Steemit Platform ၏ နောက်ထပ်ခြေတလှမ်း ( Henry Aung )

in #myanmar4 years ago

henry Aung.jpg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်အနည်းငယ်က တရုတ် ဗဟိုဘဏ်မှ ကိုယ်ပိုင် Digital Currency လွင့်တင်မည့် အကြောင်း သတင်းကို အားလုံးသိကြားပြီး ဖြစ်မည်ဟုထင်ပါသည်။ ယခင်က တရုတ်နိုင်ငံအနေဖြင့် Blockchain နည်းပညာ အထူးသဖြင့် cryptocurrency နှင့် ပတ်သက်၍ Bitcoin ဖြင့် စီးပွားရေး ပြုလုပ်မှုအား ပိတ်ပင်တားမြစ်ခဲ့သော်လည်း ယခု blockchain နည်းပညာဖြင့် ကိုယ်ပိုင်ငွေကြေး ထုတ်လုပ်လာမည့် သတင်းအပေါ် cryptocurrency လောကတွင် အတော်လေး ဂယက်ရိုက်သွားခဲ့ပါသည်။

ကျွန်တော်သိသလောက် တရုတ်ပြည်တွင် Facebook Social Media သုံးခွင့်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် FB တွင် censorship ဟူသော ဆင်ဆာဖြတ်တောက်ခြင်း မရှိ၍ သတင်းမှား ကောလာဟလ များ အလွယ်တကူ ပြန့်နှံလွယ်၍ ဖြစ်ပါသည်။ Social Media အပေါ်ဆင်ဆာ ဖြတ်တောက်မှုမရှိခြင်းသည် အကောင်းရှိသလို အဆိုးလည်း ရှိပါသည်။

သတင်းတို့အား အချိန်နှင့် အမျှ သိနိုင်သလို မလိုအပ်သူတို့၏ ချဲ့ကားရေးသားမှုများ လုံ့ဆော် ရေးသားမှုများကြောင့် လူထုအုံကြွမှုများ အလွယ်တကူ ဖြစ်လာနိုင်ပါသည်။ အကောင်းဆုံး ဥပမာပေးရလျင် အရှေ့အလယ်ပိုင်းဒေသ၏ နိုင်ငံရေးအား လုံးဝပြောင်းလည်း သွားစေသော တူနီးရှား နိုင်ငံမှ စတင်သည့် စပယ်ဖြူ တော်လှန်ရေးသည် Facebook ပေါ်တွင် အခြေခံ၍ စတင်ခဲ့ခြင်း ဖြစ်ပါသည်။

04.jpg
Original Source

ထို့အပြင် မြန်မာ့နိုင်ငံရေး အပြောင်းအလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် Facebook social media ၏ အရေးပါမှုအား အလုံးအသိပင် ဖြစ်ပါသည်။ စာလေးမည်စိုးသော ကြောင့် အကျယ်မချဲ့တော့ပါ။ နိုင်ငံဧရိယာ ကျယ်ဝန်း၍ မတူညီသော လူမျိုးစုများ စွာ နေထိုင်သည့် တရုတ် နိုင်ငံအနေဖြင့် Facebook social media အား ပိတ်ပင်ထား သည်မှာ သူ့အကြောင်းနှင့်သူရှိပါသည်။

ယခုတရုတ်တို့၏ blockchain နည်းပညာ အပေါ်အာရုံစိုက်ရာတွင်လည်း ဤ social media ဆင်ဆာဖြတ်ခြင်းအား အထူးပင်အလေးထားမည် မှာပြောပြစရာပင်မလိုပါ။ အဘယ့်ကြောင့် ကျွန်တော့ အနေဖြင့် ဤမျှ စကားဦးသမ်း နေရပါသနည်းဟုဆိုလျင် Social media Platform တခုဖြစ်သည့် Steemit Platform သည် ဆင်ဆာ ဖြတ်တောက်ခြင်း ၊ မမှန်မကန် ရေးသားမှု လုံ့ဆော်မှုတို့အား Downvote ပေး၍ ဆင်ဆာဖြတ်နိုင်ခြင်း ကြောင့် Steemit Platform အနေဖြင့် တရုတ် Social media စျေးကွက်သို့ ထိုးဖောက်ရန် အကောင်းဆုံး အနေအထားတွင်ရှိနေပါသည်။

