နိစ္စဓူဝနှင့် မုဆိုးမတွေရောဝယ်သလား

in #myanmar6 years ago

”မင်္ဂလာရှိသောအချိန်”

”မင်္ဂလာရှိသောနေ့. ပိုက်ဆံအစုတ်တွေ
တစ်ဝက်နှုန်းနဲ့ လဲလှယ်ပေးတယ်”

”ဖုန်းဟောင်း ဖုန်းပျက်တွေ ဝယ်တယ်
စီဒီဟောင်းတွေဝယ်တယ်”

”ပုလင်းခွံ အိတ်ခွံတွေဝယ်”

မနက်မိုးလင်းသည်နှင့် ကျွန်တော်တို့ဝန်ထမ်း
တိုက်ခန်းများသို့ အဆိုပါဈေးသည် ဈေးဝယ်မျိုးစုံ
က ပုံသဏ္ဍာန်မျိုးစုံ၊ အသံမျိုးစုံဖြင့် ရောက်ရှိလာ
သည်။ ဖော်ပြပါ ဈေးသည်များက မနက် နေ့လည်
ညနေ အချိန်မရွေးလာကြသည်။

20180911_143541.jpg

ဈေးသည်များသည် ယခင်က ခြေလျင်၊ စက်ဘီးများ
စီး၍ လာကြသည်။ ယခုအခါမှာတော့ ခေတ်မှီ
တိုးတက်လာသည်သဘောလား ဆိုင်ကယ်များဖြင့်
လာကြသည်။ဟုတ်ကဲ့ ဆိုင်ကယ်များစီးကြသည့်
အပြင် ထပ်ပြီးတော့ကာ နည်းပညာတိုးတက်
မြင့်မားလာသည့်သဘောပေါ့ဗျာ။ ဈေးသည်များက
သူတို့ နူတ်မှ ဘာသည် ညာသည်မအော်ကြတော့ပါ။
ဈေးသည်နီးပါးတိုင်းတွင် လော်အသေးစားလေးများ
ကိုင်ဆောင်အသုံးပြုလာကြသည်။

မိမိတို့ရောင်းဝယ်သည့် ပစ္စည်းအမျိုးအမည်များကို
အဆိုပါ လော်အသေးလေးတွင် အော်တိုအသံသွင်းထားကြသည်။ လော်အသေးလေးကို စက်ဘီး
ဆိုင်ကယ်တွင်တပ်၍ အသံဖွင့်ပြီးမောင်းနှင်ကာ
ဈေးရောင်းကြသည် ဈေးဝယ်သွားကြသည်။

မနက်ပိုင်း ၈နာရီ ၉နာရီ အချိန်တွင် -

”မုန့်ညင်းပေါင်း၊ မှိုပေါင်း၊ ရှမ်းတိုဟူးသုတ်”

အော်တိုလော်ဖြင့် ဖွင့်ကာရောင်းသည့် ရှမ်းတရုတ်
ဆိုင်ကယ်ဈေးသည်။ သူ့နောက်မှာ ကပ်လိုက်ပါလာသည့်-

”မှတ်ပုံတင်လောင်းတယ် ဂက်ထဲ့တယ်
ဓားသွေးတယ် ကတ်ကြေးသွေးတယ်”

စက်ဘီးမှာလော်အသေးတပ်ပြီး အော်သည့်ဈေး
သည်။သူ့ရဲ့နောက်မှာပဲ ထပ်ပြီးတော့ စက်ဘီးတပ်
လော်အသေးလေးနဲ့ပဲဗျ-

”ကွမ်းစားထားလို့ မဲနေတဲ့သွားတွေ ဖြူစင်သွား
စေတယ် ပုလဲဖြူသွားတိုက်ဆေး၊ ဖြူအောင်တိုက်
လှအောင်တိုက်၊ ဝင်းအောင်တိုက်”

”ခင်ဗျာတို့သွားတွေ ဒီသွားတိုက်ဆေးသုံးမယ်ဆိုရင်
ခိုင်မှခိုင်၊ လှမှလှ ခိုင်ခိုင်...ခိုင်ခိုင်နဲ့ဖြစ်သွားမယ်”

သူ့အပြောမှာ ရွှေမန်းသားတွေမျောသွားစေတဲ့
သွားဆေးရောင်းတဲ့ဈေးသည်။နောက်တစ်ခုရှိသေးတယ်ဗျို့ ဈေးသည်တွေအားလုံးထဲမှာ သူကတော့အဆင့်မြင့်တယ် ဘာလို့လဲဆိုတော့ ကားမှာ လော်
အကြီးကြီးတပ်ပြီးဈေးရောင်းလို့ပါ။

20180911_091133.jpg

20180911_091200.jpg

မန်းလေးသားများရော အခြားမြို့ကလူ တော်တော်များများလဲသိကြမှာပါ။ မြန်မာပြည်သား ဒဏ်ကြေလိမ်းဆေးရောင်းသည့်ကားကြီးပေါ့ဗျာ။
မန္တလေးမြို့မှာရှိတဲ့ ဈေးတိုင်း သူမရောက်တဲ့ဈေး
ရှိမယ်လို့မထင်ပါဘူး။ သူ့ကြော်ငြာတော့ များသမို့
ရေးမပြတော့ပါဘူး။ သိချင်ရင် သူ့ကားနောက်သာ
သွားရပ်ကြပါတော့။
နေ့လည် ၁၁၊ ၁၂နာရီ အချိန်မှာတော့-

