ပြောမယုံကြုံမှသိ ( ၄ )

in #myanmar6 years ago

IMG_20180114_084114.jpgကိုသန်းထွန်းက ဟေ့ကောင်တွေ အိပ်ချင်
ပြီလား.....။ဟာ..... အိပ်ချင်ဖို့နေနေသာ
သာ ကြောက်လွန်းလွန်းလို့ မျက်လုံး
တွေလဲ ပြူးပြဲနေပြီ................။အေးကွာ...ငါလဲမအိပ်ချင်သေးဘူး.......မင်တို့
ခြောက်တဲ့ သရဲကို တွေ့ချင်သေးတာ.......။အမလေး..............။လာကွာ မီးပြန်လှုံရအောင်..........။
ဟာ...........။အဲဒါဆို တဲနဲ့ဝေးတဲ့ လယ်ကွင်းထဲ သွားထိုင်ရအောင်ဗျာ..........။
ဟာ......မင်းကလဲ နှင်းတွေ ဒီလောင်ကျနေတာကွာ.......။ဒီမှာပဲ လှုံရအောင်ပါကွာ.......။ငါရှိပါတယ်ကွ....ဘာမှကြောက်စရာမလိုဘူး......။လာပါကွ.......။အဲဒါနဲ့ သုံးယောက်သား တဲကိုမျက်နာမူပြီး မီးပြန်လှုံ
နေကြတာပေါ့ဗျာ.........။တဲပေါ်လဲမကြည့်ဝံ့....ငါ့နောက်များ ဆံပင်ဖားယားကြီးနဲ့....ရပ်နေမလား.....အမလေး.... နောက်ကျော
တွေ ချမ်းလိုက်တာဗျာ.........။ကြောက်
်စိတ်တွေ လွှမ်းမိုးလာတော့ ဘယ်နေရာနေနေ ကိုယ့်ကိုယ်ကို လုံခြုံတယ်ကိုမထင်တော့ဘူး.......။တကယ်တော့ လူဆိုတဲ့အမျိုးက မလုပ်နဲ့ဆိုတဲ့အရာကို ပိုလုပ်ချင်ကြတယ်ဗျ.......။အခု ကျွန်တော်လဲ အဲလိုပဲဗျ.....”တဲပေါ်ကို မင်းမကြည့်နဲ့ .......မကြည့်နဲ့ ......မကြည့်နဲ့......”ကိုယ့်ကိုယ်ကို ထပ်ခါထပ်ခါ သတိပေးနေသော်လည်း......
မျက်စောင်းထိုးပြီး မမြင်တမြင်လေးကြည့်လိုက် ဘေးလွှဲလိုက်....... ပြန်ကြည့်လိုက်.......
မျက်လုံးကိုဘေးပြန်လွှဲလိုက်နဲ့ပေါ့ဗျာ......။ဘာသံမှတော့ မကြားတော့ ဘူးဗျ.....။မုန်
်တိုင်းတိုက်ဖို့ အားယူနေတယ်လားတော့ မသိဘူးပေါ့ဗျာ....။ညီ ကိုသုံးယောက်သား
စကားတွေပြောလိုက်...ရေနွေးကြမ်းလေး
သောက်လိုက်နဲ့ပေါ့...”ဟား......ငါ့ညီငြိမ်နေပါလားဟ.......။ဗျာ......။အဲလောက်လဲ မ
ကြောက်ပါနဲ့ကွာ......။ငါရှိရင် သရဲမခြောက်နိုင်ပါဘူးကွ............။ဟုတ်မှလဲ ပြောပါဗျာ........။အေးကွ......အမှန်တော့ ရှေးလူကြီးတွေပြောစကားရှိတယ်ကွ....ဘယ်ခရီးကိုသွားသွား သုံးယောက်မသွားကောင်းဘူးတဲ့ကွ........။ဟင်.....ဟုတ်လားဗျ။ အေး........သုံးယောက်တည်း ခရီးသွားရင် တခုခု ကတော့ဖြစ်တယ်တဲ့ကွ.....။ဟင်.....အဲဒါဆို ကျွန်တော်တို့လဲ အခုသုံးယောက်......အဲဒါကြောင့်လားမသိဘူး
နော......။အေး.....ဟုတ်ချင်ဟုတ်မှာပေါ့ကွာ........။ညီအကို သုံးယောက်သား စကားပြောရင်း ပြောရင်းနဲ့ အချိန်ကလဲ ၁၂
နာရီထိုးခါနီးတော့ သရဲကြောက်လို့ ပြူးနေတဲ့
မျက်လုံးတွေလဲ မှေးလာပြီးဗျ.......။အဲလိုနဲ့ ကိုသန်းလွင်က ဝါး........အိပ်ချင်ပြီကွာ......။အေးဗျ....ကျွန်တော်လဲ အိပ်ချင်လာပြီ.....။ကိုသန်းထွန်းက ကဲ....ကဲ...အဲဒါဆိုလဲ အိပ်ရအောင်.....။လာထ တဲပေါ်သွားရအောင်...........။
ဗျာ..................။အမလေး မအိပ်ရ
ရင်နေပါစေဗျာ တဲပေါ်တော့ မအိပ်ပါရစေနဲ့.........။မင်းမအိပ်ချင်လဲ မီးလှုံနေပေါ့ကွာ.........။ငါတို့တော့ အိပ်ချင်ပြီ.....။တယောက်ထဲလဲ မနေဝံ့ ၊တဲပေါ်ကိုလှည့်တောင်မကြည့်ဝံ့ဘဲဖြစ်နေတာဗျာ...တဲပေါ်တက်
်အိပ်ရမယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့ဗျာ.........။တယောက်တည်း မအိပ်ပဲ မီးလှုံနေမယ်ဆိုတော့လည်း ကိုယ့်ရှေ့မှာများ ခုနလိုဆံပင်ဖားကြီးနဲ့ သွားကြီးဖြီးပြနေမှဖြင့်.....။အမလေး........ ။နေးအုံး.... နေအုံး.....လိုက်မယ်....လိုက်မယ်...။

