Weekend Movie :: Pacifier

in #myanmar6 years ago

FB_IMG_1527335451652.jpg

Weekend Movie ::Pacifier

ဘ၀မှာ တခါတလေ ထင်မှတ်ထားသလို၊ မျှော်လင့် မထားသလိုလည်း ဖြစ်တတ်တယ်။ တော်တည့် နေတာကနေ လွဲသွားတတ်သလို လွဲနေတာတွေကလည်း တည့်သွားတတ်တယ်။ အဓိကက ရပ်မနေဖို့ပဲလေ။ နှေးချင် နှေးပါစေ သွားနေဖို့ပဲ။ တချိန်ချိန်တော့ ရောက်လိမ့်မည်။

Shane Wolfe (Vin Diesel) ဟာ US Navy seal တပ်ဖွဲ့က ဖြစ်ပါတယ်။ Shane တပ်ဖွဲ့ဟာ အကြမ်းဖက်သမားတွေရဲ့ လက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ Howard Plummer (Tate Donovan) ကို ကယ်ထုတ်ဖို့ ကြိုးစားကြပါတယ်။ Plummer ဟာ အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက် စီမံကိန်းတွေကို လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ရန်သူ့ သဘောင်္ကို ၀င်စီးပြီး Shane တို့ Plummer ကို ကယ်ထုတ်လာနိုင်ခဲ့ကြပါတယ်။ ကုန်းမြေပေါ် ရောက်ပြီး ဟယ်လီကော်ပတာ နဲ့ သွားမယ့် အချိန်မှာ ရန်သူရဲ့ ပစ်ခတ်မှုကြောင့် Plummer သေဆုံးသွားခဲ့ပါတယ်။ Shane လည်း ဆေးရုံပေါ်မှာ (၂) လလောက် ကုသမှု ခံယူလိုက်ရပါတယ်။

ဆေးရုံပေါ်က ဆင်းလာပြီးတဲ့နောက် Shane ကို Captain Bill Fawcett (Chris Potter) က တာဝန် တခုပေးအပ်ပါတယ်။ တခြား မဟုတ်ပါဘူး။ ခင်ပွန်းသည် မရှိတော့တဲ့ Plummer ရဲ့ အမျိုးသမီး Julie Plummer (Faith Ford) နှင့် မိသားစုကို စောင့်ရှောက် ကူညီပေးဖို့ပါ။ Plummer လုပ်ဆောင်ပေးနေတဲ့ ထိပ်တန်းလျှို့ဝှက်ချက်နှင့် ပတ်သက်ပြီး အစိုးရပိုင်းက စုံစမ်းမှု အချို့လုပ်ခဲ့ပါတယ်။ Plummer ဟာ လျှို့ဝှက် ပစ္စည်းများ ထိန်းသိမ်းတဲ့ box ထဲမှာ တစုံတခု သဲလွန်စ ချန်ခဲ့နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်နှင့် Plummer ရဲ့ box ကို ဖွင့်ဖို့ Julie ရဲ့ အကူအညီ လိုပါတယ်။ ဒါကြောင့် Julie ဟာ Plummer သေတ္တာ ထားခဲ့တဲ့ မြို့ကို သွားရောက် ရမှာ ဖြစ်ပါတယ်။ Julie ဟာ သူမ ကလေးတွေကို စိတ်မချပါဘူး။ ထို့ပြင် လူဆိုးတွေက လက်လျှော့သွားခြင်း မရှိသေးပဲ သူမတို့ မိသားစုကို စောင့်ကြည့်နေသေးတယ်လို့ သူမက ထင်နေပါတယ်။ သူမ မရှိတုန်း ကလေးတွေကို စောင့်ရှောက်ဖို့ Shane က ရှိနေမှာ ဖြစ်ပါတယ်။

The-Pacifier-movie-poster.jpg
photo from Google

Shane ရဲ့ Plummer မိသားစု အိမ် အ၀င် ခရီးဟာ သိပ် မျက်နှာပန်း မလှခဲ့ပါဘူး။ Zoe, Seth, Lulu, Peter နှင့် Tyler တို့ဟာ Shane ကို သိပ်သဘောမတွေ့သလို၊ Shane မျက်စိထဲမှာလည်း ထိုကလေးတွေက သိပ်အချိုးမပြေနေပါဘူး။ Tyler က တနှစ်မကျော်သေးတဲ့ ကလေးတဦး ဖြစ်ပါတယ်။ သူတယောက်တော့ Shane ကို သဘောကျကောင်း ကျပါလိမ့်မယ်။ ဒါပေမယ့် မသေချာဘူးလေ။ ကလေးက စကားမှ မပြောနိုင်သေးပဲ။ ဒီလိုနှင့် Julie တယောက် Plummer ရဲ့ box ကို ဖွင့်ဖို့ အိမ်ကနေ ထွက်သွားခဲ့ပါတယ်။ သူမ (၂) ရက်လောက် ကြာပါလိမ့်မယ်။

