ဖောင့်သုံးခု Three fonts

in #myanmar5 years ago

image

အခုတလော အင်တာနက်မှာ မြန်မာယူနီကုတ်
စာလုံးဖောင့် myanmar unicode. အသုံးပြု
ရန် ဆက်သွယ်ရေးကုမ္ပဏီများမှ အကြောင်းကြားစာ မက်ဆေ့များ ပေးပို့လာပါသည်။ ဖုန်းများ
တွင်အသုံးမပြုခင်က ကျွန်တော်တို့ ဌာနများသို့
စာစီ စာရိုက်ရာတွင် myanmar unicode 2, myanmar unicode3 များ အသုံးပြုရန်
အထက်မှ ညွန်ကြားစာများပေးပို့လာခဲ့ပါသည်။

အဆိုပါ myanmar unicode fonts များကို
စတင်အသုံးပြုရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့
သည်။ ကျွန်တော်တို့ရုံးမှာ များသောအားဖြင့်
စာရိုက်သည်မှာ Adobe Pagemaker ကိုအသုံး
ပြု၍ စာရိုက်ကြသည်။ စာရင်းဇယားများကို
Microsoft Office ဖြင့်ရိုက်သည်။
myanmar unicode. သည် Microsoft Office
မှာ အဆင်ပြေသော်လည်း Adobe Pagemaker
မှာ ပြဿနာတက်ပါသည်။ Adobe Pagemaker
မှာ myanmar unicode2 & 3 နှင့် Pyidaungsu
Fonts များက ရိုက်၍မရပါ။

e4bw9eig6p.jpg

ရုံးစာများကို အများအားဖြင့် Adobe Pagemaker ဖြင့်သာ ရိုက်ကြသော
ကျွန်တော်တို့ရုံးမှ ကွန်ပျူတာသမားများသည်
Microsoft word ကိုလေ့ကျင့်ရင်း
myanmar unicode လက်ကွက်ကိုလည်း
ပြန်လည်းလေ့ကျင်ရသည်။ myanmar unicode
2 & 3 များကို လေ့ကျင့်ပြီး ကျွမ်းကျင်လာသည့်
အခါ ပြည်ထောင်စုဖောင့် Pyidaungsu font
ရိုက်ရန် အထက်မှ ထပ်မံညွန်ကြားလာပြန်သည်။
ထိုအခါ ပြည်ထောင်စုဖောင့် Pyidaungsu font
လက်ကွက်ကို ပြန်လည်း လေ့ကျင့်ကြကာ
ကွန်ပျူတာစာစီရိုက်ကြပြန်ပါသည်။

dop554s047.png

myanmar unicode2 & 3 နှင့် Pyidaungsu font တို့က သိပ်အပြောင်းအလဲမရှိ နည်းနည်းပါးပါး လေ့လာလိုက်လျှင် အဆင်ပြေသွားသည်။
သို့သော် အဆိုပါဖောင့်များအား Microsoft Office Excel ရိုက်သည့်အခါ အပေါင်း အနှုတ် အမြှောက်များဖော်မြူလာသွင်းသည့်ရာတွင်
အခက်အခဲ ဖြစ်စေပြန်ပါသည်။ အခက်အခဲကို
ဟိုလူ့မေး ဒီလူ့မေးဖြင့် Microsoft Office
2007 မှာ ဖော်မြူလာအသုံးပြုတာ အဆင်ပြေ
သွားသည်။ Microsoft Office 2003 နှင့်
Microsoft Office 2010 မှတော့ ဖော်မြူလာ
သွင်းတာ အဆင်မပြေသေးပါ။ ကိုယ်တွေက
မလုပ်တတ်တာလည်းဖြစ်ပေမည်။

