Steemit Platform ပေါ်မှ အတွေးများ ( အပိုင်း - ၈ ) ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျင်းပခဲ့ကြသော SteemFest3 ကတော့ ပြီးသွားခဲ့ပြီ ဖြစ်ပါသည်။ အမှန်ပြောရလျင် ကျွန်တော့ အနေဖြင့် ထို တွေ့ဆုံပွဲ မှ ရလဒ်တခု အား စောင့်မျှော်နေခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်တော် မျှော်လင့်နေသော သတင်းကတော့ ထွက်မလာခဲ့ပါ။

ထို တွေ့ဆုံပွဲ တွင် steemit အတွင်းရှိ SMTs Developers များက သူတို့ ၏ project အသီးသီး အား ပြသ ရှင်းလင်းသွားခဲ့ကြပါသည်။ အားရစရာလည်း ကောင်းပါသည်။ သို့သော် ကျွန်တော် မျှော်လင့်နေသော အကြောင်းအရာ ပါမလာ၍ အနည်းငယ် စိတ်မကောင်း ဖြစ်ရပါသည်။ Steemit platform နှင့် ပါတ်သက်၍ ကျွန်တော် အပါအဝင် လူအတော်များ မျှော်လင့်နေကြသည်မှာ steemit ၏ marketing team အကြောင်း ဖြစ်ပါသည်။

ယခု အချိန်အထိ SMTs များ အရှိအဟုန်ဖြင့် ပြင်ဆင်နေကြသော်လည်း steemit platform ၏ ရှေ့ရေး SMTs project များ လွင့်တင်နိုင်သောအခါ ( 2019 January 15 တွင် စမ်းသပ် လွင့်တင်၍ March လ တွင် တရားဝင်လွင့်တင်မည် ) steemit platform အား လူကြိုက်များလာအောင် မည်ကဲ့သို့ ဈေးကွက် ချဲ့ထွင်းမည် ၊ မည်သည့် အဖွဲ့ အစည်းများ ဖြင့် ပူးပေါင်းလုပ်ဆောင်မည် ၊ နိုင်ငံအသီးသီး ရှိ social media အသုံးပြုသူများထံသို့ steemit platform အကြောင်း သိသွားအောင် မည်သို့ လုပ်ဆောင်မည် စသည်ဖြင့် ရှင်းလင်း ပြသသွားခြင်း မရှိခြင်း ဖြစ်ပါသည်။

ကျွန်တော် သိသော steemit witness များအား မေးကြည့်သော်လည်း ကျေနပ်လောက်သော အဖြေမရခဲ့ပါ။ ခရီးပန်းနေကြ၍ Post ရေးမတင်ကြသေးသည်လည်း ဖြစ်နိုင်ပါသည်။

01.jpg

လက်ရှိအခြေအနေတွင် steemit platform မှာ social media တခုအဖြစ် ရေပန်းစားမှု အဆင့် တဖြည်းဖြည်း ကျဆင်းလာလျက်ရှိရာ steemit ကို ချစ်ကြသူ အများအပြား ထို အချက်ကို စိုးရိမ်လျက်ရှိပါသည်။ steemit platform အား blogging ပုံစံဖြင့် သာ ဆက်သွားလျင် လူကြိုက်များမှု ဆက်လက် ကျဆင်းနေအုံးမည် ဖြစ်သဖြင့် Facebook နှင့် Tweeter ကဲ့သို့ သော အလွယ် တကူ အသုံးပြု နိုင်သည့် App တခု အဖြစ် ပြောင်းလည်း နိုင်ရန် အပူတပြင် ပြောင်းလည်း နေကြသည် ဟုတော့သိရပါသည်။

Blockchain နှင့် နွယ်သော App ဖြစ်သဖြင့် နည်းပညာ အခက်အခဲ များ ရှိနေနိုင်သောကြောင့် ထို App မည်သည့် အချိန်တွင် လွင့်တင်နိုင်မည်ဟု ပြောကြားနိုင်ခြင်း မရှိသေးပါ။ witness တယောက်ဖြစ်သူ @kevinwong ၏ ပြောကြားချက်အရ SF3 နောက်ဆုံးနေ့တွင် steemit witness အတော်များများဖြင့်လျို့ဝှက် အစည်းအဝေးတခု ကျင်းပခဲ့ကြောင်းလည်း သိရပါသည်။

အချိန် ၂ နှစ်ကျော် ကြာလာပြီးနောက် steemit platform မှာ Beta version အဆင့်တွင်သာ ရှိနေခြင်းနှင့် SMTs များ လွင့်တင်နိုင်ရန်မှ လွဲပြီး အခြားသေချာတိကျသော လမ်းစဉ်များ ချမပြနိုင်ခြင်းအား steemit အသုံးပြုသူ အတော်များများက စိတ်ကုန်လာနေကြသည်ကိုလည်း တွေ့မြင်နေရပါသည်။

CEO @ned ကိုယ်တိုင်ကလည်း steemit platform သည် Maintenance mood အနေအထားတွင်ရှိနေကြောင်းနှင့် သူကိုယ်တိုင် အကောင်းဆုံး ဖြစ်ရန် ကြိုးစားလုပ်ဆောင် နေကြောင်း သာဖွင့်ဟသွားပါသည်။ သို့သော် steemit platform ၏ ရေပန်းစားမှုအဆင့် ကျဆင်းလာနေသော်လည်း steemhunt ကဲ့သို့သော SMTs Project များကတော့ အရှိန် အဟုန်ဖြင့် ရေပန်းစားလာနေပါသည်။

