ကျနော်နှင့် Game (Chapter 7)

in #myanmar6 years ago (edited)

FB_IMG_1527335451652.jpg

ထိုနေ့တနေ့လုံး ကျနော် ဘာမျှ မလုပ်နိုင်၊ မလုပ်ဖြစ်ပေ။ စာမေးပွဲပြီး တပတ်လောက်နေပြီးတော့ စာအုပ်ဆိုင်မှာ ကျနော် အလုပ်ပြန် ၀င်နေပြီ ဖြစ်၏။ (၃) လာသာ ပိတ်ပေမယ့်။ ထို (၃) လကို ပဲ အလုပ်လုပ်ရန် ဆရာက ကျနော့်ကို ခေါ်ခြင်း ဖြစ်၏။ အောင်စာရင်းထွက်သည့် ရက်သည်လည်း ကျနော် အလုပ်ဝင်နေသည့် ကာလ ဖြစ်၏။ ထို့နေ့က အလုပ်ပင် ပြန်မသွားနိုင်ခဲ့ပေ။ ဆရာကတော့ ကျနော် စာမေးပွဲအောင်သဖြင့် သူငယ်ချင်းများနှင့် လျှောက်လည်နေပြီဟု ထင်ပေလိမ့်မည်။ နောက်နေ့ မနက်မှ အကျိုးအကြောင်း ပြောပြ ရပေလိမ့်မည်။

နောက်နေ့ မနက် အလုပ်သွားတော့ ကျနော် ထင်သည့်အတိုင်းပင် မနေ့က ကျနော် အပျော်လွန်ပြီး လျှောက်လည်နေသည်ဟု တဆိုင်လုံးက ထင်နေကြ၏။ ကျနော့် မျက်နှာမကောင်းလို့ မေးမြန်းကြပြီး အခြေအနေမှန်ကို သိသွားပြီးမှ တအံတသြ ဖြစ်ကုန်ကြ၏။ ကျနော် စာမေးပွဲ မအောင်သည်ကို ဆရာအပါအ၀င် တဆိုင်လုံး မယုံကြပေ။ ခပ်ပျော်ပျော်နေတတ်သည့် ကျနော့် အကျင့်ကြောင့် ကျနော် စနေသည်ဟုသာ ထင်နေကြ၏။ မနက်ကနေ နေ့လည်ချိန် ရောက်သည်အထိ မယုံကြည့်ကြပေ။ သူတို့ ပုံစံက ခဏနေ ကျနော် စနေတာဟု ပြောပြီး တ၀ါးဝါး တဟားဟား ရယ်မည့်အချိန်ကို စောင့်နေသလိုပင်။ ညနေစောင်းသည်အထိ မယုံတ၀က် ယုံတ၀က်နှင့်။ ဆိုင်သိမ်းခါနီးမှာတော့ ကျနော် တကယ် စာမေးပွဲ မအောင်သည်ကို သူတို့ ယုံသွားတော့၏။ ကျနော်က စတတ် နောက်တတ်သလို ကြာကြာမှ ဟန်မဆောင်တတ်ပဲကိုး။

အားလုံးက ကျနော့်အတွက် စိတ်မကောင်း ဖြစ်ကြ၏။ ၀ိုင်းပြီး အားပေးကြ၏။ တပတ်လောက်အထိ ကျနော် ကိုယ့်ကို ကျနော် ရှာမတွေ့ပေ။ လုပ်စရာ ရှိသည်များကို လုပ်ဆောင်နေပေမယ့် သံပတ်ပေးထားသည့် စက်ရုပ်တရုပ်အလား လုပ်ရှားပြုမှုပုံတွေက ခံစားချက်နှင့် အသိစိတ် မဲ့လွန်းနေ၏။ အောင်စာရင်းထွက်ပြီး (၁၀) ရက်လောက်နေမှ ပျံ့လွင့်နေသော စိတ်များ အတန်ငယ် တည်ငြိမ်လာ၏။ ထို့ပြင် ဘာလုပ်ရမည်ကိုပါ တပါတည်း ဆုံးဖြတ်လိုက်၏။ ပြီးနောက် ထို ဆုံးဖြတ်ချက်အား အမေ့ကို ပြောပြ၏။ တခြား မဟုတ် လက်ရှိတက်နေသည့် နည်းပညာ တက္ကသိုလ်ကို ဆက်မတက်တော့ပဲ တောင်ကြီးတက္ကသိုလ်မှာ အဝေးသင် ဘာသာရပ် တခုခု ယူပြီး အလုပ်သာ ဇောက်ချ လုပ်ရန် ဖြစ်၏။ အမေ လက်မခံပေ။ ထို့ပြင် အမေ ငို၏။ သားရယ် မင်းလက်ရှိတက်နေတဲ့ ကျောင်းပဲ ဆက်တက်ပါလားကွာ ဟု ဆို၏။ အခြားတပါး ဘာဘာညာညာ စကားများ မဆိုပေ။

