Crossing the Rubicon ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် cryptocurrency ဟု ခေါ်သော အနာဂါတ်ငွေကြေးနည်းပညာ အကြောင်းကို အများကြီးနားမလည်သေးသော်လည်း ဤ ငွေကြေးနှင့်ပါတ်သက်ပြီး လာမည့် အနာဂါတ်တွင် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို အချိန်ရှိတိုင်းတွေးတောနေခဲ့မိပါသည်။ ဤ ဆောင်းပါးမှာ cryptocurrency အကြောင်းရေးသားရန် မဟုတ်သော်လည်း blockchain ဟူသော နည်းပညာဖြင့် လက်ရှိကာလတွင် အကျိုးကျေးဇူးရှိနေသည်များကို ဖေါ်ပြလိုရင်း ဖြစ်ပါသည်။

Bitcoin အနေဖြင့် ယခုကဲ့သို့သော အောင်မြင်သော ငွေကြေးတရပ် အဖြစ်ရပ်တည်နိုင်ရန် အချိန်ကာလတခုကို ကျော်ဖြတ်ခဲ့ရပါသည်။ ထို့အတူ Ethereum နှင့် NEO အစရှိသော ငွေကြေးများကလည်း USD ပြား ဂဏန်းကာလတခုကို ကျော်ဖြတ်ခဲ့ကြရပါသည်။ ဤကဲ့သို့ ခက်ခဲသော ကာလတခုကို ကျော်ဖြတ်ခဲ့ပြီးကြ၍ လက်ရှိအချိန်တွင် အဖိုးတန်သော ငွေကြေးအဖြစ်ရပ်တည်နေကြပြီ ဖြစ်ပါသည်။

လက်ရှိ ကျွန်တော်တို့ ဆောင်းပါးရေးနေသော ဤ steemit Platform သည်လည်း သူ၏ ခက်ခဲသောကာလတခုကို ဖြတ်ကျော်နေဆဲ ဖြစ်ပါသည်။ နည်းပညာများကတော့ဖြင့် ပြောင်းလည်း တိုးတက်နေမည် ဖြစ်ပါသည်။ သို့သော် ထိုတိုးတက်ပြောင်းလည်းလာသော နည်းပညာများအလိုက် အသုံးပြုသူကျွန်တော်တို့ လိုက်ပါ မပြောင်းလည်းနိုင်လျင် အခြားသူများ၏ နောက်တွင် ကျန်ရစ်နေခဲ့မည်သာ ဖြစ်ပါသည်။

လက်ရှိ ကျွန်တော်တို့ MSC သည် တနှစ်သား အရွယ်တို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကုန်လွန်ခဲ့ပြီးသော တနှစ်တာ ကာလအား နောက်လှည့် ကြည့်လိုက်လျင် ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ အချိန်များမှာ မျက်စိတမှိတ်အတွင်း ဖြစ်ပျက်သွားသကဲ့သို့သာရှိပါသည်။ အဆင်မပြေမှုများ ၊ အခက်အခဲများ ရှိခဲ့ကြသလို ပျော်စရာကောင်းသော ၊ စိတ်ချမ်းသာဖွယ်ကောင်းသော အခိုက်အတန့်များကိုလည်း ကျော်ဖြတ်ခဲ့ကြရပါသည်။

001.jpg

ကျွန်တော်တို့၏ Admin team ကို အကြိမ်ကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြရသကဲ့သို့ MSC chat group များအားလည်း ဘယ်နှစ်ကြိမ် အသစ်ပြန်ဖွဲ့ခဲ့ကြသည်ကိုပင် မမှတ်မိနိုင်တော့ပါ။ ဆိုခဲ့သည့် အတိုင်း ဤ တနှစ်တာကာလအား ကျော်လွန်ခဲ့ပြီးနောက် မိမိတို့ အကောင့်အား ပြန်ကြည့်လိုက်သောအခါ အချို့ က SP 1000 ရောက်သွားကြသလို အချို့က 500 ,300 စသည်ဖြင့် အသီးသီး ရှိနေကြပါသည်။