IMG_20180114_083800.jpgညီအကိုသုံးယောက်သား တဲပေါ်စောင်လေးဘာလေးခင်းပြီး အိပ်ဖို့ပြင်တာပေါ့ဗျာ.....။တဲက တအားတော့မကြီးပေမဲ့ ညီအကိုသုံးယောက်တော့ အေးဆေးအိပ်ရတာပေါ့....။နေ့လည်ကျစပါးရိတ်တဲ့စက်နောက်လိုက်ရတာနဲ့
သယ်ရတာနဲ့ ပင်ပန်းတော့ အိပ်ချင်တာပေါ့ဗျာ.....။အကိုနှစ်ယောက်က မြောက်ဘက်တယောက် တောင်ဘက်ကတယောက် ကျွန်တော်ကတော့ အလယ်က အိပ်တာပေါ့....။ဘယ်ပြောကောင်းမလဲ သတ္တိခဲကြီးကို......။
အိပ်ခါနီး ဘုရားစာလေး ဘာလေးရွတ်....။မခြောက်ပါ မလှန့်ပါနဲ့ပေါ့....စိတ်ထဲက ပြောဆိုပြီး စောင်ခေါင်းမြီးခြုံ အိပ်တာပေါ့ဗျာ.....။
အကိုနှစ်ယောက်လဲ ရှိတာကိုဗျ .........။
စိတ်လွတ်ကိုယ်လွတ်ပဲ အိပ်ချလိုက်တာပေါ့......။နေ့လည်ကျလည်း ပင်ပန်းတာဆိုတော့ ”ကြိုက်မရှက် ငိုက်မရှက် ငတ်မရှတ်”
ဆိုသလိုပဲ” တအားအိပ်ချင်နေတော့လဲ မ
ကြောက်နိုင်တော့ဘူးဗျာ......။ကဲကွာ....
ခြောက်ချင်လဲ ခြောက်ပါစေတော့.......။ညီအကိုသုံးယောက်သား အိပ်ပျော်သွားတာဗျ.....................။

