ပြန်လဲနိုးထ အသက်ဝင်ပေးပါ မန္တလေး။ Get back to life, Mandalay.

in #myanmar3 months ago (edited)

image

မန္တလေး ရတနာပုံစျေး မနေ့က ဒုတိယအကြိမ်
မီးထပ်မံလောင်ခဲ့ပြန်သည်။ 17-1-2020
သောကြာနေ့ ညနေ 6 နာရီခန့်မှစ၍ မီးလောင်
ကျွမ်းခဲ့ရာ ည 2နာရီအချိန်မှ မီးလောင်ရပ်တန့်ခဲ့သည်။

အရောင်းအဝယ်အေး၊ စီးပွားရေးအခြေအနေက
မကောင်းသည့်အချိန် မီးကထပ်မံ နှိပ်စက်တော့
အောင်မလေး သေပါပြီပေါ့ဗျာ။ ယခင် ပထမမီးလောင်ထားသည်မှာ 10နှစ်ကျော်ရှိပြီဖြစ်သည်။
ပြန်လည်စုဆောင်း အားတင်းထားလို့ အရှိန်လေးရကာရှိသေး မီးကထပ်ပြီး ရက်စက်လိုက်ပြန်ပါပြီ။

ဆိုင်ပိုင်ရှင်းများက ပစ္စည်းများ၊ ဆိုင်ခန်းများ
ဆုံးရှုံးသလို၊ လက်လုပ်လက်စား ထိုဈေးကို
မှီခိုပြီးလုပ်ကိုင်စားသောက်သူများ၊ အရောင်း
ဝန်ထမ်းများ ဒုက္ခရောက်ကြရှာသည်။ ရတနာပုံ
ဈေးအား မှီ၍ လုပ်ကိုင်စားသောက်သူများအားလုံး
ဒုက္ခရောက်ကြသည်။

ညက မီးသတ်ကားသံများဖြင့် တစ်ညလုံးဆူညံ့
နေခဲ့သည်။ ဈေးနှင့်နီးသည့် ရပ်ကွက်မှ
ရပ်ကွက်သူ/သားများက မီးသတ်သမားများ၊
ရဲနှင့် စစ်သားများကိုရေသန့်၊ အစားအသောက်များ ကုသိုလ်ပြုကြသည်။ ကားလမ်းများကို
မီးသတ်ကားများဝင်ရောက်နိုင်ရန် လမ်းများ
ကူရှင်းပေးကြသည်။ မန္တလေးက ချစ်စရာကောင်း
ခဲ့သလို ဝမ်းနည်းစရာကောင်းခဲ့သည်။

ဆုံးရှုံးမှုများကို ရင်ဆိုင်ရင်း
ပြန်လဲနိုးထ အသက်ဝင်ပေးပါ
မန္တလေး။

77လမ်းမှ

1l99jc3a2q.jpg

78လမ်းမှ

iss1hcnnuz.jpg

9dpzfstxrw.jpg

q8p28kuvz4.jpg

m9tjq7cfty.jpg

0rxg7ttg59.jpg

34လမ်းမှ

1ll0w7y12e.jpg

vkvepqbj6i.jpg

3y8hg328r4.jpg

g242w65e36.jpg

မန်းစည်ပင်အဖွဲ့၏ လုပ်အား

7e5lmeeez3.jpg

ongs9clxnl.jpg

ewp96te49n.jpg

@htwegyi
Photo @htwegyi
MSC.036