ဤ SP 100 , 500 , 1000 ဟူသော အတိုင်းအတာမှာ မိမိ ဤ steemit platform ပေါ်တွင် မည်သို့ မည်ပုံ ဖြတ်သန်းခဲ့ကြသည်နှင့် အများကြီးသက်ဆိုင်ပါသည်။ နည်းပညာ၏ အကျိုးကျေးဇူးဟူသော အကြောင်းအရာအား ဆက်ပါအုံးမည်။ ကျွန်တော့ အနေဖြင့် ဤ steemit platform အား အများကြီး မျှော်လင့်ထားသည်ကို MSC member တိုင်းက သိပြီးဖြစ်ပါသည်။

အလွယ်ကူဆုံး နှင့် အရိုးရှင်းဆုံး ပြောရလျင် ဘယ်ကမှန်းမသိ ၊ တကယ်မရှိသော ၊ ထိတွေ့ကိုင်တွယ်၍ မရသော ၊ ကိန်းဂဏန်း အနေဖြင့်သာရှိနေသော ဤ အရာများအား ကိုင်တွယ် သုံးစွဲ၍ ရသော ငွေကြေးတရပ်အဖြစ် ပြောင်းလည်း အသုံပြုနိုင်သည်ဟု ပြောပြလျင် လူ အယောက် ၁၀၀ တွင် ၇၀ လောက်က ကျွန်တော့အား ရူးနေသူဟု ယူဆကြပါလိမ့်မည်။

တကယ်လည်း အရူးဟု အပြောခံခဲ့ရပါသည်။ သို့သော် ယုံကြည်ချက်တခုဖြင့် ဇွဲရှိရှိကြိုးစားလိုက်သောအခါ အသီးအပွင့် အချို့အား မြင်တွေ့နေကြရပြီ ဖြစ်ပါသည်။ MSC အနေဖြင့် လွန်ခဲ့သော တနှစ်တာ အတွင်း တဦးချင်းစီမဟုတ်ပဲ အဖွဲ့အစည်းအနေဖြင့် ဟန်ချက်ညီညီ လှုပ်ရှား လိုက်သောအခါ အောက်ပါ အကျိုးကျေးဇူးများကို ရရှိခဲ့ပါသည်။ အမည်နာမများကို မဖေါ်ပြလို၍ အင်္ဂလိပ် စာဖြင့်ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ ငွေပမာဏ အရေအတွက်မှားလျင် ကျွန်တော်အမှတ်မှား ခြင်းသာဖြစ်၍ ပြန်လည်တည့်မှတ်ပေးစေလိုပါသည်။

002.jpg

  1. Donation to the students of a village which far from urban area ( 150000 Kyat )
  2. Donation to the new monastery ( 250000 Kyat )
  3. Donation to the mother of a member who need help for hospital bill ( 50000 kyat )
  4. Donation to the mental hospital ( 390000 kyat )
  5. Donation to the monastery for Nobel offering food ( 100000 kyat )
  6. Donation to the building of new bridge ( 226700 kyat )
  7. Donation to the father of a member who need help for hospital bill ( 265000 kyat )
  8. Donation to the building of library ( 91000 kyat )
  9. MSC one year anniversary gathering ( 500000 kyat )

ဤ မြန်မာငွေ သိန်း၂၀ ဟူသော ပမာဏသည် တနှစ်သား အရွယ်ရှိသော MSC အတွက်တော့ အတော်အတန်များနေပြီ ဖြစ်သောပမာဏ ဖြစ်ပါသည်။ ထိုထုတ်ယူသုံးစွဲ ပြီးသော ငွေပမာဏ များအပြင် လက်ရှိ ကျွန်တော်တို့၏ MSC bank account ထဲတွင် အရံလက် ကျန်ငွေသား ၄ သိန်းရှိ နေပါသေးသည်။ ကျွန်တော် ၏ ယခင်ဆောင်းပါးများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည့် အတိုင်း ဤ steemit platform ပေါ်တွင် အဖွဲ့အစည်းဖြင့် ဟန်ချက်ညီညီ လှုပ်ရှား ခြင်းဖြင့် အကျိုးအမြတ်များ ထုတ်ယူကြနိုင်ရန် ဟူသော အချက်မှာ အထက်တွင် ဖေါ်ပြထားသော ရလဒ်များက သက်သေဖြစ်ပါသည်။