ခနကြာတော့ အိပ်ရာကနေ ဆက်ခနဲ နိုးလာ
ရော....”ဟာ......သေပြီဟေ....။ဘာလို့များ နိုးလာတာလဲဟ.......။ဘေးနားက အကို နှစ်ယောက်ကို....................
ကိုကြီး ကိုကြီး.....။ဟာ.....နှစ်ယောက်စလုံး
လဲနှိုးမရ အိပ်နေကြပြီထင်တယ်......။
သရဲကကြောက် အိပ်ကမပျော်ပေါ့.....။
ဘေးနားက ဖုန်းလေးကောက်ပြီးဖွင့်ကြည့်တော့
၁၂ နာရီခွဲရှိသေးတယ်ဗျ.....။ဟာ...... ဘာလို့များမိုးမလင်းသေးတာပါလိမ့်......။ကြောက်လွန်လွန်းလို့စောင်ကိုခေါင်မြီးခြုံထားတော့
အသက်ရှူကကြပ်......။ကြောက်လွန်းလို့
ချွေးတွေကထွက်နဲ့ ....အေးလှပါတယ်ဆိုတဲ့
ဲ့ဆောင်းရာသီတောင် ကျွန်တော့ရဲ့ကြောက်စိတ်ကို အဲမတုနိုင်တော့ပါလား...............။ညသန်းခေါင်ရဲ့မဟူရာညနဲ့ ကျွန်တော့ကြောက်စိတ်တွေ ရောယှက်နေတဲ့ အခိုက်အတန့်မှာပေါ့..................................။
”ခွက်........ခွက်.......ခွက်” ဟာ........
ကြောက်နေတဲ့သူဆိုတော့ ဘာရယ်မှန်းမသိ အသံကြားတာနဲ့ ကြက်သီးတွေထလာတာပဲဗျို...။
အကိုတွေလဲ နှိုးမရ....။တယောက်ထည်း
ကြိတ်ခံစားနေရတာ....။တကယ်ပဲခံစားရခက်ပါလားဟ.........။
”ခွက်.....ခွက်.....ခွက်.....ခွက်.........”
တဲဆီလာနေတဲ့ ခြေသံဗျ.......။ဟာ......
သေချာပြီ......။တဲနားရပ်နေသလိုလို စိတ်ထဲ တွေးမိနေတာပေါ့ဗျာ.....။အသံက ခနရပ်သွားပြီး.....။”ဝုန်း.......ဝုန်း...
ဝုန်း......” တဲကြီးကို တယိမ်း ယိမ်းနဲ့ဗျာ...။
ကိုင်ပြီး ဆွဲလှုပ်ချနေတာဗျ.................။
တဲသာနိုင်နိုင်ကိုင်ထားတော့ဟေ......။ကိုသန်းထွန်းက ထအော်တာဗျ......။သုံးယောက်သား ထပြီးထိုင်လိုက်တာ ဆက်ခနဲပဲဗျာ.....။
သုံးယောက်သား တဲပေါ်ငုတ်တုတ်လေးတွေထိုင်နေတုန်း.......တဲရှေ့က မီးဖိုကဝုန်းခနဲ ထ
တောက်လာတဲ့အခိုက်.............တဲမြောက်ဘက် ကိုသန်းထွန်း ရှေ့တည့်တည့်မှာပေါ့....
မဲမဲကြီး ဆံပင်ကဖားယား မျက်လုံးကြီး နီနီ
ကြီးတွေနဲ့......မက်တပ်ကြီးရပ်နေတာဗျ.....
အဆွယ်ဖွေးဖွေးကြီး နှစ်ချောင်းက ပါးစပ်က
နေ ငေါငေါကြီးတွေဗျာ.................။
အား........သုံးယောက်သား အော်ပြီး တဲအရှေ့ဘက် ခုန်ဆင်းချလိုက်တာ
လေးဘက်ထောက်ကြီးတွေ...........။
ဘယ်ရမလဲ နာမှန်းလဲမသိ မှောင်မှောင်မဲမဲ ညီအကိုသုံးယောက်သား ခြေဦးတည့်ရာပြေချလိုက်တာ တောင်ဘက်က တခြားလူတွေ လယ်ပွဲထဲကိုရောက်ရော........။ဟောဟဲ... ဟောဟဲ....မောလိုက်တာဗျာ.......။