တရုတ်အစိုးရကလည်း blockchain နည်းပညာ များအား စီစစ်ရာတွင် Steemit အနေဖြင့် အဆင့် ၆ တွင်နေရာယူထားပါသည်။ အဆင့် ၁ မှ ၅ အထိ နေရာယူထားသော blockchain များမှာ Social media အား အခြေခံထားသော Blockchain များ မဟုတ်ကြပါ။ ထို့ကြောင့် Steemit အနေဖြင့် တရုတ်စျေးကွက်သို့ Social media blockchain နည်းပညာဖြင့် ထိုးဖေါက်ရန် အကောင်းဆုံး အနေအထားတွင်ရှိနေသည်က အတော်လေး စိတ်ဝင်စားစရာကောင်းလှပါသည်။

03.png
Original Source

ထိုအပြင် တရုတ်တို့ အနေဖြင့် cryptocurrency ဖြင့် စိမ်းလှသည် မဟုတ်ပါ။ နောက်တခု စိတ်ဝင်စားစရာ အချက်မှာ Steemit တွင်ရှိနေသော တရုတ် Community မှ SMTs များ ထွက်ရှိလာလျင် ဤ Steemit Platform ပေါ်တွင် အခြေခံသည့်Chinese Version SMT project များ ရေးဆွဲရန် စိတ်အား ထက်သန်နေခြင်း ဖြစ်ပါသည်။ SMTs နှင့်ပတ်သက်၍ ကျွန်တော်ရေးခဲ့ဖူးလှပါပြီ။ ထိုအပြင် တရုတ်တို့ အနေဖြင့် လည်း Steem ဝယ်ယူရန် အခက်အခဲရှိလိမ့်မည် မဟုတ်ပါ။ တရုတ် Exchange Site ဖြစ်သည့် Binance နှင့် Huobi pro တို့တွင် Steem အား အလွယ်တကူ ဝယ်ရောင်းနိုင်ကြပါသည်။

Steemit ၏ SMTs ထွက်လာလျင် ကိုးရီယား စျေးကွက် အတွက်ပူစရာ မရှိပါ။ ကိုရီးယား SMTs project များ အလျိုလျို ထွက်ပေါ်လာကြပါလိမ့်မည်။ လက်ရှိ SteemHunt သည်လည်း ကိုးရီယားတို့ လည်ပတ်နေခြင်း ဖြစ်ပါသည်။ ကျွန်တော့အား အထူးစိတ်ဝင်စားစေသည်မှာ အကယ်၍ Steemit Platform ၏ SMTs သည် တရုတ်စျေးကွက်အား ထိုးဖေါက်နိုင်ခဲ့သည်ရှိသော် ၊ SMT အပေါ်အခြေခံသည် တရုတ်တို့၏ token များ coin များ Steemit Internet market ပေါ်သို့ ရောက်ရှိလာခဲ့သည် ရှိသော်.... တွေးတောကြည့်ပါ။

တရုတ် ဂိမ်းစျေးကွက်တခုလုံး ကိုယ်ပိုင် Token ထုတ်ရန် Steemit Platform ၏ SMT များအား ရွေးချယ်ခဲ့သည်ရှိသော်.... တွေးကြည့်ယုံမျှဖြင့် ကြက်သီးထဖွယ် ဖြစ်ပါသည်။ လက်ရှိ Steemit ၏ SMT မှာ စမ်းသပ်နေဆဲ အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လွင့်တင်မည် အချိန်အား ကြေညာနိုင်ခြင်း မရှိသေးပါ။ သို့သော် ၂၀၂၀ သည် Steemit Platform ၏ ထူးခြားသော ခုနှစ် တခု ဖြစ်လာမည်ကတော့ သေချာပါသည်။

