လူပျိုကြီးရဲ့ အမှတ်တရ မ

in #myanmar6 years ago (edited)

ကျုပ်တို့ရပ်ကွက်ထဲမှာပေါ့ဗျာ ထောင်ထောင်
မောင်းမောင်း ဝဝတုတ်တုတ် မောင်နှမအုပ်စု
တစ်စုရှိပါတယ်။ မောင်နှမ ၆ယောက်ရှိတယ်
အကြီးဆုံးအကိုကြီးက အစိုးရဝန်ထမ်းဖြစ်ပြီး
အငယ်ညီနှစ်ယောက်ကိုလည်း အစိုးရအလုပ်
သွင်းပေးထားတယ်။မိန်းကလေး သုံးယောက်က
အပျိုကြီးများဖြစ်သည်။ မိန်းကလေးများက
ရပ်ကွက်ထဲဈေးရောင်းချကြတယ်။

ညီအငယ်နှစ်ယောက်က အိမ်ထောင်ကျသည်။
အလတ်ညီက ကလေး ၃ ယောက်၊ ညီအငယ်က
ကလေး ၃ ယောက် စုစုပေါင်း တူ၊ တူမ ၆ ယောက်
ရှိသည်။ လူပျိုကြီး အပျိုကြီးများဖြစ်သဖြင့်
တူ တူမများကို အလွန်ချစ်ကြသည်။ တူတွေ
တူမတွေ ကလေးချင်းရန်ဖြစ်လျှင် သူတို့တူ တူမ
များက မှားမှားမှန်မှန် တစ်ဖက်လူကို ကျီးများ
ဝိုင်း အာ သလို အာ ကာဝိုင်းပြီးရန်ပြုကြသည်။
ထို့ကြောင့်သူတို့၏ တူ တူမများနှင့် ဝေးရာက
ရှောင်ရှားကြသည်။

အပျိုကြီးများက ဝန်ထမ်းရပ်ကွက်အတွင်းဈေး
ရောင်းချသည့်အခါ လမ်းပေါ်တက်၍ ဈေးဆိုင်
ပြုလုပ်ရောင်းချကြသည်။ သူတို့ဆိုင်များကြောင့်
အသွားအလာ လမ်းကျဉ်းပိတ်သော်လည်း
သူတို့နှင့် ပြဿနာတက်မည်ဆိုကြသဖြင့်
မည်သူမျှပြောဆိုခြင်းမပြုကြပါ။ ရပ်ကွက်
အတွင်း စီကနဲ့ ရန်ဖြစ်ပါက သူတို့အုပ်စုဖြစ်တာ
များလေသည်။

image

image

တစ်နေ့ သူတို့တူမတစ်ယောက်သည် ကျောင်းက
ဆရာမနှင့် အဆင်မပြေဖြစ်ခဲ့သည်။ ထိုကျောင်းဆရာမအား ပြောဆိုရန်တွေ့ကြသည်။ အစ်ကို
ကြီးဖြစ်သူက ကြိမ်းမောင်းမှ အရှိန်ရပ်ကြတော့
သည်။ စွာတေးလန် အပျိုကြီးတို့သည် အစ်ကိုကြီး
အား ချစ်ကြောက်ရိုသေကြသည်။ အစ်ကိုကြီး
အရိပ်ခို၍ ရန်တွေ့မာန်တက်ကြသည်။

တစ်နေ့ မောင်အငယ်ဆုံးဖြစ်သူက မယားငယ်
ထားသဖြင့် လင်မယားရန်ဖြစ် တွယ်သတ်ကြ
လေသည်။ သူတို့မောင်အား ရိုက်ရလေမလားဟု
ယောင်းမဖြစ်သူကို ဝိုင်းဆဲဆိုပြောကြသည်။
ယောင်းမဖြစ်သူကလည်း မခံနိုင်ရှာ၍ပြန်လှန်
ပြောဆိုလေသည်။

”နင် မပေါင်းနိုင်ရင် ကွဲလိုက် ငါ့တို့မောင်နဲ့
ကလေးတွေကို ငါ့တို့ကျွေးထားနိုင်တယ်ဟဲ့”

ပတ်ဝန်းကျင် မှ လူများက အတော်တစ်ကိုယ်
ကောင်းဆန်တဲ့ မိန်းမတွေ ဟု မှတ်ချက်ပြုကြ
သည်။ နောက် ရက်မကြာပါဘူး မောင်အငယ်
လင်မယားကပြန်ပေါင်းထုတ်ကြသည်။
တစ်ပတ်ခန့် အစ်မများနှင့် မောင်ငယ်က မခေါ်
မပြောသဖြင့် ယောင်းမဖြစ်သူကို စောင်းမြောင်း
ပြောဆိုကြပြန်ပါသည်။

သူတို့ ညီအစ်မတစ်သိုက် တူတွေ တူမတွေနဲ့
ကားငှါးပြီး နေ့ချင်းပြန်ဘုရားဖူးထွက်ကြသည်။
လမ်းခရီး၌ ကားမှာ ဘရိတ်ပေါက်၍ လမ်းဘေး
သစ်ပင်နှင့် ဝင်ဆောင့်ရသည်။ ညီမအငယ်က
ခြေထောက်ကျိုးသည်။ တူမလေးတစ်ယောက်က
ခါးရိုးကျိုးသည်။ ကျန်သူများပွန်ပဲ့ ဒဏ်ရာရကြ
သည်။ ကားသမားအား ညီအစ်မတစ်တွေ ဝိုင်းပြီး
ပြောဆိုကြပါလေသည်။ ကံဆိုးသူ ကားသမား
ပိုက်ဆံလျော်လိုက်ရသလား အမှုဖြစ်သွားသလား
မသိလိုက်ရပါ။

