ကျွန်တော် ပြောသော စင်္ကပူ - အပိုင်း ( ၂၉ ) ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ စင်္ကပူ လုပ်ငန်းခွင် အကြောင်း ဆက်ပါအုံးမည်။ ကျွန်တော့ ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း ကျွန်တော် အစားသောင်းကျန်း၍ စင်္ကပူ နိုင်ငံတွင် ဆေးရုံတက်ခဲ့ရပါသည်။ အများအားဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတို့မှာ ဆေးရုံ တက်ရန် အင်မတန်ဝန်လေး ကြပါသည်။

လက်ရှိ စင်္ကပူ နိုင်ငံ၏ ဆေးရုံ ဝန်ဆောင်မှုအား ဗဟုသုတ ရစေရန် အနည်းငယ် ဖေါ်ပြပေးလိုပါသည်။ စင်္ကပူ နိုင်ငံတွင် သာမန် ထိခိုက်ရှနာ ၊ ဖျားနား ခြင်းအတွက် ဆေးခန်းများ သွားနိုင်သော် လည်း အရေးပေါ်အခြေအနေများ ၊ ကူးစက်ရောဂါများ ဆိုလျင်တော့ ဆေးရုံးသို့သာ တန်းသွားရပါသည်။

အရေးပေါ်အခြေအနေဟု ဆိုရာတွင်လည်း မိမိမှာ လူနာတင်ယျဉ် ခေါ်လိုက်ရုံသာ။ စင်္ကပူရှိ လူနာတင်ယျဉ်များမှာ ၅ မိနစ်အတွင်းရောက်လာလေ့ရှိသလို အလွန်ဆုံးကြာလျင် ၁၅ မိနစ်ခန့်သာ ဖြစ်ပါသည်။ လူနာမှ အရေးပေါ် လူနာတင်ယျဉ် မှာ လိုက်ပြီ ဆိုသည်နှင့် control center မှ လူနာနှင့် အနီးစပ်ဆုံး သော မီးသတ်ဌာန ၊ သို့ မဟုတ် လူနာတင်ယျဉ် Servic ပေးသော ဌာနများသို့ မည်သည့်နေရာ မည်သည့်လိပ်စာ ဆက်သွယ်ရန် ဖုန်း စသည်တို့ နှင့်တကွ အကြောင်းကြားလိုက်ပါသည်။

များသော အားဖြင့် မီးသတ်ဌာနမှ လူနာတင်ယျဉ်များ ရောက်လာလေ့ရှိပါသည်။ စင်္ကပူ နိုင်ငံရှိ မီးသတ်ဌာနများမှာ မီးသတ်ကား များသာမက လိုအပ်လျင် အရေးပေါ်အခြေအနေမှ လူနာများအား အကူအညီပေးနိုင်ရန် ဆေးအကူများနှင့် လူနာတင်ယျဉ်များ စသည်တို့ကိုပါ တွဲဖက် ပေးထားပါသည်။

ဆိုခဲ့သည့် အတိုင်း ထိုလူနာတင်ယျဉ်မှ လူနာ လက်ခံလိုက်သည်နှင့် paramedic ခေါ် ဆေးအကူများက နီးစပ်ရာ ဆေးရုံ၏ အရေးပေါ်ဌာန များအား ဆက်သွယ်လိုက်ပါသည်။ ICU ခေါ် ( Intensive Care Unit ) တွင် အရေးပေါ်လူနာများ များပြားနေ၍ ဆရာဝန်သူနာပြုများ အလုပ်ရှုပ်နေကြလျင် အခြားသော ဆေးရုံ၏ ICU သို့ ထပ်မံဆက်သွယ်ကြရပါသည်။

01.jpg

ဆေးရုံသို့ သွားရာ လမ်းတလျှောက်တွင်လည်း အကြောင်းကြောင်းကြောင့် ကားလမ်းပိတ်နေလျင်လည်း ကိစ္စမရှိပါ။ ဥသြဆွဲ သံပေး၍ အရေးပေါ်မီးများ ဖွင့်၍ မောင်းလာသော လူနာတင်ယျဉ်များ ၊ ရဲကားများအား လမ်းပေါ်ရှိ အခြားသော ကားများက အလိုက်တသိ လမ်းဖယ်ပေးကြပါသည်။

