သူပြောပြသော သူ့ ဘဝအကြောင်း ( ၂ )

in #myanmar6 years ago

image

မနေ့ က ဖောင်းပြင်သား သူငယ်ချင်း၏ အိပ်မက်ထဲက ရန်ကုန်မြို့ကြီးကို ရောက်လာပုံလေးကို ဆက်ပြီးရေးပြလိုက်ပါသည် ။

" တပည့်တော် အမြဲတမ်း ဆုတောင်းတယ် ။ ရွှေတိဂုံဘုရားကြီးကို ဖူးရပါလို၏ဆိုတဲ့ စိတ်နဲ့ပေါ့ ။ တစ်နှစ်ကျော်ကြာတော့မှ တပည့်တော် ဆန္ဒတွေပြည့်ခဲ့ရတယ် " ။ ဘာလို့ လဲ ဦးဇင်း အဖေအမေတွေက ဘုရားဖူးဆိုပြီး လိုက်ပို့ တာလား လို့ မေးမိတော့. . .

image

" မဟုတ်ဘူး ဦးဇင်း ရွာကအဒေါ်တွေ အလှုလုပ်တော့ တပည့်တော်လည်း ကိုရင်ဝတ်ရတာပေါ့ ။ အဲ့ဒီကိုရင်ဘဝနဲ့ ရောက်ခဲ့ရတာပါ ။ တပည့်တော်ရဲ့အဒေါ်တွေက အရင်တုန်းက ဆင်းရဲတယ် ။ ခုလိုအလှုတွေ ဘာတွေမလုပ်နိုင်သေးဘူး ။ ဆင်းရဲတာကလည်း လောင်းကစားဘာညာကြောင့်မဟုတ်ပါဘူး ။ ရွှေမျောလုပ်ရင်းနဲ့ အိမ်ပေါင် လယ်ပေါင်ဘဝရောက်ပြီး အကြွေးတွေ ပတ်လည်ဝိုင်းနေတာပါ ။ ဘယ်လောက်ထိလဲဆို လင်မယားနှစ်ယောက်လုံး ကိုဟ့်ကိုကိုယ်သေကြောင်းကြံတဲ့အထိပဲ ။ ဒါပေမဲ့ သေကံမပါဘူးထင်တယ် သူတို့ မသေကြဘူး ။ ဒါနဲ့ပဲ ခေါင်းမာတဲ့အဒေါ်က သူတို့ မသေတာ အခွင့်အရေးရှိသေးလို့ ဆိုပြီး ရွှေမျောပဲ ထပ်လုပ်ကြတယ်ဘုရား " ဆိုပြီး အာခြောက်သွားဟန်နှင့် ရေတစ်ခွက်ထသောက်လိုက်သေးသည် ။ မိမိမှာတော့ ဘာလို့  ချမ်းသာသွားတာလဲ သိချင်လှပြီ အဲ့တော့မှ ဆက်ပြောပြသည် ။

