ကျနော်နှင့် အားကစား (Chapter 3)
ပြေးလွှားခုန်ပေါက် ကစားနေရင်းက ကျနော့်ကို ဆွဲဆောင်သည့် နောက်ထပ် ကစားနည်း တခု ထပ်မံ တွေ့ရှိလေတော့၏။ အခြား မဟုတ်ပေ။ လူ (၁၀၀) တွင် (၉၀) လောက် စိတ်ဝင်စားကြသည့် ဘောလုံး အားကစား ဖြစ်၏။ ထိုကစားနည်းကို ကျနော် စတင် သိရှိသွားသည်မှာ အမေ့ကြောင့်ဟု ဆိုရပေမည်။ တရက်သားက အမေသည် ဈေးမှ ဘောလုံး တလုံး ၀ယ်လာပေးခဲ့၏။ ကလေး ကန်သည့် အရွယ်အစား ဘောလုံး ဖြစ်၏။ ဘာကြောင့်ရယ် မသိ၊ မည်သူမျှ မပြောရ၊ မဆိုရ မသင်ရပါပဲ အနှီ ဘောလုံးကို လက်နှင့်မြှောက် ခြေနှင့်ကန်တော့၏။
ဤသည်မှာ ဘောလုံးနှင့် ကလေးများကြား ဆက်သွယ်မှု တခုဟု ဆိုရပေလိမ့်မည်။ ကမ္ဘာကြီး ကိုယ်တိုင်က လုံးနေသောကြောင့်ပဲ ရှင်သန် နေထိုင်သူ လူသားများသည် လုံးလုံးဝန်းဝန်းနှင့် အနှီဘောလုံးကို သဘောကျ နှစ်ခြိုက် နေလေရော့သလားဟု ထင်မှတ်ရ၏။ တကယ့် တကယ်မှာလည်း ဘောလုံး ကဲ့သို့သော လုံးဝန်းသည့် အရာ ၀တ္ထုနှင့် ကစားရသည့် ကစားနည်းများ များစွာ ရှိသည် မဟုတ်လား။ အရွယ်အစားနှင့် ကစားရသည့် နည်းစနစ် ပုံစံများ မတူကြပေမယ့် အာလုံးက အလုံးတွေသာ ဖြစ်ကြ၏။
အမေသည် ဘောလုံး ပဲ သီးသန့် ၀ယ်လာခြင်း မဟုတ်ပေ။ ထို ဘောလုံးကို ထည့်သိမ်းဖို့ ထည့်စရာ ကြိုးအိတ်လေးပါ တပါတည်း ၀ယ်လာခဲ့ခြင်း ဖြစ်၏။ ဘောလုံးကို ဒီအတိုင်း တော့ကစားလျှင် (၁၀) ချက်ထက် ကျော်အောင် တော့ မကစားနိုင်သော ကျနော်သည် ထိုကြိုးထဲသို့ ဘောလုံးကို ထည့်ပြီး တော့လေတော့၏။ ကျနော့်လက်မှ ကြိုးကို လွှတ်မချ မချင်း အနှီဘောလုံးသည် မြေပေါ်သို့ မကျတော့ပေ။ (၃) နှစ်သားလောက်မှာ ဘောလုံးကို စတင် ရင်းနှီးခွင့် ရ၏။ သို့သော် ဒီအတိုင်း ပစ်ပြီး ဆော့ကစားနိုင်သည့် အဆင့်မှာပဲ ရှိသေး၏။ (၂) တန်းကျောင်းသား အရွယ် အထိ ပြေးလွှား ကစားခြင်းကိုသာ အာရုံကျနေသေး၏။
(၃) တန်း၊ (၄) တန်း ကျောင်းသား ဖြစ်လာချိန်မှာတော့ ဘောလုံး အားကစားနည်း အကြောင်းများကို နားလည်ပြီး ဘောလုံး အားကစားကို ပိုမို စိတ်ဝင်စားလာတော့၏။ ဒီအတိုင်းကြီး ပြေးလွှားနေခြင်း ထက်စာလျှင် ဘောလုံး တလုံးနှင့် ပတ်ပြေးနေရခြင်းကို ပိုမို နှစ်သက်လာ၏။ တယောက်တည်း ပြေးလွှားနေရခြင်းမဟုတ်ပဲ၊ သူငယ်ချင်းများ နှင့်အတူ ဘောလုံး တလုံးကို အပေးအယူလုပ်ပြီး ဂိုးတိုင်ထဲသို့ ကန်သွင်းရသည်ကို ပိုမို သဘောကျလာတော့၏။ ထို့ပြင် ကျနော့် ဘောလုံးပိုးကို ပိုမို အားပြင်းသွားစေသော အရာတခုလည်း ထိုအချိန်က ဖြစ်ပေါ်လာခဲ့၏။ အခြား မဟုတ်၊ မြန်မာ ဘောလုံး အသင်းပင် ဖြစ်၏။
