ကျနော်နှင့် Smart Phone (Chapter 1)

in #myanmar6 years ago

FB_IMG_1527335451652.jpg

ဖွံဖြိုးဆဲနိုင်ငံဖြစ်သည့် ကျနော်တို့ နိုင်ငံ၏ phone သုံးစွဲမှုက အံ့မခန်းပင်။ နိုင်ငံမွဲနေပါသည်ဆိုသည်ကိုတောင် မယုံရမလိုလိုပင်။ smart phone ဈေးကွက်သည် လွန်စွာမှကို အံ့အားသင့်ဖွယ် ကျယ်ပြန့်၍ လာနေပြီ ဖြစ်၏။ sim card တွေကလည်း ယခင်လို တမျိုးတစားထဲ မဟုတ်တော့ ရွေးချယ်စရာ အပြိုင်အဆိုင်များနှင့် ဖြစ်နေပြီ ဖြစ်၏။ ဆက်သွယ်ရေး အော်ပရေတာတွေကလည်း များလာပြီ မဟုတ်လား။

ကျနော်သည် sim card တကဒ်ကို (၂) သိန်းခေတ်ရောက်မှ Phone ကိုင်နိုင်၏။ ဤသည်မှာတောင် အရစ်ကျ စနစ်ဖြင့် ငွေသွင်းရခြင်းကြောင့် ကိုင်နိုင်ခြင်း ဖြစ်၏။ သိန်း (၃၀)၊ (၁၅) သိန်း၊ (၅) သိန်းတန် sim card များကိုတော့ အနားမကပ်နိုင်ပေ။ သရေသာ ကျနေရ၏။ ကျနော်တို့၏ တာဝန်ရှိသူများသည် အလွန်တော်၏။ sim card ဈေးကို ၀န်းခနဲ မကျသွားနိုင် ထိန်းထားနိုင်၏။ အလွန်မှပဲ ရွှေဥာဏ်တော် စူးရောက်သော မိမိ အရေး မှားလို့ ရှေ့ရေးကို မျှော်တွေးမှန်းဆနိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည် မဟုတ်လား။

အရစ်ကျ စနစ်ဖြင့် လက်ထဲသို့ sim card လေး ရောက်လာ၏။ Phone မ၀ယ်နိုင်သေးပေ။ sim card က Phone ထက် ဈေးကြီး၏။ အနှီ sim card လေးသည် Phone ထဲမှာ နားခိုခွင့် မရသေးပဲ ကျနော့် လက်ပေါ်မှာတင် ဒီအတိုင်း တပတ်လောက် နေလိုက်ရ၏။ နောက်မှ ရှိစုမဲ့စု ရှာဖွေ စုဆောင်းထားသော ပိုက်ဆံလေးများဖြင့် Phone တလုံး ၀ယ်လိုက်၏။ ခုထိ ထို phone အမျိုးအစားကို မှတ်မိနေသေး၏။ Huawei U8825D ဖြစ်၏။ ထိုစဉ်က Huawei သည် ယခုလောက် နာမည် မပေါက်သေး၊ လူသုံးလည်း မများသေးပေ။ ကျနော်တို့ကို Programming သင်ပေးနေသော ဆရာ၏ အကြံပေးချက်အရ ထို Phone လေးကို ၀ယ်ကိုင်ဖြစ်ခြင်း ဖြစ်၏။ ထိုဆရာသည် internet ဆိုင်လည်း ဖွင့်ထား၏။ ဆရာက ထို U8825D phone တလုံး ၀ယ်ထားပြီး wifi stand by ပြန်လွှင့်၍ သုံးကြည့်နေခြင်းဖြစ်၏။ ဆရာ၏ ကောင်းတယ် သုံးကြည့် ဆိုသည့် စကားကြောင့် ကျနော်လည်း ထို Phone ကို ၀ယ်လိုက်၏။