image

" သူတို့ အရင်လုပ်တဲ့ ရွှေမျောတွေမလုပ်တော့ဘူး ။ နေရာသစ်ရှာကြတယ်ပေါ့ ။ ချင်းတွင်းမြစ်ရဲ့ ဟိုးအထက်ပိုင်းနေရာက ရွှေမျောအဟောင်းကို ဈေးပေါပေါနဲ့ ဝယ်ပြီး ရွှေရှာကြတယ် ။ ဒါပေမဲ့ မထူးပါဘူး အရင်လို ၁၀ရွေး ၁၅ရွေးလောက်ပဲရတော့ ဆီဖိုးတောင်မကျေပါဘူး ။ တစ်နေ့ ကျတော့ အဒေါ်က အဲ့ဒီချင်းတွင်းမြစ်အထက်ဘက်က တောအုပ်လေးထဲမှာ တောရဆောက်တည်နေတဲ့ ဆရာတော်တစ်ပါးကိုဖူးတွေ့လိုက်ရတယ် ။ မြင်တာနဲ့ ကြည်ညိုစိတ်ဖြစ်ပြီး သူတို့ ယူလာတဲ့ ထမင်းထုပ်ကို လှုတာပေါ့ ။ အဲ့နေ့ က ရွေး၈၀ လောက်ထိ ရွှေရတယ်တဲ့ တစ်ကျပ်သားမပြည့်တပြည့်ပေါ့ ။ အမှန်ဆို သူတို့ တူးနေတဲ့ ရွှေမျောအဟောင်းက ရွှေနဲ့တူတာဆိုလို့  မြေကြီးအဝါရောင်တောင်မကျန်တဲ့နေရာဖြစ်နေပြီ ။ ကုန်သလောက်ဖြစ်နေလို့  အရင်ပိုင်ရှင်တွေက ရောင်းခဲ့တာလေ ။ အဲ့ဒီနေ့ ကျမှ ထူးထူးခြားခြား ရွေး၈၀ လောက်ထိရတာဆိုတော့ အဒေါ်လည်း အားတတ်သွားတယ် ။ နောက်နေ့ တွေကျတော့ ဆရာတော်ကို ဆွမ်းကွမ်းကိစ္စပြည့်စုံအောင် လုပ်ပေးပြီးမှ ရွှေမျောကို လာလာကြည့်တယ် ။ ရွှေက ပုံမှန်လို ရွေး ၁၀၀( ရွှေတစ်ကျပ်သား ) နီးပါးလောက် ရနေတာပဲပေါ့ ။ တပည့်တော် အထင်တော့ ဆင်းရဲသား မဟာဒုတ် တို့ လို့  အကျိုးပေးတာထင်တယ်ဘုရား " ။

image

မဟာဒုတ်ဆိုသည်မှာ ဆင်းရဲလွန်း၍ သူတစ်ပါးအိမ်မှာ လင်မယားနှစ်ယောက်လုံး ကျွန်ခံပြီး ရလာတဲ့ အသပြာလေးနဲ့ ဘုရားရှင်ကို ဆွမ်းကပ်ခဲ့သော ဥပါသကာတစ်ဦးဖြစ်သည် ။ ဆွမ်းဘုန်းပေးပြီး ဘုရားရှင်ကျောင်းတော်သို့  ပြန်ကြွသည်နှင့်တစ်ပြိုက်နက် သိကြားမင်းကိုယ်တိုင် သူတို့ အိမ်ကို ရတနာ ၇ ပါးအပြည့်ဖြည့်ပေးရတဲ့အထိ ချက်ချင်း လက်ငင်းအကျိုးထူးကိုခံစားရလေသည် ။ ထို့ ကြောင့် မဟာဒုတ်ဥပါသကာကို အကြောင်းပြုပြီး မဟာဒုတ်မဲဆိုပြီး တန်ဆောင်မုန်းလတွင် စာရေးတံမဲများ ပြုလုပ်ကာ လှုတန်းကြလေ့ရှိသည် ။ ( ဤကား စကားချပ် )

ရေးရပျင်းသွားပြန်ပြီ အဆက်ကလေး စောင့်မျှော်ပေးပါဦး steemit မိတ်ဆွေများရယ် ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုဟ်၏ ကျန်မာခြင်းနှင့် ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

