ကျနော်နှင့် smartphone (Chapter 5)

in #myanmar6 years ago

image

Android phone အများစုသည် နဂို android version များကို အခြေခံပြီး မိမိတို့၏ ကိုယ်ပိုင် OS များကို ထည့်သွင်း မောင်းနှင်ထားကြ၏။ Google က ထုတ်သည့် pixel phone များကတော့ pure android base ဖြစ်၏။ pure android ကောင်းလား၊ ဒါမှ မဟုတ် သက်ဆိုင်ရာ OS များ ထပ်မံ ဖြည့်စွက်ထားသည့် android က ကောင်းလား ဆိုလျှင်တော့ သူ့အားသာချက် သူ့အားနည်းချက်နှင့် သူပေါ့။ တချို့ကတော့ pure android သည် ရိုးရှင်းလွန်းသည် theme များ ပြောင်းမရသဖြင့် မကြိုက်ကြပေ။ ထို့ပြင် မြန်မာစာအနေဖြင့် unicode သာ support ပေး၏။ Zawgyi မရပေ။ Zawgyi ရလိုလျှင် BLU လုပ်၍ သော်လည်းကောင်း၊ root လုပ်၍ သော်လည်းကောင်း ရနိုင်၏။ သို့ပေမယ့် BLU တို့ root တို့ လုပ်လိုက်လျှင် update မရတော့ပေ။

ကျနော်ကတော့ pure android ကို ပိုကြိုက်၏။ သူက သုံးရတာ ပိုမိုပြီး ပေါ့ပါးသွက်လက်၏။ သယ်စရာ ပါသောသူနှင့် သယ်စရာမပါသောသူ မည်သူက ပိုပြီး သွက်သွက်လက်လက် လှုပ်ရှားနိုင်သည်ဆိုတာကို ကျနော် အများကြီး ရှင်းပြ စရာလိုနေမည် မထင်ပေ။ တချက်က update ရလျှင် တခြား phone များထက် သူက အရင် ရ၏။ ကျန် phone တွေက ထို android version ပေါ်မှာ မိမိတို့၏ OS version များကို ထပ်မံပြီး modify လုပ် ရမည် ဖြစ်သောကြောင့် pure android များထက် စာလျှင် update နောက်ကျ၏။ pure android ဟု ပြောဆို Google ထုတ် pixel phone များကို လူတိုင်း မြင်မိပေလိမ့်မည်။ Mi A1,A2 အစရှိသည့် phone များသည်လည်း pure android base များ ဖြစ်ကြ၏။ အခြား smartphone brand များကလည်း pure android base phone များ ထုတ်ကြ၏။ သို့သော် အရေအတွက်အားဖြင့် အလွန်ပဲ နည်းလှ၏။

image
photo from Facebook

Pixel phone များက ဈေးကြီးပြီး mi phone ကတော့ ထိုမျှ လောက် ဈေး မကြီးပေ။ ပါဝင်သော software, hardware များကလည်း ကွာသေးသည်ကိုး။ Pixel phone များကို ကျနော် ကြိုက်ရသည့် နောက်ထက် အချက်မှာ camera တလုံးထဲနှင့် portrait mode ရခြင်း ဖြစ်၏။ အများတကာ phone များ camera (၂) လုံးနှင့်မှ ရသည့် portrait mode ကို Pixel က camera တလုံးထဲနှင့် ရအောင် လုပ်ပြသွားသည်က ဆရာကျလွန်း၏။ ထို့ပြင် Pixel phone ၀ယ်ယူ အသုံးပြုသူများကို online storage အနေဖြင့် unlimited ပေးထား၏။ data storage အတွက် ပူစရာ မလိုတော့ပေ။ ကျနော့်မှာ ကြိုက်သာ ကြိုက်၏။ မ၀ယ်နိုင်ပေ။ တချိန်ချိန်တော့ ၀ယ်သုံးဦးမည်။

