လိုအင်ဆန္ဒ ပြည့်ဝဖို့ ရာ

in #myanmar6 years ago

image

" ရေတစ်စက်ချင်းကျတာများလာတဲ့ အခါရေအိုးလေးပြည့်သွားစမြဲပါ " ။ ဒါရှေးခေတ်က သူဌေးကြီးတစ်ဦး သူ့ သားအတွက် စည်းစိမ်ဥစ္စာကို စုဆောင်းဖို့  နည်းနည်းချင်းစီ ထိန်းသိမ်းဖို့ ကို ဆုံးမခဲ့တဲ့ သြဝါဒပါ ။ ယနေ့ ထိ လူတွေ ကျင့်သုံးနေထိုင်ကြတယ် ဒီလိုပါပဲ မိမိလည်း ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်မှာ ဆယ်စုနှစ်တစ်ခုနီးပါးပေါ့ ။ ဘုရားရှင်ရဲ့ ဓမ္မတရားတွေသာ ရွတ်အံ့သရဇ္ဈာယ်ရင်း သင်ယူလေ့ကျက်ခဲ့ရပါတယ် ။ ထိုကုသိုလ်ကံတွေက အကျိုးပေးပြီဟု ထင်မိပါသည် ။ တစ်ချို့က ပြောကြတယ် " စားပြီးအိပ်နေ ဘိက္ခဝေ " ရဟန်းသံဃာဆိုတာ စားပြီးလျှင် အိပ်နေသည်ဟုသာ ယူဆကြသည် ။ မြင်တတ်ကြသည် မှန်ပါသည် ။ သို့ သော် မိမိတို့ လို ငယ်ဖြူစာသင်သားအဖို့ ကား အလွဲကြီးလွဲနေတော့သည် ။ မနက်ဆို လေးနာရီထပြီး စာကျက် စာအံ့ ဆွမ်းခံထွက်ရင်းနဲ့ လည်ပတ်ချိန်ဟာ ညဆို ဆယ်နာရီခွဲမှသာ နားချိန်ရသည် ။ ထိုကုသိုလ်တွေက နည်းနည်းချင်းစုမိတဲ့အခါ အကျိုးပေးပါတော့သည် ။ လက်ညိုးညွှန်ရာ ရွှေမဖြစ်နိုင်ပေမဲ့လည်း စိတ်ကူးမိသော လိုအပ်ခြင်း တောင့်တခြင်းမှန်သမျှ ပြည့်စုံလာခဲ့ပါတော့သည် ။

image

မိမိတို့  စာချဆရာကား စေတနာထားပြီး အသင်အပြလည်းတော်သည် ။ သိပ်မကြာခင်ကပင် မိမိတို့ အတွက် ကွန်ပြူတာ အခြေခံများသင်ကြားပေးဖို့ ဆိုပြီး plan ဆွဲတော့သည် ။ ပညာကတော့ သူသိသမျှ တတ်သမျှ အကုန်ပေးမည်ဟုဆုံးဖြတ်ထားပုံရသည် ။ အားတတ်သရောလည်း ရှိလှသည် ။ မိမိတို့ သင်တန်းတွင် ကျောင်းသားပေါင်း ၁၀၀ ရှိပါသည် ။ ကျန်းမာရေးကြောင့် ရွာပြန်သွားသူက ၆ ပါးဆိုတော့ ၉၄ ပါးမျှသာ ကျန်ပါသည် ။ ထို ၉၄ ပါးတွင် အပါး၉၀ လောက်က ကိုယ်ပိုင် laptop များရှိကြသည်မို့ အကျိုးရှိရှိ အသုံးချနိုင်ရန် ကွန်ပြူတာအခြေခံ သင်တန်းပို့ ချလိုခြင်းဖြစ်သည် ။ မိမိအပါအဝင် ၄ ပါးလောက်ကတော့ မွဲတေစာရင်းဝင်သည် ။ laptop မဝယ်နိုင် ။ ရှိလည်းမရှိ ကိုင်လည်းမကိုင်ဖူးသေးချေ ။ ဒီတော့ စိတ်ထဲမှာ တွေးမိသည် ။ သင်တန်းမစခင် laptop တစ်လုံးလောက် ဝယ်လှုမဲ့သူရှိရင် ကောင်းမှာပဲဆိုပြီး တွေးမိသည် ။ ညတိုင်းပဌာန်းရွတ်ပြီးသည့်အခါ ဆုတောင်းလေ့ရှိသည် ။ လိုအပ်ချက်ကိုတော့ မည့်သူဆီမှ မတောင်းခံခဲ့ပေ ။ သူ့ အလိုလိုဖြစ်လာမည်ဆိုသည့် ယုံကြည်ချက်တစ်ခုသာ ရှိသည် ။ ဒါပေမဲ့ အရိပ်အမြွက်အနေဖြင့်တော့ မိမိwall ထဲတွင် လိုချင်မိသော laptop လေးများ page များ တစ်ခုနှစ်ခုခန့် တော့ sharing လုပ်ထားမိသည် ။

