ကျနော်နှင့် အားကစား (Chapter 22)

in #myanmar6 years ago

FB_IMG_1527335451652.jpg

တ၀ါးဝါး တဟားဟားနှင့် အစပြုခဲ့ပေမယ့်လည်း နောက်ပိုင်း အနည်းငယ် ကန်တတ်လာကြချိန်မှာတော့ တအံတသြ ဖြစ်စရာများနှင့် တွေ့ကြုံရတော့၏။ မထင်မှတ်ထားသော် ကန်သွင်းချက်၊ အလိမ်အလှည့်တွေနှင့် ပွဲက အတော်လေးကို လှလို့ လာ၏။ ယခင် (၂) သင်းစာသာ ရှိသော လူအရေအတွက်သည် ယခုအခါ (၃) သင်းစာပင် ရှိလို့လာခဲ့ပြီ ဖြစ်၏။ ယခင် (၂) သင်းစာတုန်းက တသင်းလျှင် (၆) ယောက် ကန်ကြ၏။ နိုင်ငံတကာ ပြိုင်ပွဲများတွင်တော့ တသင်းလျှင် (၅) ဦးစီသာ ကန်ကြ၏။ သို့သော် ကျနော်တို့သည် အပျော်သာ ကန်ကြခြင်း ဖြစ်သဖြင့် တဖက်လျှင် (၆) ယောက်စီ ကန်ကြ၏။ တဖက် (၅) ယောက်ထက် စာလျှင် ပင်ပန်းမှု အနည်းငယ် သက်သာပေမယ့် လူ (၁) ယောက်စီ ပိုသဖြင့် ကွင်းတော့ နည်းနည်းလေး ကြပ်သွား၏။

(၁၂) ယောက်မှသည် နောက်ထပ် (၃) ယောက် ထပ်တိုးလာသော အခါ မောသွားသူ ခဏနား ဆိုသည့် အစားထိုး ကန်သည့် စနစ်အစား တသင်းလျှင် (၅) ယောက်စီနှင့် (၃) သင်း ကန်လိုက်၏။ (၂) ဂိုး ရှုံးထွက် ဖြစ်၏။ ပထမဆုံး (၂) ဂိုး အသွင်းခံ ရသည့် အသင်းက ထွက်ရမည် ဖြစ်၏။ (၂) ဂိုး ဦးစွာ သွင်းနိုင်သည့် အသင်းကတော့ နောက်တသင်းနှင့် ထပ်ကန် ရမည် ဖြစ်၏။ ထိုသို့ လုပ်လိုက်တော့ ကန်ရသည်မှာ ပိုပြီး ကောင်းသွား၏။ အသင်းအားလုံးက မထွက်လိုသဖြင့် အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင် ကန်ကြတော့၏။ တခါတလေ တသင်းထဲ က ဆက်တိုက် နိုင်ပြီး မနားတမ်း ကန်ရသလို၊ တခါတလေတော့ ကြတော့ (၃) သုံးလုံး အနိုင်အရှုံး မျှနေပြီး တလှည့်စီ အ၀င်အထွက် ကန်ရလေ့ ရှိ၏။ တခါတခါကျ (၂) ဂိုးရဖို့ ပြန်နေပြီး တခါတခါကျတော့လည်း ထို ဂိုးလေး (၂) ဂိုးရဖို့ကို အချိန်ကြာနေ ပြန်တတ်သေး၏။

အသင်း (၃) သင်းခွဲသည့် နေရာ၌ ကန်တတ်သူနှင့် သိပ်မကန်တတ်သူ သေချာ မျှနေအောင် ခွဲပြီး အသင်းဖွဲ့၏။ နေ့တိုင်း ဒီလူ ဒီလူ နှင့် တသင်းထဲ မကြအောင် ဖြစ်၏။ ကျနော်တို့ဟာ ကျနော်တို့ အနေနှင့်တော့ ဟုတ်လို့ နေ၏။ ထိုသို့ (၃) သင်း (၅) ယောက်စီ ခွဲကန်မှ ပိုပြီး ကန်လို့ကောင်းနေ၏။ ပိုကန်လို့ ကောင်းသည့် အပြင် ပိုလည်း မော၏။ (၆) ယောက်ကန်လျှင် အနည်းငယ် ခိုလို့ ရသော်လည်း (၅) ယောက် ကန်ချိန်မှာတော့ လုံးဝ ခိုလို့ မရပေ။ မိမိ ခိုလိုက်လျှင် မိမိ အသင်း နစ်နာသွား မည် ဖြစ်၏။ တယောက်အားကလည်း တယောက်ပင် ဖြစ်၏။ မိမိ မောသဖြင့် အနည်းငယ် အချောင်ခိုလိုက်လျှင် တဖက်သင်းက ထိုအလစ်အငိုက်ကို ယူပြီး အနိုင်ယူသွားနိုင်၏။ ကျနော့်အနေနှင့်တော့ (၆) ယောက်ထက် စာလျှင် (၅) ယောက်ကို ပိုပြီး သဘောကျမိ၏။

