ဘယ်ယောက်ျားမှ စကားမပြောနဲ့နှင့် သဝန်ကြောင်တာ မြရင် အံ့တော့တယ်

in #myanmar5 years ago (edited)

image

No man is talking.
I'm surprised to hear that.

ကျွန်တော် လေဘာတီမမြရင် အကြောင်းရေးဖို့
စာစီထားပြီးဖြစ်သော်လည်း မျက်လုံးကျန်းမာရေးမကောင်းလို့ ယခုမှ ရေးဖြစ်သည်။ နန်းတော်ရှေ့ဆရာတင်အကြောင်းရေးပြီး လေဘာတီမမြရင် အကြောင်းဆက်ရေးသားရန် စိတ်ကူးထားသည်။ ရှေးအနုပညာရှင်များ၏ အနုပညာစွမ်းရည်များကို ကြားရ၊ သိရ ၊ ဖတ်ရ၊ မှတ်ရတော့ သူရို့အားပိုပြီး လေးစားအားကျမိရသည်။ လေဘာတီမမြရင်အား လေဘာတီဟု အမည်ကို
ကျောင်းသားများက အမည်ပေးခြင်းဖြစ်သည်။

လေဘာတီမမြရင်ကို မာမာအေးသီချင်းများမှ
ကျွန်တော်သိရှိခဲ့သည်။ သူမကို သတိထားမိခဲ့သည်။
သူမသီဆိုခဲ့သော သီချင်းများက သူမကို မသိ၊
မမြင်ဘူးသော်လည်း သူမကို သတိထားမိစေသည်။
သူမရဲ့ ပုံရိပ်ကို စိတ်ကူးမှာ ပုံဖော်စေသည်။
ရှေးအနုပညာရှင်များ၏ အနုပညာလက်ရာများကို
ယနေ့တိုင်စွဲလန်းနှစ်ခြိုက်စွာ ပြန်လည်းတမ်းတ
သီဆိုထားကြသည်။ ရေးသူကလည်း ကောင်း၊
ဆိုသူကလည်း ကောင်း၊ တီးသူကလည်း ကောင်း၊
ကောင်းသူတွေ ဆိုတီးခဲ့တဲ့တေးဂီတတွေက
မည်သို့မေ့လို့ရပါ့။ အမေ လူထုဒေါ်အမာ၏
ပြည်သူချစ်သော အနုပညာသည်များ မှ
လေဘာတီမမြရင်၏ အကြောင်းအရာအချို့ကို
တင်ပြပေးလိုက်ပါသည်။

image

image

လေဘာတီမမြရင် ကို အသံမင်းသမီးဟုလည်း
ခေါ်ကြသည်။ သူမကို ၁၂၆၆ ခုနှစ်တွင် သာစည်နယ်
ရွှေဖလားကန်ရွာ၌ မွေးဖွားသည်။ သူမသည် ဆံပင်
အလွန်ကောင်းသည်။ လူတစ်ရပ်ဆံပင်တစ်ရပ်ရှိ
သည်။ အသံကောင်းသည်။ သူမ၏အပြုံးသည်
နုပြီး ယဉ်သည်။ သူမ၌ ပီယရှိသည်။ မမြရင်တို့
ခေတ်က အသံချဲ့ စက်များ မပေါ်သေးပေ။
မိမိပင်ကိုယ်အသံနှင့် ပွဲခင်းကို မပေါက် ပေါက်အောင်
ဆိုရသည်။ မမြရင် ပွဲကရင်း ဆိုလိုက်၊ ဟစ်လိုက်
သည့်အခါ ပြိုင်ကနေသည့် အခြားပွဲခင်းက လူကို
သူမဆီရောက်အောင် ခေါ်သလို သူမအသံကပေါက်
လှသည်။

