Buying Swords And Clothes In House
မင်္ဂလာပါ မိတ်ဆွေတို့ရေ
ROR game လေးက ဖုန်းနဲ့ ကစားနေတာ ဆိုတော့
သိပ်ပြည့်ပြည့်စုံစုံ မတတ်ကျွမ်းသေးပါဘူး။
ရီဝဒ်ပေးချေတဲ့ စနစ်လည်း မပါသေးဘူး ထင်ပါရဲ့။
သို့သော် ပို့စ်အပ်ဗုတ်လေး ရနေတော့လည်း နေ့စဉ် ကစားပြီး
ပို့စ်တင်နေရတာပါပဲ။
မနေ့ကတော့ Seoul မြို့သို့ ပြောင်းပြီး House ဝယ်ခဲ့ပါတယ်။
House ဝယ်ပြီးတော့ ဘာဆက်လုပ်ရမယ် မသိသေးတာနဲ့
Mountain ပေါ်တတ် သစ်ခုတ်ခဲ့ပါတယ်။ Battle လည်း
တိုက်ခဲ့ပါတယ်။ သစ်ခုတ်တာက ပိုကောင်းမယ် ထင်ပါတယ်။
တိုက်ခိုက်ရတာတော့ စစ်သားတွေ ဒဏ်ရာရလို့ ဆေးကုပေးရတော့
အကုန်အကျ ရှိပါတယ်။
@roadofrich ကတော့ House မှာ Item တွေ လုပ်ယူလို့
ရမယ် ပြောပါတယ်။ Mercenaries တွေကို စွမ်းအားမြှင့်တင်
ပေးလို့ ရမယ်လည်း ပြောပါတယ်။ ကောင်းကောင်း နားမလည်
သေးပါဘူး။
သို့ပေမယ့် အစမ်းသဘော အဖြစ် Item များ ဖြစ်ကြသော
လက်နက် ဝတ်စုံ အချို့ ဝယ်ယူဖြစ်ခဲ့ပါတယ်။ လက်နက်တွေ
ဝတ်စုံတွေက မိမိမှာ ရရှိထားသော Resources တွေနှင့်
ကိုက်ညီရာသာ ဝယ်လို့ရမယ် ထင်ပါတယ်။
မိမိမှာ Wood ရှိရင် Wood Sword ဝယ်ယူလို့ ရပါတယ်။
တစ်လက်ကို 10 gold coins ကျပါတယ်။
မိမိမှာ Iron ရှိရင် Iron Sword ဝယ်ယူလို့ ရပါတယ်။
တစ်လက်ကို 100 gold coins ကျပါတယ်။
မိမိမှာ Fabric ရှိရင် Clothes တွေ ဝယ်လို့ ရပါတယ်။
တစ်ထည်ကို 100 gold coins ကျပါတယ်။
ဒါတွေကတော့ မနေ့က ဝယ်ဖြစ်ခဲ့တာလေးတွေပါ။ ဘယ်လို
အသုံးပြုရမယ် ဆိုတာ မသိရသေးပါဘူး။ သိရင်လည်း
ပြောပြကြပါဦး။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။
MSC 193
@golden.future
Congratulations @golden.future! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Thank for new badge
Posted using Partiko Android