ကျနော်နှင့် ဖော်တိနိုင်း

in #myanmar6 years ago

FB_IMG_1527335451652.jpg

ဒီနေ့ နံနက် Fustal ကန်၏။ တပတ်ကို အနည်းဆုံး (၂) ကြိမ်၊ (၃) ကြိမ်တော့ ကန်ဖြစ်၏။ တနင်္ဂနွေ နံနက် (၆) နာရီ ကန်၏။ မနက် (၅) နာရီ မိနစ် (၄၀) လောက် ထရ၏။ သို့မှာသာ (၆) နာရီအချိန်ကို မီမည် ဖြစ်၏။ ဒီနေ့ လာကန်သူ များ၏။ ကန်နေကြလာများ အပြင် လူသစ်များလည်း ပါ၏။ အသိအသိများကတဆင့် လိုက်လာကြခြင်း ဖြစ်၏။ (၂) သင်းစာ မက၊ (၃) သင်းစာ ဖြစ်နေသောကြောင့် (၂) ဂိုး ရှုံးထွက် ကန်ကြရ၏။ (၂) ဂိုးသွင်းနိုင်သည့် အသင်းက ဆက်ကန်ရပြီး ကျန်တသင်းက ထွက်ရ၏။ (၆) နာရီကနေ (၇) နာရီထိ ကန်၏။ သို့သော် နောက်တဖွဲ့မလာသေးသဖြင့် (၈) နာရီလောက်ထိ ကန်ဖြစ်၏။ (၂) ချိန်စာ ပေးစရာမလိုပေ။ ကန်နေကြ ဖြစ်နေသောကြောင့် တချိန်စာသာ ပေးစရာလို၏။

နံနက် (၈) နာရီခွဲလောက် အိမ်ပြန်ရောက်၏။ ရေချိုးဖို့ ပြင်၏။ အ၀တ်အနည်းငယ်လည်း လျှော်ရပေဦးမည်။ ရေစက်မောင်း၏။ စက်သံသာ မြည်ပြီး ရေက ထွက်မလာပေ။ ဘာများ ဖြစ်လို့လဲ ဆိုပြီး ကြည့်တော့ မော်တာကြိုး (ပန်ကာကြိုး) ပြတ်နေခြင်း ဖြစ်၏။ အထွေးထည်ဝတ် ဆိုင်ကယ်ပေါ်တက်ပြီး မော်တာကြိုး ၀ယ်ဖို့ ထွက်ရပြန်၏။ မကြာမကြာ ၀ယ်နေကြ အိမ်နားက ဆိုင်မှာ သွားဝယ်၏။ မော်တာကြိုး size က 49 ဖြစ်၏။ ကံဆိုးချင်တော့ ဆိုင်မှာ ထို size က ကုန်နေ၏။ အကို နံပတ် 50 ယူသွားပါလားနှင့် တွေ့နေ၏။ ညီလေး အကို့ကို ရေမချိုးရအောင် လုပ်နေတာလားဟု ပြောပြီး ထွက်လာခဲ့၏။ ထိုဆိုင်မှ ညီလေးတွေ ညွှန်ပြသည့် နောက်တဆိုင်ကို သွားကြည့်တော့ လကွယ်နေ့ ဖြစ်သဖြင့် ဆိုင်က ပိတ်ထား၏။ သို့နှင့် အိမ်နှင့် ခပ်လှမ်းလှမ်းမှာ ရှိသည့် နောက်တဆိုင်ကို သွားရပြန်၏။ ထိုဆိုင်မှာလည်း ထို size မရှိပေ။