ကားလမ်းပိတ်နေလျင်လည်း ပိတ်နေသောကားများက အတတ်နိုင်ဆုံး ဘေးကပ်ပေးခြင်းဖြင့် အရေးပေါ် လူနာတင်ယျဉ် အတွက် လမ်း ရှင်းပေးကြပါသည်။ ကျွန်တော် တက်ခဲ့ရသော ဆေးရုံအကြောင်း ဆက်ပါအုံးမည်။ ထိုဆေးရုံမှာ စင်္ကပူ အမျိုးသား တက္ကသိုလ် ဆေးရုံ ( National University Hospital ) ဖြစ်ပါသည်။

ကျွန်တော်နေရသော အခန်းမှာ A- class အထူးခန်း ဖြစ်ပါသည်။ စင်္ကပူ နိုင်ငံ၏ ဥပဒေတွင် နိုင်ငံခြား အလုပ်သမားများ အထူးသဖြင့် WorkPermit Holder ဟု ခေါ်သော General Worker များ ဆေးရုံ တက်ရလျင် အထူးခန်း A-class တွင်သာ ထားလေ့ရှိပါသည်။ စင်္ကပူ နိုင်ငံတွင် အလုပ်လုပ်သော အလုပ်သမား ကဒ်လေးမျိုးရှိပါသည်။

WP ခေါ် work permits holder , S-pass holder ခေါ် Skill workers ၊ EP ဟု ခေါ်သော Employments pass နှင့် PR ဟု ခေါ်သော Permanent Residence ဟု ခေါ်သော အမြဲတမ်း နေထိုင်ခွင့်ရ ကဒ်တို့ ဖြစ်ပါသည်။ Work Permit Holder များမှာ အများအား ဖြင့် General Worker များ ဖြစ်၍ အလုပ်ရှင်မှ နေထိုင်ရေး ၊ စားသောက်ရေး စသည်တို့ အားလုံး တာဝန်ယူပေးရပါသည်။ S-Pass Holder နှင့် အထက် မှာ နေရေး ၊ စားသောက်ရေး အတွက် အလုပ်ရှင်မှ တာဝန်ယူပေးရန် မလိုအပ်ပါ။

02.jpg

ဆက်ပါအုံးမည်။ ထို အချိန်တုန်းကတော့ ကျွန်တော့အနေဖြင့် Supervisor ဖြစ်နေပြီ ဖြစ်သော်လည်း Work Permit Holder အဖြစ်သာ ရှိနေပါသေးသည်။ ဆေးရုံး အတွင်းရှိ A-class အခန်းမှာ 4 star အဆင့်ရှိ hotel ခန်းလောက် ကောင်းမွန်ပါသည်။ မွေ့ယာ အကောင်းစားနှင့် ၊ TV နှင့် aircon ခန်း ( အခြားသော အခန်းများတွင်လည်း aircon ပါပါသည်) နှင့် ဟော်တယ် တက်နေရသကဲ့သို့သာ။ NUH ဆေးရုံတွင် A-class , B1- class , B-2 class နှင့် C class ဟူ ၍ အခန်း အစားစား ရှိပါသည်။

A- class မှာ တယောက်ခန်း ဖြစ်၍ B1 မှာ လူနာ ၄ ယောက် ခန်း ဖြစ်ပါသည်။ B2 မှာ လူနာ ၆ ယောက်ခန်း ဖြစ်၍ C class မှာ လူနာ ၈ ယောက်ခန်း ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း နံနက်စောစော ဆေးသောက်ပြီး နောက် ပြန် အိပ်ပျော်သွားပြီး နံနက် ၁၁နာရီ ကျော်ခန့်တွင် ပြန်နိုးလာပါသည်။ ဆရာဝန်လာကြည့် ပြီးနောက် သက်သာသွားပြီ ဖြစ်ကြောင်း ကောင်းကောင်း အနားယူရန် ပြောသွားပါသည်။

ထို့နောက် Nurse မလေးမှ အစားအသောက် မှာပေးပါသည်။ ကျွန်တော့ အထင် ဝက်အသည်း အား ပဲသီးဖြင့် ကြော်ထားသော ဟင်းနှင့် ပန်းဂေါ်ဖီစိမ်း ၊ မုန်လာ ဥနီနှင့် ဟင်ချိုတို့ ဖြစ်ပါသည်။ ဓါတ်ဆား လိမ္မော်ရည် တိုက်ပါသည်။ ထို့ နောက် ဆေးသောက်ပြီး ပြန်အိပ်ပျော်သွားခဲ့ပါသည်။

