ရ ရထားကြီးပျော်ပျော်စီး

in #myanmar4 years ago

image

ရ ရထားကြီး ပျော်ပျော်စီးပြီး ခရီးသွားကြမည်။
ရထားဖြင့်ခရီးသွားရတာ သက်သောင့်သက်သာဖြစ်စေသည်။ ဗဟုသုတတိုးပွားစေသည်။ ဘူတာများကို
လည်း တစ်ဘူတာပြီးတစ်ဘူတာ နောက်ထပ်
မည်သည့်ဘူတာများ လာဦးမလဲ စိတ်လှုပ်ရှား
စေသည်။ ရထားလမ်းတလျှောက် မြင်းကွင်များ၊
ရှုခင်းများက စိတ်ကို ကြည်နူးလန်းဆန်းစေသည်။

တံတားများနှင့် လိုဏ်ခေါင်းများကိုဖြတ်သန်း
သွားရသည်မှာ စိတ်လှုပ်ရှားစရာကောင်းပေသည်။
ရထားနှင့်ခရီးသွားသည့်အခါ ကားနှင့် မတူသည့်
ခံစားမှုကိုတွေ့ရပေမည်။ ဟ ရထားမှာလုပ်ပြီး
ရထားစီးဖို့ မြူဆွဲနေတာလားဟု မေးရင်
ဟုတ်ကဲ့ဟု ဖြေရပါမည်။ ယခုအခါ ရထားတွဲများက
ကိုးရီးယားမှ ဝယ်ယူထား၍ အဆင့်အတန်းမြင့်
လှပေသည်။

lmstc6.jpg

ရထားနှင့်သွားသွား၊ ကားဖြင့်သွားသွာ ကံမကောင်း အကြောင်းမလှပါလျှင် အန္တရာယ်ကတော့ တွေ့ကြုံရတတ်ပါသည်။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီ ခရီးသွားသည့်အခါ အထက်၊ အောက်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်မျက်နှာများကို မေတ္တာပို့၍ ခရီးထွက်ပါသည်။

rqv48i.jpg

တနေ့က ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတားပေါ်တွင်
မြစ်ကြီးနား ဒုတိယအမြန်စာပို့ရထား တွဲ မီးလောင်မှု
ဖြစ်ပွားခဲ့သည်။ ထိုတွဲမှာ ရထား၏နောက်ဆုံးတွဲ
ရထားထိန်း(ဂတ်တွဲ)မှ မီးလောင်ခြင်းဖြစ်သည်။
ဂတ်တွဲတွင် ရထားထိန်းနှင့် ကုန်ပစ္စည်းများ
ထားသည့်နေရာဖြစ်သည်။ ရထားထိန်း၏
နေရာမှာ တွဲအလယ်နေရာဖြစ်ပြီး ဘေးတဘက်
တချက်တွင် ကုန်ပစ္စည်းများ တင်ဆောင်ထားသည်။

mbjsaw.jpg

mpwac9.jpg

ဘီးပူ၍မီးလောင်ခြင်းဖြစ်သည်။ ဆေးလိပ်ကြောင့်
မီးလောင်ခြင်းလည်းဖြစ်နိုင်သည်ဟု အမျိုးမျိုး
ပြောဆိုကြသည်။ ရထားစီးခရီးသည်များကတော့
အတော်ထိတ်လန့်သွားပေမည်။ တံတားကြီးပေါ်
မှာဆိုတော့ ဆင်းပြေးလို့လဲမဖြစ်။ ဂတ်တွဲအား
တံတားပေါ်မှာ ဖြုတ်ချထားခဲ့ပြီး လူစီးတွဲများကို
စစ်ကိုင်းသို့ မောင်းယူသွားရလေသည်။

@htwegyi
Photo Credit.
MSC.036

Sort:  

ရထားသစ်ကြီးတွေ ပြေးဆွဲနေတော့ စီးချင်လာပြီဗျာ

မြစ်ကြီးနားထိစီး မြစ်ဆုံသွားဗျာ

Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thanks esteemapp

ESTM Boosting refund to @htwegyi!
Due to one of these reasons:
1. Not posted from eSteem apps.
2. Already curated by eSteem team.
3. Need bit more improvement on quality of post.
4. Might be too old post.
5. User already received vote in last couple hours, you can try boosting again afterwhile.
Android, iOS, Windows, Mac, Linux
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66753.89
ETH 3256.47
USDT 1.00
SBD 4.34