Myanmar Steemit ကျေးရွာသို့ ဒုတိယအကြိမ် အလည်သွားခြင်း -အပိုင်း- ၄ ( ခေတ်စမ်း ) ( Henry Aung )

in #myanmar6 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် steemit platform နှင့် MSC အကြောင်းများသာ အရေးများနေသည် ဖြစ်ရာ လက်ရှိပြန်လည် စည်ကားလာသော ကျွန်တော်တို့ MSC အဖွဲ့သားများအား ကြည့်၍ ကျွန်တော်၏ မပြီးပြတ်သေးသော " steemit ကျေးရွာသို့ အလည်သွား ခြင်း ခေတ်စမ်း " အား ပြန်လည် အသက်သွင်းလိုစိတ်ဝင်လာရပါတော့သည်။

ခေတ်စမ်းစာပေအားသဘောကျ၍ သာ ခေတ်စမ်း အမည်တတ်ထားသော်လည်း ကျွန်တော့ စာမှာ ခေတ်စမ်း မည်မမည်တော့ မသိပါ။ MSC member များအား ပျော်ရွှင်စေရန် အလို့ငှာ ရေးသားထားသည်ဖြစ်၍ သည်းခံခွင့်လွတ်ကြပါကုန်။ ဤ အတိုင်း ဖတ်လျင် အရသာ ပေါ့ပျက်ပျက် ဖြစ်သွား မည်စိုးသောကြောင့် အပိုင်း ၁ ၊ ၂ ၊ ၃ အား အောက်ပါလင့်တွင် သွားရောက်ဖတ်ကြည့်စေလိုပါသည်။

Myanmar Steemit ကျေးရွာသို့ ဒုတိယအကြိမ် အလည်သွားခြင်း -အပိုင်း-၁ ( ခေတ်စမ်း ) ( Henry Aung )

Myanmar Steemit ကျေးရွာသို့ ဒုတိယအကြိမ် အလည်သွားခြင်း -အပိုင်း-၂ ( ခေတ်စမ်း ) ( Henry Aung )

Myanmar Steemit ကျေးရွာသို့ ဒုတိယအကြိမ် အလည်သွားခြင်း -အပိုင်း-၃ ( ခေတ်စမ်း ) ( Henry Aung )

အမည်ကာ @kyi တလုံးတည်း ဖြစ်၏။ ခင်မင်ရင်းနှီးသူတို့ကာ မယ်ကြည်ဟု ခေါ်ကြ၏။ ထိုထက်ထူးခြား၍ ခေါ်လိုသူတို့ကာ 3 in 1 မယ်ကြည်ဟု ခေါ်ကြကုန်၏။ အဘယ်သို့ကြောင့် ဤသို့ အမည်နာမ များရသနည်း။ ရှင်းပြပါမည်။ မယ်ကြည်ကာ steemit ကျေးရွာတွင်တခုသာရှိသော ရက်ကန်းရုံပိုင်ရှင် ဖြစ်၍ မယ်ကြည်ကာ အကြံပိုင်သူဖြစ်၏။

ယခင်က သူ၏ ရက်ကန်း ရုံမှ ထွက်သော ထဘီ အသစ်အဆန်းအား ဈေးကွက် ဖေါက်လိုသောကြောင့် ရွာခံလူမိုက် ကျားသက်ဇော် ၊ ငွေတိုးချေးစားသူ ပြည့်စုံခင်ခင် တို့ နှင့် ပူးပေါင်း ကြံစည်ခြင်း ဖြစ်၏။

