အပယ်ခံ သဘာဝရဲ့ ရင်သွေးငယ်များ

in #myanmar5 years ago (edited)

image

ယခု သီတင်းကျွတ်လပြည့်မှာတော့ ကျောက်ဆည်
အင်းကုန်းရွာအနီး ပေါင်းလောင်းလေးကျေးရွာသို့
ရောက်ရှိခဲ့သည်။ ပေါင်းလောင်းလေးကျေးရွာတွင်
လားရှိုး‌လေးဆရာတော်ကျောင်းရှိသည်။
လားရှိုးလေးဆရာတော်သည် မိဘမဲ့ ကလေးများ
ကို ပြုစုစောင့်ရှောက်ထားသည်။ အထူးသဖြင့်
ရှမ်းတိုင်းရင်းသား ကလေးငယ်များကို ပြုစုထားရှိမှု
ပိုများပြားသည်။ ယောကျာ်းကလေး၊ မိန်ကလေးများ
စုစုပေါင်း 330 ကျော်ကို စောင့်ရှောက်ထားသည်။

nt8dcpds2n.jpg

မိန်းကလေးများမှာ အပျိုပေါက်ကလေးများလည်းပါဝင်သည်။ ယောက်ျားလေးများမှာ အများအားဖြင့်
ကိုရင်ပေါက်စလေးများ ဝတ်ထားကြသည်။
သူတို့စကားပြောရာတွင်လည်း သူတို့တိုင်းရင်းသားဘာသာစကားဖြင့် ပြောဆိုကြသည်။ ပြုစုစောင့်ရှောက်ထားသည့် ကလေးများမှာ
အရွယ်စုံ၊ ဆိုက်စုံ၊ မျိုးစုံဖြစ်သည်။ နို့စို့ကလေးအရွယ်မှ အပျိုပေါက်၊ လူပျိုပေါက်အရွယ်လေးများထိရှိသည်။

4l1mnbs20d.jpg

ကျွန်‌တော်တို့ရောက်သည့်အခါ တစ်နှစ်သားအရွယ်
ယောက်ျားလေးနှစ်ဦးကို ဝဝတုတ်တုတ်ချစ်စရာ
တွေ့မြင်ရသည်။ ထိုကလေးငယ်တစ်ဦးသည်
နို့ဘူးစို့ရင် လမ်းလျှောက်နေရာ ကိုရင်ကြီးတစ်ပါးက

"ဟေ့ကောင် ညကျ ဆို့ဖို့ ချန်ထား
ပေး ခုမဆို့နဲ့အုံး"

dn6bzx8xga.jpg

igvea2zmxd.jpg

ပြောဆိုကာ တစ်နှစ်အရွယ်ကလေးထံမှ နို့ဘူးကို
ယူလေသည်။ ထိုအခါ ကလေးငယ်က အော်၍
ငိုလေးသည်။ ကျွန်တော်တို့အဖွဲ့ထဲမှ တစ်ယောက်က

"နို့ဘူးဆို့ပါစေရှင် ညအတွက် ကျွန်မ နို့ဘူးဖိုး
လှူပါ့မယ်"

"မဟုတ်ဘူး ဒကာမရဲ့ ကလေးတွေအကျင့်ဖြစ်သွားမှာစိုးလို့ပါ"

ကိုရင်ကြီးကပြန်ပြောလေသည်။ လားရှိုးလေး ဆရာတော်၏ကျောင်းသည် ဆောက်လက်စအဆောက်အဦးများ၊ အပြီးမသတ်သေးသည့်အဆောက်ဦးများ နှစ်ကျောင်းသုံးကျောင်းခန့်ရှိ
သည်။ ထိုအဆောက်အဦများတွင် ကလေးများနေထိုင်ကြသည်။ သူတို့ အဝတ်အစားများလည်း
လှန်းထားကြသည်။ ကျနော်တို့အဖွဲ့ရောက်စဉ်
တခြားရွာမှ အလှူရှင်က ကလေးငယ်များကို ထမင်းစား ခေါ်ထားသည်။

co10iihad2.jpg

ထိုရွာသို့ ထမင်းစားသွားကြရာတွင် ယောကျာ်းကလေး၊ မိန်းကလေးများကို ထော်လာဂျီကားတစ်စီးစီဖြင့် ပို့ဆောင်ပေးသည်။ ကျွန်တော်တို့သည်ဆရာတော်အား ကန်တော့ရန် ဓမ္မာရုံပေါ်၌
စောင့်နေစဉ် ကလေးမလေးတစ်ဦးက လသား
အရွယ်ကလေးငယ်တစ်ဦးကို ချီထားသည်။
ထိုကလေးမှာလည်း လားရှိုးလေးဆရာတော်က
ပြုစုစောင့်ရှောက်ထားရသည်။

aaurgr889s.jpg

ထိုလသားအရွယ်ကလေးငယ်၏ ရာဇဝင်မှာ
ကျောက်ဆည်၊ ရွှေသိမ်တော်ဘုရားဝင်းအတွင်းမှ
ကားပါကင်အနီးတွင် စွန့်ပစ်ထား၍ ဆရာတော်ကျောင်းသို့ လာရောက်ပို့ထားခြင်းဖြစ်သည်။
ထိုကလေးကို ရက် 20 သားခန့်က ကားပါကင်အနီးတွင် တွန်းလှည်းလေးနှင့် စွန့်ပစ်ထားခဲ့ခြင်းဖြစ်
သည်။ ကလေးငယ်လေးမှာ နှာတံပေါ်ပေါ်
အသားဖြူဖြူ ချစ်စရာကလေးဖြစ်သည်။
ရုပ်ရည်လှပသော်လည်း သနားစရာ ထိုကလေး
ဘဝကို ရင်နာမဆုံးဖြစ်ရပါတော့သည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

လူတွေ လူတွေ.....

Posted using Partiko Android

ရှုပ်ထွေး လမ်းမကြီးပေါ်မှာ

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66077.75
ETH 3167.77
USDT 1.00
SBD 4.01