03.jpg
Original Source

ကျွန်တော့ အနေဖြင့် Steemit Platform တရုတ်စျေးကွက်သို့ သေချာပေါက် ထိုးဖေါက်လိမ့်မည်ဟု အာမခံပြောဆိုနိုင်ခြင်း မရှိပါ။ သို့သော် Steemit Team အနေဖြင့် လည်း ဤ အနေအထားအား မသိမဟုတ် သိကြမည်သာ ဖြစ်ပါသည်။ ထို့အပြင် Steemit Platform အနေဖြင့် အခြားသော Blockchain များထက် အားသာချက် အများ အပြားရှိပါသည်။

သို့သော် Steemit Platform ၏ SMT project သည် ကြီးမားလွန်းလှသည့် အပြင် လက်ရှိအချိန်တွင် ငွေအား မရှိပဲ ကန့်သတ် နည်းပညာရှင်များ ဖြင့် ရုန်းကန် လည်ပတ်နေရသော ကြောင့် ဤ မျှ အချိန်ပေးနေရခြင်း ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် နည်းပညာရှင် မဟုတ်သော ကြောင့် SMT အောင်မြင်မည် မအောင်မြင်မည်ဟု အတပ်မဆိုနိုင်ပါ။ အောင်မြင်မည့် အချိန်အား မျှော်လင့် စောင့်စားယုံသာ တတ်နိုင်ပါသည်။

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

စာဖတ်နေရင်း ရဟတ်စီးရသလို လှိုက်ဖိုရပါတယ်ဗျာ
တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အခြေအနေတခုပေါ့ဗျာ

ရင်တုန်ကင်းဝေး Steemit လေး ဖြစ်လာပါလိမ့်မယ်။

ဟုတ်တယ် ဟုတ်တယ် ဖြစ်လာပါစေဗျာ

ရင်ခုန်လှိုက်မော စရာ အခိုက်အတန့်ပါပဲ
ကိုဟင်ခင်ဗျ ..

နောက်ထပ် ၆ လ လောက်ဆိုရင် အဖြေသိရပါပြီ။

အလှည့်အပြောင်းမှာ အခွင့်ကောင်း ကြုံရဦးမှာမို့ ရင်ခုန်စိတ်လှုပ်ရှားစရာ မျှော်လင့်ချက်များပေ

Posted using Partiko Android

အခွင့်အလမ်းကောင်းတွေ ကြုံတွေ့ရမယ်လို့ မျှော်လင့်လျက်ပါ။

ခုလိုသတင်းလေးတွေဖတ်ရလို့ ကျေးဇူးပါ

အားပေးတဲ့ အတွက်ကျေးဇူးအများကြီးတင်ပါတယ်။

စတီးမစ် platform တော့..၂၀၂၀အရောက် မှာတရုတ် ကိုရီးယားတို့​၏လုံ့လဖြင့် ကံကောင်းလာနိုင်မလားလေ...
မုန်တိုင်းတွေ ကျော်ဖြတ်ပီးလာတဲ့တနေ့ဟာ လေပြေလေးတွေတော့ လာနိုင်တာဟာ သဘာဝမို့..သူ့ရဲ့ကံတရားကို တောင်းဆုပြုရတော့မယ်ဗျ..😁

ဒီ Platform ဟာတော်ရုံနဲ့ မပျောက်နိုင်ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရည်ရွယ်ချက်လည်း ကြီးမားတဲ့ အတွက် အောင်မြင်ဖို့ အချိန်လည်း အတော်ပေးရပါလိမ့်မယ်။

စိတ်ထဲကြိတ်ခဲလို့သာမျှော်နေရ

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86