01.jpg

အမှန်မှာ ပူးပေါင်း ကြံစည်သည် ဆိုသော်လည်း အကြံပေးသူမှာ မယ်ကြည်တယောက်တည်းသာ ဖြစ်၏။ မယ်ကြည်၏ အကြံကာ " ငါတို့သည် ကိုဒွန်ပေါင်ထားသော ထဘီစုတ်အား တန်းဖိုးကြီးသယောင် သတင်းလွင့်ကြံကုန်အံ့။ ဤသို့ သတင်းကြီးလာလျင် ထဘီဟောင်း ဈေးကွက် ပေါ်လာလတံ့။ ရွာရှိ ထဘီဟောင်း တို့ အပေါင်ဆိုင် ရောက်ကုန်လျင် ငါတို့ ICO ခေါ်ထားသော ထဘီ အသစ်များ ဈေးတက်ကုန် လတံ့။ " စသည်ဖြင့် မယ်ကြည်မှာ အခါပေးသောဟူ၏။

ပြည့်စုံခင်ခင်မှလည်း မယ်ကြည်၏ ထဘီသစ် ICO တွင် LG coin ( Lon Gyi Coin ) အတော်များများ ဝယ်ထားသူဖြစ်ရာ ထဘီဟောင်း ဈေးကွက် ပို၍ အုတ်အော် သောင်းနှင်း ဖြစ်စေရန် ရွာခံလူမိုက် သက်ကိုဇော်အား ဘီယာတိုက်၍ အေးမိုမို အပေါင်ဆိုင်မှ ဆရာဒွန် ပေါင်ထားသော တမာရွက် ပြုတ်နံ့ သင်းနေသည့် ထဘီအား ခိုးယူရန် ခိုင်းလေတော့၏။

အကြံပေးသူ မယ်ကြည်၊ အသွားစေခိုင်းသူ ပြည်စုံ ၊ ထဘီခိုးသူ သက်ကိုဇော် ဤ သုံးဦးတွင် သူ့အကြံနှင့်သူ ကိုယ်စီရှိကြ၏။ အစတွင် သက်ကိုဇော်မှ လူမိုက်ဂုဏ် ပျက်သည် ထဘီမခိုးနိုင်ဟု ငြင်းသေး၏။ သို့ သော်မယ်ကြည်မှ သူ၏ အသစ်ထွက်လာမည် ဖြစ်သော ထဘီ တွင် ခေါ်ထားသော ICO မှ LG coin 5000 အား air drop ဖြင့် ချပေးမည်ဆိုမှ သဘောတူလေတော့၏။

ဤသို့ ဖြင့် steemit ရွာတွင် ထဘီဟောင်း ဈေးကွက် အုတ်အော် သောင်းနှင်း ဖြစ်၍ မယ်ကြည်လည်း တချီတည်းဖြင့် အတော်ထောသွားသည်ဟူ၏။ ဤသို့ အကြံပိုင်သော မယ်ကြည် ဖြစ်၏။

02.jpg

ကျွန်ုပ်လည်း မယ်ကြည်အကြောင်း တွေးရင်း ဖြင့် ရွာစွန်တွင် ဖွင့်ထားသော စုလှိုင်၏ ထမင်းဆိုင်သို့ မြန်းလေတော့၏။ စုလှိုင်၏ ထမင်းဆိုင်မှာ steemit ကျေးရွာတွင် အတော် နာမည်ကြီးသော ထမင်းဆိုင်ဖြစ်၏။ အချက်အပြုတ်ကောင်းသော ကြောင့်လော။ မဟုတ်ပါ။ ခွက်ပုန်းလည်း ရသောကြောင့်ဖြစ်၏။

ငပိရည်တို့စရာနှင့် ဝက်သားနှပ် တို့ဖြင့် ထမင်းစားပြီးနောက် တိုင်တွင် ချိတ်ထားသော လက်သုတ်ပဝါ ဖြင့် လက်သုတ် မှ ဆိုင်၏ အပြင် အဆင်ကို သတိထားမိတော့၏။ ထမင်းဆိုင်မှာ သပ်သပ်ရပ်ရပ် နှင့် စားပွဲများတွင်လည်း စာပွဲခင်းများ ဖြင့် သပ်သပ်ရပ်ရပ် ရှိ၏။ စားပွဲခင်း အားလုံးတို့မှာ တရောင်တည်း ဖြစ်၍ အနက်ရောင် ပိတ်စဖြင့် အနားကွပ်ထားသလို ရှိ၍ ထူးဆန်းနေ၏။

