Weekend Movie :: Chalk and DustersteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

မိဘက မွေးတယ်၊ ကျွေးတယ်။ ဆရာ၊ ဆရာမတွေက အသိဥာဏ်၊ ဗဟုသုတတွေ ပေးတယ်။ ဒီလိုနှင့် ကျနော်တို့တွေ လူ ဖြစ်လာကြတယ်။ အိပ်မက်တွေ ကို လက်တွေ့ အကောင်အထည် ဖော်နိုင်အောင် ဆရာတွေကပဲ လမ်းပြပေးခဲ့တယ်။

Vidya (Shabana Azmi) နှင့် Jyoti (Juhi Chawla) တို့ဟာ Mumbai မြို့မှာ ရှိတဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ (၂) ယောက် ဖြစ်ပါတယ်။ သူတို့ရဲ့ အသင်အပြနှင့် စိတ်နေ စိတ်ထားတွေကြောင့် သူတို့ (၂) ယောက်ဟာ ကျောင်းရဲ့ နာမည်ကြီးတွေ ဖြစ်ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေကလည်း သူတို့ကို ချစ်ကြပါတယ်။ သူတို့် (၂) ယောက်ကလည်း တပည့်တွေအားလုံးကို တန်းတူ ဆက်ဆံပြီး သေချာကြပ်မတ် ဂရုစိုက်ပေးကြပါတယ်။

ထိုကျောင်းမှာရှိတဲ့ အခြား ဆရာ၊ ဆရာမတွေလည်း အသင်အပြ ကောင်းကြပါတယ်။ သို့ပေမယ့် ဆရာ၊ ဆရာမတွေ အတွက် အဆင်မပြေမှု တခုလည်း ရှိပါတယ်။ တခြား မဟုတ်ပါဘူး။ ကျောင်းက ကြီးကြပ်ရေးမှူး ကြောင့်ပါ။ ကြီးကြပ်ရေးမှူး အမျိုးသမီးက မကြာမကြာ ဆရာမတွေကို ပညာပြလေ့ ရှိပါတယ်။ ဆရာ၊ ဆရာမတွေ ပိုပြီး ကံဆိုးသွားစေမယ့် နေ့ရက်တွေက မကြာမီ အချိန်အတွင်းမှာ ရောက်ရှိလာပါတော့တယ်။ တခြား မဟုတ်ပါဘူး။ ကြီးကြပ်ရေးမှူး အမျိုးသမီးဟာ လက်ရှိကျောင်းအုပ်ကြီးကို ကျောင်းမှ ထွက်ရအောင် ကြံစီလိုက်ပြီး သူမက ထိုရာထူးကို ၀င်ယူလိုက်ခြင်း ဖြစ်ပါတယ်။

MV5BMTQ4NTg3MzI5OV5BMl5BanBnXkFtZTgwOTM2MjU0NzE@._V1_.jpg
photo from Google

ယခင် ကြီးကြပ်ရေးမှူး လက်ရှိ ကျောင်းအုပ်ကြီးကတော့ Kamini Gupta (Divya Dutta) ဖြစ်ပါတယ်။ သူမ ကျောင်းအုပ် ဖြစ်လာပြီး နောက်ပိုင်းမှာတော့ ကျောင်းမှာ ပြောင်းလဲမှုတွေ အများကြီး စတင် လုပ်ဆောင်ပါတော့တယ်။ သူမရဲ့ အစီအစဉ်က ကျောင်းရဲ့ ၀င်ငွေတိုးပြီး နာမည် ကြီးလာဖို့ ဖြစ်ပါတယ်။ အဓိက အချက်က သူမဟာ ပညာရေးကို စီးပွားရေး တခု အဖြစ် ပြုလုပ်လိုခြင်း ဖြစ်ပါတယ်။ သူမရဲ့ ထို စိတ်ကူးကို ပံ့ပိုးပေးသူကတော့ ကျောင်းရဲ့ ပိုင်ရှင် Anmol (Aarya Babbar) ဖြစ်ပါတယ်။ သူက နိုင်ငံခြားကနေ MBA ဘွဲ့ယူပြီး ပြန်လာသူ ဖြစ်ပါတယ်။ ယခုကျောင်းကို သူ့အဖေ လက်ကနေ လွှဲပြောင်းယူပြီး စီမံခန့်ခွဲမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