image

သင်တန်းစဖို့  ၄ ရက်အလိုတွင် အမေ့ဆီက ဖုန်းဆက်လာသည် ။ သူ့ ရုံးမှ မန်နေဂျာနှင့် စာရေးကလေးတွေက သားအတွက် laptop ဝယ်လှုဖို့ ပြောနေကြတယ်တဲ့ ။ အဲ့ဒါ အမေကတော့ ဝယ်ပေးမယ်ပြောထားတာ ကြာပြီဆိုတော့ ခုကတော့ တကယ်ရပြီဆိုပြီး ဝမ်းသာအားရ ပြောပါသည် ။ မိမိလည်း ပဌာန်းတန်ခိုးကြောင့် အဆင်ပြေပြီဟု ကြည်နူးမိသည် ။ဠsteemit တွင်လည်း ကဗျာလိုလို စာလိုလို တစ်ခုတင်လိုက်သေးသည် ။ laptop အမေ့ဆီပူဆာတဲ့အကြောင်းပေါ့ ။ steemit သူငယ်ချင်းကစကားစပ်မိပြီး မိမိနှင့် ကျောင်းနေဘက် သူငယ်ချင်းများဆီ ရောက်သွားတော့သည် ။ တစ်ချို့သူငယ်ချင်းများက ကိုရီးယား စင်ကာပူ စသည့်နိုင်ငံများတွင် ဝင်ငွေကောင်းကောင်းနှင့်အလုပ်လုပ်နေကြသူများဖြစ်ကြသည် ။ ထို့ ကြောင့် မိမိလိုအပ်သည်ကိုပင်မပြောရကောင်းလားဆိုပြီး စိတ်ပင်ဆိုးကြသေးသည် ။ အပိုမဟုတ်ပါ ဒီလိုနဲ့ပဲ မက်ဆန်ဂျာတွင် သူဝယ်လှုမယ် ငါဝယ်လှုမယ် ဖြစ်နေကြတော့သည် ။ ဒီတော့ အလှုရှင်တွေ များတော့လည်း စိတ်ရှုပ်ရပြန်သည် ။ ဒါနဲ့ အမေ့ကိုဖုန်းဆက် ရုံးကမန်နေဂျာနှင့်ကလေးတွေကို နောက်လိုအပ်တာရှိမှ ပြောပါ့မယ် ။ အခုက သူငယ်ချင်းတွေ ဝယ်လှုလိုက်လို့ ပါဆိုပြီး တားခိုင်းလိုက်ရသည် ။ သူငယ်ချင်းတွေကိုလည်း တစ်ယောက်ချင်းမလှုကြနဲ့ ။ လှုမဲ့သူက များနေတယ် ငါတစ်ယောက်တည်း အလုံးအများကြီး နှိပ်မရဘူးဆိုတော့မှ တစ်ဦး တစ်သိန်းစီ စိုက်ခိုင်းပြီး laptop စုပေါင်းဝယ်ခိုင်းလိုက်ရသည် ။ တစ်ဦးချင်းလည်းလှုနိုင်ကြပါသည် ။ သို့ ပေမဲ့ ဒီသူငယ်ချင်းဆီက အလှုခံလျင် ကျန်သူငယ်ချင်းက ငြူစူမည်ကိုပင် စိတ်ပူနေရသည့်အထိ ဘုန်းကံတတ်လာပါသည် ။ တခြားတန်ခိုးများမရှိပါ ။ မိမိတွင် တရားတော်များကို ယုံကြည်ခြင်း သဒ္ဓါတရားဖြင့် မြတ်နိုးပူဇော်ခြင်းမျှသာ ရှိပါသည် ။ ကုသိုလ် အကျိုးကား အံ့မခန်းပါတည်း ။ ဘုရားတရားမြဲ၍ မိမိကုသိုလ်ဘုန်းကံ ကြီးကျယ်မြင့်မြတ်အောင် လုပ်ဆောင်နိုင်ကြပါစေ ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုဟ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya

Sort:  

ကြီးမားသောမြတ်ဘုရားတန်ခို့အံ့မခန်းပါနော်

ဟုတ်တယ် မမိုးဝေရေ ယုံကြည်သဒ္ဓါတရားရှိရင် ဖြစ်ပါတယ်

ဆရာတော် စာဖတ်လိုက်ရတာကြည်နူးမိပါသည်ဘုရား

လက်တွေ့ပါ ဦးထွေးရေ

သာဓုပါဘုရား ဝမ်းသာကြည်နူးရပါသည် ။ အားစုကြီးလှတာ ဟီး

ညဘက် ပဌာန်းရွတ်ပြီး ဆုတောင်းကြည့်ဒိုမီရေ အလိုလိုပြည့်လာမယ် Asus ကလက်တွေ့နော် ဟားဟား

ဝမ်းသာ ပီတိ ဖြစ်မိပါတယ် ဘုရား

ကျေးဇူးပါ ဦးဒွန်ရေ နောင်နှစ် တောင်ကြီးမှာ ဆုံချင်တယ် ဦးဒွန်တို့ နဲ့

ကိုယ်ကွယ်အားထားစရာ ဘုရားမှ တပါး အခြားမရှိပါ ဘုရား

ယုံကြည်မြတ်နိုးစိတ်နဲ့သာဆို အရာရာ ပြည့်စုံပါတယ် မတ်စုရေ

ဦးဇင်း လိုအပ်တဲ့ ဆုလာဘ် ပြည့်စုံသွားတာ ၀မ်းသာ သာဓုခေါ်မိတယ်ဘုရာ့။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70597.89
ETH 3559.60
USDT 1.00
SBD 4.77