ညနေ ၃ နာရီ ခန့်ထိုးသော အခါ တခေါက်နိုးလာပါတော့သည်။ ဆရာဝန်လာကြည့်၍ သက်သာသွားပြီး ဖြစ်ကြောင်း အဖျားမရှိတော့ကြောင်းနှင့် သွေးပေါင်ချိန်တို့ ပုံမှန် ဖြစ်သွား ပြီ ဖြစ်ကြောင်း ရှင်းပြပါသည်။ ထို့ နောက် ဆေးရုံတွင် ထပ်မံ အနားယူလိုက တရက် အနားယူနိုင်ကြောင်းနှင့် ဆေးရုံမှ ဆင်းလိုလျင်လည်း ဆင်းနိုင်ပြီ ဖြစ်ကြောင်း ရှင်းပြပါသည်။

03.jpg

ကျွန်တော်လည်း လန်းလန်း ဆန်းဆန်း ဖြစ်လာပြီ ဖြစ်၍ ဆေးရုံမှ ဆင်းလိုကြောင်း ပြောသော အခါ ကျွန်တော့ အဝတ်အစားများ ထုတ်ပေးပါသည်။ ထို့ နောက် Nurse မလေးမှ ဆေးများ ထုတ်ယူရန် ကောင်တာသို့ ခေါ်သွားပါသည်။ သောက်ဆေးများ ထုတ်ယူပြီးသောအခါ ကောင်တာမှ စာရေးမလေးအား ဆေးရုံစရိတ် မည်မျှကျသင့်ကြောင်း မေးသောအခါ အံ့သြရပါတော့သည်။

တပြားမှ ပေးရန်မလိုကြောင်း ကျသင့်ငွေအား ရုံးသို့ ပို့လိုက်မည် ဖြစ်ကြောင်း ရှင်းပြပါသည်။ ထို့ နောက် ကျွန်တော်လည်း အသင့်စောင့် နေသော Taxi ပေါ်တက်၍ အဆောင်သို့ ပြန်လာခဲ့ပါတော့သည်။ အမှန်တော့ ဆေးရုံမှ ကျသင့်ငွေအား ရုံးသို့ ပို့လိုက်လည်း ရုံးမှ ပေးဆောင်ရန် မလိုပါ။ ကျွန်တော်တို့ Work Permit Holder များ အတွက် ကျန်းမာရေး Medical Insurance မဖြစ်မနေဝယ်ယူထားရသဖြင့် အာမခံ ကုမ္ပဏီ များက ကျွန်တော် ဆေးရုံတက်သော စရိတ်အား ပေးဆောင် ပေးကြပါလိမ့်မည်။

သို့ မဟုတ် ရုံး မှ ပေးဆောင်လိုက်လည်း အာမခံ ကုမ္ပဏီ သို့ ကျသင့်သောငွေ ထပ်မံ တောင်းခံနိုင်ပါသည်။ အဆောင်သို့ ရောက်သောအခါ အတူနေ သူငယ်ချင်းများက " ကိုကချင် ညက အဆောင်မှာ ပြန်မအိပ်ဘူး ဘယ်သွားအိပ်နေသလဲ " ဟူ၍ မေးကြပါသည်။ အကြောင်းမှာ ကျွန်တော် ဆေးရုံသွားတက်နေကြောင်း ဘယ်သူမှ မသိလိုက်ကြ၍ ဖြစ်ပါသည်။

ဆိုလိုသည်မှာ စင်္ကပူ နိုင်ငံတွင် အင်္ဂလိပ်စကား လည်လည် ဝယ်ဝယ်ပြောနိုင်လျင် မည်သူ့ကို မျှ အားကိုးနေရန် မလိုအပ်ပါ။ စည်းစနစ်ကျသော တိုင်းပြည် ဖြစ်သဖြင့် စည်းစနစ်များကို လိုက်နာသွားလျင် နေထိုင်သွားလာရ အလွန်လွယ်ကူသော တိုင်းပြည် ဖြစ်ပါသည်။