Gupta တယောက် သူမ အစီအစဉ်တွေကို အကောင်အထည် ဖော်ပါတော့တယ်။ ဦးစွာ ၀ါရင့် ဆရာ၊ ဆရာမများ ဖြုတ်ချဖို့ ဖြစ်ပါတယ်။ ထိုဆရာ၊ ဆရာမများကို ဖြုတ်ချပြီး သူတို့ နေရာမှာ ငယ်ရွယ်ပြီး စာသင်ကြားရေးမှာ အတွေအကြုံ မရှိတဲ့ ဆရာ၊ ဆရာမ ငယ်လေးတွေနှင့် အစားထိုးဖို့ ဖြစ်ပါတယ်။ သူတို့မှာ လူကြိုက်များတဲ့ ဘွဲ့တွေ တသီကြီး ရထား၊ ရှိထားကြပါတယ်။ စာသင်လခ အနေနှင့်လည်း လက်ရှိ ၀ါရင့် ဆရာ၊ ဆရာမကြီးတွေထက် ပိုပြီး များများ ပေးရမှာ ဖြစ်ပါတယ်။ ဆရာမတွေနှင့် အစားထိုးလိုက်ပြီး ကျောင်းလခတွေကို ပိုပြီး တိုးကောက်ဖို့ ဖြစ်ပါတယ်။

ထိုသို့ တိုးကောက်လိုက်ခြင်းဖြင့် ဆင်းရဲသား ကလေးငယ်များကို သူမရဲ့ ကျောင်းမှာ မတက်နိုင်အောင် တပါတည်း စီမံထားခြင်း ဖြစ်ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ဆရာမတွေကိုလည်း တနည်းပြီး တနည်း၊ တမျိုးပြီး တမျိုး စည်းကမ်းချက်များနှင့် စိတ်ညစ်အောင်၊ စိတ်ပျက်အောင် လုပ်ပါတော့တယ်။ ဆရာ၊ ဆရာမတွေ ခဗျာ တနေ့ တနေ့ ပင်ပန်းစွာ ဖြတ်သန်းရပါတော့တယ်။ သူမရဲ့ စည်းကမ်းတွေက တဖက်စောင်းနင်းဆန်လှပါတယ်။ အသစ်ပြန်ဆွဲထားတဲ့ အတန်းချိန်တွေ၊ အချိန်အခါ မဟုတ် ခေါ်တဲ့ အစည်းအဝေးတွေက ဆရာ၊ ဆရာမတွေကို ပိုမိုပြီး အကြပ်တွေ့ စေပါတယ်။

S81228-17515036(1).jpg
photo from Google

ဒီလိုနှင့် ၀ါရင့် ဆရာ၊ ဆရာများကို တယောက်ပြီး တယောက် သူမ အပြစ် ရှာပြီး ထုတ်လာနိုင်ခဲ့ပါတယ်။ သို့ပေမယ့် သူမ အတွက် အခက်တွေ့နေရတာက ၀ါရင့် ဆရာမကြီး Vidya ဖြစ်ပါတယ်။ စာအသင်အပြ ကောင်းတဲ့ Vidya ကို Gupta တယောက် ထုတ်ရခက်နေပါတယ်။ နည်းလမ်း မတွေ့ နေပါဘူး။ ဒါပေမယ့် တနေ့မှာတော့ သူမဟာ အပြစ်မရှိ အပြစ်ရှာ၊ အကြောင်းမရှိ အကြောင်းရှာပြီး Vidya ကို ကျောင်းမှ ထုတ်ပယ်ပါတော့တယ်။ Vidya တယောက် သူမကို ထုတ်ကြောင်း စာကို ဖတ်နေရင်းမှာပဲ စာသင်ခန်းထဲမှာ မေ့လဲသွားခဲ့ပါတယ်။

Jyoti နှင့် နောက်ဆရာမ တယောက်က Vidya ကို ဆေးရုံသို့ အမြန်ပို့ခဲ့ကြပါတယ်။ Vidya ဘယ်လိုတွေ တွေကြုံခဲ့ရတယ် ဆိုတာကို Jyoti သိသွားပြီးနောက် တခုခု ပြန်လည် တုန့်ပြန်ဖို့ စီစဉ်ပါတော့တယ်။

Vidya နှင့် Jyoti တို့ ပူးပေါင်းပြီး ဘယ်လို ပြန်တုန့်ပြန်မလဲ ဆိုတာကို ပိတ်ကားထက်မှာ ဆက်လက် ရှုစားပါလို့ …

ဒီကားဟာ ကြည့်လို့ ကောင်းတဲ့ ပညာပေး ဇာတ်ကားလေး ဖြစ်ပါတယ်။ ပညာရေးကို စီးပွားရေး ဆန်ဆန် ပြုမူသူတွေရဲ့ အဆုံးသတ်က ဒါပဲ ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Director
Jayant Gilatar

Cast
Juhi Chawla, Shabana Azmi, Divya Dutta, Upasna Singh, Girish Karnad, Zarina Wahab, Sameer Soni, Aarya Babbar, Adi Irani

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အဲ့ကားလေကြည့်မယ်စိတ်ကူးတုန်း

ကြည့်ပါဗျ။ ကောင်းတယ်။

2016 ဆို​တော့နဲနဲ​တော့ကြာပြီ​ပေါ့ ​ပေါ်တာ

ဟုတ်

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29