Steemit Platform ပေါ်မှ ရွှေဥ ဥ သော ငန်း အကြောင်း ( Henry Aung )

in #myanmar6 years ago

STEMMIT-HENRY.jpg

မနေ့က နေ့လည် ထမင်းစားချိန်တွင် နေ့လည်စာ စားပြီးနောက် အနားမယူပဲ promotion တင်ထားသော post များအား voting ပေးနိုင်ရန် ဝင်ရောက်စီစစ်နေသောအခါ office ထဲမှ လုပ်ဖေါ်ကိုင်ဖက် စာရေးမလေး Lilian ရောက်လာ၍ နေ့လည် အားလပ်ချိန်တွင် အဘယ့် ကြောင့် အနားမယူပဲ အလုပ်ရှုပ်နေကြောင်း မေးလာပါသည်။

ကျွန်တော်လည်း Steemit Platform အကြောင်း အကြမ်းဖျင်းရှင်းပြ၍ Members များ SBD ရနိုင်ရန် promotion တင်ပေးနေကြောင်း ရှင်းပြရလေသည်။ သူ့ အနေဖြင့်ဲ့ လည်း ဆောင်းပါးတိုလေ တခုရေးရုံမျှ ကာတွန်း ရုပ်လေး ဆွဲတင်ရုံမျှ ဖြင့် USD30$ ခန့်မျှ ရနိုင်ကြောင်းကို တအံ့တသြဖြစ်နေပါသည်။

ထို့နောက်ကျွန်တော့အား ဤသို့ အများသူငှာများ ပိုက်ဆံရရေး လုပ်ဆောင်ပေးရခြင်းအပေါ် မည်သို့ အကျိုးအမြတ်ရရှိပါသနည်း မေးလာပါတော့သည်။ မိမိလည်းစေတနာ့ ဝန်ထမ်းနေခြင်းသာဖြစ်ကြောင်း အကျိုးအမြတ်တစုံတရာ မရရှိပါဟု သာပြန်ရှင်းပြရပါသည်။ Lilian ၏တုန့်ပြန်မှုမှာ ကျွန်တော်မျှော်လင့် ထားသကဲသို့ပင် ဖြစ်ပါသည်။ “So stupid , working for free” ဟူ၍ ထောပနာပြုပါလေတော့သည်။

စင်္ကပူ နိုင်ငံသားများအဖို့ တော့ နားလည်နိုင်ပါသည်။ သောက်ရေကအစ ၊ အစားအသောက် အားလုံး အခြားတိုင်ပြည်မှ ဝယ်ယူနေရသော နိုင်ငံငယ်ကလေးတွင် ဘာမှ အလကားမရပါ။ “Nothing is Free in Singapore” ဤသည်မှာသူတို့ လက်ကိုင်ထားသော ဆောင်ပုဒ် ဖြစ်ပါသည်။ မိမိအား ထောပနာပြုခြင်းနှင့် အတူ မှတ်ချက်လည်း ထွက်လာပါသည်။ “ငါသာဆိုလျင် နောက်ထပ် အကောင့် ၁၀ ခုလောက်ထပ်ဖွင့်ပြီ ငါ့ဟာငါ ထိုင် vote ယူမယ်” ဟူလို။

01.gif

သူထွက်သွားပြီးနောက် ကျွန်တော်စဉ်စားကြည့်ပါသည်။ ကျွန်တော်လည်း လောဘရှိပါသည်။ လောဘရှိ၍ လည်း ဤကဲ့သို့ ငွေကြေးများကို ရှာဖွေနေခြင်းဖြစ်ပါသည်။ တစုံ တယောက်မှ ကျွန်တော့အား “အစ်ကို promotion ပေးနေတာပဲ အစ်ကို့ နောက်ထပ် အကောင့် ၅ ခု လောက်ထပ်ဖွင့်ပြီး vote ယူ ချင်စိတ်မဖြစ် မိဘူး လား” မေးလာလျင် ဖြစ်မိပါသည်ဟု ဝန်ခံပါသည်။