စေတနာ အကျိုးပေးတာ နေမှာ

အဲ့လိုပဲ ထင်မိတယ်

စေတနာအကျိုးပေးတာရယ် ရှေးအတိတ်ကံဆန်းထလာချိန်ရယ်တိုက်ဆိုင်တယ် ဆိုမလားဘဲ

ဖြစ်နိုင်တယ် မတ်စု အကျိုးပေးတိုက်ဆိုင်တာနေမှာ

ရေးရ မပျင်းပါ့ ဘုရား
ဒါနစေတနာ အကျိုးပေးပုံလေး သိပါရစေ

ကိုဟိန်းပြောလို့ နော် မပျင်းတော့ဘူး

စေတနာသဒ္ဓါတရားက လက်ငင်းအကျိုးပေးတာပါလား

ဘယ်ဘက်ကတစ်ဆုပ်ကြဲလို့  ညာဘက်က တစ်လှဲ့ဝင်တဲ့သဘောပါ

တတ်နိုင်သလောက်လေးတော့လှူနေတာပါပဲဘုရာ့

ဘယ်ဘက်ကတစ်ဆုပ်ကြဲလို့  ညာဘက်က တစ်လှဲ့ဝင်တဲ့သဘောပါ

ရေးပါဆရာ​တော်​ရယ်
အဲ့လို​လေး​တွေဖတ်​ချင်​တာပါဆို ဘယ့်​နှယ်​ ပျင်းသွားပီတဲ့ စိတ်​ဆိုးတယ်​​နော်

ဟုတ်ရပါဘူး ကသက်ရယ် လပတ်စာမေးပွဲနီးနေတော့ နည်းနည်းကြိုးစားနေရလို့ ဘာ

နန်း​ရှေ့စာ​ရေးတံမဲ က​တော့ အ​တော်​စုံဖူးတယ်​ ဓ​လေ့အမျိုးမျိုး ​တွေ့ဖူးတာပဲ
တခါတည်းကျရာ​ကျောင်း​ခေါ် တခါတည်း စီတန်းသပိတ်​နဲ့အ​ပေါ်တင်​​ပေးက​နေ မဲနှိုက်​​တွေ​ကော ​နောက်​ မဲနှိုက်​ပီး ကျရာမိသားစုအိမ်​ကို ဆွမ်းစားကြွ အလှုရှင်​မိသားစုက အိမ်​က​နေထိုင်​​လောင်းတဲ့ ပုံစံအထိပဲ။
မှတ်​မှတ်​ရရ​တော့ မဟာမုနိရုပ်​ရှင်​​တော်​မှာပဲ ကုတင်​​တွေ ကား​တွေထိပါတာ ​မောင်​သံက ​သပိတ်​နဲ့​လေးဆင့်​ဂျိုင်​​လေးပဲ​ပေါက်​တယ်​ဂျာ ​တောက်​တ​ခေါက်​​ခေါက်​နဲ့ပဲ။

ကုသိုလ်ကံ ထူးတာပေါ့ဦးဇင်းဆို ဆပ်ပြာမှုန့်  သွားတိုက်ဆေး သွားတိုက်တံက ပုံမှန်ဖြစ်နေတာ မဲကံမကောင်းဘူး

အ​မ​လေး ရဟန်​ဝတ်​ဖို့ကံပါတာများ ဦးဇင်း​ရယ်​ ဟိုနှစ်​က မိုးကုတ်​ ပဉ္ဇင်းသွားခံတာ ဆယ်​ရက်​ထဲကို ဘုံဆွမ်းက​နေ သင်္ကန်းသုံးစုံ​တောင်​ရတာ
ကိုယ်​ပြန်​လှုရတာ​ပေါ့

ဖတ်ကောင်းတုန်းရေးရတာပျင်းသတဲ့ နောက်ထပ်မပျင်းဘဲ အများကြီး ရေးပေးပါဦးဘုရား

ဟုတ်ပါပြီး ဒါန သီလ ဘာဝနာဇာတ်လမ်းလေးတွေ များများရေးပေးပါ့မယ်

သဒ္ဓာတရားတိုး‌စေပါတယ်‌ဘုရား။

ခုလို အားပေးတာ ကျေးဇူးပါကွယ်

စိတ်ဝင်စားစရာဆက်ဖတ်ပါမည်ဘုရား

ဟုတ်ကဲ့ပါ ဆက်ရေးပေးပါ့မယ်

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.039
BTC 70310.43
ETH 3568.34
USDT 1.00
SBD 4.73