စူစမ်းလိုစိတ်တို့ကာ တားမရနိုင် ဖြစ်လာ၍ စုလှိုင်အား မေးရတော့၏။ စုလှိုင်ကာ ရှင်းပြလေပြီ။ " ဪ..... " ဟူ၍ အစချီပြီးလျင် " ကိုဟင် မသိသေးဘူးလား... အဲဒီ စားပွဲခင်းတွေက မယ်ကြည့် ရက်ကန်းရုံက အသစ်ထွက် တဲ့ 3 in 1 ပိတ်စတွေလေ"။ ကျွနုပ်လည်း နားရှုပ်သွား၍ အဘယ်သို့သော 3 in 1 ဖြစ်ကြောင်း ပြန်မေးရ၏။ စုလှိုင်ရှင်းပြမှ မယ်ကြည့် အစွမ်းအား အံ့သြ ဘနန်းဖြစ်ရ၏။

" ဒီလို ကိုဟင်ရဲ့.. ဒီပိတ်စတွေက စားပွဲခင်းလည်း လုပ်လို့ရတယ် ၊ လက်သုတ်ပုဝါ လည်းလုပ်လို့ရတယ် ၊ ထဘီ အဖြစ်လည်း ဝတ်လို့ရတယ်" ဟူလို။ ဆက်၍ ရှင်းပြသည်မှာ " အခု ကိုဟင် လက်သုတ် လိုက်တဲ့ ဟာက မနေ့က ကျွန်မ ဝတ်ထားတဲ့ ထဘီလေ.... ဟော... အခုကျွန်မ ဝတ်ထားတဲ့ ထဘီ ညစ်ပတ် သွား ရင် စာပွဲးခင်း တခု ကောက် ဝတ်လိုက်ရုံပဲ .... အဆင်ပြေချက်တော့"။ မြတ်စွာဘုရား .... steemit ကျေးရွာ၏ တိုးတက်မှုကာ အံ့မခန်း ရှိချေတော့၏။ အဘယ်သို့သော တိုးတက်ခြင်းနည်း။ စုလှိုင်ရှင်းပြသည်ကို နားထောင်ပါလော့ မိတ်ဆွေ။

03.jpg

" အခုလို လက်သုတ်ပုဝါ တွေ စားပွဲခင်း တွေ ထည်လည် သုံးရတော့ တစ်ရှုးတွေ ဝယ်စရာမလိုတော့ဘူး။ ဟော တစ်ရှုးတွေ အသုံးမလိုတော့ရင် သစ်ပင်ခုတ်ပြီး တစ်ရှုးလုပ်တာတွေ သက်သာသွားမယ်။ သစ်တောပြုန်းတီးမှုတွေ နည်းလာမယ်။ သစ်တော ပြုန်းတီးမှု နည်းသွားရင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကနေ ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။ ဒါကြောင့် စာပွဲခင်းလည်း လုပ်၊ လက်သုတ်လို့လည်းရ ထဘီအဖြစ်လည်း ဝတ်နိုင်တဲ့ 3 in 1 အထည်ကို ကျွန်မတို့ steemit တရွာလုံးက သုံးနေကြပြီလေ" ဟူလို။

သဘာဝပတ်ဝန်းကျင်လည်း ကာကွယ်ပြီးသာပေါ့။ ကျွန်ုပ်ကာ ဤ မျှ အစွမ်းထက်သော မယ်ကြည် တယောက် steemit ကျေးရွာတွင် ရှိနေသည်ကို ဂုဏ်ယူမဆုံး ရှိချေတော့၏။ နိုင်ငံတကာ သိပ္ပံပညာရှင် များ အဖြေမရှာနိုင်သေးသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအား အထည်တမျိုးတည်းဖြင့် ဖြေရှင်းနိုင်သော မယ်ကြည်အားလည်း အလွန်လေးစားမိ၏။

