Weekend Movie :: Along With The Gods (The Last 49 Days)

in #myanmar5 years ago (edited)

FB_IMG_1527335451652.jpg

Weekend Movie :: Along With the Gods (The Last 49 Days)

ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်ပါလိမ့်မယ်။ မကောင်းတာ လုပ်ရင်တာ့ မကောင်းတဲ့ အတိုင်း ပြန်ခံရပါလိမ့်မယ်။ တချို့မကောင်းမှု၊ အကုသိုလ်တွေက တဒင်္ဂအားဖြင့် ငရဲကနေ ရှောင်လွှဲလို့ ရတယ်ဆိုပေမယ့် ၀ဋ်ကိုတော့ ရှောင်လွှဲလို့ မရပါဘူး။ ၀ဋ်မှာ အမြဲ ငရဲမှာ အပ ဆိုသလိုပေါ့။

အစောင့်အရှောက် နတ် (၃) ယောက် ဖြစ်တဲ့ Gang-rim (Ha Jung Woo), Haewonmak (Ju Ji hoon) နှင့် Lee Deok Choon (Kim Hyang Gi) တို့ဟာ သူတို့ စောင့်ရှောက်ပြီး ပို့ပေးရမယ့် (၄၉) ယောက် ၀ိညာဉ် Kim Soo Hong (Kim Dong Wook) ကို လူ့ဘ၀ ပြန်ဝင်စားခွင့် ရအောင် ငရဲဘုံ တဆင့်ပြီး တဆင့် ဖြတ်ကျော်ပြီး တရားစီရင်ခံ စေရမှာ ဖြစ်ပါတယ်။ Soo Hong ဟာ လူ့ဘ၀တုန်းက စစ်တပ်ရဲ့ တပ်ကြပ်ကြီးပါ။ (Along With the Gods:: The Two Worlds ကိုကြည့်ထားပြီးတဲ့ လူတွေအဖို့ Soo Hong ကို မှတ်မိကြမှာပါ။ The Two Words မှာတုန်းက Soo Hong ဟာ မီးသတ်သမား Kim Ja Hong (Cha Tae Hyun) ရဲ့ ညီငယ် ဖြစ်ပါတယ်။ The Two Worlds မှာတုန်းက Soo Hong ရဲ့ အညှိး အမုန်းတရားတွေကြောင့် တမလွန်မှာ Ja Hong တယောက် ဒုက္ခရောက် ခဲ့ရတာကို အားလုံး မှတ်မိကြမှာပါ။)

Soo Hong ဟာ အပြစ်ကင်းသူ ဖြစ်ကြောင်း၊ မတရား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သက်သေပြဖို့ အစောင့်အရှောက်နတ် (၃) ပါးက ကြိုးစားကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် Soo Hong ဟာ သူ့အကို တုန်းကလို ငရဲအားလုံး ဖြတ်သန်းစရာမလိုပဲ ငရဲ (၄) ခုသာ ဖြတ်သန်းပြီး စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Gang-rim တို့မှာ အခက်အခဲ ဖြစ်နေတာ တခု ရှိနေပါတယ်။ ငရဲမင်း Yeomra (Lee Jung-jae) က သူတို့တောင်းဆိုမှုကို လိုက်လျောပေးပေမယ့် အပိုအနေနှင့်လည်း တခု ခိုင်းလိုက်ပါသေးတယ်။

AWTG2_Main-Poster.jpg
photo from Google

သက်တမ်းစေ့နေပြီး ဖြစ်တဲ့ လူတဦးရဲ့ ၀ိညာဉ်ကို ခေါ်ဆောင်လာခိုင်းခြင်း ဖြစ်ပါတယ်။ ထိုသူရဲ့ ၀ိညာဉ်ကို ခေါ်ဖို့ အစောင့်အရှောက် နတ်တွေ တဖွဲ့ပြီး တဖွဲ့ လွှတ်လိုက်ပေမယ့် ၀ိညာဉ်ကို မခေါ်လာနိုင်တဲ့ အပြင် အစောင့်အရှောက် နတ်တွေပါ ပျောက်ပျောက်သွားနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် Yeomra က Gang-rim တို့ တောင်းဆိုတာကို လိုက်လျောပေးသည့်အပြင် အပိုအနေနှင့် ယခု အလုပ်ကိုပါ ခိုင်းလိုက်တာ ဖြစ်ပါတယ်။ ( the two worlds မှာ တုန်းက Gang-rim ကို မြင်မြင်နေတဲ့ အဖိုးကို မှတ်မိကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ် … Gang-rim တို့ ခေါ်လာပေးရမှာ အဲ့ အဖိုးရဲ့ ၀ိညာဉ် ဖြစ်ပါတယ်။)

