မြန်မာပြည်ကြီး နှင့် လောဘ ဒေါသ မောဟများ နည်းကြပါစေသား

in #myanmar5 years ago

image

Steemit အရေးတွေးတော့ ဈေးကကျသမို့
စိတ်တွေလေနေချိန် ဘာသံညာသံတွေ
သတင်းတွေကကြားရသည်။ ရင်ထဲသိပ်မကောင်း
လှဘူးပေါ့။ မြန်မာပြည်ကြီး ငြိမ်းချမ်းအေးမြ
စေချင်တာ မြန်မာပြည်သားတစ်ယောက်ရဲ့
ရင်ထဲကစကား၊ ဖြစ်စေချင်တဲ့ဆန္ဒပါ။
ကိုယ်ထံမှာ ရေမကြီးသော်လည်း သူတို့ခမျများ
ဒုက္ခရောက်နေတာ မြင်ရ ကြားရတော့
ကိုယ်ချင်းစားစိတ်ဖြစ်ရသည်။

ရာသီဥတုကဖောက်ပြန် ရေတွေကကြီး လူတွေ
ဒုက္ခရောက်ကြရသည်။ အထက်မြန်မာပြည်မှ
ကြီးလာခဲ့သော ရေတို့သည် မြန်မာပြည့်အလယ်
ပိုင်းတွင်လည်း ဖြတ်သန်းစီးဆင်းကာ ရေလွှမ်း
ခဲ့သည်။ ထို့နောက် မြန်မာပြည်အောက်ပိုင်းထိ
အဆိုပါ ရေတို့က ဆက်လက်အောင်ပွဲခံကာ
မွန်ပြည်နယ်တစ်ခုလုံးနီးပါးကို အတိဒုက္ခရောက်
စေခဲ့ပြန်သည်။

ရေဘေး၊ စစ်ဘေးနှင့် တိုင်းပြည်က နာလန်ထူးဖို့
အတော်ရုန်းကန်နေရသည်။ ထိုသို့ ရုန်းကန်နေ
သည့်အချိန်မှာပင် သတင်းများထွက်ပေါ်နေသည်ကာ စိတ်မသက်သာဖွယ်ဖြစ်ရပြန်သည်။
ပြင်ဦးလွင် ရှိ ဓာတ်တော့ချိုင့်ရေတံခွန်မှ ရေများ
ရပ်တန့်သွားသည့်အကြောင်း သတင်းကြား
ရသည့်အခါ ရင်ထဲမှာ နှမြောစိတ်ဖြစ်သွားသည်။
Steemit မှ မိတ်ဆွေများရောက်ဖူးကြပေမည်။
ဓာတ်တော်ချိုင့်ရေတံခွန်ကြီးက အင်မတန်လှပ
သည်။ အဆိုပါရေတံခွန်သို့သွားရသည့် လမ်းခရီးမှာလည်း ပင်ပန်းလှသည်။

ecyvkzyy3f.png
Image credit

ပင်ပန်းသော်လည်း အဆိုပါ ဓာတ်တောချိုင့်
ရေတံခွန်အပါးသို့ ရောက်ရှိသည့်အခါမှာတော့
ပင်ပန်းသမျှ အပန်းဖြေ အမောပြေရပါသည်။
ဟိုအဝေးမှ ကျလာသော ရေတံခွန်မှ ရေမှုန်ရေမွှား
တို့်က သဘာဝလေအေးပေးစက်နှယ် အေးမြလှ
သည်။ ရေကျသံတဝေါဝေါက တိတ်ဆိတ်သည့်
ဝန်းကျင်တွင် အသံမြည်လွန်လှသည်။ ကျွန်တော်
တို့သွားစဉ်က ရထားဖြင့်သွားခဲ့သည်။ မန္တလေး
လာရိုးရထားစီး၍ အနီးစခန်းဘူတာမှ ဆင်းကာ
ဓာတ်တော်ချိုင့်ရေတံခွန်သို့ လမ်းလျှောက်သွားကြသည်။

ထိုစဉ်က ငယ်ရွယ်စဉ်အချိန်ဖြစ်ပြီး အုပ်စုလိုက်
သွားကြသဖြင့် ပျော်စရာကောင်းသည်။ တော
တောင်များကိုဖြတ်၍ ပင်ပန်းစွာသွားကြရသည်။
ကျွန်တော်တို့အဖွဲ့နှင့် အခြားအဖွဲ့အနည်းငယ်သာ
ရှိသည်။ လူနည်းပါက ကြောက်စရာပင်ကောင်း
မည်ဟု ပါလာသူ အမျိုးသမီးတစ်ဦးကပြောသည်။ဓာတ်တော်ချိုင့်ရေတံခွန်သို့ ရောက်သောအခါ
အေးမြသောရေကို ထိရသည်ပင် ချမ်းတုန်သွား
သည်။ ပတ်ဝန်းကျင် တောတောင်သစ်ပင်တို့
ကလည်း စိမ့်အေးလှပြန်သည်။ ထို့ကြောင့်
ဓာတ်တော်ချိုင့်ရေတံခွန်မှ ရေများမရှိဟုကြား
ရသောအခါမှာ စိတ်မချမ်းသာဖြစ်ရသည်။

6cbbehwv0z.jpg

ယနေ့ ကြားရသောသတင်းမှာလည်း စိတ်မကောင်း
ဖြစ်ရပြန်သည်။ ပြင်ဦးလွင်ရှိ စစ်သင်တန်းကျောင်း
နှင့် တိုးဂိတ်များကို လက်နက်ကိုင်အဖွဲ့များက
တိုက်ခိုက်သွားသည့် သတင်းကိုကြားရသည်။
လူအသေအပျောက်နှင့် တိုးဂိတ်ဝန်ထမ်းများကို
ဖမ်းထားကာ ဓားစားခံပြုထားသည်။ အဆိုပါ
ဝန်ထမ်းများ မည်မျှကြောက်နေရှာမည်မသိပါ။
လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပဋိပက္ခကြား
က မြေဇာပင်ပြည်သူများ ဒုက္ခရောက်ကြရသည်။
လောဘ ဒေါသ မောဟတွေကြားက
မြန်မာပြည်ကြီး ရုန်းထွက်နိုင်ပါစေ....
ငြိမ်းချမ်းအေးမြ သာယာပါစေကြောင်း
ဝိုင်းဝန်းဆုတောင်းရင်း......
လောဘ ဒေါသ မောဟများ
ချိုးနှိမ်ကြရအောင်လားဗျာ။

@htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25