မိမိလည်း လောဘရှိသော လူသား ပုထုဇဉ် ဖြစ်၍ လောဘတက်မိပါသည်။ သို့သော် ဤ အဖိုးတန်သော promotion များကို အဘယ့်ကြောင့် လူအများအား အလကား ပေးပြစ်ပါသနည်း ဟု မေးလာလျင် အဖြေမှာ တခုတည်း ဖြစ်ပါသည်။ ကိုယ်ရနေသလို သူများကိုလည်း ရစေချင်၍ ဖြစ်ပါသည်။

ဤ Steemit platforms အကြောင်း သင်ကြားရင်းဖြင့် ဤ Platform မည်မျှကောင်းကြောင်းကို သိလာပါလိမ့်မည်။ ဤ Steemit Platform အား ကျွန်တော် မြန်မာလူငယ်များဖြင့် မိတ်ဆက်ပေးခြင်းမှာ အနောက်နိုင်ငံမှ လူငယ်များ မိမိတို့ ဝါသနာပါရာ အလုပ်အကိုင် လုပ်နေကြရင်း Steemit Platform မှ အပို ဝင်ငွေရနေကြောင်း မိမိ သိထားသလို နှောင်နှစ် အနည်း ငယ်အတွင်း ဤ Platform မှ အကျိုးအမြတ် များရရှိနိုင်ကြောင်းကိုပါ သိနေသောကြောင့် မိမိတို့ မြန်မာလူငယ်များလည်း မြန်မာစာ ရေးသားရုံဖြင့် အကျိုး အမြတ်ရရှိစေချင်သောကြောင့်ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် ယခုလို ရှင်းပြရခြင်းမှာ ကျေးဇူးတင်ခံလို၍ မဟုတ်သလို အဖွဲ့ အစည်းတခုတွင် ခေါင်းဆောင်ရခြင်းဖြင့် အောင်မြင်ကျော်ကြား လို၍ လည်း မဟုတ်ပါ။ ကျွန်တော့ ၏ ကိုယ်ပိုင်အချိန်ထဲမှ အနည်းငယ်ဖဲ့ ပေးလိုက်ရုံမျှဖြင့် လူအနည်းငယ်ခန့်အား ၄ ၊ ၅ လအတွင်း သိန်း ၁၀ ဂဏန်းမျှ ပိုင်ဆိုင်စေခဲ့ပြီဖြစ်ပါသည်။

ကျွန်တော် အစောပိုင်း ဆောင်းပါးများတွင် မကြာခဏ ဖေါ်ပြခဲ့သည့် အတိုင်း ဤ Platform တွင် ဇွဲကောင်းသူတို့သာ ကျန်ပါလိမ့်မည်။ ကျွန်တော့ အနေဖြင့် နိုင်ငံ့ ခေါင်းဆောင်မဟုတ်၍ မြန်မာ တပြည်လုံးအား အဆင်ပြေလာအောင် လုပ်နိုင်စွမ်းမရှိသလို ကူညီနိုင်စွမ်းလည်း မရှိပါ။ သို့သော် မိမိတို့ ယုံကြည်ရာကို တစိုက်မတ်မတ် လျှောက်လှမ်း တတ်သူ များ အချို့ကိုတော့ ဤPlatform မှ အကျိုးအမြတ်ရအောင် စွမ်းဆောင် ပေးနိုင်ပါသည်။