FB_IMG_1535114129499.jpg
photo from facebook

Huawei U8825 က (၂) မျိုးဝင်၏။ U8825D နှင့် U8825One ဖြစ်၏။ D က တရုတ်ပြည်တွင်းသုံးရန် ရည်ရွယ်ထုတ်ထားခြင်း ဖြစ်ပြီး။ 1 ကိုတော့ International သို့ တင်ပို့ရောင်းချ၊ သုံးစွဲစေရန် ရည်ရွယ်ပြီး ထုတ်၏။ ( ယခုလည်း တရုတ် Phone အများစုတွင် Global နှင့် Local (china) ဆိုပြီး (၂) မျိုး၊ (၂) စားထုတ်၏။ တချို့က Global ကို ကြိုက်၏။ တချို့က China region အတွက် ရည်ရွယ်ထုတ်သော phone ကို ပိုကြိုက် ကြ၏။ Global ကော၊ China ကော ကိုယ်စီ အားသာချက်၊ အားနည်းချက် တွေနှင့်ပင်။ ကိုယ့် အကြိုက်နှင့်ကိုယ်၊ ကိုယ်အဆင်ပြေရာပေါ့။ ) ကျနော်က U8825D ကို ကိုင်၏။

အစပိုင်း phone အကြောင်း သိပ်နားမလည်ခင်တုန်းကတော့ ဒီအတိုင်းလေးပဲ ကိုင်၏။ နောက်ပိုင်း Phone အကြောင်း လေ့လာဖြစ်ပြီးနောက်ပိုင်းမှာတေ့ ကလိတော့၏။ custom recovery တွေသွင်း၊ custom firmware တွေ ရေး၏။ ကျနော့်လက်ထဲမှာ အနှီ Huawei phone လေးသည် အနားကို မရပေ။ Hardware တော့ ကျနော် မသိ၊ မကျွမ်းပေ။ Software တော့ အတန်ငယ် တီးမိခေါက်မိ၏။ အကျွမ်းကြီး မဟုတ်တောင် ကိုယ့် phone တော့ ကိုယ် ကောင်းကောင်း ကလိနိုင်၏။ ဖြစ်လာနိုင်သော error အတွက် solutions များ ကြိုရှာထား၏။ ပြီးလျှင် ကလိတော့၏။ တခါတလေ ထင်မှတ်မထားသည့် error များကြောင့် firmware ကို အစအဆုံး ပြန်တင်ရသည့် အခါမျိုးလည်း ရှိ၏။

FB_IMG_1535114147497.jpg
photo from Facebook

Official firmware version အားဖြင့် (4.0.4) ထိသာ ရသော ထို Huawei phone ကို (4.4.4) အထိ တင်ပစ်၏။ Custom firmware ဖြစ်၏။ တခါတလေ ကျနော် ကလိလွန်သွားပြီး phone power မတက်လာတော့ပါက သူငယ်ချင်း၏ phone ဆိုင်သို့ ပြေးတော့၏။ အဟီး အဟဲ မျက်နှာချိုသွေးပြီး ဘယ်လို ဖြစ်သွားလဲ မသိဘူး၊ power သေသွားလို့ ဆိုပြီးပြောဆိုကာ ကြည့်ပေး၊ လုပ်ပေးဖို့ ပြောရတော့၏။ သူငယ်ချင်းကလည်း ကလိပြန်ပြီ ဟုတ်လား ... ဟု အတန်ငယ် မြည်တွန်ကာ လုပ်ပေး၏။ သူ လုပ်သည့် ကိုင်သည့် ပုံစံ အဆင့်များကို မှတ်ထား၏။ နောက်ပြီး လိုအပ်သည့် file များ၊ firmware များကိုပါ တပါတည်း ယူလာ လိုက်၏။ နောက်တခါ ကလိလိုက်လို့ ဖြစ်သွားလျှင် ကိုယ့်ကို လုပ်ကြည့်ရန် ဖြစ်၏။

