ကျွန်ုပ်နှင့် စတီးမစ်ကမ္ဘာ့ဖလား

in #myanmar6 years ago

ရာသီဥတုလေးကလည်း ကိုယ့်ဘက်ပါ 😁
မိုးအေးအေးနဲ့ ဆောင်းပါးရေးဖို့ကြံတော့
ကမ္ဘာ့ဖလားဘောလုံးပွဲအကြောင်းပဲ ခေါင်းထဲဝင်လာတယ်လေ။
Steemitborad အဖွဲ့ကလည်း ''ချန်ပီယံဘယ်သူဆိုတာ မင်းတို့ခန့်မှန်းကြ နိုင်ရင် 1700 SBD ဆုချမယ်''ဆိုတော့ကား
ရမ်းတုတ်မှန်းတုတ် ခန့်မှန်းဖို့ပြင်ရတော့တာပေါ့ 😁

ပြီးရင် ကိုယ်က အငြိမ်မနေတက်တော့ myanmar steemit အဖွဲ့သားတစ်ယောက်နဲ့ အဲ့ဒီကမ္ဘာ့ဖလားစကားစပ်မိသွားပီး
ဤ ဆောင်းပါးမကျ ဘာမကျ post တစ်ခု ဖြစ်လာတယ်ဆိုပါတော့။

"ကမ္ဘာ့ဖလားပွဲစဉ် ခန့်မှန်းတော့မယ်ဆိုရင်
@steemitboardpool ကို
0.01 sbd or 0.01 steem
အရင် ပို့ပေးရမှာ။ ပို့ပီးပီလား''

"မပို့ရသေးဘူး
register လုပ်​ရတာမလား''

"ဟုတ်တယ် worldcup2018
လို့ memo မှာ ရေးပီးပို့ရမှာ။''

S80615-225839(1).jpg
Screenshot of my steemit account

"ဟုတ်​ကဲ့
ဘာ​တွေလုပ်​​ဆောင်​ရမလဲ ​ပြောပြပါအုံး''

"အဲ့လို ပို့ပီးသွားရင် စပြီး ခန့်မှန်းလို့ရပီ။
Post အောက်က @steemitboard က comment သုံးခုပေးထားမယ်။
ဥပမာ- Argentina နဲ့ Iceland ပွဲစဉ်မှာ
Argentina Win ရှိမယ်
Iceland Win ရှိမယ်
Tie- No Winner ရှိမယ်

အဲ့ဒီ comment သုံးခုထဲက မိမိကြိုက်နှစ်သက်ရာ တစ်ခုတည်းကိုပဲ upvote ပေးရမယ်။

S80615-231931(1)(1).jpg
Screenshot of @steemitboard comment
(ပုံထဲမှာ အာဂျင်တီးနားဘက်ကို လောင်းထားတဲ့သူ 238 ယောက်ကို တွေ့မြင်ရပါတယ်။ )

S80615-231942(1).jpg
Iceland ကိုလောင်းတဲ့သူက ကိုးယောက်

S80615-231937(1).jpg
သရေဖြစ်မယ်လို့ ခန့်မှန်းတဲ့သူက ကိုးယောက်

Argentina နိုင်မယ်ထင်ရင် Argentina Win လို့ရေးထားတဲ့ comment ကို upvote လုပ်ပေးရုံပဲ။
အလားတူ.......
Iceland နိုင်မယ်ထင်ရင် Iceland Win
သရေကျမယ်ထင်ရင် Tie- No Winner.....
သုံးခုထဲက တစ်ခုကိုပဲ upvote လုပ်ပေးပါ။
Upvote မလုပ်ခင်သေချာစဉ်းစားပေါ့နော်။
လုံးဝ ပြန်ပြင်လို့မရပါဘူးလို့ စည်းကမ်းထဲမှာ ပါနေလို့ပါ။
ကိုယ်က အာဂျင်တီးနားဘက်ကလောင်းထားတယ်၊ လက်တွေ့မှာ အာဂျင်တီးနားက ရူံးနေပီး အိုက်လန်က နိုင်နေလို့ အာဂျင်တီးနားကိုပေးထားတဲ့ upvote ကိုပြန်ဖျက်ပီး အိုက်လန်ကို upvote သွားပေးလို့ မရပါဘူး။ ပယ်ခံရပါလိမ့်မယ်။

နောက်တစ်ချက်သတိထားရမှာက @steemitboard ပေးထားတဲ့ comment သုံးခုထဲက တစ်ခုကို upvote ပေးရုံနဲ့တင် လုံလောက်ပါပြီ။ နောက်ထပ်စာတွေ မိမိထင်မြင်ချက်တွေချရေးခွင့်မရှိပါဘူး။''

"ကွန်​မန့်​ ​ပေးစရာ မလိုဘူး​ပေါ့''

"ဟုတ်တယ်။
တကယ်လို့ တခြားစာတွေရေးပီး comment ရေးရင်
အဲ့ဒီလူက အနီကတ်ပြခံရမယ်။
အနီကတ်ပြခံထားတဲ့သူက နောက်ထပ်ပွဲစဉ်မှာ ဘယ်သူနိုင်လောက်တယ် ဘာ၊ ညာ ထပ်ပီး comment ပေးရင် အဲ့ဒီလူက အပယ်ခံ ရမယ်။
နောက်ထပ်ပွဲစဉ်တွေ ခန့်မှန်းခွင့်မရှိတော့ဘူး။''
Photo_180615115915(1).jpg

"ဟုတ်ကဲ့''

"Registered လုပ်ထားတဲ့ 0.01sbd or 0.01 steem ကိုလည်း ပြန်မရတော့ဘူး။ ထွက်ရမယ်။''

"ရှင်းပြ​ပေးလို့ ​ကျေးဇူးပါပဲ''

ကဲ ကိုယ့်ဆရာတို့လည်း
ပွဲစဉ်ခန့်မှန်းချင်ရင် မှီသေးတယ်နော်။
အောက်က link ကနေ ဝင်ပီး နည်းနည်းဖတ်ကြည့်လိုက်နော်။

https://steemit.com/steemitboard/@steemitboard/steemitboard-world-cup-contest-portugal-vs-spain

Writer,
@honeysara
MSC 040

Sort:  

မှန်းကြည့်ဦးမှပါ

နိုင်မယ့်အသင်းသိရင် ပြောဦးနော် 😁

အခုမှ သိတာ​အမ 😊
ကျ​နော်​​နောက်​​တောဂ်​ကျဆနပီ

လောင်းကျိအုံးမယ်

ဆာမပါဆို

ဟုတ်ရပါဘူးဗျာ 😁

ခုမှသိလို့ ခုလုပ်ကြည့်မယ်
ကျေးဇူးပါကွယ်

ဟုတ် အကိုထွေး😊

လုပ်အုံးမှပါအေ

မစမ်း​တော့ပါပူး

ခုမှဘယ်လိုလုပ်ကတာသိတော့တယ်

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59159.44
ETH 2522.84
USDT 1.00
SBD 2.47