received_367207637048102.jpeg

အမေ ငိုတော့ ကျနော် စိတ်မကောင်းပေ။ ထို့ကြောင့် လက်ရှိတက်နေသည့် ကျောင်းသာ ဆက်တက်ရန် ကျနော် ဆုံးဖြတ်လိုက်၏။ ကျောင်းဖွင့်ခါနီးတော့ ကျောင်းပြန်အပ်၊ ဖွင့်တော့ တက်ပေါ့။ စာအုပ်ဆိုင်ကနေ တခါ ပြန်နားရပြန်၏။ ယခုနှစ်မှာတော့ ကျောင်းတက်သည့် ရက်နှင့် ဂိမ်းဆိုင်ရောက်သည့် ရက် တွက်ကြည့်လိုက်လျှင် ဂိမ်းဆိုင်ရောက်သည့် ရက်က သာ၍ များနေတော့၏။ ယခင်နှစ်ကတည်းက ကျနော်သည် စာများကို ( workshop ဘာသာရပ်မှ လွဲ၍) သေချာပြုလုပ်ခဲ့သူ ဖြစ်ရကား သင်ခန်းစာများသည် ကျနော့်အတွက် သိပ်မခက်တော့ပေ။ ထို့ပြင် ဆရာ၊ ဆရာမများနှင့်လည်း ရင်းနှီးနေပြီ ဖြစ်ရကား အတန်းတက်စရာမလိုပဲ Roll Call (အတန်းတက် မှတ်တမ်း) ရ၏။ အပတ်တိုင်း အချိန်တိုင်း အားလုံးနီးပါးကို တက်စရာမလိုပေ။ အတန်းထဲတွင် မျက်နှာ ခဏပြပြီးနောက် ဂိမ်းဆိုင်သွားလိုက် ကန်တင်းသွားလိုက်နှင့်သာ အချိန်ဖြုန်းလို့နေတော့၏။ ကိုယ့်ကို အတန်းလစ်သည့် အပြင် ဆရာ၊ ဆရာမ မလာနိုင်သည့် အတန်းချိန်များတွင်ပါ ကျနော်သည် ဂိမ်းဆိုင်သို့သာ ရောက်နေတော့၏။ တခါတလေ ကျောင်းကိုသွားပေမယ့် ကျောင်း မရောက်ပဲ ဂိမ်းဆိုင်သို့သာ ရောက်သွားတော့၏။

ကျနော်တို့ တက္ကသိုလ်သည် တောင်ကြီး နည်းပညာတက္ကသိုလ်ဟု ခေါင်းစဉ်တပ်ထားသော်လည်း တောင်ကြီးမြို့နှင့် အဝေးကြီး။ တောင်ကြီးမြို့နှင့် (၁၄) မိုင်လောက်ဝေးသော နေရာမှာ ရှိ၏။ သို့သော် ထိုတက္ကသိုလ် အနီးအနားတ၀ိုက်တွင် ဗိုလ်ချုပ်မောင်အေးက မြို့သစ်တည်လိုက်သဖြင့် ကျနော်တို့ တက္ကသိုလ်သည် မြို့နှင့် နီးသွားတော့၏။ ထိုမြို့သစ် နာမည်ကို အေးသာယာမြို့ဟု ခေါ်၏။ သို့သော် ကျနော်တို့ ကျောင်းသူ၊ ကောင်းသား အများစုကတော့ မြို့သစ်ဟု သာခေါ်ကြ၏။ မြန်မာတနိုင်ငံလုံးရှိ နည်းပညာကျောင်းများ မြို့နှင့် အဝေးမှာသာ ရှိကြသော်လည်း ကျနော်တို့ ကျောင်းက မြို့အနီးမှာ ရှိသည်ဟု ရှာကြံဂုဏ်ယူလျှင်လည်း ဂုဏ်ယူလို့တော့ ရ၏။