အကူအညီလိုအပ်နေသော နေရာများအား တလုံးတခဲတည်း အကူအညီမပေးနိုင်သော်လည်း အုပ်တချပ် သဲတပွင့် အဖြစ်တော့ ပါဝင်နိုင်ခဲ့ပါသည်။ ဤ သိန်း၂၀ ဟူသော ငွေကြေးအား အင်တာနက်မှ ထုတ်ယူခဲ့ကြသည်မှာ ယုံတမ်းစကားမဟုတ်ပါ။ Member တို့၏ 1 Steem , 1 SBD ဟူသော အရာများအား စုထားခြင်းဖြစ်ပါသည်။ ထို့အတူ အကူအညီ၏ အရေးကြီးခြင်း ၊ အရေးပါခြင်းသည် အကူအညီလိုအပ်နေသူသာ ပို၍ နားလည်နိုင်ပါသည်။

ဆိုခဲ့သည့် အတိုင်း ဤ platform ပေါ်မှ သိန်း၂၀ ဟူသော ငွေကြေးထုတ်ယူနိုင်ရန်း စွမ်းဆောင်ခဲ့ကြသူများမှာ ကျွန်တော်တယောက်တည်းမဟုတ်ပါ။ Members များကိုယ်တိုင်ဖြစ်ပါသည်။ ထို Members များကလည်း SP 10000 ကျော်သူများချည်းသာလော။ မဟုတ်ပါ။ အထက်တွင် ကျွန်တော် တင်ပြထားသကဲ့သို့ SP 300 , SP 500 အစရှိသူများသာ ဖြစ်ပါသည်။

ကျွန်တော်၏ မျှ ရေးပြရလျင် ဤ steemit Platform ၏ အကျိုးများမှုကို မြင်နိုင်မည်ဟုယူဆပါသည်။ အနည်းငယ်ဖြည့်စွက်တွေးကြည့်ပါ။ အကယ်၍ Member တိုင်း ၏ SP က ၅၀၀၀ အထက်တွင် ရှိနေမည်။ ပြင်ပ ဈေးကလည်း USD $10 ခန့်တွင်ရှိနေမည် ဆိုလျင် MSC အနေဖြင့် မည်မျှလောက် အကျိုးအမြတ်ထုတ်ယူနိုင်မည်ကို မှန်းဆ ကြည့်စေချင်ပါသည်။

003.jpg

မိုင်၁၀၀၀ အကွာအဝေးရှိသော ခရီးအား ပထမဆုံးခြေလှမ်းဖြင့် စတင်ရသလို ၊ ငွေတသိန်း ဟူသော ပမာဏ အတွက် တကျပ် ဟူသော အရာမှ စတင်ကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့ အနေဖြင့် စိတ်ပျက် အားပျော့ လာနေကြပြီ ဖြစ်သော Member များအား အားပေးလိုသည်မှာ ကျွန်တော်တို့၏ အခွင့်အရေးသည် နောက်ထပ် ၅ လသာကျန်ပါတော့သည်။ ထပ်မံ၍ သတိပေးပါမည်။ Steem ဈေးတက်လေ SP စုရ ခက်လေဖြစ်ပါသည်။

အခြေအနေတခုရောက်လျင် မိမိတဦးချင်စီသာမက အဖွဲ့အစည်းအတွက်ပါ အကျိုးများမည် ဖြစ်သော ဤ steemit Platform အားယုံကြည်မှုတခုထားစေချင်ပါသည်။ ဆောင်းပါးအစပိုင်းတွင် ဖေါ်ပြခဲ့သော နည်းပညာ၏ အကျိုးကျေးဇူး ဆိုသည်ကို members များသိလောက်ပြီဟုယူဆပါသည်။