02.jpg

Steemit ကြောင့် မြန်မာတပြည်လုံး အဆင်ပြေမသွား တောင် လူအချို့ ကတော့ အဆင်ပြေလာပါလိမ့်မည်။ ကျွန်တော်တို့ အားလုံးသိထားသည့်အတိုင်း မိမိတို့ နိုင်ငံတွင် စားဝတ်နေရေး ၊ ဝင်ငွေ ရှာဖွေရသည်မှာ မည်မျှ ခက်ခဲ ကြောင်း အားလုံး အသိပင်ဖြစ်ပါသည်။ တပါတ်လျင် USD 20$ ခန့်မျှ အပို ရှာဖွေ နိုင်ပါလျင် မြန်မာငွေ ၂၀၀၀၀ ကျော်ပို ဝင်ငွေရ လျင်လည်း မီးဖိုချောင် စရိတ်မကာမိတောင် မိမိတို့ မဖြစ်မနေ အသုံးပြုရသော ဖုန်း ဘေလ်ကိုတော့ဖြင့် လုံလောက်အောင် အသုံးပြုနိုင်ပါလိမ့်မည်။

Post promotion အကြောင်းကို ဆက်ပါအုံးမည်။ SBD ဈေးနှင့် Steem ဈေးများ မြှင့်တက်လာပြီးနောက် မိမိ တို့ MSC အတွင့်သို့ ဝင်ရောက်လာသော လူသစ်များမှာ မယုံ နိုင်စရာ များပြားလာပါတော့သည်။ လက်ရှိအချိန် အဖွဲ့ဝင် ၂၀၀ နီးပါး တွင် active ဖြစ်သော အကောင့် ၁၀၀ ခန့်ရှိပါသည်။ နေ့စဉ်ရရှိနိုင်သော promotion post အရေအတွက်မှာ ၂၀ သာဖြစ်၍ မနိုင်မနင်းဖြစ်လာပါပြီ။

နေ့စဉ် လူတိုင်းအား promotion ပေးရန် မဖြစ်နိုင်သောအခါ ညာဏ်နီ ၊ နက် များလည်း ထွက်လာကြပါပြီ။ တယောက်တည်း အကောင့် သုံးခု ခန့် ပိုင်ဆိုင်ထား၍ နေ့စဉ် အကောင့် တခုစီဖြင့် promotion ယူရန်။ မိမိတို့ MSC တွင် member ဝင်ရန်အတွက် ဝင်ကြေးမလိုပါ။ ကန့်သတ်ထားခြင်းများမရှိ၍ လူတိုင်း ဝင်ရောက်နိုင်ကြပါသည်။

အချို့သော လူသစ်များ ဝင်ရောက်လာ၍ Facebook account ဖွင့်ကြည့် လိုက်လျင် Friend များပင်မရှိသော Facebook အကောင့် အသစ်စက်စက်ဖြင့်။ အကောင့် ၃ ၊ ၄ ခု ကိုင်ထား ၍ promotion ခိုးယူရန် ကြံစည်နေကြသူများအားလည်း အသိပေးလိုပါသည်။ နည်းပညာမြင့်မားလာသော ယခုလို အချိန်အခါမျိုးတွင် မသိနိုင်စရာ အကြောင်းမရှိပါ။ သို့သော် မိမိတို့ admin များမှာ မည်သူမည်ဝါ အကောင့် အပို အသုံးပြုနေကြောင်း လိုက်လံ စုံစမ်း ထောက်လှမ်းနေရလောက်အောင် အချိန်မပိုကြပါ။

03.jpg

Promotion ဖြင့် SBD ရယူနေကြသော members များလုံးအား အသိပေးချင်သည်မှာ ဤ အလွန်ကောင်းမွန်သော အစီအစဉ် ဖြစ်သည့် post promotion အား ဖျက်စီးမည့် သူမှာ အခြားသူများမဟုတ်ပါ Member များကိုယ်တိုင်ပင်ဖြစ်ပါသည်။ လူသားတိုင်း လောဘရှိသည်ကို နားလည် နိုင်သော်လည်း မတော် လောဘ မထားကြရန်နှင့် မြန်မာ အချင်းချင်း ကိုယ်ချင်းစာ ကြပါရန် မိမိတို့အား အကူအညီ ပေးနေကြသူများအား စေတနာ ပျက်အောင် မလုပ်ကြပါရန် တိုက်တွန်းလိုပါသည်။