received_367159353719597.jpeg

အိမ်ကနေ ကျောင်းသွားဖို့က လိုင်းကား (၂) ဆင့် စီးရ၏။ ကျနော့် ရပ်ကွက်ကနေ တောင်ကြီးမြို့မဈေးသို့ တဆင့်၊ ထို့နောက် မြို့မှဈေးမှ အေးသာယာမြို့ရှိ ကျောင်းသို့ နောက်တဆင့် စီးရ၏။ အသွား (၄၅) မိနစ်၊ အပြန် (၄၅) မိနစ်နှင့် တနေ့တနေ့ လိုင်းကားစီးနေရသည်နှင့်သာ အချိန်ကုန်၏။ တခါတလေများ ကိုယ်စီးသည့် ကားက စက်မှုဇုန်ဖက်သွားပြီး ပစ္စည်းတင်၊ ပစ္စည်းချများ လုပ်စရာ ရှိလာ၊ ပါလာလျှင် တနာရီကျော် ကြာသွားတော့၏။

ကျောင်းနားက မှတ်တိုင်မှာဆင်း၊ ကျောင်းသွားပေါ့။ သို့သော် မှတ်တိုင်ကနေ ကျောင်းထက်၊ မှတ်တိုင်ကနေ ဂိမ်းဆိုင်က ပိုလို့ နီး၏။ သို့နှင့် တနေ့တနေ့ စာသင်ခန်းသို့ မရောက်ပဲ ဂိမ်းဆိုင်သို့သာ ရောက်လေတော့၏။ ပထမနှစ် မအောင်ဖြစ်ပြီးမှ ကျနော် နည်းနည်း နည်းနည်းနှင့် မရဲတရဲ ဆိုးတတ်လာခြင်း ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အဲဇာတ်လမ်းကပီးသွားဘီလား ဆာဒွန် တန်းလန်းကြီး

ပြီးသေးဘူး
ဆက်ရန် ကျန်ခဲ့လို့
ပြင်လိုက်ပြီ

ငှယ် ပျော်နေတာလေးတေတောင်ပျောက်သွားဘီ

ဆဒွန်​က ဂိမ်းဝါသနာပါတယ်​ထင်​တယ်​ ဂိမ်းအ​ကြောင်းအ​ရေးများလို့

ဟုတ် နည်းနည်းပါ ဗျ

တောင်ကြီးအေးသာယာက စစ်ဦးစီးတက္ကသိုလ်ဖြစ်သွားဆို

အမ် ဘာကိုလဲ ဦးမင်း
ဟုတ်ဘူး ထင်တယ်

ဂိမ်းဆိုင်မှာပဲ ခြေရှုပ်တယ်ပေါ့😁

ဟုတ်ပ

အခြေအနေက စိတ်ပူစရာပဲ။ဂိမ်းဆိုင်ပဲသွားတာ များနေတယ်ဆိုတော့။

ပူနဲ့ ဂိမ်းဆော့မှပဲ အောင်တော့တာ 😂

gameရောဂါက ဖျောက်ဖို့ခက်တယ်

ဟုတ်ပ

Game ဆိုင်​သွားတာ game​တော့တာ​ရော ဟုတ်​ရဲ့လား😜😜

ငှယ့်
Game ပဲ ဆော့တာပါဗျာ 😂

ကိုဒွန်‌‌ရေ ကျွန်‌‌တော်‌မူး‌နေလို့ မဖတ်‌နိုင်းဘူး‌နော်‌။

ဗျာ ဘာတွေ သောက်နေတာတုံး
ဒါမှမဟုတ် ကျန်းမာရေး ကြောင့်လား

ကျန်းမာရေးကောင်းအောင် သောက်ထားတုန်းမို့ ထင်ပါတယ်

ဟားး သူငယ်‌ချင်း ‌မွေး‌နေ့ ‌ရောက်‌‌နေလို့ပါဗျာ။

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65651.70
ETH 2676.03
USDT 1.00
SBD 2.91