ဤ steemit platform နည်းပညာသည် လက်ရှိ အချိန်တွင် သူ၏ အကောင်းဆုံးသော ပုံစံသို့ ရောက်ရှိရန် အခက်အခဲကာလတခုအား ရင်ဆိုင်လျက်ရှိပါသည်။ ထို့အတူ ဤ platform အားမှီခို နေကြသော တနည်းအားဖြင့် အသုံးပြုနေကြသူများကလည်း အနည်းနှင့် အများ ထိုအခက်ခဲ၏ ရိုက်ခတ်မှုကို ခံရမည်သာ ဖြစ်ပါသည်။

အခက်အခဲတွေ့တိုင်း အားပျက်သွားကြသူတို့မှာ စိတ်အားပျော့ညံ့သူများသာ ဖြစ်ကြ၍ အောင်မြင်မှုဟူသည်မှာ ထိုသူများနှင့် ဝေးဝေးတွင်သာ နေလေ့ရှိပါသည်။ ဤလမ်းခရီးတွင် ကျွန်တော်တို့ အကြိမ်ကြိမ် ချော်လဲကြပါလိမ့်မည်။ ကိစ္စမရှိပါ။ ချော်လဲတိုင်း ပြန်ထ နိုင်ဖို့သာ အရေးကြီးပါသည်။ လွန်ခဲ့သော တနှစ်သာအတွင်း ပျော်ရွှင်ဖွယ်ကောင်းသော USD $7 ဟူသော အခြေအနေတွင် သာယာပျော်ရွှင်ခဲ့ကြသလို့ USD$ 0.9 ဟူသော အခြေအနေတွင် လည်း စိတ်ပျက်မနေရန် အလွန်အရေးကြီးပါသည်။

004.jpg

အချုပ်ဆိုရလျင် အခြားသော on line ငွေရှာကြသော အဖွဲ့အစည်းများက မည်သို့ အကျိုးအမြတ်ရရှိအောင် လုပ်ဆောင် နေကြသည်ကို ကျွန်တော်မသိပါ။ စိတ်လည်း မဝင်စားပါ။ ကျွန်တော်၏ ရည်မှန်ချက်သည် ဤ steemit platform နှင့် MSC အပေါ်တွင်သာရှိ၍ ကျွန်တော်၏ စိတ်အာရုံများကလည်း အချိန်ပြည့် နီးပါး MSC နှင့် Steemit Platform အပေါ်ကို မြုပ်နှံထားပါသည်။

အဘယ်ကြောင့်ဆိုသော် ဤ steemit platform ဖြင့် မြန်မာလူမျိုးအားလုံးတို့၏ ဘဝကို မပြောင်းလည်း ပေးနိုင်တောင် ယုံကြည်သူ အချို့၏ ဘဝကိုတော့ ပြောင်းလည်းပေးနိုင်ကြောင်း ကျွန်တော်ယုံကြည်ထား၍ ဖြစ်ပါသည်။ ယုံကြည့်သည့် အတိုင်းလည်း တစိုက်မှတ်မှတ် အကောင်ထည်ဖေါ်လျက်ရှိပါသည်။ ဤဆောင်းပါးအား ကျွန်တော် အလွန်သဘောကျသော ကဗျာ စာကြောင်းလေး တခုဖြင့် အဆုံးသတ်ချင်ပါသည်။

" For men may come and men may go, But I go on for ever "

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ယုံကြည်မှုနဲ့ရှေဆက်ဖို့အားယူနေဆဲပါ. 😊