P80909-092337.jpg

သို့နှင့် မြို့ထဲရှိ ဘောလုံးကွင်း ပတ်ပတ်လည်၌ ဖွင့်ထားသည့် ကားပစ္စည်း ဆိုင်တန်းများ ဆီသို့ သွားရတော့၏။ ဘောလုံးကန် ဘောင်းဘီနှင့် ရေချိုးတော့မည့် ဖက်ရှင်နှင့် မြို့ထဲသို့ လမ်းသလားရတော့၏။ ချွေးတွေနှင့် ဆိုတော့ ရေချိုးမှကို ရလိမ့်မည်။ တွေ့တွေ့ခြင်း ပထမ ဆိုင်မှာ မေးကြည့်၏။ မရှိဘူးတဲ့။ ကျနော် နည်းနည်းတော့ စိတ်တိုချင်ချင် ဖြစ်လာ၏။ နောက်ထပ် တဆိုင် အရောက်မှာတော့ ရှိနေသဖြင့် ကျနော် ကံကောင်းသွား၏။ ကျနော့် မနက်ခင်းသည် အနှီ မော်တာကြိုးကို ရှာနေရသည်နှင့် တော်တော် ဗျာများသွား၏။ ထို မော်တာကြိုးလေး တခုအတွက် ကျနော် ဆိုင် (၅) ဆိုင် ပတ်လိုက်ရ၏။ အိမ်ပြန်ရောက်တော့ မော်တာကြိုး တပ်ပြီး ရေမောင်း အ၀တ်လျှော်၊ ရေချိုး၏။ ရေချိုးနေရင်း စဉ်းစားနေမိ၏။

(၁၀၀၀) လောက်သာပေးရသော မော်တာကြိုးလေးသည် သိန်းကျော်သော ရေမောင်းစက်ကို လည်ပတ်စေ၏။ ရေရဖို့ ရေတင်စက်သည် အရေးကြီး၏။ သို့ဆိုလျှင် ထိုရေတင်စက် လည်ဖို့ မော်တာကြိုးသည် အခရာ ကြသောအရာ ဖြစ်၏။ အင်း ... ပစ္စည်းတိုင်း အရာဝတ္တုတိုင်းမှာ သူ့တန်ဖိုးနှင့်သူ သူ့အရည်ချင်းနှင့်သူပါလား ဆိုပြီး တွေးတောနေမိ၏။ ယခင်ကလည်း ထိုကဲ့သို့ အတွေးမျိုး ၀င်ဖူးပေမယ့် ယခုအခါ ထပ်တွေးမိခြင်းသည် ထိုအတွေး ထိုအသိများကို ပိုမိုပြီး ခိုင်မာလာစေတော့၏။ ထို့နောက် မနက်စာ စားမည်ပေါ့။ မနက်စာ ဆိုမှ စာရေးတံ ဖိတ်ထားသည်ကို သတိရ၏။

တောင်ကြီးမှာ စာရေးတံကို ရပ်ကွက်အလိုက် လုပ်၏။ လုပ်လျှင်လည်း တရပ်ကွက်လုံး နီးပါး လုပ်ကြ၏။ ယခင် ကျနော်နေခဲ့သည့် ရပ်ကွက်မှာလည်း စာရေးတံ လုပ်၏။ ကျနော်တို့ အိမ်လည်း လုပ်၏။ (ယခုအခါ အမတွေကြောင့် ရသည့် ၀န်ထမ်းအိမ်ရာမှာ နေနေသောကြောင့် စာရေးတံ မလုပ်ဖြစ်သည်မှာ (၅) နှစ်လောက် ရှိပြီ ဖြစ်၏။ ကိုယ်မလုပ်တော့ သူများ နားသွားစားပေါ့။) ရပ်ကွက်လုံးကျွတ်လုပ်သဖြင့် ထိုရက်မျိုးဆိုလျှင် ဗိုက်ကား၏။ သို့ပေမယ့် တရက်ထဲဆိုတော့ ခက်၏။ ဟိုအိမ် နည်းနည်း စားလိုက်၊ ဒီအိမ် နည်းနည်း စားလိုက် လုပ်ရ၏။ မစားခင် မင်းတို့ အိမ်က ဘာကျွေးတာလဲ ဆိုပြီးတော့ မေးလိုက်သေး၏။ ထိုစဉ်တုန်းက တွေးမိ၏။ ရပ်ကွက် တခုလုံး တရက်တည်း မလုပ်ကြပဲ (၄)၊ (၅) အိမ် တရက် တခါဆိုပြီး ခွဲလုပ်လျှင် ကောင်းမည်ပေါ့။ သို့ဆိုလျှင် နေ့တိုင်း ၀ါးတီးဆွဲနေလို့ ရ၏။