ဤ Steemit Platform သည် တရက် နှစ်ရက် တပါတ် နှစ်ပါတ် ဖြင့် လျှောက်လှမ်းရမည့် လမ်းကြောင်း မဟုတ် ပါ။ နှစ်နှင့်ချီ၍ သွားရမည့် Platform ဖြစ်ပါသည်။ ထို့ကြောင့် အားလုံး လက်တွဲညီညီ လျှောက်လှမ်းကြခြင်းဖြင့် နှောင် အနာဂါတ်လူငယ်များအား တွဲခေါ်ယူ နိုင်ကြသူများ ဖြစ်ကြစေရန် စေတနာဖြင့် တိုက်တွန်းလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

" so stupid, working for free" :D , hey it's sth you enjoy doing then why not!

Yah, Eint.... it really make me proud that some of the MSC member gain something good from Steemit Platform.

There is no other way only helping others people to being happiness and success .
အခြားသူများအောင်မြင်မှာကို မလိုလားသူက သူကိုာ်တိုင်လည်း အောင်မြင်ဖို့မလွယ်ကူတဲ့ သဘောဆောင်ခြင်းပါ။ အားပေးပါတယ် bro ဒီထက်မက ပိုပြီး ကူညီလမ်းညွှန်ပေးနိုင်ပါစေ။ ကျွန်တော်လည်း သူများတွေကိုအားကျ အောင်မြင်ချင်ပါတယ် သေချာဒါကတော့ ဖြတ်လမ်းနည်းဆိုဒါမရှိပါဘူး။
ကျွန့်တော်အထင်ပါ အောင်မြင်တယ် မအောင်မြင်ဆိုတဲ့အရာကို လွတ်ပြီးသူများအကျိုးအတွက်ပြုလုပ်ခြင်း ဟာစစ်မှန်တဲ့အောင်မြင်မှုဖြစ်နေပါပြီ။
စကားမစပ် group ထဲဘယ်လိုဝင်ရသလည်းဗျ။

Steemit ပေါ်ကို အသစ်ရောက်လာတဲ့သူတွေဆိုရင် MSC admin များဖြစ်ကြတဲ့ @domelay , @thatkozaw , @ansoe @ahtaroo @pyaesonekhinkhin တို့နဲ့ ဆက်သွယ်ပြီး Newbies support chatgroup တွေမှာ သိလိုသည်များကို ဝင်ရောက်မေးမြန်နိုင်ပါတယ်။ MSC admin များက အားလုံးကို လက်တွဲခေါ်နေပါတယ်။

ကျေးဇူးတင်ပါတယ်အကို

steemit က တနေ တနေ ရွှေဥ ဥပေးတဲ့ ငန်းမလေးပါ အကို။ ငန်းကို သတ်စားတဲ့ copy သမားတွေ က steemit ရေရှည် မတည်မြဲ နိုင်ပါဘူး။ ကျွန်တော်တို လို့ အောက်ခြေ ကလူတွေ အ
တွက် ကြိုးစားပေးတဲ့ အကို ကို လေးစားပါတယ်။

ကြိုစားနေဆဲပါညီလေး.. MSC အောင်မြင်ပြီလို့တော့ ပြောလို့မရသေးဘူး... ခရီး အဝေးကြီး ကျန်သေးတယ်။ ကန့်လန့် လိုက်ချင်သူ တွေများလာမှာပဲ စိုးရိမ်မိပါတယ်။

