ဘန်ကောက် ဈေးဝယ်လမ်းညွန် အပိုင်း (၅) Bangkok Shopping Guide Part (5)

in #myanmar6 years ago

ထိုင်းနိုင်ငံ ဘန်ကောက်သို့ လျှောက်လည်ရင်း ဈေးဝယ်
လာကြတဲ့ ကျွန်ုပ်တို့ မြန်မာပြည်သားများ အတွက်
ရည်ရွယ်ပီး ဘန်ကောက် ဈေးဝယ်လမ်းညွန် ဆိုပီး
ရေးသားတင်ပြ လာခဲ့တာ အခုဆို အပိုင်း ၅ ထိ ရောက်ရှိ
လာပီဖြစ်ပါသည် ထိုအထဲမှာ လုံးဝ မဖော်ပြရသေးသော
ကမ္ဘာမှာ ပါ နာမည်ကြီးတဲ့ ထိုင်းနိုင်ငံအတွင်းမှ ညဈေးလေး
တစ်ခုကို မိတ်ဆက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်

maxresdefault(2).jpg

Credit : google image

ဒီညဈေး အကြောင်းအရင်ပြောပါရစေ မိသားစုလိုက်
မသွားသင့်ပါဘူး အထူးသဖြင့် မြန်မာပြည်မှ အလည်
လာကြသောသူများကို ရည်ရွယ်၏ တခြားအနောက်နိုင်ငံ
မိသားစုတွေကတော့ ထွေထွေထူးထူး သိပ်မလိုပါဘူး
ဒီဈေးလေးက သေးငယ်ပေမယ့် ထိုင်းနိုင်ငံ ဘန်ကောက်မှာ
ဆိုရင် အတော်ကိုနာမည်ကြီးပီး လူသိများထင်ရှားလှပါတယ်
ဒီဈေးလေးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Silon လမ်းမကြီး
ဘေးမှာတည်ရှိပီး ဈေးနာမည်ကတော့ PatPong
ဖြစ်ပါတယ် သုံးဘီးဆိုင်ကယ် တက္ကစီ သမားများအား
နာမည်လေးပြောပြတာနဲ့ တန်းသိပါတယ် သွားရလာရ လွယ်ကူ
တာကြောင့် ဘန်ကောက် ကို အလည်လာသူများအတော်လေး
သွားကြပါတယ် နီယွန်မီးများ၏ အောက်မှာ ၀ယ်စရာ
ကြည့်စရာ တပုံတပင်ရှိတာကြောင့် သွားရောက်လည်ပါတ်သူအဖို့
ပြင်းနေမယ့် အချိန်မရှိပါဘူး မြန်မာပြည်သား အများစုလည်း
ထိုဈေးမှာ အလုပ်လုပ်ကြတာကြောင့် ဈေးဝယ်ရန်အတွက်လည်း
အဆင်ပြေပါတယ် .....

patpong-800x550.jpg

Credit : google image

ရရှိနိုင်တဲ့ ပစ္စည်များကတော့ အ၀တ်အထည် ဖိနပ် အိမ်အလှဆင်
မီးလုံးများ လက်လုပ် ပန်ချီ Handmade များ sexy ကျကျ
ဝတ်ဆင်နိုင်မယ့် မိန်းကလေး အင်္ကျီ ဒီဇိုင်းအစုံ နာမည်ကြီး
Brand Copy လက်ကိုင်အိပ်မျိုးစုံ ကို ဈေးအတွင်းမှာ
မြင်တွေ့ရမှာဖြစ်သလို ဈေးလျှောက်လမ်း ဘေးတစ်ဖက်
တစ်ချပ်စီမှာ ဆိုင်များဖွင့်လှစ်ထားတာကြောင့် မြန်မာပြည်၏
ပွဲဈေးလမ်းများသဖွယ် မြင်တွေ့ရမှာဖြစ်ပီး သားသမီးများ
အဖေအမေများနှင့် ညီမ များ ပါရင် မသွားသင့်တာကတော့
လိင်လုပ်သားတချို့လည်း ထိုဈေးပါတ်ဝန်းကျင်ရှိ Bar များရှေ့တွင်
ကပြဖျော်ဖျေပီး စားသောက်ဆိုင်အတွင်း ဧည့်သည်များလာရောက်
စေရန် ဆွဲဆောင်နေကြတာကြောင့် သိထားဖို့လိုအပ်ပါတယ်
ထူးဆန်းသောဖျော်ဖြေမှု့ ပေါင်းစုံကို ထိုနေရာမှာမြင်တွေ့ရနိုင်ပါတယ်