IMG_20180114_084205.jpgကိုသန်းထွန်း ခင်ဗျား ပြောတော့မကြောက်ဘူးဆို.....။ငါ့ရှေ့မှာ ဆံပင်ဖား ယားကြီးနဲ့
တကယ်ခြောက်တာကိုကွ ဘယ်မကြောက်ပဲ နေမလဲ.........။ငါက ”တခွက်ခွက်” နဲ့ ခြေသံ
တွေ ကြားကတည်းက ငါနိုးတယ်ကွ......။မင်း ငါ့ကိုနှိုးတာလဲ သိတယ်....... ။ငါက အဲဒိကတည်းက ဓားကို ခေါင်းရင်းက လှမ်းယူပြီးကိုင်ထားတာကွ...........။မြင်ရင်တော့ ခုတ်ချလိုက်မယ်ပေါ့...........။ငါ့ရှေ့ ဆံပင်ဖားယားကြီးနဲ့လဲ မြင်ရော လက်ထဲဓားကိုင်ထားတာလဲ မစဉ်းစားမိတော့ဘူး........။လန့်ဖျက်
ပြီးပြေချလိုက်တာ.....ဘယ်ရမလဲ........။

ညီအကိုသုံးယောက်သား တဲကိုပြန်ဖို့နေနေသာသာ တဲလို့ပြောသံကြားရင်တောင် လိပ်ပြာလွင့်မတတ်ကြောက်နေတာ.......။လာကွာ....မထူးပါဘူး...အိမ်ပဲပြန်ရအောင်ဆို
ပြီး........စပါးပုံတွေ ခိုးရင်လည်းခိုးပါစေ
တော့........။မတတ်နိုင်တော့ဘူး.......။သုံးယောက်သားအိမ်ပဲပြန် ရတော့တာ
ပေါ့.......။အိမ်ရောက်တော့..... ဟာ
မင်းတို့ ဒီအချိန်ကျမှ ဘာလို့ပြန်လာတာလဲ
ပေါ့........။ကျွန်တော်တို့လဲ အကြောင်းစုံ
ပြောပြပြီး......အိပ်ချလိုက်တာ မနက် ၁၀နာရီ လောက်မှပဲ နိုးပေတော့တယ်.......။
ရှေးလူကြီးတွေ ပြောသံကြားဖူးတယ်ဗျ........
လူတယောက်ဟာ ကံနိမ့်ညံ့တဲ့ အချိန်မှ သရဲက
ခြောက်လှန့်နိုင်တာတဲ့........။ကျွန်တော်ပဲ
ကံနိမ့်ညံ့တဲ့ အချိန်ဖြစ်ခဲ့လေသလား......
..............................။

photo credit, google
written by htetlinaungg
MSC, 078

Sort:  

Afraid 😳

Thank for reading

တော်သေးတာပေါ့...အိမ်ထိမလိုက်လာလို့.. :D

Thank for reading

ဂွတ်​😁

သရဲ​ကြောက်​တယ်​😢😢

So good , nice post, the best idea ....

Khank for reading,bro

ပုံကြည့်တာကြောက်စရာကြီး
စာတော့မဖတ်ရဲတော့ဘူး
မျက်စိမှိတ် vote ပေးခဲ့ပါတယ်

ဟုတ် ကျေးဇူးပါ

မရဲတရဲ ဖတ်သွားပါသည်

Thank for reading

အစလေးနဲ့ အဆုံးလေးသာ ဖတ်လိုက်သည် သရဲကြောက်တက်ပါသောကြောင့်

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66344.62
ETH 3214.81
USDT 1.00
SBD 4.37