If You Belief It, You Will Be Crazy (or) If You are Crazy It, You Will Belief (The Story Of A Myanmar Steemian)

in #myanmar5 years ago

မင်္ဂလာပါ...
Screenshot_2019_0818_091757.png
ဒီနေ့မနက် ၆ နာရီ မထိုးခင်လောက်မှာ စတီးမှ
စခင်ခဲ့သော ရန်ကုန်က ကိုစောလွင် နှင့် မက်ဆင်ဂျာမှာ
စကားပြောဖြစ်ခဲ့ပါတယ်။
ကိုယ်က စတီးမစ်မှာ တတ်ကြွနေတော့ သူက
ဝင်ငွေ ဘယ်လောက်ရနေလဲ မေးလာပါတယ်။
တစ်ရက် ၃ စတင်းလောက်တော့ ရနေတယ်ဟု ကိုယ်က
ဆိုတော့ သူက မြန်မာငွေ ၇၀၀ လောက် ရတာပေါ့တဲ့...
ဟုတ်ပါတယ်... တစ်ရက် ဘေဖိုး ၅၀၀ လောက် ကုန်ခံပြီးမှ
မသေချာသေးတဲ့ ၇၀၀ လောက် ပြန်ဝင်ပါတယ်။

ဒါပေမယ့် ကိုယ့်က ဟဒ်ဖော့၂၁ တို့ အက်စ်အမ်တီအက်စ် တို့
လာတော့မှာမို့ စောင့်ရင်း လုပ်ဆောင်နေတဲ့ အကြောင်း၊
စတင်းဈေး ပြန်တတ်လာဖို့ မျှော်လင့်စရာ ရှိကြောင်း
ပြောရင်း အပြောင်းအလဲ အပ်ဒိတ်လေး သူ့ကို ပြောပြမိပါတယ်။
သူကတော့ ကိုယ့်အကောင့်ဟောင်း ဘီလျံနာဟိန်း ကို
ဒေါင်းဗုတ် ပေးတာ ဖြေရှင်းမရ ကတည်းက စတီးမစ်ကို
စိတ်ကုန်သွားပြီး မယုံကြည်တော့လို့ မလုပ်တော့တာတဲ့ဗျ။

ကိုယ်လည်း ဒါနဲ့ အခြားဦးစားပေး လုပ်စရာ မရှိသေးတော့
ဒါပဲ ယုံကြည်ပေး လုပ်နေဆဲ ဖြစ်ကြောင်း ၊ အခြားဟာ
ရှိလာရင်တော့ စွန့်နိုင်မယ် ဖြစ်ကြောင်း ပြန်ပြောမိပါတယ်။
တစ်ကယ်တော့ မရေရာပါဘူး။ ကိုယ်ကိုက အစွဲလန်းလွန်
ရူးသွပ်နေတာပါလေ😁

ဘာပဲဖြစ်ဖြစ်ပါလေ...
ရေနစ်သူက ကောက်ရိုးမျှဉ်ကို အားကိုးတကြီး ဆွဲနေမိသလို
စတင်းဈေး ၀ မရောက်သေးတာရယ်...ပလက်ဖောင်း
မပျက်သေးတာရယ်ကို အားကိုး မျှော်လင့် ယုံကြည်ပေးနေရင်း
ခရီးဆက်နေမိတော့ပါပဲ....

တစ်ချိန်မှာ စတင်းဈေး ပြန်မထောင်လာဘူးလို့
ဘယ်သူပြောနိုင်လို့လဲဗျာ...
ဈေး မတတ်လည်း ထမင်းငတ်မှာမှ မဟုတ်တာနော...
အားနေရင်တော့ ကြိုးစားထားသင့်တယ် ထင်တာပဲ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC 193
@golden.future

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66344.62
ETH 3214.81
USDT 1.00
SBD 4.37