patpong-night-market.jpg

Credit : google image

အလည်အပါတ်ရောက်တုန်း ရောက်ခိုက် ဘာကြောင့်
နာမည်ကြီးလည်း ဆိုတာတော့ သွားရောက်လေ့လာသင့်ပါတယ်
စာနှင့်ဖော်ပြဖို့ မသင့်တဲ့အကြောင်အရာတချို့လည်း ရှိတာကြောင့်
ဒီပိုစ့်မှာ ဝေေ၀ဆာဆာ ဖော်ပြမပေးထားပေမယ့် ထိုင်းနိုင်ငံ
ဘန်ကောက်ကို အလည်ရောက်ရင် သွားရောက်ပီး မလေ့လာ
ဖြစ်သွားမှာဆိုးလို့ ဖော်ပြပေးလိုက်တာပါ နားလည်မှု့ ပွင့်လင်း
သောမိသားစု ညီအကိုမောင်နှများအဖို့ သိပ်ထွေထွေထူးတော့
ပြောစရာမရှိတာကြောင့် သွားရောက်လည်ပါတ်မယ်ဆိုရင်
ပျော်စရာလည်းကောင်း မမြင်ဘူးသော ရှိုးပွဲများလည်းကြည့်ရင်း

IMG_5453.JPG.jpg

Credit : google image

လတ်လတ်ဆတ်ဆတ် ရောင်းချသော အကင်မျိုးစုံနှင့် အတူ
ဘီယာလေးတစ်ခွက် သောက်ရင်း ဈေးကိုလျှောက်ပါတ်
ကြည့်မယ်ဆိုရင်တော့ ဖွင့်ထားတဲ့ မြူးကြွသော ဒီဂျေ သံဇဉ်များနှင့်
ရောင်စုံမီးလုံးများက သင့်၏စိတ်ကို မြူးကြွသွားစေမယ်လို့
အာမခံနိုင်ပါ၏ ကျောင်းနေဖက် သူငယ်ချင်းများ ငယ်သူငယ်ချင်းများ
ညားခါစ ချစ်သူစုံတွဲ နှစ်တွဲ သုံးတွဲ အတူတကွ သွားသင့်တဲ့
နေရာတခုပါ ဈေးဝယ်မယ် စားမယ် သောက်မယ် ဆိုရင်တော့
အတော်အသင့် ဈေးကြီးနိုင်ပေမယ့် မိမိ အပေါ်မှာမူတည်ပီး
ဈေးအလျော့အတင်းလေး အဆင်ပြေအောင် ညှိနိုင်းပါက
ပျော်စရာကောင်းသော ညဈေးဝယ်ခြင်းခရီးတစ်ခုကို ဖန်တီး
ပေးနိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြရင်း အဆုံးသတ်
နိဂံးချူပ်လိုက်ပါရစေ ခင်ဗျားးးး

Credit : google image

Post writer :ThuHaKo(@gelatofresco)
From Myanmar
Credit : google image
MSC -019

Sort:  

ထီထိုးထားပြန်ပီကိုသာအေးရေ
ဒီလတော့ထပ်မျှော်အုံးမယ် အလည်လာမယ်နော် ထီပေါက်ရင်

အလည်လာရင်ဖုန်းသာဆက်ဗျာ လိုက်ပို့ပေးမယ်

Please share your idea comments thanks

ဈေးဝယ် သွားမယ်

တူတူသွား အကိုလွမ်း

ဟုတ်​​ဈေးဝယ်​သွားမယ်​ ဘန်​​ကောက်​​တော့ဟုတ်​ဘူး

ဟီးးးး ဘယ်ကိုလဲ ကိုကို

ဘီယာလေး သောက်ရင်း ဈေးကို လျှောက်ပတ်ကြည့်ရမှ ဆိုတော့ ဘီယာမသောက်တတ်တော့ ဘယ်လို လုပ်ရမလဲ မသိဘူး။

အချိုရည်လေးသောက်ပါ အကို

ရောက်ခဲ့ရင်တော့ သွားလည်ဦးမယ် အစ်ကိုရယ် တော်တော်တော့ စိတ်ဝင်းစားသွားပြီဗျ

ဟုတ်ကဲ့ အထူးအဆန်းပေါများပါတယ် အဲ့ဒီဈေးက

ပခုက္ကူကသူငယ်​ချင်း​ရေမပြန်​ဘူးလား သင်္ကြန်​​တော့အကို့က​တော့
နှစ်​တိုင်းနီးနီးပါ

မပြန်ဖြစ်သေးပါဘူးအကိုရယ်

Good travel

ကျေးဇူးပါ

တရုတ်သွားရင်အသွားဝင်ခဲ့မယ် နောက်နှစ်ထဲတော့ထင်တာဘဲ ဟီးးး

ပြောပြန်ပီ မျှော်နေတာကြာပီခုထိမလာဘူး

လျောက်ပြောနေတာရယ်😉😉

ဈေးတစ်ခေါက်လောက် ထွက်ချင်သွားပြီဗျာ

အကောင်းဆုံးပါ လျှောက်လည်ပါ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70733.96
ETH 3563.16
USDT 1.00
SBD 4.76