photo from Google
ထိုစဉ်က မြန်မာ့ ဘောလုံး ငွေခေတ် ဖြစ်၏။ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ၀င်းအောင်၊ စောဘမြင့်၊ စောဘသွေး၊ အောင်အောင်ဦး အစရှိသည့် ကစားသမား ကောင်းများကြောင့် ထိုခေတ် ထိုအခါက မြန်မာအသင်းသည် ဒေသတွင်း အခြားအသင်းများကပါ အလေးထား၊ အားရုံစိုက်ရသည့် အနေအထား ဖြစ်၏။ ထိုစဉ်က ဂြိုလ်တု၊ စလောင်းများ ခေတ်မစားသေးပေ။ အိမ်တိုင်းမှာတောင် TV မရှိသေးပေ။ ထို့ပြင် TV များသည် ယခုလို ရောင်စုံ ကာလာများနှင့် မဟုတ်သေးပဲ Black and White များသာ ဖြစ်၏။ မြန်မာ အသင်းပွဲ ရှိသည့် နေ့များ ဆိုလျှင် TV ရှိသည့် အိမ်တအိမ် သို့မဟုတ် ဗီဒီယိုရုံများတွင် ရပ်ကွက်ထဲမှ လူများ စုကြည့်ရ၏။
ထိုစဉ်က ကျနော်တို့ အိမ်မှာ TV မရှိသေးပေ။ ထို့ကြောင့် အိမ်နီးနားချင်း အသိအိမ်မှာပဲ မြန်မာပွဲကို သွားပြီး အားပေး ကြည့်ရှုရလေ့ ရှိ၏။ ထိုစဉ်က လျှပ်စစ်မီး မမှန်သေးပေ (ခုလည်း မမှန်ပါဘူး)။ ထို့ကြောင့် မြန်မာပွဲ ရှိသည့် ရက်များဆိုလျှင် ဘက်ထရီအိုးကိုပါ တပါတည်း အားသွင်း အားဖြည့်ပြီး ဆောင်ထားရ၏။ ထိုစဉ်က ရပ်ကွက်ထဲရှိ ငွေကြေး အလွန် တတ်နိုင်သူတို့ထံတွင်သာ မီးစက်ရှိ၏။ သာမန် Black and White TV သာ ဖြစ်သဖြင့် ဘက်ထရီအိုးနှင့် ချိတ်ဆက်ပြီး ကြည့်လို့ ရ၏။ မြန်မာပွဲ ရှိသည့် ရက်ဆိုလျှင် လူကြီးများသာမက၊ ကျနော်တို့ ကလေးများကပါ အလွန်မှပဲ စိတ်လှုပ်ရှား တက်ကြွစွာ မြန်မာပွဲကို အားပေးရန် စောင့်ဆိုင်းလေ့ ရှိ၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
ဒီကလေး အူမလိုလိုနဲ့ အတော်အ တာပဲ အရင်တုံးကဆိုရင် ဘော်လုံးကို အိတ်နဲ့တစ်ခါတည်းထည့်ရောင်းတတ်ကြတာပဲ ☺ အဲ့ဒုံးက မြန်မာ ဘယ်သွားကန်တာလဲ မကြည့်လိုက်ရဘူး replay လုပ်ပေးပါ ပြန်ကြည့်ချင်လို့ ☺
ဟာ seagame လေ
ဗီယက်နမ်နဲ့ပွဲမှာ အောင်ကျော်ကျော် ထုတ်ခံရတယ်လေ
ငယ်ငယ်က ကိုယ့်ထိမ်းတဲ့ အပျိုကြီးတွေက ဘေလုံး မကန်ကူကြဘူး ။
😂
တွေ့လား အပျိုကြီးတွေထိန်းလို့ ခုထိ မစွံတာ
မယ်ကြည်ကတော့ မြန်မာဘောလုံးပွဲရယ် စစ်ကားရယ် ဘယ်တော့မှ မကြည့်ဘူး ဆုံးဖြတ်ထားတယ် ဘာလို့ဆို စိတ်မကောင်းဖြစ်ရလွန်းလို့😁
Posted using Partiko Android
မြန်မာပွဲတော့ကြည့်တယ်။ မြန်မာ စစ်ကား တော့ မကြည့်ဘူး
မြန်မာပွဲ မနိင်မှန်းသိလည်း အားပေးမြဲ 😁
Posted using Partiko Android
Yes me too