FB_IMG_1539086999682.jpg
photo from Google

ကျနော်သည် မနက်အဖွဲ့ ညနေ အဖွဲ့ အစရှိသဖြင့် အဖွဲ့ (၂) ဖွဲ့နှင့် ဘောလုံး လိုက်ကန်တတ်သည်ကို အရှေ့အပိုင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်၏။ မနက်ပိုင်းကန်ချိန်တွင် အိမ်ပြန်ရောက်မှ ရေချိုး၏။ မနက်ခင်း အစောဆိုတော့ နေရောင်ကလည်း ရှိသည် မဟုတ်လား။ ညပိုင်း ကန်ချိန်များတွင်မူ အနှီ Fustal ကွင်းမှာပင် ရေချိုးပြီး ပြန်လေ့ရှိ၏။ အိမ်ပြန်ရောက်မှ ချိုးလျှင် မချိုးချင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ညပိုင်းက ပိုအေးသောကြောင့် ဖြစ်၏။ ထိုအေးအေးကြီးကို ချွေးအစိုလိုက်နှင့် ပြန်သွားပြီး အိမ်ရောက်မှ ရေချိုးမည် ဆိုလျှင် တော်တော်လေး ပျင်းဖို့ ကောင်းသွားပေလိမ့်မည်။ ထို့ကြောင့် ညပိုင်း ကန်သည့် ရက်များဆိုလျှင် အနှီ ကွင်းမှာပင် ရေချိုးပြီး ပြန်၏။ မြို့ပေါ်ရှိ ကွင်းအာလုံးမှာ ရေချိုးလို့ တော့ မရပေ။ အချို့ကွင်းများတွင် သန့်စင်ခန်းသာ ရှိပြီး ရေချိုးရန် ရေချိုးခန်းတော့ မရှိပေ။ ရေချိုးခန်း မဟုတ်သည့်တိုင် ရေချိုးလို့ ရသည့် နေရာလိုမျိုးကို မရှိခြင်း ဖြစ်၏။

နွေ၊မိုး၊ဆောင်း မည်သည့် ရာသီဥတု ဖြစ်နေပါစေ ညဖက် ကန်သည့် ပွဲတိုင်း ကျနော်သည် ထိုကွင်းမှာပင် တပါတည်း ရေချိုးပြီးမှ ပြန်၏။ ရေချိုးလို့ မရသည့် ကွင်းဆိုလျှင်လည်း ကျနော် မကန်ပေ။ ထိုကွင်းများ၏ မြက်ခင်းကလည်း သိပ်မကောင်းလှပေ။ ထို့ကြောင့် ကွင်းလည်း ကောင်း၊ ၀န်ဆောင်မှုလည်း ကောင်း၊ ရေလည်း ချိုးလို့ ရသည့် ကောင်းသည့် နေရာ ဖြစ်သည့် Green Field မှာ ကျနော်တို့ ပုံမှန် ကန်ကြခြင်း ဖြစ်၏။ ကျနော် ညနေဖက် ကန်ခဲ့ဖူးသည့် ရေချိုးလို့ ရသည့် ကွင်းတော်တော်များများမှ ပိုင်ရှင်တိုင်း ကျနော့်ကို မှတ်မိကြ၏။ ကျနော်၏ ဘောလုံး စွမ်းရည်ထက် ချမ်းအေးလှသည့် ဆောင်းတွင်း ညဖက်ကြီး (15° နှင့် 20° အပူချိန် လောက်သာ ရှိသော) မှာ ရေအေးနှင့် ရေချိုးရဲသည့် သတ္တိကြောင့် မှတ်မိကြခြင်း ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ရာသီအေးမှာ ရေအေးချိုးတဲ့ ဖိုက်တာ

ever fighter ပါ 😁

အားကစား လုပ်တာ ကောင်းတယ် ကိုဒွန်။

ဟုတ်

ဘောလုံးတော့ကန်တက်ဘူး။ အပျင်းပြေကစားရင်လည်း
ဂိုးပဲဖမ်းတယ် 😁

ဂိုးဖမ်းတတ်လည်း မဆိုးပါဘူး လေ

အားကစားဆိုတာ အားမှကစားရတာမို့ မအားသဖြင့်​ မအားကစားနိုင်​ပါ

အို ... အားအောင် လုပ်ပေါ့ဗျာ

အလွန်နာမည်ကြီးသော ဘော ကို ကျွှန်တော် မကန်တတ်သေးပါ ။ ဘောကန်မည်ဆိုတော့လဲ မကန်ခိုင်းကြ ။ ဇွတ် ကန်ပြန်တော့လဲ အဟောက်ခံရသည် ။ ကျွှန်တော် ထိုဘောအား မသိမသာတော့ ကန်ဖြစ်ပါသေးသည် ။ ထိုမသိမသာ ကိုပင် မကန်စေလိုကြ ။ သူတို့ခုတော့ ဘောကို ဖွက်ထားကြလေသည် ။

ရှုပ်နေတာပဲ အေ 😂

ဘာတွေ ကစားသေးလည်း ထပ်ပြီး သိချင်ပါ၏

Posted using Partiko Android

အဟီး

ရေချိုးရင် အသားဖြူတယ်

ပုံ
ငှက်ပျောသီး

Posted using Partiko Android

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65074.63
ETH 2635.72
USDT 1.00
SBD 2.83