”ခုကာလ မင်းသမီးတွေ အသံချဲ့စက် ရှိလို့သာ
ထမင်းစားရတာပေါ့၊ သူတို့ပင်ကိုအသံက ခြင်
မြည်သလောက်ရှိတာပဲ” ဟု လူပျက်ချန်ပီယံ
ဘလှိုင်ကြီးကပြောဆို ဝေဖန်ဘူးသည်။ မမြရင်
ပွဲကလျှင် ပရိတ်သတ်မှာ ၂၀၀၀ ခန့်ရှိသည်။ တောပွဲ
များ ကပါလျှင် လှည်းနောက်မြီးထိုးကြည့်သည့်
လှည်းဝိုင်းကြီးများက ပရိတ်သတ်၏အပြင်၌
သုံးဆင့်လောက်ဝိုင်းထားသည်။ ထိုပရိတ်သတ်များ
ကြားအောင် သီချင်းဆိုရသည်။ ကပြရသည်။
အသံချဲ့စက် မရှိသည်မို့ သနားစရာကောင်းလှ
သည်။

လေဘာတီမမြရင် သည် သူမအသံကို အထူးဂရုစိုက် သည်။ ပွဲကသွားရာတွင် ကားလမ်းခရီးနည်းပြီး၊
လှည်းလမ်းခရီးကများသည်။ ဖုံလမ်းကို လှည်း
မောင်း၍ဖုံထလာသည့်နှင့် သူမပါးစပ်နှင့် နှာခေါင်းကို
ပုဝါကြီးနှင့် လုံလုံကြီးပိတ်ဆို့ထားသည်။ သူမဆံပင်များကိုလည်း ဖုံမဝင်အောင်ကာကွယ်သည်။
ပွဲကမည့်နေ့တွင် ညစာမစားဘဲ မန်ကျည်းမှည့်ဖျော်
ရည်ချဉ်ချဉ်တစ်ခွက်သောက်သည်။

image

အလှူ ၊ မင်္ဂလာပွဲပြုလုပ်သူများသည် ပုဏ္ဏားရွေး
ပေးသည့်ရက်ကို အလှူမဖြစ်ဘဲ စိန်ဗေဒါနှင့် မမြရင်
အားသည့်ရက်မှ အလှူ မင်္ဂလာရက် အတည်ဖြစ်
သည်။ လေဘာတီမမြရင် သည် အငြိမ့်မင်းသမီး
ဆိုပေမင့် မကလက်၊ ဣနြေ္ဒရသည်။ သူမ၏
အငြိမ့်ပွဲကို အဖေ၊ မောင်တို့နှင့် အတူကြည့်၍ရ
သည်။ ပရိတ်သတ်က သူမကို အရူးအမူးချစ်ကြိုက်
စွဲလန်းအောင်မလုပ်၊ သူမကို သနားပြီးချစ်အောင်
လုပ်သည်။

တစ်ခါက လေဘာတီမမြရင် တို့အငြိမ့် မလှိုင်နယ်သို့
သွားကသည်။ လမ်းခရီး၌ သူမတို့ စီးလာသည့်
အငြိမ့်ကားပျက်လေသည်။ မလှိုင်သို့အချိန်မီ
မရောက်ပေ။ လေဘာတီမမြရင် အငြိမ့်ဆို၍
မလှိုင်ပရိတ်သတ်က ပွဲကြည့်လိုက်မည်ဟု
ဧရာမဝိုင်းကြီးနှင့် စောင့်နေကြသည်။ သို့သော်
အငြိမ့်က ည ၉နာရီမှ ၁၀နာရီထိအောင် ပေါ်မလာ
ပေ။ ထို့ကြောင့် ပွဲကြည့်ပရိတ်သတ်က တမျှော်မျှော်
ဖြစ်ရာမှ ဒေါပွလာကြသည်။ ပွဲစီစဉ်သူများမှာလည်း အရှက်ကွဲ၍ မျက်နှာမပြဝံ့ကြ။ ၁၀နာရီထိုးပြီးမှ
မမြရင်တို့ အငြိမ့်ကားက ပွဲခင်းသို့ရောက်လာသည်။
အငြိမ့်အဖွဲ့သားများမှာ အပြစ်ရှိသူများဖြစ်၍
ဘာမျှမပြောဝံ့ဘဲ ဝိုင်းအရိုက်ခံရတော့မည်လားဟု
ကြောက်နေကြသည်။ ကားပေါ်မှ အငြိမ့်ပစ္စည်းများကို ကပျာကယာချတဲ့၍ ပွဲကရန် ခင်းကြ ကျင်းကြ
သည်။ ဤတွင် မမြရင်မျက်နှာလေးမြင်ယုံဖြင့်
စိတ်ကျေသွားသည့် ပရိတ်သတ်ကြီးက ချက်ချင်းမကနှင့် ထမင်းစားကြဦး၊ ထမင်းစားပြီးမှ ကကြဟု အတင်းစားခိုင်းပြီး စိတ်ရှည်လက်ရှည် ဆက်စောင့်ကြည့်ကြသည်။