တကယ်တမ်းမှာတော့ Julie ရဲ့ ခရီးစဉ်ဟာ (၂) ရက်မက ကြာသွားခဲ့ပါတယ်။ Plummer ရဲ့ box ကို ဖွင့်နိုင်ဖို့ Julie တယောက် password ကို မှန်အောင် မပြောပြနိုင်လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် (၂) ရက်သာ ကြာမယ်လို့ မျှော်လင့်ခဲ့တဲ့ ခရီးဟာ တပတ်လောက် ကြာသွားခဲ့ပါတယ်။

Julie တယောက် Plummer ရဲ့ box ထဲမှာ ဘာသဲလွန်စကို ရှာတွေ့မလဲ၊ Shane ကကော ကလေးတွေကို သေချာ ထိန်းသိမ်း စောင့်ရှောက်ပေးထား နိုင်ပ့ါမလား၊ လူဆိုးတွေကကော အိမ်မှာ ကျန်ခဲ့တဲ့ Shane နှင့် ကလေးတစုကို ဒုက္ခ မပေးပဲ နေပါ့မလား၊ ဘာတွေ ဘယ်လို ဆက်ဖြစ်မယ် ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက် ရှုစားကြပါလို့။

S80822-094352(1).jpg

S80822-094400(1).jpg
photo from Google

ဒီကားဟာ ပေါ့ပေါ့ပါးပါးနှင့် ကြည့်ကောင်းတဲ့ ဟာသအက်ရှင် ဇာတ်ကားလေး ဖြစ်ပါတယ်။ ကလေးတွေနှင့် Vin Diesel တယောက် နေ့စဉ် ဖြတ်သန်းနေရတဲ့ ဇာတ်ဝင်ခန်းလေးတွေကို ကြည့်ပြီး ပျော်ရွှင်မိမှာ အသေအချာပါပဲ။ ထို့ပြင် ခပ်ကြမ်းကြမ်း အက်ရှင်ကားတွေသာ အရိုက်များတဲ့ မင်းသားကြီး Vin Diesel ရဲ့ ရှားရှားပါးပါး ဟာသကားလေး တကားလို့ ဆိုရမှာ ဖြစ်ပါတယ်။

Director
Adam Shankman

Cast
Vin Diesel, Lauren Graham, Faith Ford, Brittany Snow, Max Thieriot, Carol Kane, Brad Garrett

Don Jaun

MSC 31

Sort:  

အလဲ့ video ​ကြော်​ငြာ 😊

ဟီးဟုတ်

ဒီနေ့ pro တစ်ရက်ထဲမှာရုပ်ရှင်ကြော်ငြာ ၂ ခုဖတ်ရတယ် ၊တစ်ခုကဇာတ်ကား ဒေါင်းလုပ်လင့်တောင်ပါသေး

ဟုတ်

ရှာကြည့်အုံးမယ် ကိုဒွန်ရေ

ဟုတ်
ကျနော် တွေ့ရင်လည်း link ပေးပါ့မယ်။ ခုက skynet(channel9) လာတဲ့အချိန်တုန်းကကြည့်ထားတာ မလို့ ဇာတ်ကား link မရှိနေတာ

ကိုယ်ကြည့်တဲ့ ဇာတ်ကားကို အဲ့လို မပြောတတ်နေဘူး

စမ်းကြည့်လိုက်ပါ။ ရမှာပါလေ

စပွန်​ ဆာရတယ်​ထင်​တယ်​ ဟိ
ရုပ်​ရှင်​​ကြော်​ညာနှစ်​ပို့​တွေ့ပြီ ဟိ

ရချင်နေတာ

က​လေးတစ်​စုနှင့်​ကြည့်​လို့​ကောင်းမယ်​...movie reviewအတွက်​​ကျေးဇူးပါ...

စနေ တနင်္ဂနွေဇာတ်ကာကြည့်ဖို့ စဉ်းစားနေတာ
အဆင်ပြေတာ

ဟုတ်ဟုတ်

Brother long time not vote you.

Yeah!
Long time

အဲ့ ဖင်ဒီဇယ်လား ဘာဒီဇယ်လဲမသိဘူး ဂဒုံးကပြောင်နေသလောက် မျက်နှာကတော့ အသေတည်ဒယ် ဆာဒွန်ရ

ဆရာကြီးတွေက အဲ့လိုပဲ ပြောင်ကြတယ် ဗျ

ကျန်း ကျန်း ကွကိုယ်ပြောင်ထာကို ဆရာကြီးပြောနေသေးဒယ်

ငှယ့်
ကြည့်ကြည့်လေ နာမည်ကြီး မင်းသားတွေထဲမှာ ဂတုံးတွေမှ အများကြီး

ဇာတ်ကားက ရယ်ရမယ့်ပုံပဲ။

ရယ်ရတယ်ကြည့်ကြည့်ပါဗျ

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65144.58
ETH 2627.08
USDT 1.00
SBD 2.83