ကျွနုပ်အနေဖြင့် ဤ 3 in 1 အထည်စ အား နော်ဝေး နိုင်ငံ အော်စလို မြို့ရှိ နိုဘယ်ဆု ချီးမြှင့်ရေး ကော်မတီတို့ ပို့ရန်လည်း ရည်ရွယ်ထား၏။ အဘယ့်ကြောင့်နည်း။ ဤမျှ အစွမ်းထက်သော မယ်ကြည် နိုဘယ်ဆု ရထိုက်သည် မဟုတ်လော မိတ်ဆွေ။ကျွန်ုပ်လည်း မယ်ကြည့် အကြောင်းစိတ်ဝင်စားလွန်းရကာ သူ၏ ရက်ကန်းရုံသို့ သွားကြည့်ရန် စိတ်အားထက်သန်မိ၏။

စုလှိုင်၏ ထမင်း ဆိုင်မှ ထွက်လာပြီးနောက် မယ်ကြည်၏ ရက်ကန်းရုံသို့ ခြေစကြာဖြန့်လေတော့၏။ ရောက်ပါလေပြီ။ ရက်ကန်း ခတ်သံတို့ကာ အဝေးမှကြားရ၏။ ရက်ကန်းရုံ အဝင်ဝတွင် ကြီးမားသော ဆိုင်းဘုတ် ထောင်ထား၏။ ရှုလော မိတ်ဆွေ။ ဆိုင်းဘုတ်၌ ရေးထားသည်ကာ

" မယ်ကြည့် အစွမ်း ကမ္ဘာ ကိုလွမ်း စေရမည် " ဟူသတတ်။

ကျန်ရှိနေသေးသော Myanmar Steemit ကျေးရွာသူ ရွာသားများ အကြောင်းကို နောက်ဆောင်းပါးတွင် ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ပေးထားတဲ့နာမည်​ကကျ​တော့ ရွာခံလူမိုက်​ကြီးတဲ့​လေ ​ကြောက်​စရာကြီး
သရုပ်​​ဆောင်​ရမှာ​တော့ ထမိန်​ခိုးခန်းတဲ့​လေ

ခေတ်​စမ်းစာ​ပေ=ငသက်​နာပီ

တခါတည်းပါ.... လှည်းသား ၅၀၀ နဲ့

အဟမ်း ကိုဟင် 😁😁 ဒိုဒို ပြောသလို 5in1 6in1လောက်အဆင်ပြေအောင် တီထွင်နိုင်ရမေ🤔🤔ဒါမ airdrop အမီလိုက်နိုင်မာမလား

မယ်ကြည့် အစွမ်း ကမ္ဘာကိုလွမ်စေရမည်။ တိုးတက်ခေတ်မှီသူတိုင်း 3 in 1 အထည်ကို ဝတ်ဆင်ကြသည်။

ငှင့်​ ၆၆ဃ ကြီးနဲ့ညိတယ်​ ဒို့ရွာသူကြီး
အပျိုကြီး မယ်​ကြည်​ကိုထိတာ အဟိ

အဲဒါပြောမလို့... ငပိကြော်နံ့ ရပါတယ်လို့

ကျွန်တော် ပြောတာ အရေး ပါလား မပါလား တော့ မသိဘူးဗျာ
ပတ်ဝန်းကျင်ကို ပါတ်ဝန်းကျင်လို့ ရေးထားတာရယ်
ကျွန်ုပ် ကို ကျွနုပ် လို့ရေးထားတာရယ်ပါ
ကျန်တဲ့ စာလုံးပေါင်းကို တော့ သိလျက်နဲ့ မှားတယ် လို့ပဲ ယူဆပါတယ်။ ပညာရှိ သတိဖြစ်ခဲပေါ့ 👍
@aggamun