MSC 193ပါ
Promotion လည်း မလုပ်​တတ်​​သေးပါ
စာ​ရေးတာ ဝါသနာပါ​တော့ စာ​ရေးရင်း ​ငွေရမယ်​ဆို​တော့ကြိုက်​မိပါသည်​။ စည်းကမ်းရှိစွာ သုံးပါမည်​ ။ ​ကျေးဇူးတင်​ပါသည်​။ များများမျှ​ဝေ​ပေးပါ တ​လေးတစား ဖတ်​မှတ်​လိုက်​နာပါမည်​။

Steemit ပေါ်ကို အသစ်ရောက်လာတဲ့သူတွေဆိုရင် MSC admin များဖြစ်ကြတဲ့ @domelay , @thatkozaw , @ansoe @ahtaroo @pyaesonekhinkhin တို့နဲ့ ဆက်သွယ်ပြီး Newbies support chatgroup တွေမှာ သိလိုသည်များကို ဝင်ရောက်မေးမြန်နိုင်ပါတယ်။ MSC admin များက အားလုံးကို လက်တွဲခေါ်နေပါတယ်။

ဟုတ်ကဲ့အကိုကြီး
စေတနာရှေ့ထားပြီးအကိုကြီးရေးသားတဲ့
ဆောင်းပါးတွေကိုလေ့လာဖတ်ရှုခဲ့ခြင်းကြောင့်
မသိနားမလည်တဲ့အကြောင်းအရာများစွာကို
သိရှိခွင့် နားလည်သဘောပေါက်လာခဲ့ရပါတယ်ဗျ
mscမှာအမြဲရှင်သန်ရပ်တည်သွားနိုင်အောင်ကြိုးစား
လုပ်ကိုင်သွားပါ့မယ်အကိုကြီးလို့ပြောကြားရင်ဖွင့်ရင်း
ရိုသေလေးစားခြင်းများဖြင့်(မောင်သူရ)

ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့အကိုကြီး
အခုလိုပြန်စာလေးရရှိလို့ညီလေးဝမ်းသာမိပါတယ်ဗျ(မောင်သူရ)

စေတနာသက်သက်နဲ့ myanmar များလဲ အောင်မြင်စေလိုပါတယ်ကျွှန်တော်တို့လဲ အောင်မြင်ဖို့ တတ်နိုင်သလောက် ကြိုးစားပေးပါမယ်ဗျာ

ကြိုးစားရင် ကြိုးစားသလောက်ဖြစ်တဲ့ Steemit ပါ

steemit ကို မျှဝေပေးတာ ကျေးဇူးပါ အစ်ကို

ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့ပါအကို

ကျနော် ဒီ Steemi ကို သိဖို့ သုံးတတ်ဖို့ သင်တန်းတက်ရပါတယ် ....
သင်တန်းကာလှSteemit အကောင့်ဖောက်နည်းသင်တုန်းကတော့ အကောင့်ဖောက်တာ လေ့ကျင့်ရင်း အကောင့် ၂ ခု ဖောက်ထားပါတယ် ...
ဒါပေမယ့် တစ်ခုထည်းပဲ သုံးပါတယ်...
နောက်တစ်ခုက အကောင့်နာမည်ရော လျို့ဝှက် ကုဒ် ပါမေ့သွားပါပီ .. ..
ဒီနေ့ ဆရာပြောတာကို ကျွန်နော်လက်ခံပါတယ် ...
ရိုးရိုးသားသားနဲ့ တစ်ဖြည်းဖြည်း တစ်ရွေ့ရွေ့ တက်လှမ်းပါ့မယ်ဗျာ ...

Post တော့ တစ်နေ့တစ်ခုတောင် အနိုင်နိုင်ရယ်ပါ ..

ဆရာ့ ပိုစ့်တွေ ဖတ်ရတာ အရမ်းတန်ဖိုးရှိပါတယ် ...
ကျေးဇူးတင်ပါတယ်ဗျာ ..

Steemit Platform ပေါ်ကို ရောက်လာဖို့ သင်တန်းတက်ခဲ့ ရတယ်တဲ့လား..? သင်တန်းကြေး ဘယ်လောက်များ ပေးခဲ့ရသလဲ..?

