၂၃ / ၅ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့က USD$3 ခန့်ဖြင့် ရောင်းဝယ်နေကြသော Steem မှာ လွန်ခဲ့သော ၂၄ နာရီ အတွင်း အနိမ့်ဆုံး ဈေး အဖြစ် USD$2.81 အထိ ကျဆင်းသွားခဲ့ပါသည်။ Steem အနေဖြင့် အခြား coin များနှင့်အတူ ဈေးကွက် အကျ ဘက်တွင်ရှိသော်လည်း ၂၄ နာရီ အတွင်း ဝယ်ရောင်း ပမဏများ တက်လာသည့် အတွက် coinmarketcap ၏ အဆင့် ၃၀ နေရာသို့ တက်လှမ်းလာခဲ့ပါသည်။

Steem အား လွန်ခဲ့သည့် ၂၄ နာရီအတွင်းက Upbit ဈေးကွက်တွင် ဒေါ်လာ ၃.၈သန်း ၊ Binance ဈေးကွက် တွင် ၂.၇ သန်း ၊ Huobi ဈေးကွက်တွင် ၁.၄ သန်းနှင့် Bittrex ဈေးကွက်တွင် ဒေါ်လာ ၁.၁ သန်း ခန့် အသီးသီး ဝယ်ရောင်း ပမာဏရှိခဲ့ကြပါသည်။ လက်ရှိအချိန်တွင် Steem ဈေးအား Bittrex ဈေးကွက် အတွင်း ၌ USD$ 2.90 ခန့်ဖြင့် ဝယ်ရောင်း နေကြပါသည်။

01.png

ယမန်နေ့က USD $ 2.15 ခန့်ဖြင့် ရောင်းဝယ်နေခဲ့သော SBD သည်လည်း ၂၄ နာရီ အတွင်း အနိမ့်ဆုံး အဖြစ် USD $2 အထိကျဆင်းသွားခဲ့ပါသည်။ SBD ဈေးအား Upbit ဈေးကွက်က ဝယ်ရောင်းပမာဏ ၈၂% ဖြင့် လွမ်းမိုးထားဆဲဖြစ်ပါသည်။ SBD အား လက်ရှိ Bittrex ဈေးကွက်တွင် USD$ 2 ခန့်တွင် ဝယ်ရောင်း နေကြပါသည်။ SBD အား Bittrex ဈေးကွက်အတွင်း၌ ၂၄ နာရီ အတွင်း ရှိခဲ့သော ဝယ်ရောင်း ပမာဏမှာ ဒေါ်လာ ၁ သိန်းကျော် ခန့်သာရှိခဲ့ပါသည်။

02.png

နောက်၂၄ နာရီအတွက် Steem & SBD ဈေးခန့်မှန်းချက်မှာ ဈေးများ ဆက်လက်ကျဆင်းနေအုံးမည်ဟု ခန့်မှန်းရပါသည်။ Steem အနေဖြင့် USD$ 2.70 နှင့် SBD အနေဖြင့် USD$ 1.80 ကြားတွင် အသီးသီး ရှိနေနိုင်ပါသည်။ ဤသည်မှာ ဈေးခန့်မှန်းခြင်းသာဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်း နေပါသည်။

03.png
04.png
msc-5.jpg
msc-6.jpg

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63510.75
ETH 3065.54
USDT 1.00
SBD 3.82