ထိုကဲ့သို့ Huawei လေး ကျနော့်လက်ထဲမှာ ဖွတ်ဖွတ်ညက်ညက်ကျေသွားပြီး သကာလ၊ ကျနော် တင်သမျှ custom firmware များကို မငြီးမငြူ မောင်းနှင်ပေးပြီး သကာလ သူ့ တိုင်ပင်တွေက သိပ်မမှန်ချင်တော့ပေ။ သူလည်း ပင်ပန်းမှာပေါ့။ ကျနော့်လက်စ ကျနော်သာ သိ၏။ သို့နှင့် ထို Huawei လေးကို (၂) နှစ်လောက် ကိုင်လာပြီးနောက်မှာတော့ phone အသစ်တလုံး ရ၏။ မွေးနေ့လက်ဆောင် အဖြစ် သူငယ်ချင်းများက ပိုက်ဆံ စုပြီး ကျနော့်ကို phone အသစ်တလုံး ၀ယ်ပေးကြ၏။ Sony brand ဖြစ်၏။ အမျိုးအစားက M4 auqa dual (E2312) ဖြစ်၏။ ထို phone သစ်လေးကိုတော့ လုံးဝ မကလိပဲ ကိုင်မည်ဟု Phone ဆိုင်မှ သူငယ်ချင်းကို ကျနော် ပြော၏။ ထိုအခါ သူက မပြုံးမရယ် ခေါင်းညိတ် ခေါင်းမခါပဲ ကျနော့်ကို ပြန်၍ ကြည့်နေတော့၏။ ဟုတ်မှလည်း လုပ်ပါဗျာ။ ကျနော်တော့ မယုံပေါင် ဆိုသည့် အဓိပ္ပယ်ရသည့် အကြည့်နှင့် ဖြစ်၏။

ဆက်ရန်

Don Jaun

MSC 31

Sort:  

အမလေး ဖွတ်ဖွတ်ကြေသွားတာ ဖုန်းမို့လို့ တော်သေးတယ်

တခြားဆိုရင်ကော ဗျာ

ကလိနေမှပညာရပါမည်

ဟုတ်တယ်

ဆက်ပါလေ ။ ကျွှန်စကိုင်တော့ မမှတ်မိတော့ဘူး android နားမကပ်နိုင်တာ သေချာတယ် huawei T ဘယ်လောက်လဲ မသိ slide ဖုန်းလေး တစ်ကယ်လွမ်းတာ ခုချိန်များ အဲ့ဒီအမျိုးအစား ပြန်ဝယ်လို့ရသေးရင် ။

ဝယ်ချင်နေတယ် မလား

HUAWEI ဖန် တျောက်ပါ

ခု huawei တွေက ပိုမိုက်လာပြီ

အယ် sonyလေးဘဝတော့ ရင်လေးစရာဘဲနော်။ဆက်ရန်ကို မျော်ရတော့မှာပေါ့နော်

မလေးပါနဲ့လို့ 😁

ပညာဆိုတာ ဝယ်​ယူရတာ
များများကလိ များများပြက်​မှ ပညာရတာ ချ ချ

အားပေးချက်။
ချမယ်ကွာ

ဟွာဝေးလေး ဖွတ်ဖွတ်ကြေပေါ့

မကြေပါဘူး အကို
နည်းနည်းပါ
😂

ဖုန်းအားကုန်လို့  ပါဝါသူ့ အလိုလိုပိတ်သွားတာကို ပြန်ဖွင့်မရလို့ ဆိုပြီး ဆိုင်မှာ စိုးရိမ်စိတ်နဲ့ သွားပြဖူးတယ် ဟိုက အားသွင်းပြီးပြန်ပေးတော့ သုံးထောင်တောင်းတာကြုံခဲ့ရတယ်ကွယ်

ဖြစ်ရလေ အရှင်ဘုရားရယ်

ဖုန်းက မကလိဘဲ ပျက်တာ ပျောက်တာနဲ့ တင် လဲကိုင်သလို ဖြစ်သွားတယ်

ဟီး ဒါလည်း ကောင်းတာပဲ

ဆြာဒွန် လက်ထဲကတော့ phone မို့သာရယ် ... မိန်းမသာဆိုရင်တော့ ...

တူဘူးလေ phone က phone
မိန်းမက မိန်းမ 😁

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29