အားပေးပါတယ်.... အရမ်းနောက်မကျသေးခင် အရှိန်ရစေဖို့ ပိုကြိုးစားစေချင်ပါတယ်။

Leader ရဲ့အားပေးစကားကြောင့် အားရှိရပါသည်

ကျေးဇူးတင်ပါသည်။

သားတို့ MSC နဲ့အတူ သားလဲအောင်မြင်ပါစေ

ကျေးဇူးအများကြီးတင်ပါတယ် အန်တီ

ပုံမှန်‌‌လေးလုပ်‌‌နေရင်‌ကို ဖြစ်‌ပါတယ်‌ ။အထူးတလည်‌ကြိုးစားစရာမလို‌အောင်‌ ဆရာတို့က လမ်း‌ဖောက်‌ထားတာပါ။ကျွန်‌‌တော်‌လည်းဒီလမ်းသမိုင်းမှာ ပါချင်‌လို့ အုတ်‌တစ်‌ချပ်‌ သဲတစ်‌ပွင့်‌ ဖြစ်‌ ဖြစ်‌ လုပ်‌အား‌ပေး‌နေပါတယ်‌ ။‌နောင်‌တစ်‌ချိန်‌ ဒီလမ်းကြီး မြင်‌တိုင်း ပီတိ ဖြစ်‌ချင်‌လို့ပါ။အားလုံးကိုယ်‌စား ကိုဟင့်‌ကို ‌ကျေးဇူးအထူးတင်‌ပါတယ်‌။

တကယ်တော့ ဒီလမ်းပေါ်လျှောက်ရင်း တဝက်တပျက်နဲ့ လမ်းပျောက်သွားကြသူများကိုယ်စား အရမ်းဝမ်းနည်းမိပါတယ်။ ဒါပေမယ့် တစိုက်မတ်မတ် လျှောက်နေသူ အချို့ ရှိနေတော့လည်း အားတက်ရပါတယ်။

ကျွန်တော်တို့စခဲ့တာ0.9ပဲလေ။

ဟုတ်ပါတယ် ဆရာ... လက်ရှိ ဈေးကျနေတာကို the last drop လို့ ပြောနေကြသလို ဝယ်စုချင်နေသူများအတွက် နောက်ဆုံး အခွင့်အရေးပါတဲ့။

စိတ်​ပျက်​အား​ပျော့တာမျိုးမဖြစ်​ပါဘူးဗျ

ယုံပါတယ် ကိုအောင်ကြီးရေ...

စိတ်မပျက် အားမလျှော့ Steemit အပေါ် ယုံကြည်မှုနဲ့ ဆက်လက်ကြိုးစားနေဆဲပါ ။

သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းဘူး။

ဘဲဥမကွဲတဲ့ ပိုစ်လေးတွေဘ၀ကနေ အခုဆို USDကျပ်ဂဏာန်းထိမြင်နေရပါပြီ။ မည်သို့ အခက်အခဲများ ရှိနေပါစေ Steemit Platform ကို ယုံယုံကြည်ကြည်နှင့် လက်တွဲဆောင်ရွက်နေပါမည်။

MSC ၏ ထောက်တိုင်များဖြစ်လို့ ယုံကြည်ပါသည်။ ယုံကြည် သူများရှိနေသရွေ့ MSC လမ်း ဖြောင့်ဖြူးနေပါလိမ့်မည်။

စိတ်ပျက်လက်လျှော့ခြင်းအပထား ပို၍ ကြိုးစားရေးတင်နေသည်ကို
Steemit account အား ကြည့်ခြင်းဖြင့် သိနိုင်ပေမည်။
Online ပေါ်မှ အကျိုးအမြတ်ကို မိမိအတွက် မခံစားဖူးသေးသော်လည်း
မျက်မြင်ကိုယ်တွေ့ ကြုံရမှု များပေသည်။
ထို့ကြောင့် ယုံကြည်ချက်ဖြင့် ခရီးဆက်ရင်း
အပြောင်းအလဲများသည် ပိုကောင်းဖို့ ဖြစ်လာသည်ဟု
လက်ခံရင်း MSC အဓွန့်ရှည်အောင်မြင်ပါစေဟုသာ....

ကိုဟိန်းကိုတော့ ယုံပါတယ်။ စာရေးအားကိုလည်း သဘောကျမိပါတယ်။

Your articles are great.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63475.77
ETH 3117.23
USDT 1.00
SBD 3.94