မိတ်ဆက်ခြင်း

in #myanmar6 years ago


အားလုံးမင်္ဂလာပါဗျာ။

ကျွန်တော့ နေရပ်ကတော့ အင်းတကော်မြို့ ပဲခူးတိုင်း မြန်မာနိုင်ငံဖြစ်ပါတယ်ဗျာ။ကျွန်တော် ဝါသနာကတော့ စာရေးခြင်း စာဖတ်ခြင်း ဖြစ်ပါတယ်ဗျ။

Steemitသည် ကျွန်တော့ဝါသနာနှင့် ကိုက်ညီသော အရပ်ဒေသဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ စာရေးရခြင်းအပြင် ဝင်ငွေပါရနိုင်သောနေရာ ဖြစ်ပါတယ်ဗျ။စာရေးခြင်းအလုပ်သည် ကုသိုလ်လည်းရ ဝမ်းလည်းဝနိုင်သော အလုပ်ဖြစ်ပါတယ်။စာရေးသားနိုင်ဖို့ စာများများဖတ်ဖို့လိုအပ်ပါတယ်ဗျ။

စာရေးသားခြင်းသည် ကုသိုလ်ရသော အလုပ်ဟု ကျွန်တော်ပြောခဲ့သည်။သို့သော် စာရေးတိုင်း ကုသိုလ်ရပါသလား။မရနိုင်ပါ။ကျွန်တော်တို့ရေးသားသောစာများသည် လူအများအတွက် ကောင်းကျိုးဖြစ်ထွန်းအောင်ရေးနိုင်ပါမှ ကုသိုလ်ရပေမည်။

လူအများအတွက် ကောင်းကျိုးမရှိပဲ အမုန်းပွားစေသော စာပေများ ညစ်ညမ်းစာပေများ ရေးသာပါက ကျွန်တော်တို့ ကုသိုလ်ရနိုင်မည်မဟုတ်ပါ။ထို့အပြင် သူများရေးသားသော စာပေများကို ကူးယူပြီး မိမိရေးသလို လိမ်ညာနေပါကလည်း ကုသိုလ်မရသည့်အပြင် ငရဲပင်ကြီးပါအုံးမည်။

Steemitသည် စာရေးသားရာတွင် copy မကူးရန်တားမြစ်ထာသည်။Steemitတွင်တင်ထားသော postများသည် 7day ကျော်လျှင် ပြင်ဆင်ခွင့်မရှိတော့ပေ။Steemitတွင် မိမိရေးသားသော စာများသည် မိမိ၏သမိုင်းပင်ဖြစ်တော့သည်။

လူတို့သည် မိမိသမိုင်းကို မိမိသာရေးထိုးရသည် သူများရေးထိုးပေး၍
မရ။မိမိသမိုင်းကောင်စေရန် မိမိမှာသာ တာဝန်ရှိသည်။ထို့ကြောင့် မိမိသမိုင်းကြောင်း ကောင်းမွန်စေရန် ကျိုးစားအားထုတ်သင့်လှပါသည်။ကျွန်တော်တို့ Steemitသမိုင်းကြောင်းတွင် ဂုဏ်သိက္ခာရှိသော စာရေးသားသူအဖြစ် ရပ်တည်ကျပါစို့ဗျာ။

writer-@inntagawgroup

Sort:  

ဟုတ်ပါတယ်ဗျာ steemitမှာ သမိုင်းကောင်းဖို့ copy ရှောင်သင့်ပါတယ်ဗျ

ဟုတ်ပါတယ်ဗျ ။သမိုင်းကောင်းဖို့ ကျိုးစားကြပါစို့

steemit က မိမိဘယ်လိုစာတွေရေးခဲ့သလဲဆိုတာ မှတ်တိုင်တစ်ခုအဖြစ်ကျန်နေခဲ့မှာမို့ အကောင်းဆုံးသာ ရေးကြပါဗျာ welcome.

ဟုတ်ကဲ့ လူအများအတွက် သုတ ရသ တခုခု ကျန်ခဲ့အောင်ကျိုးစားပါမယ်ဗျ

ကြိုဆိုပါတယ်ဗျာ အင်းတကော် က လူတွေက steemit ကိုတက်တက်ကြွကြွ ပါဝင်လာတာဝမ်းသာစရာပါဗျာ။

ကျွန်တော်တို့ အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ကျွန်တော်တို့ ကျိုးစားပါ့မယ်

အားပေးပါတယ်ဗျာ
ကိုယ်တိုင်ရေးသားတဲ့စာပေသာ တန်ဖိုးရှိတာမို့
Copyကူးတဲ့လူညံ့တွေကို အပြစ်ပြောမနေတော့ပဲ
ကိုယ်တက်နိုင်သရွေ့ပဲရေးသားပြီး ခရီးဆက်ကြတာပေါ့ဗျာ။
👍👍👍💪💪💪👏👏👏

ဟုတ်ပါတယ်ဗျာ။ကျွန်တော်တို့ လူညံ့အဖြစ် သတ်မှတ်မခံနိုင်လို့ copy မရေးပါဘူးဗျာ။တက်အားသ၍ ကျိုးစားနေမှာပါဗျ

လျှင်မြန်စွာ အောင်မြင်ပါစေ အင်းတကော်

ဟုတ်ကဲ့ အခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။

အားပေးနေပါတယ် အောင်မြင်ပါစေ အင်းတကော်

အခုလို လာ​ရောက်​အား​ပေးတာ​ကျေးဇူးတင်​ပါတယ်​ဗျာ

Congratulations @inntagawgroup, you have decided to take the next big step with your first post! The Steem Network Team wishes you a great time among this awesome community.


Thumbs up for Steem Network´s strategy

The proven road to boost your personal success in this amazing Steem Network

Do you already know that awesome content will get great profits by following these simple steps that have been worked out by experts?

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64093.86
ETH 3123.80
USDT 1.00
SBD 3.94