အားလပ်​ချိန်​မှာ ဝင်​​ငွေ​လေးရှိ​အောင်​ Online မှာ ပိုက်​ဆံရှာဖို့ Online Business Course တက်​ခဲ့တာပါ
Online ​ပေါ်က သင်​တာပါပဲ
သင်​တန်းက​နေမှ Steemit အပါမအဝင်​ တစ်​ခြား freebitcoin တို့ လိုဟာ​တွေ အေ​ကြာင်း သိခဲ့တာပါ
သင်​တန်း​ကြေး​တော့ mmk ၁ သိန်းပါ
ဗဟုသုတအမျာကြီးရလို့ မနှ​မြှောမိပါဘူးဗျာ

ဒီ ပလက်​​ဖောင်း​ပေါ်​ရောက်​လာပီး ဆရာတို့ ပိုစ့်​​တွေအပါအဝင်​ အခြားတန်​ဖိုးရှိတာ များစွာရပါတယ်

ကျေးဇူးလည်း တင်​ပါတယ်​ဗျာ

တိန် သင်တန်းကြေး ၁သိန်းဆိုပါလား
အဲလိုလူတွေလဲရှိနေတာပဲကိုးးး

တန်ပါတယ်ဗျာ ... ကျွန်တော်တို့ မသိသေးတဲ့ သူတွေအတွက် ...

ရောင်းသူဝယ်သူသဘောတူရင်တော့ ပီးတာပါပဲဗျာ
Steemit အသုံးပြုဖို့ကိုတော့ MSCက leader @kachinhenryအပါအဝင်
MSC Admin တွေက Freeသင်ကြားပြသပေးနေကြပါတယ်။

ကျေးဇူးတင်​ပါတယ်​အကို ​ပြောပ​ပေးတာ
ဒါ​ပေမယ့်​ MSC ကို ဘယ်​လိုဆက်​သွယ်​ ဘယ်​လိုဝင်​ရမယ်​မှန်းမသိဘူးဗျ
steem chat မှာလဲ admin အားလုံး (သိသမျှ) ကို sms ပို့ထားပါတယ်​ ဘာမှ ပြန်​မလာဘူးဗျ

ကျွန်တော်တို့ရဲ့ Steemit blog ထဲကိုဝင်ကြည့်ပေး bro
Profile ထဲမှာ Fb linkရှိပါတယ်
Friend addပေးပြီး Cbကနေ Hiပေးပါbro

မြင်ရကြားရတာလည်း စိတ်မကောင်းလိုက်တာဗျာ မြန်မာပြည်အခြေနေကလည်း သိတဲ့အတိုင်းပါဘဲ ကိုယ်တွေက တိုင်းတစ်ပါးမှာဆိုတော့ စားဝတ်နေရေအတွက် မပူပင်ရပေမယ့် နေ့တိုင်း အလုပ်လုပ်နေရတော့ အကောင့်တစ်ခုထဲကို proပါတဲ့နေ့မှာတောင် postတစ်ခုကိုအသည်းအသန်တင်နေရတယ် မြန်မာပြည် လူငယ်အများစုမှာ အလုပ်လက်မဲ့တွေကလည်းအများသားဆိုတော့......... ဟူးးးး ရင်မောပါတယ် steemitaရေရှည်တန့်ဖို့အတွက် ဆုတောင်းပေးနေရုံမှတစ်ပး အခြားမတတ်နိုင်ပါလေ..

ရရှိလာတဲ့ SBD တွေက မက်လောက်စရာဖြစ်လာပြီမို့ ဒါကိုအသုံးချပြီး အမြတ်ယူချင်နေသူတွေကိုလည်း တွေ့လာနေရပါပြီ။

We all stand for myanmar, thank you from my heart.

Thanks you very much.

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66038.71
ETH 3178.89
USDT 1.00
SBD 4.05