ကျေးဇူးအများကြီးတင်ပါတယ်... ပြင်လိုက်ပါပြီ။ ကျန်တဲ့ အမှားများလည်း ထောက်ပြပါအုံး။ အမှားသိရပြီး အမှန်ပြင်လိုက်တော့ နောက်တခါ မမှားတော့ဘူးပေါ့။

ဝမ်းသာလိုက်တာဗျာ ပြောသာပြောရတယ် စိတ်ဆိုးသွားမလား စိတ်ပူတယ်ဗျာ ကျေးဇူးတင်ပါတယ်ဗျ ကျွန်တော်ကိုလည်း အမြင်မတော်ရင် ပြောပေးပါဦး 👍

တော်သေးတာပေါ့လေ 5 in 1 တွေ 6 in 1 တွေဆို ခြုံလဲအိပ်လို့ရ ခေါင်းဦးဖုန်းလဲဖြစ် လိုက်ကာစလဲ ဖြစ် အစုံဖြစ်နေမယ် ။

3 in 1 ဆိုရင် ရပါပြီ။ ကျန်တာကတော့ ကိုယ့်ဟာကို အဆင်ပြေသလို ကြည့်သုံးပေါ့။

အော်ဒါတင်ထားပါလား ဒိုမီ

စုလှိုင် ထမင်းဆိုင်မှာ ခွက်ပုံး ဝင်ကစ်ပြီး မိန်းမ ဖို့ လုံခြည် တစ်ထည်လောက် ဝယ်ဖို့ 3in1 မယ်ကြည် ရက်ကန်းရုံ ဝင်ဦးမှပါလေ...

LG Coin လေးပါ ဝယ်သွားပါအုံး...

ထမိန် တထည်က စတဲ့ဇာတ်လမ်း၊ ခုတော့ မကြည် နိုဘယ်ဆုရဖို့ ဖြစ်လာခဲ့ပြီပေါ့ဗျာ။ ဒါနဲ့ ကိုဟင် ထမိန် ခိုးခန်းကိုတော့ ဝေဝေဆာဆာနဲ့ ခမ်းခမ်းနားနား ဖော်ပြသင့်တယ်။ မည်သို့ မည်ပုံ ဆိုပြီးပေါ့။ ဒါမှ ရွာခံ လူမိုက်ရဲ့ သူမတူတဲ့ စွမ်းရည်ကို မြင်ရသိရမယ် ထင်ပါ့။
စကားမစပ် LG coin လေး Airdrop ပေးရင်လည်း လက်တို့ပေးပါဦးလို့ မယ်ကြည်ကို ပြောပေးပါလေ။

ခေတ်​စမ်းဆိုလိုက်​တာနဲ့ ငသက်​နာပီပဲသိ​တော့တယ်​ဗျို့

အဟမ်း အဟမ်း LG air drop တဲ့နော့😁😁

ကသက်က လူကြမ်းမင်းသားဆိုတော့ နေရာစုံ သရုပ်ဆောင်နိုင်တယ်လေ.... နောက်တခါကြရင် ထဘီခိုး ခန်း အသေးစိတ်ရေးပေးပါ့မယ်။

3 in 1 မယ်ကြည်အစွမ်း လွှမ်းချက်က လန်းထွက်သဟ

အစွမ်းထက်သော မယ်ကြည်ပါဆို။

ချီးမွှမ်းအမွန်းတင်ပုံတော်ပါပေသည်

ကျေးဇူးအများကြီးတင်ပါတယ်..

ဒါမှ တို့မမကြည်​ ကွ ဟီးဟီး

မယ်ကြည့် အစွမ်း ကမ္ဘာကိုလွမ်စေရမည်။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28