04.jpg

ဤ ဆေးရုံတက်ရသော အဖြစ်နှင့် ပါတ်သက်၍ မြန်မာပြည် ၏ ဆေးရုံ စနစ် အား ယျှဉ်ကြည့်မိပါသည်။ မြန်မာပြည်တွင် သေလုမျှောပါး ဝမ်းလျှောနေသောသူ တယောက်တည်း ဆေးရုံ သွားတက်ကြည့်လျင် မည်သို့ ဖြစ်မည် မသိသော်လည်း ကူဖေါ်လှောင်ဖက် အဖေါ်တယောက် ၊ လူနာစောင့် မပါပဲ ဆေးရုံတက်၍ မရသည်ကတော့ သေချာပါသည်။

ကျွန်တော် စင်္ကပူတွင် ဆေးရုံ တက်ရသည်မှာ တကြိမ်တည်း မဟုတ်ပါ။ ၂ ကြိမ် ဖြစ်ပါသည်။ ၂ ကြိမ် စလုံး အစား အသောက် သောင်းကျန်း၍ အစာ အဆိပ်သင့်ပြီး ရောက်ရခြင်း ဖြစ်ပါသည်။ ဒုတိယ အကြိမ်မှာ ဝက်သာ တုံယမ် ဟင်းချက် ၊ ဝက်ကလီစာ သုပ် ၍ ဘီယာနှင့် မြည်းသောကြောင့် ဝမ်း သွားရခြင်း ဖြစ်ပါသည်။ နောက်တကြိမ် တက်ရသော ဆေးရုံမှာ Tan Tok Seng Hospital ဖြစ်ပါသည်။ ပထမ အကြိမ်ကဲ့သို့ လူနာတင်ယျဉ်ဖြင့် ရောက်သွားရခြင်း ဖြစ်ပါသည်။

ဆက်လျက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

မြန်မာပြည်မှာ ဆေးရုံတတ်ရသည်ကတော့ တိုလီမုတ်စကရိကထ များလှသည်မက Treatment ပိုင်းလည်း စေတနာ နည်းကြပေသည်တကား

Posted using Partiko Android

တဖြည်းဖြည်းတော့ ကောင်းလာပါလိမ့်မယ်.... တနေ့နေ့ပေါ့

စလုံးနှင့်မြန်မာ ကျန်းမာကုသ ကွာခြားလှ၏

Posted using Partiko Android

စနစ်ကြောင့်မို့ ကွာသွားတာပါ။ ကောင်မွန်တဲ့ စနစ်။

မြန်မာပြည်က ဆေးရုံနဲ့တော့ အကွာကြီး ကွာတာဘဲ ကိုဟင်ရေ ဘယ်တော့များမှ ကျန်းမာရေး ပညာရေးနိုင်ငံတကာ အဆင့်မီမယ် မပြောတက်

အစ်ကိုတို့ သားသမီးလက်ထက်တော့ ကောင်းမယ်လို့ ထင်ပါတယ်။

တရက် ထပ်နေ လိုက်ရမှာဗျာ။ Nurse မလေး ချောတယ်ဆို။
အစား သောင်းကျန်း တယ် ဆိုတာထက် Nurse မလေးတွေ ထပ်ကြည့်ချင်လို့ နောက်တခေါက် ဆေးရုံသွားတာ မလား ....
😂

Nurse မလေး ကြည့်ချင်ရင် ဆေးရုံတက်စရာ မလိုပါဘူး ကိုဒွန် ၊ ဆေးရုံ အပေါက်ဝ ငုတ်တုတ်ထိုင်နေလည်း မြင်ရပါတယ်။ အတင်းခေါ်ပြီး ဆေးထိုးလွတ်ရင်တော့ မပြောတတ်ဘူး။

အင်္ဂလိပ်စကားလေးက တခြားနိုင်ငံမှာ အတော်ထိရောက်တာနော် လူငယ်တွေအတွက် လေ့လာလိုက်စားသင့်ကြောင်း နမူနာလေးပ

အများကြီး ပြောတတ်စရာမလိုဘူး ကိုထွေး။ Broken English လောက်ဆိုရင်ပဲ စင်္ကပူ မှာ သွားလာလို့ ရပါပြီ။

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62432.37
ETH 3003.22
USDT 1.00
SBD 3.78