02.jpg

မည်သို့ပင် ဆိုစေ steemit platform သည် ရပ်တန့်နေသော platform တခု မဟုတ်သည်ကတော့ သေချာပါသည်။ CEO ၏ ပြောကြားချက်များအရ steemit ဖြင့် သာမန် Social media အသုံးပြု ကြသူများ အနေအထားမှ Cryptocurrency ကို အရူးအမူးနှစ်သက်ကြသူများ အဖြစ် ပြောင်းလည်း နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသဖြင့် steemit platform ၏ အနာဂါတ်မည်သို့ ရှိမည်ကို ပုံဖေါ်ကြည့် နိုင်ပါသည်။

သို့သော် သူမည်ကဲ့သို့ ပြောင်းလည်း ပေးမည် ဖြစ်ကြောင်းကိုတော့ မသိရသေးပါ။ ကျွန်တော့ တယောက်တည်း အမြင်ဖြင့် ပြောရလျင် steemit platform မှ @dan ထွက်ခွာသွားပြီးနောက်ပိုင်း နည်းပညာနှင့်ပါတ်သက်၍ အတော် အားနည်းသွားသည်ဟု မြင်မိပါသည်။ ၂ နှစ် သား ကျော်လာ၍ ၃ နှစ်သား အရွယ် ဖြစ်တော့မည် ဖြစ်သော ဤ platform အနေဖြင့် ယခုအချိန်တွင် beta version အဆင့်မှ လွန်မြောက်သင့်နေ၍ Steem အနေဖြင့်လည်း ဈေးကွက်တွင် ခိုင်မာသော ဈေး တခုကို ပိုင်ဆိုင်ထားနေသင့်ပြီ ဟုထင်ပါသည်။

နည်းပညာနှင့် ပါတ်သက်၍ ကျွန်တော် အများကြီးနားမလည်ပါ။ သို့သော် သူများနှင့် မတူသော အလုပ်ကြီးကြီးမားမား လုပ်လျင် သူများနှင့် မတူသော အခက်အခဲကြီးကြီးမားမား တွေ့ရမည်ကိုတော့ နားလည်ပါသည်။ steemit အနေဖြင့် Blockchain နည်းပညာနှင့် နွယ်သော Social Media platform တခု ဖြစ်လာနိုင်စေရန် လုပ်ဆောင် နေကြသည်ကို အားလုံးသိပြီး ဖြစ်ပါသည်။

03.jpg

လက်ရှိ အချိန်တွင် ကျွန်တော် လုပ်နိုင်သော အရာမှာ ဤ platform ပေါ်တွင် ဆက်လက်ရှိနေပြီး ၂၀၁၉ အား မျှော်ကြည့် နေရုံသာ တတ်နိုင်ပါသည်။ ဤ platform ပေါ်တွင် ၂ နှစ်ကျော် နီးပါး မျှ ကျင်လည်ခဲ့ပြီးနောက် steemit platform သည် ကျွန်တော့ နေ့စဉ်ဘဝ၏ အစိတ်အပိုင်း တခု အဖြစ် အမြစ်တွယ်နေခဲ့ပြီ ဖြစ်ပါသည်။

ကျွန်တော့ အတွက် လောလောဆယ် အားတက်ဖွယ်ကောင်းသော အရာဟူ၍ steemit platform အား ချစ်၍ ဤ platform အပေါ်ထားသော မျှော်လင့်ချက်များ မပျက်ကြသေးသူ အများအပြား ကျန်ရှိနေကြသေးခြင်း ဖြစ်ပါသည်။ ထိုသူများထဲတွင် ကျွန်တော်လည်း တယောက်အပါအဝင် ဖြစ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

စတီးမစ်ကို မျှော်လင့်ချက်တွေ ထားရှိနေဆဲပါ 😊

စိတ်တော့ မပျက်သေးပါဘူး ကိုဟင်

Posted using Partiko Android

မကြာတော့မယ့် smts ကို စောင့်ရင်း မျှော်လင့်ချက်ဖြင့် အသက်ဆက်နေဆဲ...

Posted using Partiko Android

ထပ်မံ စောင့်ဆိုင်းလျက်ပါ ဗျာ။ Have a nice day!! 👍

Posted using Partiko Android

All is well
အားလုံးကောင်းသွားမှာပါ
အားလုံးအဆင်ပြေသွားမှာပါ

ဟုတ်တယ်အစ်ကိုဟင်နရီ steemfest3 ကတော့ ပြီးသွားပြီ။အလားအလာကောင်းတွေကိုတော့ စောင့်မျှော်ကြိုးစားနေပါ့မယ်အစ်ကို။အစ်ကို ကျန်းမာ ချမ်းသာ ပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်...

မပျက်သေးပါဘူး ကိုဟင် steemfest 3မပျက်သေးပါဘူး ကိုဟင်all will goodမပျက်သေးပါဘူး ကိုဟင်nice post

Never disappointment.
Still believe and waiting.
Keep Walking Forward.

steemit ကြီးဖြည်းဖြည်း ။

အားမလျော့ပါဘူး😁😁

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.034
BTC 66095.77
ETH 3184.92
USDT 1.00
SBD 4.12