image
photo from Facebook

Pure android မဟုတ်ပေမယ့် pure android နည်းပါး ပေါ့ပါး သွက်လက်သည့် phone အမျိုးအစား ရှိသေး၏။ သူကတော့ one+ ဖြစ်၏။ အမှန်တကော့ one+ သည် oppo ၏ company အခွဲတခုသာ ဖြစ်၏။ သို့သော် oppo နှင့် ဘာမှ မဆိုင်ပေ။ သူ့ style, သူ့ brand, သူ့ OS နှင့်သူ။ phone အမျိုးအစား များစွာလည်း မထုတ်ပေ။ one+ 1,2,3,4,5,6 နှင့် 3T, 4T, 5T စသည်ဖြင့် မှတ်လို့လွယ်သော နာမည်များနှင့်သာ ထုတ်၏။ ထုတ်လိုက်သည့် phone တိုင်းလည်း ပြောစမှတ်တွင်လောက်အောင် ကောင်းကြ၏။ စွမ်းဆောင်ရည်ပိုင်း၊ camera ပိုင်း လုံးဝ ပြောစရာ မရှိပေ။ ပေးရသည့် ဈေးနှင့် တကယ်တန်သည့် phone ဖြစ်၏။ Ram, Rom, Chipset တို့က လုံးဝ သုံးစွဲသူ အကြိုက်။ ထို့ပြင် သူ့ Oxygen Os က လုံးဝ pure android နီးပါး သွက်လက်၏။ တန်ဖိုး သင့်တင့်ပြီး စွမ်းဆောင်ရည်မြင့် smartphone တလုံးလိုချင်သည် ဆိုလျှင်တော့ one+ သည်လည်း မဖြစ်မနေ ထည့်စဉ်းစားရမည့် phone အမျိုးအစားထဲတွင် ပါ၏။ သို့သော် မြန်မာနိုင်ငံတွင်း၌ one+ သုံးစွဲသူ user က sony phone သုံးသည့် user များကဲ့သို့ပင် နည်းပါးလွန်းလှ၏။

ဆက်ပါဦးမည်

Sort:  

1+ လေးတော့ android ထဲကြွေတယ်ကိုဒွန်ရေ

ကျွမ်းကျင်တယ်နော်ဖုးံအလုပ်ကို

ဟီး နည်းနည်းပါဗျ

V9 လေးက android သက်သက်လား
OS ပေါင်းထားသေးလား သိလားဗျ

Vivo v9 လားဗျ။ vivo ဆိုရင်လည်း သူ့သီးသန့် OS နဲ့ပါဗျ။ pure android မဟုတ်ဘူးရယ်။

One+ ကို သိတောင် မသိပါဗျာ

မိုက်တယ် ကိုစောရဲ့
အသုံး နည်းနေကြသေးလို့ပါ

ဆိုင်မှာ မတွေ့ တာလည်း ပါမယ် ထင်တယ်

5လဘဲစောင့် လိုခြင်တာရပြီ

ဟုတ်

Android မကြိုက်ဘူး စက်ရုပ်ပဲကောင်းတယ်
Mi မကြိုက်ဘူး ရှောင်းမီ ဆိုလား ရှောက်မီ ဆိုလား အဲဒါပဲကြိုက်တယ်
One+ မကြိုက်ဘူး eighteen+ ဆိုရင်တော့ ကြိုက်ချင်ကြိုက်မယ် ☺☺☺

ဗုဒ္ဓေါ ဘယ်က.18+ တွေ ပါလာရတာလဲ

Andriod ဖုန်းလောက်ဘဲ သိတာ အခုမှဘဲ တခြားဖုန်းအကြောင်းသိတော့တယ်

အားလုံးက android phone အမျိုးအစားတွေပါပဲဗျ။ Brand တွေပဲ ကွဲသွားတာပါဗျ။

အန်းဒရိုက်ပဲတိတေ အော် ဝင်းဒိုးလဲ တိတေးတေ ဒါဖဲ ဗဟုသုတရပါတေလို့😁

အခုလည်းfbမှာunicodeပြောင်းလိုက်တော့
auto translateတွေဖြစ်တာ တော်တော်နည်းလမ်း
ရှာယူလိုက်ရတယ်
တွေ့တော့လည်းလွယ်လွယ်လေးရယ်

ဟုတ်ပ

ဖုန်းအ​ကြောင်းဘာမှမသိပါဘူး...သိသ​လောက်​နဲ့သုံး​နေတာ....ဗဟုသုတရပါတယ်​....

ဟုတ် ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64615.49
ETH 3112.63
USDT 1.00
SBD 3.84