received_2083507481708580.jpeg

ယခုလည်း သူငယ်ချင်းအိမ်က ဖိတ်သည့် စာရေးတံမှာ စားနေသောက်နေရင်းနှင့် ထိုစဉ်ကအကြောင်း ထိုစဉ်က အတွေးကို ပြန်လည်ပြီး ဖောက်သည်ချမိ၏။ ထိုသူငယ်ချင်း ကျွေးမွေးသည့် ခေါက်ဆွဲကို စားပြီးနောက် နောက်တနေရာသို့ ချီတက်ရပြန်၏။ အသိအကိုတယောက်၏ phone service ဆိုင်ဖွင့်ပွဲ ဖြစ်၏။ အချိန်အားဖြင့် တနာရီလောက်သာ ခြားသဖြင့် ထိုအကိုအိမ်သွားဖို့ ခြေလှမ်းများက လေးနေ၏။ ဗိုက်က ပြည့်နေပြီကိုး။ ခေါက်ဆွဲ (၂) ပွဲကို နံနက် (၁၁) နာရီခွဲလောက်မှာ စားထားခြင်း ဖြစ်၏။ ထို့ကြောင့် နေ့လည် (၁) နာရီ ထိုအကိုအိမ်ရောက်တော့ လူက အိနြေ္ဒရနေ၏။ ဆိုင်ဖွင့်ပွဲက ဒံပေါက် ကျွေး၏။ မစားနိုင်တော့။ သို့နှင့် လက်ဖက်ရည်နှင့် မုန့်သာ စားလာလိုက်၏။ ထို့နောက် မနေ့က ပြင်လို့ မရသေးသည့် window start up error ကိစ္စကို သွားပြန် လုပ်ရသေး၏။ ကျနော့်ထက် ပိုကျွမ်းသော IT field မှာ သူငယ်ချင်းကို ကူညီပေးဖို့ ခေါ်လာလိုက်၏။ သူလည်း အလုပ်ပိတ်သဖြင့် လိုက်လာပေး၏။

ပြင်လို့ ရပြီးနောက် ကျနော် အိမ်သို့ ပြန်လာလိုက်၏။ ဗိုက်လည်း အတော်တင်း၊ လေးနေပြီကိုး။ တရေးတမောတော့ အိပ်ဖို့ ကောင်း၏။ မနက်ကလည်း ခပ်စောစောထ ထားရသည်ကိုး။ ကဲ တရေးတမော အိပ်လိုက်ပါဦးမည်။

Don Jaun

MSC 31

Sort:  

ဖွင့်ပွဲက နေ့တိုင်းလုပ်သင့်ပါတယ်။ မုန့်လည်းနေ့တိုင်းကျွေးသင့်ပါတယ်။ ဆိုင်က နေ့တိုင်းဖွင့်ရတယ်မဟုတ်လားဗျ။ ဟဲဟဲ

အေးလေကွာ နော့်

ဥဥအက်မင်ကြီးက ခေးဆီကိုလည်းလာလည်ပု😩😩😩 😳😳😳

လာမှာပေါ့ အေ

Fustal ကန်၏ ဆိုတာ ဘာကန်တာလဲဗျ

ဖူဆယ် (ဂိုးလတ်) ဘောလုံးကန်တာပါ ဗျ။

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

SteemitBoard - Witness Update
SteemFest³ - SteemitBoard support the Travel Reimbursement Fund.

Support SteemitBoard's project! Vote for its witness and get one more award!

ခေါက်ဆွဲစားတာ ဆာဒွန်ကိုး ☺☺☺

ငှယ့်

Have a nice dream , Bro

You too bro

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အိပ်ရေးဝပြီးလားကိုဒွန်ရေ😁😁
မော်တာကြိုးနဲ့မြို့ပတ်ခဲ့တယ်ပေါ့😂

ဟုတ်ပ ဗျာ

တောင်ကြီးတော့ အလည်အပတ်ဘဲရောက်ဖူးတယ်ဗျ

Gathering လာခဲ့ပေါ့

ဖွင့်ပွဲမှာတော့ စားကြပြီလေ ဟိဟိ

ရှယ်ဆွဲတာ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64006.33
ETH 3077.08
USDT 1.00
SBD 3.87