အိမ်ပြန်အတွေး

in #myanmar5 years ago

image

စာသင်တစ်နှစ်ပြီးတော့ သူငယ်ချင်း အများစုက အသီးသီး နေထိုင်ရာ ရပ်ရွာများသို့ ပြန်ကြလေသည်။ အထက်အညာက သူငယ်ချင်းများရှိသလို အောက်ပြည်အောက်ရွာမှ သူငယ်ချင်းများလည်းရှိကြပေသည် ။ နယ်စုံသလို တိုင်းရင်းသားများလည်းစုံကြပေသည် ။ ခမိလူမျိုးဦးဇင်းလေးများလည်း ရှိကြသလို ရေအမြဲခဲပြီး အေးချမ်းလှတဲ့ ပူတာအိုအနီးက ရွာလေးက လာရောက်စာသင်ကြတဲ့ သူငယ်ချင်းများလည်းရှိသည် ။ လပြည့်ကျော် တစ်ရက်နေ့ ကတည်းက အလျိုလျို ပြန်သွားကြသည်မှာ ဒီနေ့ ကျတော့ သံဃာအပါး တစ်ရာကျော် နေထိုင်ခဲ့သော ကျောင်းတော်ကြီးကား ခြောက်ကပ်ကပ်နှင့် ကျန်ရစ်ခဲ့လေသည် ။ ကျောင်းတော်ကြီးကို အဖော်လုပ်ရင်း မိမိနှင့် ဘဝတူသူငယ်ချင်း ခြောက်ပါးမျှသာ ကျန်ရစ်ခဲ့သည် ။
နေထိုင်ရသည်မှာ တိတ်ဆိတ်လို့  နေရာလွတ် ကုတင်လွတ်တွေ များစွားကြည့်ရင်း ဆေွးသလိုလို လွမ်းသလိုလို နှင့် ရင်ထဲတွင်ဖော်မပြနိုင်သော ဝေဒနာတစ်ချို့ ဖြစ်ပေါ်လာပြန်သည် ။ မိမိတို့ လည်း သူများနည်းတူ ပြန်ချင်ကြပါသည် ။ အမေအိမ်ကို လွမ်းလှသည် ။ အမေချက်တဲ့ ထမင်းဟင်းကို တမ်းတမိသည် ။ သို့ ပေမဲ့လည်း ပြန်စရာ လမ်းစရိတ်မရှိတော့ ငွေပို့ မည့်ရက်ကိုသာ မျှော်ရင်း စောင့်စားနေရသည် ။

image

ရန်ကုန်- ပြည် အသွားအပြန် သိပ်ဝေးလှသည်တော့ မဟုတ်ပေ ။ သို့ သော် ကားခတင် ၁၀၀၀၀ ပေးရသည် ။ မိမိလက်ထဲတွင်က ကွမ်းယာဖိုးပင်မရှိ ငွေပြတ်တဲ့အခိုက်အတန့် က ဖြစ်နေကြသဘာဝမို့  သိပ်တော့လည်း မခံစားမိပေ ။ သူငယ်ချင်းတစ်ပါးပြန်သွားတိုင်း " ဦးဂုဏ မပြန်ဘူးလား " ဆိုတဲ့ မေးခွန်းတိုင်းကို " ကျောင်းတော်ကြီးနဲ့ မခွဲနိုင်လို့ မပြန်သေးဘူး " ဆိုတဲ့ ဟန်ကိုယ်ဖို့  စကားလေးနဲ့ပဲ ကိုယ့်ဘုန်းကံနည်းတာကို လှို့ဝှက်ထားရသည် ။
အမေ့ဆီကတော့ တောင်းချင်လည်း မတောင်းရက်ပေ ။ ရိပ်သာဝင်နေတယ်ဆိုတဲ့ သတင်းစကားကြောင့် အပူမပေးချင်တော့ပေ ။ သာဓုသာခေါ်ရင်း အမေ့ကုသိုလ် သားလည်းရပါစေ အခက်အခဲလည်း အဆင်ပြေပါစေဟုသာ ဆုတောင်းမိသည် ။ ဒါကြောင့် ကုသိုလ်ကံတတ်လာသည်ထင်သည် ။ မိမိအခက်အခဲကို ကူညီပေးမည့်သူက ပေါ်လာချေသည် ။ မိမိအား လေးစားကြည်ညိုတဲ့ ဒကာမတစ်ဦးက လမ်းစရိတ်လှုပါ့မည် သို့ သော် တောရွာကနေ မြို့တတ်လွှဲရသည်မို့  ရက်နည်းနည်းစောင့်ပါဟု မျှော်လင့်ချက် တသီတတန်းကြီး ပေးခဲ့ပါသည် ။ အသွားအပြန် ဆိုင်ကယ်သုံးနာရီလောက်မောင်းရတဲ့ခရီးကို အပင်ပန်းခံပြီး wave ကနေတစ်ဆင့် မိမိအတွက် ငွေ ၂၀၀၀၀ ဖြစ်အောင်လှုပေးခဲ့သည် ။ ထို့ အတွက်လည်း ဤစာစုလေးဖြင့် ကျေးဇူးတင်ကြောင်းပြောပါရစေ ။