image

ရှမ်းပြည်နယ်မှ အပြန်ငှက်ဖျားမိ၍ မကနိုင်သော
သူမကို သေပြီဟု သတင်းပျံ့သည်။ ကျန်းမာ၍
ပြန်ကသည့်အခါ နန်းတော်ရှေ့ဆရာတင် က
တုံးကျော်မ သီချင်းရေးစပ်ပေးသည်။ သူမသည်
မန္တလေးတောင်တွင် စောင်းတန်း ၂ခန်းလှူခဲ့သည်။
မမြရင်သည် ထိုခေတ်က သူမအားသေလုအောင်
ကြိုက်မည့်သူများရှိသည်။ ထိုသူတို့က ဟေးလား
ဝါးလားကာလသားများမဟုတ် လျှမ်းလျှမ်းတောက်လူစားများကလည်းကြိုက်ကြသည်။ ထို့ကြောင့်
မမြရင်၏ရည်စားက သူမကို သဝန်တို၍ ပွဲမကရန်
ပြောသည်။သို့သော် မမြရင်သည် ပွဲမကဘဲ မနေနိုင် ၍ ပွဲပြန်ကခဲ့သည်။ ပရိတ်သတ်ချစ်သနားခဲ့သော၊ အသံမင်းသမီး လေဘာတီမမြရင်သည် အသက် ၄၁နှစ်တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

@htwegyi
MSC.036

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ညည်းစာဖတ်ရတာ မမြရင် ကို ကြိတ်ကြွေနေခဲ့ တဲ့ အတိုင်းဘဲ အေ

မမြရင်ကို မမြင်ရပေမင့်ကြွေလို့ ရပါတယ်အေ

စိတ်ဝင်စား စရာလည်း ကောင်း၊ ဗဟုသုတလည်း ရ ပါပေ့ ဗျာ။ စာရေး တာ တော်တော် ကောင်းတယ်နော် ဦးထွေးက။ တစ်ခါတလေ အကြောင်းအရာ မကောင်းတာတောင် ရေးသားပုံက စွဲဆောင်မှု အတော်ရှိတယ်။ အပြင်မှာ စာရေးဆရာလား။

Posted using Partiko Android

ဟာ စာရေးဆရာတော့ မဟုတ်ပါဘူးဗျာ
ဒီလိုပဲ ခေါင်းထဲပေါ်လာတာချရေးလိုက်တာပါ
ခုစာတွေက အမေလူထုဒေါ်အမာရဲ့ အိုင်ဒီယာတွေပါ

အရင်​တုန်းကသီချင်း​တွေကမှ အနှစ်​ရှိတာဗျာ

ဟုတ်တယ်ဗျ သီချင်းတွေကဆိုရတာကို အရသာရှိချက်

လေဘာတီ မမြရင် အကြောင်းလေးဖတ်ရတော့ ဟိုဟာသလေးသွားသတိရမိတယ် လေဘာတီခေါ်မပု လေဘာတီခေါ်မပု ကျမ မပု

လေဘာတီမစု ခေါ် ကျမ မစု တော့ လုပ်လိုက်လိုက်ပါ😁

ဒီစာဖတ်လိုက်ရုံနဲ့ Broက မြန်မာ့ယဉ်ကျေးမှုကို ဝါသနာပါမှန်း သိရတယ်ဗျ။လေးစားပါတယ်ဗျာ

Posted using Partiko Android

မြန်မာ့ ယဉ်ကျေးမှုကိုတော့ လူတိုင်းမေ့ထားလို့မရဘူးဗျ
ထိန်းသိမ်းထားကြရမှာ

အော် မြရင် မြရင် မြရင် ☺

ချစ်ကြပေသရှင် ပြည်တစ်ခွင် 😁

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86