ကံဆိုသည်ကား အဖွဲ့လိုက်လာတတ်သည့်သဘော
ရှိသည်ထင်ပါသည်။ ကားမတော်တဆဖြစ်ပြီး
၃လအကြာမှာတော့ အပျိုကြီးတို့မိသားစု
ကံဆိုးမိုးမှောင်ကျလေတော့သည်။ သူတို့
အစ်ကိုကြီးသည် ကင်ဆာရောဂါဖြစ်လေသည်။
ကင်ဆာရောဂါကို ၂လနီးပါးကုသပြီး
အစ်ကိုကြီး ဖြစ်သူဆုံးပါးခဲ့သည်။ အစ်ကိုကြီး
ဖြစ်သူသည် လကွယ်နေ့ ည ၈ နာရီတွင် သေဆုံး
လေသည်။ လကွယ်နေ့ဖြစ်၍ ချက်ချင်းအသုဘ
ချရမည်ဖြစ်သော်လည်း မြို့မှာဖြစ်သမို့
သေစာရင်း၊ မီးသင်္ဂြိုလ်စာရင်းပြုလုပ်ရ၍
နောက်တစ်နေ့မှ နာရေးချကြသည်။

နာရေးပို့ဆောင်သည့်ကားသည့် စောစောရောက်
ရှိလာကာ လမ်းမ၌ရပ်ထားလေသည်။ နာရီချိန်
စေ့၍နာရေးပို့ရန် နာမှုကူညီသူအဖွဲ့က အလောင်းကို
ထမ်းစင်ဖြင့် မ လာကြသည်။ နာရေးကားအနီးသို့
အလောင်း မ လာသူများ ကားအတွင်းထည့်ရန်
လုပ်သောအခါ ကားက တံခါးဖွင့်မထားပေ။
နာရေးကားမောင်းသူကို မေးသောအခါ
နာရေးကားဖွင့်ရန် သော့ပျောက်၍ ရှာနေကြောင်း
ပြောပါသည်။

image

နာရေးထမ်းစင်ကြီးကို မပြီး ကားသော့ရှာကြသည်။
လိုက်ပါပို့ဆောင်သူများကလည်း ဘာဖြစ်သလဲဟု
စပ်စု ကြလေသည်။ သေသူသည် ပေါင် ၃၀၀ ခန့်ရှိ
၍ ထမ်းစင် မ သူများသည် အားတင်းကာ မ
ထားကြရှာလေသည်။ ၁၅ မိနစ်ခန့်ကြာသော
အခါမှ နာရေးကားမှာပင်သော့တန်းလန်းဖြင့်
တွေ့ကြသည်။ လိုက်ပါပို့ဆောင်သူများထဲမှ
တစ်ဦးပြောလိုက်သည်က-

”လူပျိုကြီးနဲ့ သွားတာတောင် ဖြောင့်ဖြောင့်
မသွားနိုင်ဘူး သူ့ မ တဲ့လူတွေကို အမှတ်တရ
ဖြစ်အောင် မ သွားသေးသတဲ့ဗျာ”

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

ဘုတ်လို့လည်း $မတက် စိတါညစ်တာနော်

တဖြည်းဖြည်းချင်းပေါ့
ကောင်မလေး ရည်စားစကားပြောတာလောက်တော့
ကြာမယ်ထင်တယ် 😁 အဲ့ဒါက မြန်နေမလား 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

လု လူ လူး ဇာတ်လမ်းလေးပါလား 😁

ဟ ဟု ဟုတ်ပါတယ် ကိုစောရေ 😁

ထူးဆန်းတယ်နော့် ဘထွေး ကားသော့ပျောက်တာကလည်း

Posted using Partiko Android

ကားဆရာက သူ့ဟာသူ မေ့ထားခဲ့တာပါ

၁၅မိနစ်​​လောက်​​ပေါင်​၃၀၀​ခန့်​ကိုမထားရတာ​ပေါ့....​မောင်​နှမ​တွေ​တော်​​တော်​ညီညွတ်​ကြတယ်​​နော့...😀

Posted using Partiko Android

၁၅ မိနစ် ခံနိုင်ရည်စွမ်းရည်ပွဲပ မျက်နှာမှာအပြုံး လက်မှာက တုန်ပေါ့

ကြံကြံဖန်​ဖန်​ ​ရေးတပ်​တယ်​ဗျာ ဟားးး

အေ ပါဆို မ ဆိုလို့ ဘာမလဲပေါ့နော့

အဟီးဟီး😁😁 ကြံကြံဖန်ဖန် ဗျာ

Posted using Partiko Android

ရီသဟေ့

ဇတ်လမ်းလားတကယ်လားတော့သိပါဘူး။ရီစရာ

တကယ်ဗျ ဦးမင်းရ ရပ်ကွက်ထဲက အဖြစ်အပျက်လေးပါ

Congratulations @htwegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard Ranking update - Steem Power, Followers and Following added

Support SteemitBoard's project! Vote for its witness and get one more award!

Thanks steemitboard

‌ဆွေမျိုးအားကိုးနဲ့‌ပေါ့။

ဒါပေါ့ ဆွေကြီးမျိုးကြီးဆိုလား

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02