏ ဆိုးကျိုးများ၊ လူမှုရေး ၊ ဘာသာရေး ပဋ္ဋိပခ များ ၊ စောင်းမြောင်း ရေးသားမှုများ ၊ မအေ နှမ အရွယ် မှန်းမသိ တိုင်းထွာ ဆဲရေ နေမှုများ စသည် စသည် မြင်ရတွေ့နေရသည်မှာ စိတ်ချမ်းသာစရာမရှိပါ။ Facebook သည် မကောင်းပါ လုံးဝ မကြည့် သင့် သော အရာဟု မပြောလိုပါ။ ကောင်းသည့် အရာ များလည်း အများအပြား ရှိပါသည်။

02.jpg

Steemit Platform မှာ ထိုကဲ့သို့သော အမှိုက်များနှင့် ကင်း၍ မိမိတို့ သုံး နေရသော social media မှာ အများအတွက်လည်း အကျိုးရှိ မိမိအတွက်လည်း ဤဤထိုထို သော အကြောင်း အရာ မျှဝေလိုက်သည့် အတွက် အကျိုးအမြတ်ရရှိစေသောကြောင့် ဤPlatform ပေါ်သို့ စစ်၏ အငွေ့အသက်များ ၊ ဒေါသ ဖြစ်ရာများကို ယူ ဆောင်မလာကြစေရန် ဤကဲ့သို့ စည်းကမ်းများ ချမှတ်ထားကြခြင်းဖြစ်ပါသည်။

ထို့ ကြောင့် ကျွန်တော်တို့ မြန်မာလူငယ် မောင်မယ်များကလည်း ဤ Platform ပေါ်သို့ အထက်တွင် ဖေါ်ပြထားခဲ့သော အကြောင်း အရာများ အမှိုက်သရိုက်များကို ယူ ဆောင်မလာကြပဲ ဤ Steemit Platform ပေါ်သို့ ဝင်ရောက်လိုက်သည်နှင့် ဒေါသဖြစ်စရာ စိတ်မချမ်းသာစရာများ မတွေ့ရစေပဲ အသိအမြင် ၊ ဗဟုသုတ ၊ ရသ တခုခု ရသွား စေနိုင်ရန် ဝိုင်းဝန်း ကြိုးပမ်း ကြရန် လိုအပ်လှပါသည်။

ထို့ ကြောင့် ဤကဲ့ သို့ Steemit Platform အား ၊ အားလုံး စိတ်ချမ်းသာစွာ အသုံး ပြု နိုင်ရန် စည်းကမ်းချက်များ ချထားရခြင်း ဖြစ်ပါသည်။ မည့်သို့ ပင်စည်းကမ်းချက်များ လမ်းညွန်ချက်များ ချထားစေကာမူ သိုးမည်းများက ပါလာစမြဲပင် ဖြစ်ပါသည်။ နောက်ဖေါ်ပြမည့် ဆောင်းပါးတွင် ကျန်ရှိနေသော စည်းကမ်းချက်များကို အကျယ်တဝင့် ရှင်းပြမည့် အပြင် Steemit Platform ပေါ်သို့ ရောက်ရှိလာသော အမှိုက်များကို မည်သို့ ရှင်း ပြစ်ရမည်ကို ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

steemit logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Sort:  

Steemit Platform ပေါ်သို့ ဝင်ရောက်လိုက်သည်နှင့် ဒေါသဖြစ်စရာ စိတ်မချမ်းသာစရာများ မတွေ့ရစေပဲ အသိအမြင် ၊ ဗဟုသုတ ၊ ရသ တခုခု ရသွား စေနိုင်ရန် ဝိုင်းဝန်း ကြိုးပမ်း ကြရန် လိုအပ်လှပါသည်။
ထောက်​ခံပါသည်​ ကိုဟင်

အဲဒီအတိုင်း ဖြစ်အောင်ပဲ ကြိုးစားနေပါသည်။

Not everyone can be a good man,whatever if we take MSC no we must obey the rule and regulations. I wanna know if i can post expect from information, like my photos,daily matter just like a social media?it's sure I'll post a good passage in a pro event.

You may enjoy posting them same as what you did in FB... As long as original contents or creation , it shouldn't be a problem but upvote will be decided by the rest of the users.

Ok,thank you

how do you think about steemit in 2018?

I am thinking , the same as what you are thinking about steemit in 2018.

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အစ်ကို ပြောပြသည့်အတိုင်းကို လိုက်နာပြီးကြိုးစားသွားပါ့မယ်ခင်ဗျာ

ကျေးဇူးတင်ပါတယ်အစ်ကို

facebook ကအမှိုက်တွေ ကို နည်းနည်းချင်းစီယူနေကျတယ်။ steemit သုံးတဲ့ အချိန် ၅နာရီ နဲ့ facebook သုံးတဲ့ အချိန် ၅ နာရီ ကို သေချာမှတ်ပြီး တွေးရင် facebook မှ မမြင်ချင်တာတွေ မြင်ရတယ် share တာတွေ က တချိုဟာတွေ က အကျိုးရှိတာ တွေ့ ပါသလို့  ဘာမှ အကျိုးမပေးတဲ့ ဟာတွေ share တာတွေ တွေ့ လာတော့ facebook ကို မသုံးပဲ steemit ထဲ ကို ပဲ စိတ်က ဦးညွှန့် လာတယ် ။ သိုးမည်းလေးတွေ နည်းပါးအောင် တဖြေးဖြေး စေတနာထားပြီး သင်ကြားပေးပါ မယ် အကို။ အကို စေတနာ ကို လေးစားတဲ့ အနေနဲ့ ကျွန်တော် တတ် နိုင်တဲ့ ဘက်ကနေ ကူညီသွားပါမယ်။

ကျေးဇူး အများကြီး တင်ပါတယ်ညီလေး

ဥာဏ်စွမ်းရှိသလောက် အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်

Steemit Platform ဟာကြိုးစားသူတို့ အတွက်ပါ။

Soleum brother @kachinhenry. By @nasrol

Nice post! Steemit all over the world is doing great, the sky will be it's limit. I follow and upvote you.

I like to see your post with photo & thanks to share this content.

I really interesting for this post.
Hopefully steemit community myanmar is the best

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66765.98
ETH 3234.00
USDT 1.00
SBD 4.23