image

ဒီလိုနဲ့ပဲ ကားလတ်မှတ်လေးဖြတ်ပြီး ရန်ကုန်ပြန်ရတယ် ဆိုပါတော့ ။ ဇာတ်လမ်းက အဲ့မှာ စတော့တာပါပဲ စီးရသည့်ကားနာမည်က " ဘဝသစ် " တဲ့ အနည်းငယ်တော့ တုန်သွားသည် ။ကားစီးရင်း အတွေးတွေက ဝင်လာပြန်သည် ။ ရန်ကုန်ပြန်သည် ရက်အနည်းငယ်ကြာလျှင် ပြည် သို့ ပြန်လာရဦးမည် ။ မိမိတို့ မှာ ဘယ်နေရာမှာ အတည်တကျနေရမည်ဟူသော အာမခံချက်မရှိပေ ။ ကံစီမံရာ အတိုင်းသာ တစ်နေရာမှ တစ်နေရာ ကူးပြောင်းပြီး ပညာရှာနေကြရသည် ။ လူဆိုတာ ခေတ္တဧည့်သည် ဆိုသည့်အတိုင်းပါပဲ တခြားဘဝကနေ လူ့ ဘဝ ရောက်လာတယ် နှစ်အနည်းငယ် နေပြီးပြန်တော့ နောက်ထပ်ဘဝတွေကို ပြောင်းရပြန်တယ် ။ အဲ့ဘဝမှာလည်း ထာဝရနေရမည်ဟု အာမခံချက်မရှိ သက်တမ်းကုန်လျှင် တခြားဘဝသို့  တစ်ဖန်ကူးပြောင်းပြန်ရဦးမယ် ။ မျက်မှောက်ဘဝမှာလည်း စာသင်လိုက် ရွာပြန်လိုက် တခြားဒေသပြောင်းလိုက်နှင့် လည်ပတ်နေသလို လူဟူသော ဘဝမျိုးတွေလည်း နိဗ္ဗာန်ကို မျက်မှောက်မပြုသေးသမျှကတော့ ဒီဘဝမှ ဟိုဘဝ ကူပြောင်း သံသရာလည်နေဦးမည်သာပင် ။ ဒါကြောင့် အနိစ္စ အမြဲမရှိဟု အဖဘုရားဟောကြားခဲ့ခြင်းဖြစ်မည်ဟု တွေးရင်းနှင့် မိမိလည်း ရန်ကုန် အမေ့အိမ်မှာ ရက်အနည်းငယ်သာ နေရမည့်အဖြစ်ကိုတွေးပြီး ဝမ်းနည်းသလိုတောင်ဖြစ်မိသည် ။ သို့ သော်မဲ့လည်း ရောက်တုန်းရောက်ခိုက် နွေးထွေးသော အမေ့အိမ်မှာ ပျော်ရွှင်အောင်နေမည်ဟုသာ ဆုံးဖြတ်ထားတော့သည် ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။

MSC-181
Author @gunapeya

Sort:  

ကိုယ်ဘယ်ရောက်နေနေ အိမ်မှာ အမေရှိနေတယ်ဆိုတဲ့အသိက ရင်ထဲမှာ နွေးထွေးပါတယ်ဘုရာ့

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

thank you so much

ဗုတ်ဆွမ်းလောင်းလိုက်ပါတယ် ဘုရား

Posted using Partiko Android

သာဓုပါကွယ် သာဓုပါ

စစ်ကိုင်းလာ သတင်းသုန်းလှည့်ပါ့ ဘုရား ကျောင်းထိုင်ဆျာတော် ဖြစ်ရင် ဘုန်းကြီးပါ့ ဘုရာ့ နေစရာကလည်းနေမြဲ ဖြစ်မှာဘုရာ့ သွားစရာ စီးတော်ယာဉ်လည်းရမှာ ဘုရာ့

ချောင်တစ်ချောင်ရှာပြီး ကျောင်းသာဆောက်ပေးထားပါတော့

အ​မေ့အိမ်​က ​ပျော်​စရာ​ကောင်းပါတယ်​ ဘုရား

Posted using Partiko Android

အမှန်ဆုံးပဲ အပျော်တွေစုနေတဲ့နေရာ အမေ့အိမ်

စစ်ကိုင်း ရောက်ရင် ဆက်သွယ်ပါ ဘုရား

Posted using Partiko Android

ပျော်အောင်နေပါဘုရား အမေ့အိမ်မှာ😁

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

စာမေးပွဲ ပြီးလား ဘုရား

Posted using Partiko Android

ပြီးပါပြီ ခုက အမေါအိမ်ပြန်ပေါ့ အလွမ်းပြေ

အဟပ်​ ဘဝသစ်​ဆို​တော့လန့်​သွားတာ​ပေါ့​လေ အရှင်​ဘုရား

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61618.64
ETH 3009.45
USDT 1.00
SBD 3.78