”ဒိန်...ညင်း...သီးးးပြုတ်ရမယ်”

သံရှည်ဆွဲ၍ နူတ်မှအော်ကာရောင်းသည့်
ဒိန်ညင်းသီးသည် ပုဏ္ဏားမ အသံကိုကြားရင်
ကျွန်တော် အမေ့က

”ဟဲ့..၁၂နာရီ ထိုးပြီ ဒိန်ညင်းသီးသည်တောင်လာပြီ
ငါရေချိုးအုံးမှပဲ”

အမေ့စကားအဆုံး ကျွန်တော် နာရီလှမ်းကြည့်
လိုက်တော့ အမှန်ဗျ နေ့လည် ၁၂နာရီထိုးဖို့
နည်းနည်းသာလိုသည်။

20180911_142333.jpg

နေ့လည် ၁နာရီခွဲအချိန်ခန့်မှာတော့

”အုန်းပေါင်း ...ငှက်ပျော်ကြော်...”

ဒန်အိုးပူကြီးရွက်ကာရောင်းသည့် ဈေးသည်
အမျိုးသမီးအား အုန်းပေါင်းနှင့် ငှက်ပျော်ကြော်
ဝယ်ပြီးအမေ့က-

”ငါ့တူမရယ် ဒန်အိုးကြီးကပူသာ အောက်က
ဗန်းလေးခံရွက်ပါအေ ကြာရင်
ထိခိုက်လိမ့်မယ်အေ့”

”ဟုတ်ကဲ့ အမေကြီး”

အမေက ဈေးရောင်းခဲ့ဖူးသူမို့ ကိုယ်ချင်းစာကာ
ပြောသည်။ခေါင်းရွက်ဈေးသည်များကို
မြင်လျှင် မကြာမကြာဈေးဝယ်သည်။

”ဈေးဗန်းကြီးရွက်ပြီးရောင်း
ရှာကြတာ ခမျာများ ခဏနားရနားရ
ကိုယ်ချင်းစာလို့ ဝယ်တာပါကွယ်”

အမေပြောနေကြစကား ဖြစ်သည်။ နေ့လည် မှာ
အမေက တရေးတမောအိပ်သည်။ အမေအိပ်ချိန်မှာ

”ဖုန်းဟောင်း ဖုန်းပျက်တွေဝယ်တယ်
စီဒီဟောင်းတွေဝယ်”

လော်စပီအသေးမှ အသံသြသြကြောင့် အမေ့နိုးကာ
ပြောလိုက်သည်က-

”ဟဲ့...ပုံဟောင်း ပုံပျက်တွေဝယ်တယ်တဲ့
မုဆိုးမတွေရော ဝယ်သလားလို့မေးစမ်းပါဟဲ့”

အမေ့စကားအဆုံး ကျွန်တော် နဲ့ အစ်မမှာ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
တဟားဟား ရယ်ကြပါတော့သည်။
ကျွန်တော် တို့နှစ်ယောက်မှာ မျက်ရည်
ထွက်အောင်ပင် ရီနေမိကြပါတော့သည်။

20180911_091326.jpg

@htwegyi
Photo @htwegyi
MSC.036

Sort:  

မြို့အရပ်​မှာ ​ဈေးသယ်​​တွေရဲ့​အော်​သံက ​တောအရပ်​က ဥသြငှက်​အသံလိုဘဲ သူ့အရပ်​နဲ့သူ လိုက်​ဖက်​ပါတယ်

တောမှာအေးချမ်း ကြီးပွားရေးအတွက်မြို့တက်ရပ

အဲ့ဈေးသည်တွေအားလုံးထဲ မြန်မာပြည်သားကို မြင်ကပ်တယ်။ကြီးကျယ်လို့

😁😁😁 သူကဆရာကြီးလေ
ဈေးသည်တို့ရဲ့ ခေါင်းကြီး 😁

စီးရီးတစ်ခွေစာ ရပြီနော် သူတို့အော်သံနဲ့

အဟီး ဟုတ်တယ် ကိုစော😁

ဈေးသည်တွေအော်သံကိုဦးထွေးအလွတ်ရနေတာပေါ့

နေ့တိုင်းဆိုတော့လည်း

ဟီးဟီး… ဟီး လမ်းပေါ် တစ်နေကုန် ထိုင်ကြည့် နာလား

အဟီး မကြည့်လည်းကြားနေရတာကို

တော်ရုံ ကျွှမ်းကျင်မှုနဲ့ မရဘူး နည်းနည်းလေး နောက်ခွင့်ပြုကါနော် ။

နောက်ဂျွမ်းတောင်ပစ်ရသေး 😁

လမ်းလည်ဈေးသည် စုံးသကွယ်

စုံဆို အိမ်ဘေးက ဈေးကိုးဗျ 😁

မန်းလေး အလည်လာရင် ဈေးသည်တွေရဲ့ အသံစုံကြားရပါလိမ့်မယ်

ဆူဆူညံညံမြို့ပြရဲ့ သင်္ကေတပေါ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ဦး‌ထွေးက‌တော့ လုပ်‌ပြီ။

အဲ တစ်ခါတစ်လေပါကွယ်

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.034
BTC 63202.55
ETH 3085.17
USDT 1.00
SBD 3.85