ယခုအခါ ဖုန်းဖြင့်အင်တာနက် အသုံးပြုရာတွင်
unicode အသုံးပြုကြရန် တိုက်တွန်းလာပါသည်။
ဖုန်းမှာမည်သို့ အသုံးပြုရမည်ကို မသိသေးပါ။
ဖုန်းမှာ unicode အသုံးပြုရသည့် software
ကိုမတွေ့ရ အသုံးမပြုရသေး၍လားမသိပါ။
ကိုယ်တွေဖုန်းမှာ ဇော်ဂျီဖောင့်နှင့် ပုဂံဖောင့်များသာ အသုံးပြုနေပါသည်။ ထိုဖောင့်များသာ
အသုံးပြုသူများနေကြသည်။ တဖြည်းဖြည်း
ဖြင့် unicode font များအသုံးပြုလာကြမည်
လားမသိပါ။ တပြေးညီ အသုံးပြုသွားကြမည်
ဆိုရင်ဖြင့် ကောင်းမွန်သည့်လမ်းကြောင်းသို့
ရောက်ရှိသွားမည်ဟု ကြားသိထားပါသည်။

yqeoua9axt.jpg

မြန်မာပြည်အတွက် ဆက်သွယ်ရေးဂြိုလ်တု
လွှင့်တင်ထားပြီဖြစ်သည့်အတွက် အင်တာနက်
ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာပေမည်။
ထိုအခါ ကျွန်တော်တို့ရဲ့ ဆိုက်တိုကာရန်စီဆိုသည့်
cryptocurrency အင်တာနက်ငွေကြေးလုပ်ငန်းများလည်းတိုးတက်လာမည်။ steem ဈေးများ
လည်း တက်လာပေမည်။ ဘာပဲဖြစ်ဖြစ်
ကောင်းသော အရွေ့တစ်ခုသို့ သွားနေသည်ဟု
ထင်မြင်မိပါသည်။

@htwegyi
Image credit
MSC.036

Sort:  

myanmar 2, myanmar 3, pyidaungsu တို့သည် လက်ကွက်ခြင်းအတူတူပဲဖြစ်သလို ဘာဖောင့်နဲ့ပဲရေးရေး ဘာဖောင့်သုံးသုံး အမှန်ပေါ်ပေးနိုင်သည်။ အကြောင်းမှာ စံစနစ်ကိုလိုက်နာထားခြင်းကြောင့်ပါ။ pagemaker ကို မထောက်ပံ့တာကတော့ pagemaker ကို မသုံးကြတော့ပဲ update ဖြစ်တဲ့ adobe indesign ပြောင်းသုံးကြလို့ပါ။ adobe ထုတ်ကုန်တွေမှာ မြန်မာ ယူနီကုဒ်ကို မထောက်ပံ့ပေးသေးတာလည်းတွေ့ရပါတယ်။ ဧရာကို ခဏအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့သူက ယူနီကုဒ်စစ်စစ်မဖြစ်သေးပါဘူး။

လူကြီးမင်းရဲ့စာကို ဖတ်မရဘူးဗျာ
ဖုန်းမှာကြည့်ရမည့် ယူနီဆော့ဝဲလေးရှိရင် တစ်ဆိတ်လောက်ညွန်ပြပေးပါလား

ဟုတ်ပါတယ် လက်ကွက်များက အနည်းငယ်သာ အပြောင်းအလဲရှိတာပါ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ခရစ်ပ်တိုကာရမ်စီ တော့ လုပ်ပါဗျ😁

Posted using Partiko Android

နည်းနည်း ဘိုဆန်သွားးသလားဗျာ 😁

အရင်ထဲက ယူနီကုတ်စနစ်တစ်ခုထဲ ရှိခဲ့ရင်ပြီးပြီ ဒါမှ မဟုတ် တစ်ခုထဲစံသုံးကြ ပေါ့ ခုဟာက ကွန်ပျူတာ မတတ်ရ သေးဘူး ဖောင့်အပြောင်းအလဲ လေ့ကျင့်တာနဲ့ အချိန်တစ်ခုကုန်သွားပြီ တိုးတက်ပါရဲ့ အမှိုက်တွေ

အော် တို့တွေက အစစအရာရာနောက်ကျနေမြဲပဲဟာ သိပ်တော့မထူးပါဘူးလေ

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70846.59
ETH 3567.69
USDT 1.00
SBD 4.79