ဘာလို့ အဲ့အဖိုးရဲ့ ၀ိညာဉ်ကို နတ်တွေ မခေါ်လာနိုင်ရတာလဲ။ နတ်တွေ မခေါ်လာနိုင်ရတဲ့ အကြောင်းအရင်းက ထိုအဖိုးအိမ်မှာ စောင့်ရှောက်နေတဲ့ အိမ်စောင့်နတ် Seongju (Ma Dong-Seok) ကြောင့် ဖြစ်ပါတယ်။ အဖိုးဟာ သက်တမ်းစေ့နေပြီ ဖြစ်ပေမယ့် အဖိုးမှာ အရွယ်မရောက်သေးတဲ့ လူမမယ် မြေးငယ်လေး တဦး ရှိနေပါတယ်။ ထိုကလေး သူ့သူ စောင့်ရှောက်နိုင်တဲ့ အခြေအနေ ရောက်လာဖို့ အဖိုး ဆက်ရှိနေဖို့ လိုပါတယ်။ ဒါကြောင့်ပဲ Seongju ဟာ အဖိုးရဲ့ ၀ိညာဉ်ကို လာခေါ်ကြတဲ့ အစောင့်အရှောက် နတ်တွေကို တိုက်ခိုက် ပစ်တာပဲ ဖြစ်ပါတယ်။ အဖိုးရဲ့ ၀ိညာဉ်ကို ခေါ်ဖို့ သွားတဲ့ Haewonmak နှင့် Lee Deok-choon တို့ Seongju နှင့် ထိပ်တိုက်တွေ့ပါတော့တယ်။

Haewonmak တယောက် Seongju ကို နိုင်အောင် မတိုက်နိုင်ခဲ့ပါဘူး။ ထို့ပြင် Seongju ဟာ Haewonmak တို့ရဲ့ ရှေ့မှာ အစောင့်အရှောက်နတ်ဖြစ်ဖူးတဲ့ စီနီယာ တဦး ဖြစ်လို့နေပါတယ်။ Seongju ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး Haewonmak နှင့် Lee Deok-choon တို့ နှစ်ဦး လူ့ပြည်မှ ခဏစောင့်ကြည့်နေထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ Seongju ဟာ သူတို့ ရဲ့ စီနီယာ ဖြစ်နေတာကြောင့် သူတို့ရဲ့ ဟိုးအတိတ်ဘ၀က အကြောင်းကို ပြောပေးဖို့ Seongju ကို တောင်းဆိုကြပါတော့တယ်။

S81028-16592432(1).jpg
photo from Google

အစောင့်အရှောက်နတ် (၃) ယောက်ဟာ အတိတ်ဘ၀တုန်းက ဘယ်လို ပတ်သက်မှုတွေ ရှိခဲ့လဲ၊ Gang-rim တယောက် Soo Hong မတရား သေဆုံးခဲ့ခြင်းကို သက်သေပြနိုင်ပါ့မလား၊ Seongju နှင့်ကော သူတို့ ဘာတွေ ဆက်ဖြစ်ကြမလဲ၊ အဖိုးအိုကော ဘာတွေ ဖြစ်သွားမလဲ ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက် ရှုစားပါလို့

ဒီကားလေးဟာ အလွန်မှပဲ ကြည့်လို့ကောင်းတဲ့ ကားလေး ဖြစ်ပါတယ်။ ပထမကားကတည်းက ကျနော် သဘောကျခဲ့တာပါ။ ယခု ဒုတိယ ဇာတ်ကားမှာတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါတယ်။ ဇာတ်ကားရဲ့ စွဲဆောင်မှုမှာ တကယ်ကို နစ်မြောသွားခဲ့ ရပါတယ်။ ကျနော်တို့ ထင်မှတ်မထားတဲ့ လှည့်ကွက်လေးတွေကိုလည်း တွေ့ရမှာပါ။ ဇာတ်ကားရဲ့ အဆုံးပိုင်းမှာ နောက်ထပ် ဇာတ်ကားတကား လာလေဦးမလားဆိုတဲ့ hint လေး ထားပေးခဲ့တာကလည်း ဆက်လက်စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။ ပိတ်ရက်မှာ ကြည့်ကောင်းတဲ့ ဇာတ်ကားလေး တကားကို မိတ်ဆက်ပေးလိုက်ပါတယ်။ နောက်တပတ်မှာ ပြန်ဆုံကြတာပေါ့။

Director
Kim Yong-hwa

Cast
Ha Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong-seok, Kim Dong Wook, Ha Jung Woo

Don Jaun

MSC 31

Sort:  

အစ်ကိုညွှန်းထားတာ ကောင်းလွန်းတော့ ကြည့်ဖြစ်အောင်လုပ်ဖို့ ဇာတ်ကားလေးကို မှတ်သားသွားပါသည်။

ဟုတ် တကယ်ကောင်းတယ်ကြည့်ကြည့်ပါဗျ

Wirh က ဘာပါလဲ
The နောက်မှာ, ပါနေ

Posted using Partiko Android

ကျေးဇူး ကိုဟိန်း ပြင်လိုက်ပြီ ဗျ

တစ်ကားတည်းလား၊ အခန်းဆက်လား
ကြည့်အုံးမယ်

တကားထဲ အပြီးပါဗျ။
ဒါပေမယ့် ပထမတကားကြည့်ပြီးမှ ခုကားကိုကြည့်ရင် ပိုကောင်းမယ်ဗျ

Don နင့်ဇာတ်ကားက ဇာတ်လမ်းတွဲလား တစ်ကားတည်းလား

တကားထဲ အပြီးပါ အကို

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Trick or Treat - Publish your scariest halloween story and win a new badge
SteemitBoard notifications improved

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66791.24
ETH 3239.69
USDT 1.00
SBD 4.22